Tuesday 24 July 2012

လယ်ယာမြေများသိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ရန် လွတ်တော်ဆွေးနွေး

Yan Aung
ကျွန်တော် နားမလည်တာက ဇလွန်မြို့နယ်မဲဆန္ဒနယ်က ဦးတင်ထွတ်တင်သွင်းတဲ့ လယ်ယာမြေများသိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ဆိုတဲ့ အဆိုကို ...

ဒေါက်တာတုခင်ရွှေက infrastructure တွေ (၈၀) ရာခိုင်နှုန်းလောက်ပြီးသွားပြီ..။ ပြန်ပေးရန်မဖြစ်နိုင်ကြောင်း ယခင်အစိုးရလက်ထက်က အထက် အဆင့်ဆင့်..ကို တင်ပြပြီးသား စသဖြင့် ဖြေရှင်းနေတာကို သတိထားမိပါတယ်.။ ထူးခြားတာက အခြားကိစ္စတွေမှာ သက်ဆိုင်ရာ ဌာနက ၀န်ကြီးတွေနဲ့ အစိုးရအရာရှိတွေက ပြန်လည် ရှင်းလင်းလေ့ရှိပေမယ့် ဒီကိစ္စမှာ သူက ဆုံးဖြတ်သူသဘောမျိုး ဖြစ်နေပါတယ်..။

သူက Decision Maker လားခင်ဗျား..။ ဒီအဆိုကို သူက ပြန်လည်ဆွေးနွေးရမယ့်ကိစ္စကို သူက အစိုးရ၀န်ကြီးဌာနတွေကိုယ်စား Decision ချနေသလိုဖြစ်နေပါတယ်..။ အဲဒီကိစ္စမှာ အဓိကက သူ့အကျိုးစီးပွားနဲ့တိုက်ရိုက်ပတ်သက်နေတဲ့အတွက် သူက ဆုံးဖြတ်သလိုဖြစ်တာကို ကျော်ဆန်းတို့ သတင်းစာကလည်း ဒါကို အသားပေး ထည့်ပေးတယ်ဆိုတော.....

Where is Democracy.
 
http://www.myanmar.com/newspaper/kyaymon/Jul24.pdf

No comments: