Tuesday 24 July 2012

ခ.လ.ရ (၅၂) မှ ဗမာစစ်သားနှစ်ဦး KIA တပ်ရင်း ၆ သို့ အလင်းဝင်ရောက်


ခနီး္တအခြေစိုက် ခ.လ.ရ (၅၂) တပ်ရင်းမှူး ကျော်ကျော်ဟန်နှင့် ဒုတပ်ရင်းမှူး လှိုင်စိုးကျော် တို့ဦးစီးသော တပ်ရင်းမှ တပ်သား မင်းမင်းထွဏ်နှင့် ချစ်ကို တို့်နှစ်ဦးသည် ဇူလှိုင် ၁၉ ရက်နေ့တွင် MA သေနတ် ၂ လက်နှင့် ကျည်ဆန် ၆၀၀ ခန့်ဆောင်ယူလျှက် ဖားကန့်အခြေစိုက် KIA တပ်ရင်း ၆ သို့ အလင်းဝင်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
ခ.လ.ရ (၅၂) တပ်ရင်းမှာ ခနီး္တမှ ဖားကန့်ဒေသသို့ လွန်ခဲ့သော ၃ လခန့်မှ လှုပ်ရှားတပ် အနေဖြင့် ရောက်ရှိ နေခဲ့ပြီး တနိုင်းသေဒသို့ ၁ လခန့် စစ်ကြောင်းထိုးခဲ့ပြီးနောက် မိုးကောင်း-ကားမိုင်းသို့ ၂ လခန့် စစ်ကြောင်း ထိုးခဲ့ပါသည်။ ထိုအလင်းဝင်လာသောတပ်သားနှစ်ဦးမှာ စစ်ကြောင်းအတွင်းတွင် အထက်အရာရှိများ၏ မတရားဖိနှိပ်၊ ညင်းဆဲမှု၊ ရက်စက်မှုများကို အမြဲခံခဲ့ရပါသည်။ 
ဇူလှိုင် ၁၅ ရက်နေ့တွင် ခ.လ.ရ (၅၂) သည် KIA နှင့်တိုက်ခိုက်စဉ် အထိနာပြီး ဒဏ်ရာရ တပ်သား ၅ ဦးပါသည့် ခ.လ.ရ (၈၉)အား မအူပင်တွင် သွား ရောက် ကူညီပြီးပြန်လည်ခေါ်ဆောင်လာရန် တက်သွားခဲ့ရပါသည်။ ထိုစဉ် ည ၁၂ နာရီတွင် တပ်ကြပ်ကြီး ဖြစ်သူမှ အရက်မှူးပြီး ထိုတပ်သားနှစ်ဦးအား အကြောင်းမဲ့ ရိုက်နှက်၊ နှိပ်စက်သဖြင့် ထိုတပ်သားနှစ်ဦးမှာ သေနတ် ၃ ချက်ဖောက်ပြီး၊ စစ်ကြောင်းမှ ထွက်ပြေးသွားခဲ့ပါသည်။ ယခုအခါ ထိုတပ်သားမင်းမင်းထွဏ်နှင့် တပ်သားချစ်ကို တို့နှစ်ဦးမှာ KIA တပ်ရင်း ၆ သို့ရောက်ရှိနေပြီး လိုအပ်သော အင်္ကျီအ၀တ်အစားများနှင့် အခြားလိုအပ်ချက်များကို တပ်ရင်း ၆ မှ ဖြည့်ဆည်းပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရှိရပါသည်။

No comments: