သိမ်းယူထားသော လယ်မြေများတွင် လယ်သမားအယောက်(၄၀)ကျော်တို့ ယနေ့ စတင်ထွန်ယက်နေပြီ
 သန်လျင်မြို့နယ်
 ကျိုက်ခေါက်ဘုရားအနီး အမှတ်(၁)စစ်ဗျူဟာရေယာဉ်စုမှ သိမ်းယူထားသော 
လယ်မြေများတွင် ဦးဝင်းချို ဦးဆောင်သော လယ်သမားအယောက်(၄၀)ကျော်တို့ ယနေ့ 
နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် စတင်ထွန်ယက်နေပြီဖြစ်ကြောင်း 
ဦးဝင်းချိုက 7Day News သို့ ပြောကြားသည်။
 
 ယင်းလယ်သမားများအား 
အမှတ်(၁)စစ်ဗျူဟာရေယာဉ်စုမှ တပ်မတော်သားအယောက်(၃၀)ကျော် 
စောင့်ကြပ်လျက်ရှိပြီး ဦးဝင်းချို ဦးဆောင်သော လယ်သမားများက ၄င်းတို့အား 
ဖမ်းဆီးလျှင်လည်း ကျန်လူများဖြင့် ဆက်လက်ထွန်ယက်မည်ဟု ဆိုသည်။
 တပ်မတော်ရေမှ စစ်သည်များမှာ ယင်းနေရာသို့ ယနေ့ နံနက် ၈ နာရီအချိန်က ရောက်ရှိခြင်းဖြစ်သည်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment