Saturday 29 December 2012

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

အပျော်သဘောနဲ့ ဘဲဖြစ်ဖြစ် အပျင်းပြေဘဲဖြစ်ဖြစ် ဖတ်ကြည့်လို့ ရအောင်
Mail ထဲကတွေ့ တဲ့ သွေးအမျိုးအစားပိုင်ရှင် အလိုက် ထူးခြားချက်လေးတွေ ဖော်ပြပေးလိုက်ရပါတယ်
ဘယ်သူ ရေးမှန်းမသိလို့ မဖော်ပြတော့ပါဘူး။
ဖတ်ကြည့်လိုက်ဦးနော်..

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

Thursday 27 December 2012

““ကျေနပ်လား”” (ယနေ့အတွက်သရော်စာ)


Aye Chan Mon · 47,972 like this.

ရှုပ်တယ်ကွာ သမတနဲ့ အစိုးရကို ဒီလောက်ဖြုတ်ချချင်နေကြတာ။ ရှိသမျှ အကုန်လုံးကို ရှင်းထုတ်
အလားအလာရှိတဲ့ လူငယ်တွေနဲ့ သွေးသစ်လောင်းမယ်။ ကျေနပ်လား။

ဇေယျာသော် သမ္မတ တက်လုပ်။ သဇင်နဲ့ မိုးဟေကို ကို သမ္မတအကြံပေးလုပ်ခိုင်း။
ရသ ကို အမတ်အနေနဲ့ ဝန်းရံစေ။
ဂျောက်ဂျက်လက်ထဲ စစ်တပ်အာဏာကိုထည့်လိုက်။
D ဖြိုးက မူးယစ်နိမ်နင်းရေးမှာ တာဝန်ယူ။
အိန်အိန်းကို ယဉ်ကျေးမှုဦးစီးဌာနမှာ ဦးစီးမှူးခန့်ထားလိုက်။
ဗီဗာဟိန်းကို အနုပညာဦးစီးလုပ်ငန်း ဦးဆောင်ပစေ။

အဲပုဂံ သတင်းစာရှင်းလင်းပွဲမှ ဖြေရှင်းချက် တချို့။

7 hours ago
27 December 2012 00:34
w9-011 ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ် ပျက်ကျမှု
အဲပုဂံ သတင်းစာရှင်းလင်းပွဲမှ ဖြေရှင်းချက် တချို့။
(ရိုက်ကူး - ကျော်ဇေယျာဝင်း၊ညီငယ်)



၂၀၁၃ သတိထားရမယ့် နှစ်တနှစ်

DVB TV News · 77,350 like this.
လာမယ့် ၂၀၁၃ခုနှစ်ဟာ နိုင်ငံသားအားလုံး သတိနဲ့ယှဉ်ပြီး ဖြတ်သန်းရမယ့် နှစ်တနှစ် ဖြစ်တယ်လို့ နက္ခတ္တ ပ ညာရှင် စံဇာဏီဘိုက ဟောကိန်းထုတ်လိုက်ပါတယ်။ ကုန်သည်စီးပွားသမားတွေ အထူးသတိ ရှိဖို့ လို မယ်၊ လူ တိုင်း လူတိုင်းဟာလဲ စိတ်အပြောင်းအလဲတွေဖြစ်မယ်၊ စိတ်သဘာဝကို ထိမ်းချုပ်ကြရမယ်လို့လဲ ဆိုပါတယ်။ တခါ ၂၀၁၃ခုနှစ်အတွင်း နေကြတ်လကြတ်တာ ၅ကြိမ်ဖြစ်ပေါ်ဖို့ရှိပြီး၊ အဲ့ဒီအချိန်တွေမှာ ထွက်ပေါ်လာမယ့် ဥပဒေနည်းဥပဒေတွေဟာ လူတွေကို ကသောင်းကနင်းဖြစ်စေလိမ့်မယ်လို့လဲ ဆရာ စံဇာဏီဘိုက ပြောပါ တယ်။

Wednesday 26 December 2012

လူမှုရေး ဝက်ဘ်ဆိုက်မှ စတင်ခဲ့သည့် တောင်ကိုရီးယား နိုင်ငံမှ ဖူးစာရှင် ရွေးချယ်ပွဲကြီး


Facebook ဝက်ဘ်ဆိုက်မှ အသင်းဝင်များက စုစည်း ကျင်းပသော တောင်ကိုရီးယား နိုင်ငံရှိ ''အထီးကျန် သူတို့ ၏ ဖူးစာရှင် ရွေးချယ်ပွဲ'' အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက် ရောက်လာသူ အများစုမှာ အမျိုးသားများ ဖြစ်နေကြောင်း တွေ့ရ သည်။ အဆိုပါ အခမ်း အနား ဖြစ်ပေါ်လာရ ခြင်းမှာ ပြီးခဲ့သည့် လ က လူငယ် အမျိုးသား နှစ်ဦးသည် အထီးကျန် သူတို့အတွက် ဖူးစာရှင် ရွေးချယ်ပွဲ အဖွဲ့ကို လူမှုရေး ဝက်ဘ်ဆိုက် တစ်ခုတွင် အပျော် သဘောဖြင့် စတင်ဖွဲ့စည်း ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း အဖွဲ့ အတွင်းသို့ နောက်ပိုင်းတွင် င်္Facebook ဝက်ဘ်ဆိုက် သုံးစွဲသူ ၃၆ဝဝဝ ဦး ဝင်ရောက် လာခဲ့ ကြသည်။

ပိန်ချင်သူများ သတိထားဖွယ်



Monday, December 24, 2012

ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်ပါ။ မိန်းကလေးတိုင်း လှချင်ကြတာကတော့ ဓမ္မတာပါဘဲ။

ဒါပေမယ့် မိန်းကလေးတိုင်းရဲ့ အလှဟာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

ခန္ဓာကိုယ် ပိန်ချင်တဲ့ အတွက် ကိုယ်အလေးချိန် ချခဲ့ရာက ကမ္ဘာ့အပိန်ဆုံး အမျိုးသမီး ဖြစ်သွားသူကတော့ ရုရှားနိုင်ငံဖွား မိုနာကို နိုင်ငံမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိတဲ့ (Valeria Levitin) ဗလာရီရာ လက်ဗီတင် ဆိုသူပါဘဲ။

ကဲ…ကျန်းမာရေး အမြင်နဲ့ပဲကြည့်ရအောင်နော်

Like This Page · 18 hours ago

(Source : MYMC)

Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။

သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။

Tuesday 25 December 2012

ကုန်းရောရေရော မောင်းနှင်ရမည့် ဆီမလိုသော ကား Volkswagen မှထုတ်မည်


၂၀၁၂ ခုနှစ် နှစ်ဆန်းကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ Volkswagen-Aqua-Concept-Car-Design3အဲ့တုန်း ကတော့ ဒီဇိုင်းအနေနဲ့သာ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုကို ၂၀၁၃ ကနေ စတော့မှာ ဖြစ်ပါတယ်။

ဆီမလိုတဲ့ကား ဆို တာ့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသွားပါတယ်။ ကားကို volkswagen aqua လို့အမည်ပေးထားပါတယ်။