Saturday 8 September 2012

အစိုးရတပ် ဖားကန့်စစ်ဆင်ရေး ရဟတ်ယာဉ်ဖြင့် အင်အားတိုးချ


မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေး
တပ်ဖွဲ့ KIA အား ထိုးစစ်ဆင်ရန် ဖားကန့်ကျောက်
စိမ်းမှော်ဒေသ သို့ စစ်အင်အားများကို စစ်ရဟတ်
ယာဉ်များဖြင့် တိုးချတင်ပို့နေကြောင်း မျက်မြင်
သက်သေများပြောသည်။

ပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် အဆိုတော် မီမီဝင်းဖေတို မြန်မာနိုင်ငံသို့ ရောက်ရှိ


ပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေတို့သည် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"မြန်မာနိုင်ငံကို လွမ်းလို့ပြန်လာတာပါ။ လွမ်းတာကတော့ ကြာလှပါပြီ။ အခု ပြန်ရောက်စဆိုတော့ ဒီကအကြောင်းတွေ ဘာမှမသိသေးပါဘူး။ ဒါပေမယ့် အစောကြီးကတည်း ကျွန်တော် သိထားတာတွေလည်း အများကြီးပါ။ ကျွန်တော် ၀ါသနာပါတဲ့ အနုပညာတွေနဲ့လည်း မပြတ်သလို မီဒီယာကလူဖြစ်တဲ့အတွက်လည်း ကိုယ်တိုင် မြန်မာပြည်မှာ မရှိတာကလွဲရင် အခြေအနေတွေတော့ သိနေရတာပါပဲ။ အခုလာတာ အနားယူဖို့ မဟုတ်ပါဘူး။ လုပ်စရာရှိတာတွေက လုပ်ရ ဦးမှာပါ။ ပန်းချီရေးမယ်၊ စာရေးမယ်ပေါ့။ ဒီမှာဘဲ အခြေချနေထိုင်သွားဖို့လည်း စိတ်ကူးရှိပါတယ်။ အခု ဇနီးက ဟိုမှာကျန်ခဲ့ပြီး ဒူးခွဲစိတ်ရမှာဖြစ်လို့ သူခွဲစိတ်ရမယ့် အချိန်တော့သမီးနဲ့ ကျွန်တော် ဟိုကိုပြန်ရဦးမှာပါ"ဟု ဒါရိုက်တာ ဦးဝင်းဖေက ဆိုပါသည်။

အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး


၇.၉.၂၀၁၂
အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။

ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင
့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း
ဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။

Tuesday 4 September 2012

ပြည်သူသာ အမိ၊ ပြည်သူသာ အဖ


လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုး ဇော်သည် စက်တင်ဘာ ၃ ရက် နေ့လယ် ၂နာရီတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တော် ပြန်ခရီးစဉ်ကို သုံးပတ်ကြာနေထိုင် သွားမည်ဖြစ်ပြီး ပထမဦးစားပေး အနေဖြင့် အဖွဲ့ဝင်များ၊ ၎င်းင်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံ သွားမည်ဖြစ်ကြောင်း ရန်ကုန်လေ ဆိပ်တွင် သတင်းထောက်များကို ၎င်းကပြောသည်။ လေဆိပ်တွင် ဦးအောင်မိုးဇော်ကို ကြိုဆိုသူများနှင့်အတူတွေ့ရစဉ်

သမ္မတကို ထောက်ခံဆန္ဒပြသူများအား အစိုးရမှ ဖိအားပေးနေမှုအကြောင်း မီဒီယာသမား များ ဝေဖန် ဖော်ပြမှု အားနည်းနေ


13:07 Myanmar Express Group

သမ္မတကို ထောက်ခံဆန္ဒပြသူများအား အစိုးရမှ ဖိအားပေးနေမှုအကြောင်း မီဒီယာသမားများ ဝေဖန် ဖော်ပြမှု အားနည်းနေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးကပြောသည်။ အကယ်၍သာ သမ္မတကို ထောက်ခံသည့် ဆန္ဒပြပွဲမဟုတ်ပဲ အတိုက်အခံ တစ်ဦးဦးကို ထောက်ခံသည့် ဆန္ဒပြပွဲကို အာဏာပိုင်များက ဖိအားပေးပါက မီဒီယာများတွင် တွင်တွင်ကျယ်ကျယ်ဖော်ပြကြမည်ဖြစ်သလို အမျိုးမျိုါ် ဝေဖန် လေကန်ကြမည်ဟုလည်း ၎င်း က ဆိုသည်။

မန္တလေးမြို တော်တွင် ယနေ့ ဆက်လက်ပြုလုပ်မည့် နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေးနှင့်ပတ်သတ်သော ရပ်တည်ချက်ကို ထောက်ခံသည့်အနေဖြင့် အရှင်ဝီရသူ ဦးဆောင်သည့် သံဃာတော်များနှင့် မန္တလေးမြို့ ခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်အား ပြန်လည် ရုပ်သိမ်းခံခဲ့ရသည်ဟု အရှင်ဝီရသူ မှ မီဒီယာသမားများကို မိန့်ကြားသည်။

အများသိသင့်သောကွန်မင့်တခုပါ(လွှတ်တော်ကလူကြီးမင်များအတွက်ဗဟုသုတ)



