Sunday 22 July 2012

တမူးသာယုံတင်မက ပိဿာလိုက်ကို သာနေသော ဦးအောင်သိန်းလင်းရဲ့ ဧည့်ခန်းမြင်ကွင်း..

Wai Yan De Mo
ဇူလိုင်လ၆ရက်နေ့က မြို့တောင်ဝန်ဟောင်း  တောင်ဥက္ကလာပ အမတ်မင်းနဲ့ တရုတ် သတင်းဋ္ဌာနတို့ အင်တာဗျူးစဉ်မှာ တွေ့ရတဲ့ ဦးအောင်သိန်းလင်းရဲ့ နေအိမ် ဧည့်ခန်းမြင်ကွင်းပါ..။

တမူထူးခြားနေတဲ့ မြင်ကွင်းကတော့ ဧည့်ခန်းတွင်းမှ အလေးမတဲ့ အလေးတုံးများနဲ့ လက်ထဲမှာ ကိုင်ထားတာကတော့ ယခုနောက်ဆုံးထုတ်လိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေ အိတ်ဆောင်စာအုပ်ကို ကိုင်ထားပြီး ထူးခြားဖွယ်ရာ ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ မြင်ကွင်းပါပဲ..။

ဒီမိုဝေယံက လက်ခံရရှိခဲ့တဲ့ ၂၀၀၈ခုနှစ် မြို့တော်ဝန်ဘဝက ဧည့်သည်များနဲ့ တွေ့စုံစဉ်ရိုက်ကူးခဲ့တဲ့ ရုံးခန်းအတွင်း မှဗိုလ်သန်းရွှေရဲ့ ပုံအောက်မှာ ရေးသားထားတကတော့ " ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် " တဲ့။
ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2011/11/blog-post_24.html

ယခုလည်း မြင်ရတဲ့ ပုံပါအတိုင်းပါပဲ..။
ဒီတော့ သီချင်းတပုဒ်ကို သွားစဉ်းစားမိတယ်.. ကြင်နာသူက အရူးလား ကိုယ်ကိုယ်တိုင်က အရူးလား ဘယ်သူကဖြစ် တမူးသာလဲ ဆိုလားပဲ...။
ပြည်သူတွေကပဲ ရူးလား ကိုယ်ကိုယ်တိုင်ကပဲ ရူးလား....
သေချာတာကတော့ ... တမူးမကသာနေပြီလို့ သုံးသပ်နိုင်ပါကြောင်း...

No comments: