မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ ရွှေတောင် မြန်မာ
စားသောက်ဆိုင်၌ မောင်ဇော်မိုးလွင်(ခ) ကျော်ကျော်လွင် နှင့်
မသန်းသန်းမြင့်(ခ)မလေးတို့၏ မင်္ဂလာပွဲ ကျင်းပနေစဉ် အချိန်အတွင်း သတို့သမီး ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
ဖြစ်တာက ၂၇.၂.၁၃ ရက်နေ့ ညနေအချိန်ပိုင်း မင်္ဂလာပွဲလုပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပါ။ ဧည့်ခံပွဲလုပ်နေတဲ့အချိန် ရုတ်တစ်ရက် သတို့သမီးဖြစ်တဲ့ မလေးကို ဓားနဲ့ထိုးခံရတဲ့အတွက် မင်္ဂလာခန်းမအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။