  • Stephen Shwe

    Nemo iudex in causa sua (no-one should be a judge in their own cause) ဆိုတာရှိပါတယ်။ မည်သူမျှ မိမိအမှုအတွက် မိမိစီရင်ခြင်းမပြုရ လို့အဓိပ္ပါယ် ရပါတယ်။ .......... တကမ္ဘာလုံးက လက်ခံထားတဲ့ သဘာသတရားမျှတမှု (Natural Justice) ရဲ့ အယူအဆပါ။ ........တရာ
းစီရင်ရေးသဘောသက်ဝင်တဲ့ ကိစ္စတွေ၊ စုံစမ်းစစ်ဆေးမှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဒီမူသဘောကို တကမ္ဘာလုံးကျင့်သုံးပါတယ်။ ..... အခုလွှတ်တော်က ဖွဲ့လိုက်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ခုံးရုံးကို စွတ်စွဲပြစ်တင်ဖို့ သင့်တယ်၊ မသင့်ဘူးဆိုတာ ကို စုံစမ်းစစ်ဆေးရမှာပါ။ ..... သူတို့ဟာ ခုံရုံးကို စွတ်စွဲပြစ်တင်သင့်ပါတယ်ဆိုပြီး လက်မှတ်ရေးထိုးထားတဲ့သူတွေဖြစ်တဲ့အတွက် ခုံရုံးကို စွတ်စွဲပြစ်တင်ရန်လိုလားသူများဖြစ်ပါတယ်။ ............ စွတ်စွဲပြစ်တင်သင့်မသင့်ဆိုတာ ကို ဘက်မလိုက်ပဲစစ်ဆေးရမဲ့သူတွေက စွတ်စွဲပြစ်တင်ဖို့လိုလားကြောင်း အတိအလင်းကြေငြာထားတဲ့ သူတွေဖြစ်နေတဲ့အတွက် သဘာဝတရားမျှတမှုနဲ့လည်းဆန့်ကျင်ပါတယ်။ .....

ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရတပ်တွေကြား အပစ်အခတ်ရပ်စဲရေး




http://soundcloud.com/burmeserfa/sfpjyb3ypti1

ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရတပ်တွေကြား အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းစည်းကမ်း သဘောတူချက်တွေဟာ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် စံနမူနာဖြစ်လာနိုင်မယ်လို့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ်တဦးဖြစ်တဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက RFA ကို ဒီကနေ့ပြောပါတယ်။

နှစ်ဘက်အပစ်အခတ် ရပ်စဲရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ်တွေနဲ့ ကေအင်ယူတို့ ဖားအံမြို့မှာ နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးနေကြတာပါ။

Monday 3 September 2012

မြန်မာနိုင်ငံနေရာဒေသအသီးသီးမှ တောင်သူလယ်သမားများ၊အလုပ်သမားများ၊ ပြည်သူများသည် ၄င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများ၊ မတရားမှုများနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ နေ့စဉ်နှင့်အမျှလာရောက်တင်ပြ


မြန်မာနိုင်ငံနေရာဒေသအသီးသီးမှ တောင်သူလယ်သမားများ၊အလုပ်သမားများ၊ ပြည်သူများသည် ၄င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများ၊ မတရားမှုများနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ နေ့စဉ်နှင့်အမျှလာရောက်တင်ပြ အကူအညီတောင်းခံလျှက်ရှိသည်။
စက်တင်ဘာလ၊(၃)ရက် မွန်းလွဲပိုင်းတွင်လည်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြသော ရန်ကုန်မြို့ရှိ ဒညင်းကုန်းအုတ်စက်ရုံမှအလုပ်သမားများနှင့် လှိုင်သာယာမြို့နယ် အလယ်ရွာမှ လယ်ယာ အဓမ္မသိမ်းခံကြရသော လယ်သမားများသည် ၄င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများ၊မတရားမှုများကို ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းသို့လာရောက်တင်ပြ အကူအညီတောင်းခံကြရာ မင်းကိုနိုင်က လက်ခံတွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။

ရခိုင် လယ်ယာမြေ စစ်ဆေးရေး ကော်မရှင် တာဝန်ခံ နေရာမှ တိုင်းမှူးဟောင်း ဦး မောင်ဦး ဖယ်ရှားခံရ

ရေးသားသူ © နိရဉ္စရာ

ရခိုင်ပြည်နယ် အသိမ်းခံထားရသော လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းရေး ကော်မရှင်တွင် ယခင် အနောက်ပိုင်း တိုင်း တိုင်းမှူးလည်းဖြစ်၊ ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သူ ဦးမောင်ဦးအား တာဝန်ခံအဖြစ်ခန့်အပ်ထားရာ ယင်းသို့ခန့်အပ် ရာ မှာ မသင့် တော်ဟု ရခိုင် လွှတ်တော်ကိုယ်စားလှယ်များ
က ကန့်ကွက်သဖြင့် ယခုအခါ တစ်ခြား တပ်မတော်သား ကိုယ်စားလှယ် တစ် ဦးဖြင့်၎င်းနေရာ ကို အစားထိုး တာဝန် ပေးအပ်လိုက်သည်ဟု သတင်း ရရှိသည်။