Saturday 1 December 2012

ဦးသိန်းစိန်နဲ့ဦးအောင်မင်း မရှိရင် တိုင်းပြည်ပျက်မည်ဖြစ်ကြောင်း တဘောင်များ ထွက်ပေါ်



ယမန်နေ့(၂၈-နိုဝင်ဘာ-၂၀၁၂) က မင်းဘူး နယ် ဘက်တွင် တဘောင်တစ်ခု ပေါ်ထွက်ခဲ့ပါသည် ။ ကလေးများနှင့် အရူး၂ယောက် တို့မှ သံပြိုင်သီဆိုနေကြသည့်အတွက် မိဘများကပင် ကလေးများကို ယခင်ကလို ဆော့ကစားခိုင်းခြင်းမရှိပဲ ချက်ချင်း အိမ်တွင်းသို့ အသီးသီးခေါ်ဆောင်သွားခဲ့ကြကြောင်းကို ပုသိမ်-မုံရွှာလမ်းတကြော တွင် ကုန်ကားမောင်းသက် အနှစ် ၂၀ ကျော်ပြီ
ဖြစ်သော ကားသမားကြီးတစ်ဦးမှ ကြံခင်းမြို့အဝင် တွင် ကားများ ခေတ္တရပ်နားရာဆိုင်တန်း၌ ပြောကြားခဲ့ပါသည် ။

နိုင်ငံတော်သမ္မတကြီးမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမိန့် ထုတ်ပြန်




ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တစ်ကွ အကြံပြုတင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်-

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးရှင် နိုင်ငံလို့ ကျွန်မ မမြင်ပါဘူး

ဝမ်းမနာသားတွေ စိတ်ဆိုးမယ့် စကားပေါ့. . .

"တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးရှင် နိုင်ငံလို့ ကျွန်မ မမြင်ပါဘူး ။
အိမ်နီးချင်း မိတ်ဆွေနိုင်ငံလို့ဘဲ မြင်ပါတယ် ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်း နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ လက်ခံနေရမှာဘဲ ။"

ဒေါ်အောင်ဆန်းစုကြည် (၃၀-၁၁-၂၀၁၂)

အချိန်မရွေး ဒိုင်ကောက်စားလို့ ရနေတဲ့ မြန်မာနိုင်ငံ

21 hours ago


ပြိုင်ဖက်မရှိ တဦးထဲ အာဏာပါဝါ နဲ့ စီးပွါးရေး လုပ်နေတဲ့ ဦးပိုင် ကုမ္မဏီကို သမ္မတ အဆင့်တောင် ထိလို့မရတဲ့ သဘောကို လက်ပံတောင်းတောင် မှာ အထင်အရှား တွေ့ရပါတယ်။

နိုင်ငံတကာ မီဒီယာ တွေနဲ့ တွေ့တိုင်း “ပြည်သူ့ဆန္ဒသဘောထား သာ အဓိက” ဆိုတဲ့ စကားလုံးကို နှုတ်ဖျားက မချတဲ့ သမ္မတကြီးက ဒီတခါတော့ ငြိမ်ချက်သား အကောင်းသား။

Thursday 29 November 2012

တော်သေးသည်.. ဆိုပဲ..

ကြေးတွင်းမို့လို့သာပေါ့... စိန်တွင်းဆို ကိုယ်တော်တို့ အသက်တောင် ပြန်ပါလာမှာ မဟုတ်ဘူး ဘုရာ့...
ကြေးတွင်းမို့လို့သာပေါ့... စိန်တွင်းဆို ကိုယ်တော်တို့ အသက်တောင် ပြန်ပါလာမှာ မဟုတ်ဘူး ဘုရာ့...
Like · · · 54 minutes ago ·

လက်ပံတောင်းကိစ္စ

ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော်အများအပြားပါဝင်ပြီး အချို့မှာ မုံရွာဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးအား မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် သပိတ်စခန်းများမှ လူစုကွဲလာသော ထိခိုက်ဒဏ်ရာရသူအချို့အား နီးစပ်ရာနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းအချို့မှ ကူညီပေးလျက်ရှိကြောင်း သိရသည်။

မျက်ရည်ယိုဗုံး....


"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။

Wednesday 28 November 2012

မြန်မာပြည် တိုးတက် ပုံ


တရုတ် ကျေးဇူး ကြောင့် လူနေ မှု အဆင့် အတန်း မြင့် စွာ နေ ထိုင်ရသည့် မြန်မာ ပြည်သူ ပြည်သား များ

အကြမ်းဖက် နည်းဖြင့် နှိမ်နင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း


လက်ပံတောင်းသပိတ်ကော်မတီက ဒီနေ့(နိုဝင်ဘာ ၂၈) မနက် ကြေငြာချက်တစ်ခု ထုတ်ပြန်ရာမှာ "အခု ဆန္ဒပြနေခြင်းသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်သောကြောင့် အကြမ်းဖက် နည်းဖြင့် နှိမ်နင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း" ဖော်ပြပါရှိပါတယ်။
ပြည်ထဲရေးက လက်ပတောင်းရှိ သပိတ်စခန်းတွေကို နိုဝင်ဘာ (၂၇)ရက် ည(၁၂)နာရီ နောက်ဆုံးထားဖျက်သိမ်းဖို့ ကြေညာချက်ထုတ်ထားပြီး အခုလက်ရှိ အချိန်အထိ လက်ပတောင်း ကြေးနီစီမံကိန်းနားမှာ သပိတ်စခန်း (၆)ခု ရှိနေတာ ဖြစ်ပါတယ်။

Comments to comment

ဒီကွန်မန့်လေး ဖတ်ကြည့်ပါဦး။ လူတိုင်းဖတ်လို့ရအောင် စတေးတပ်စ် အနေနဲ့ တင်ပါတယ်။

Hawdeka Kalaylay
လက်ရှိ အစိုးရကို ပီကင်းတရုတ်အစိုးရက ပြင်းပြင်းထန်ထန်ဖိအားပေးလျှက်ရှိပါ တယ် . . အဆိုးဆုံးဖိအားပေးမှုမှာ . . အရင်အစိုးရ အဖွဲ့ဝင်လူကြီးများကို ပီကင်းတရုတ် အစိုးရမှ လက်သိပ်ထိုး ပေးခဲ့ရသော လာဘ်ထိုးငွေများဇာတ်လမ်း များ ကို ဖွင့်ချမည်ဟု ခြိမ်းချောက်ထားသည်ဟု သိရပါသည် . . . ပီကင်းအစိုးရ ဟာ အခုအချိန်မှာ ကျောက်ဖြ

ူကုမင်း ပိုက်လိုင်း အရေးကို ဗမာတွေ သွေးတိုးမစမ်းဝံ့အောင် လက်ပံတောင်းတောင် အရေးမှာ ပါဝင်သူတွေကို မှတ်လောက်သားလောက်အောင် အရေးယူပေးဖို့ လက်ရှိအစိုးရကို ဖိအားပေးလျှက်ရှိပါတယ် . . .