Sunday 22 July 2012

မြန်မာပြည် / ဗမာပြည် (နိုင်ငံတော်) ရဲ့ အကြီးဆုံး ဆိုတာ ဘယ်သူလည်း ....


မိုးပေါက် စင်
သမ္မသဆိုသူလား

လွှတ်သော် ဥက္ကထ လား

စစ်တပ် ရဲ့ ကာ/ခြုတ်လား

(၁၁)ဦးပါ ကာ/လုံ (အကလ ) အဖွဲ့လား

ပြည်ထဲရေးဝန်ဂျီးလား

နိုင်ငံခြားရေးဝံကြီးလား

ဘယ်သူပဲ ဖြစ်ဖြစ်ပါ .........။ပြောချင်တာက ခင်ဗျားတို့ ဖွင့် စေချင်တဲ့ ဆန်ရှင် ကို (၇၂) နာရီ အတွင်း ရုပ်သိမ်းပေးမယ်ဆိုတဲ့ ကတိက၀တ် တစ်ခုနဲ့
ခင်ဗျားတို့ထဲက ဘယ်ကောင်ဆို တစ်ကောင် ထွက်လာခဲ့ပါ ........ခင်ဗျားတို့လွှတ်တော်မှာလည်း ဆန်ရှင်ဖွင့်ပေးနိုင်တဲ့ မည်သူနဲ့ မဆို ဆွေးနွေးမယ်/ ဆန်ရှင်ဖွင့်ပေးနိုင်တဲ့သူမည်သူ့ရဲ့ အကူအညီကို မဆို ရယူသွားမယ်ဆိုတဲ့ အဆိုပြုချက်ကို အတည်ပြုပြီးလို့ကြားသိရပါတယ်။

အဲ့ဒီတော့ ခင်ဗျားတို့ ဖွင့်စေချင်လွန်းတဲ့ ဆန်ရှင် ကို ကျုပ် ဖွင့်ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်း
အင်တာနက်အွန်လိုင်းလူမှု့ကွန်ယက်စာမျက်နှာမှ တစ်ဆင့် ကျုပ်ကိုယ်တိုင် ဒီကနေ့ ကမ်းလှမ်းပါတယ်။

အဖွဲ့အစည်းနဲ့ မတွေ့ချင်ဘူး........အဖွဲ့အစည်းနဲ့မဆွေးနွေးဘူး။

တာဝန်ခံမယ့်သူ တစ်ယောက်ထဲ နဲ့ ဆွေးနွေးမယ်......ကျုပ်လည်းတစ်ယောက်တည်းပဲ.....

ဆွေးနွေးချက်တွေနဲ့ ပါတ်သက်ပြီး ....ခဏနေပါအုံး ...ကျန်နော် အထက်ကို အစီရင်ခံရပါအုံးမယ် ...အထက်က ခွင့်ပြုမိန့်တောင်းရပါအုံးမယ် ...အထက်က သဘောမတူရင် ကျနော်လည်းသဘောတူလို့ မရပါ ဘူး...ဆိုတာမျိုး မဖြစ်ရလေအောင် တာဝန်ရှိသူ/တာဝန်ယူနိုင်
သူ/ဆုံးဖြတ်ချက်ချနိုင်သူ တစ်ဦးတည်း ထွက်လာခဲ့ပါလို့ပြောခြင်းဖြစ်တယ်......။

(၂၂/၀၇/၂၀၁၂ မှ ၂၅-၀၇-၂၀၁၂ ) အတွင်း အကြောင်းပြန်စေချင်တယ်......။

ဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုရင် မြန်မာပြည်မဟုတ်တဲ့ အခြားကြားနေတစ်နိုင်ငံကို သတ်မှတ်ရွေးချယ်ပြီး ဆွေးနွေးကြမယ်...။

ခင်ဗျားတို့ အလိုကို ကျုပ်တို့က ဖြည့်ပေးနိုင်တယ် ...ကျုပ်တို့အလိုရှိရာကို ခင်ဗျားတို ဖြည့်ဆည်း
ပေးနိုင်တယ်လို့ အပြန်အလှန် သဘောတူညီမှု့ ရရှိခဲ့ပါက ....(၇၂) နာရီအတွင်း ပိတ်ထားသမျှ ဆန်ရှင်အားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ်ပေးကြောင်းကမ္ဘာသိကြေငြာ
ပေးမယ်။ ဆွေနွေးဖြစ်ခဲ့မယ်ဆိုရင် ဆွေးနွေး မှု့ဖြစ်စဉ်ကို မြန်မာပြည်သူတွေအပါအ၀င် ကမ္ဘာ့ပြည်သူလူထုပါ သိရှိစေဖို့ တိုက်ရိုက်ထုတ်လွင့် ရပါမယ်..............။

ဆန်ရှင်ဖွင့်ခြင်းကိစ္စကို အစိုးရဆိုသူတွေရော....ပြည်တွင်းမှ (အမည်ခံ)အတိုက်အခံ..ဆိုသူတွေရော.......လွှတ်တော်ဆိုတဲ့ အဆောက်အအုံထဲမှ အတိုက်အခံ(အမည်ခံ)တွေရော ....အာဏာရ (ဖွတ်) ပါတီမှ ခေါင်းဆောင်ဆိုသူများရော
မည်သူမျှ စွမ်းဆောင်နိုင်တော့ခြင်းမရှိတော့ကြောင်းသင်တို့ကိုယ်တိုင်ဝန်ခံနေကြသည်ကို တွေ့ရှိ
ကြားသိရပါသောကြောင့် စွမ်းဆောင်ပေးနိုင်သောသူတစ်ယောက်အနေဖြင့် ယခု ကဲ့သို့ ကမ်းလှမ်းရခြင်းဖြစ်ပါသည်။

ကမ်းလှမ်းမှု့ကို ငြင်းဆန်ပါက .....မကြာတော့သော ကာလအပိုင်းအခြားအတွင် တော်လှန်သော လူထု အုံကြံမှု့ အထွေထွေ သပိတ် ကို ရင်ဆိုင်ကြရလိမ့်မည့်အကြောင်းသတိပေး လိုက်တယ်......

လက်ရှိ ရှိပြီးသား ဆန်ရှင်ပိတ်ဆိုမှု့များကို ပြန်လည် ပွင့် လာစေရန် သင်တို့မှ စိတ်စေတနာ
ကောင်းမရှိပါက ......လက်ရှိ ချမှတ် ပြီးသား ပိတ်ဆို့မှု့များထက် ပိုမို ပြင်းထန်သော
ပိတ်ဆို့မှု့ များနဲ့ ရင်ဆိုင်ရ လိမ့်မည် ဆိုသည့်အကြောင်း သတိပေးလိုက်တယ်...........။

မိုးပေါက် (၈၈၈၈)

ခေတ္တ- ပြည်ပ အခြေစိုက်

No comments: