Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts

Tuesday, 4 March 2014

သင့်ကိုချစ်တဲ့ မိန်းကလေး






မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။ ပထမအချက်က သူ့ချစ်တဲ့ကောင်လေးက ဒီစကားကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။ သူဒီလိုမေးလာတဲ့အချိန်မှာ သူ့ကို ရင်ခွင်ထဲပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ပြောပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။

မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။ သူတို့စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်တာကို သင့်ကြည့်ခဲ့လို့၊ မပြောသင့်တာကို သင့်ပြောခဲ့လို့ဖြစ်တယ်။ ဒါမှမဟုတ် နောက်ကျမှ ဆက်တဲ့ဖုန်းကြောင့်ဖြစ်တယ်။တကယ်တော့ မိန်းကလေးတွေရဲ့ နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွှတ်ဖို့ သင်တောင်းပန်မယ်၊ သူ့ကို ယုယကြင်နာမယ်ဆိုရင် သူ့ရဲ့ စိတ်တိုဒေါသတွေက လေနဲ့အတူလွင့်သွားတဲ့ တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွားမှာဖြစ်တယ်။

မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။ ပန်းကြိုက်တာမိန်းကလေးတိုင်းရဲ့ မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက တန်ဖိုးကြီးတဲ့ နှင်းဆီပန်း တစ်စည်းပဲဖြစ်ဖြစ်၊ တောပန်းပွင့်လေး တစ်ပွင့်ပဲဖြစ်ဖြစ် တချို့မိန်းကလေးအတွက် ကျေနပ်မှုက တူတူပဲဖြစ်တယ်။ အဓိက,က သင့်ရဲ့ ရိုးသားတဲ့စိတ် ရှိဖို့ပဲဖြစ်တယ်။

မိန်းကလေးတွေက ဖုန်းအမြဲစောင့်တတ်တယ်။ ဒါက ချစ်စကြင်စ အချစ်ပင်လယ်မှာမျောနေတဲ့ မိန်းကလေးတို့ရဲ့ သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။

Friday, 13 December 2013

ဗုဒ္ဒဘာသာရဲ့ အားဆေးဆိုရင်... မနက်ဖြန်မှာကျနော်ဟာ ဘာသာမဲ့ ဖြစ်တယ်။



ဝတ်စရာမရှိ၊ အရှက်လုံအောင် အစုတ်နဲ့ နေလို့ရတယ်...
စားစရာမရှိ၊ ထမင်းကြမ်းခဲ ဆားနဲ့ စားလို့ရတယ်....။
တစ်နေ့စာ ၀မ်းရေးတောင် အနိုင်နိုင် ဘ၀တွေကို
ခင်ဗျားတို့ မို့ မီးပုံရှို့ရက်တယ်။
ခင်ဗျားတို့ဘာရလဲ...
သူတပါးပေါ် အကြမ်းဖက်တာ၊ဘ၀တွေကိုဖျက်စီးတာ
ပျော်စရာ ကောင်းလို့လား..
အခု...သူတို့မှာ အိမ်မရှိတော့ဘူး။ဘ၀မရှိတော့ဘူး။
ငိုနေတဲ့ သူတို့ရဲ့ မျက်ရည်ဟာ
ဗုဒ္ဒဘာသာရဲ့ အားဆေးဆိုရင်...
မနက်ဖြန်မှာကျနော်ဟာ ဘာသာမဲ့ ဖြစ်တယ်။

Saturday, 23 February 2013

''မရီနဲ့နော်'' ( အားလုံးပဲပျော်ရွင်စွာရယ်မောနိုင်ကြပါစေ)....


မောင်..
အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

>> သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအကျီင်္
အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။

>> ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

Saturday, 12 January 2013

အပြစ်တင် မစောပါနှင့်


 တခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ နုံချာတဲ့မိသားစုလေးတစုရှိပါတယ် ။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..

အပျိုကြီးက
"မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့.." လို့ သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ် ။

Saturday, 15 December 2012

ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ ရသော စာလေးတစ်စောင်ပါ။






သား !
သား...ငယ်ငယ်တုန်းကပေါ့

အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊
ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီတက်အောင်၊နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။

ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။

အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။

Wednesday, 7 November 2012

ချစ်ဇနီး


အဲဒီနေ့ ညနေခင်းကို ကျွန်တော်တစ်သက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီညနေခင်းမှာ ခါတိုင်းလိုပဲ အားကစားသတင်း ကြည့်နေတဲ့ကျွန်တော့်ကို ရေချိုးခန်းထဲ ထွက်လာတဲ့မိန်းမက "မောင်... ခင့်ခြေထောက်မှာ ဘယ်လိုဖြစ်ပြီး မှဲ့နက်တစ်လုံး ပေါ်လာတာလဲ မသိဘူး?" လို့ ပြောတယ်။

Tuesday, 6 November 2012

မိဘမေတ္တာကို တန်ဖိုးထားပါ... သူတို့ရဲ့အချစ်တွေအာလုံးဟာ လုပ်သင့်လုပ်ထိုက်တာလို့ သဘောမထားမိလိုက်ကြပါစေနဲ့.


ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီးကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ကျွန်တော် နဲ့ သားလေးကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ၀မ်းနည်းလိမ့်မလဲ။
ကျွန်တော်ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင်နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။

Sunday, 14 October 2012

ဒုက္ခတဲ့လား.. လာစမ်းပါစေ။... ဒီမှာ အချစ်ရှိတယ်။



ဒီမြင်ကွင်းကို သူတို့ ရက်ကွက်သားတို့ အဖို့ ရိုးနေပြီ။ မိန်းမဖြစ်သူက ယောင်္ကျားကို မနက်၊ည ကြောပိုးလာတာ နှစ်ပေါင်း နှစ်ဆယ်ကျော်တောင် ရှိနေပြီတဲ့။

ဟုတ်ပါတယ်။ မိန်းမဖြစ်သူက ယောင်္ကျားကို ဘေးမှာချပြီး လူစည်ကားတဲ့နေရာမှာ တောင်းရမ်းနေရတာပါ။

Sunday, 30 September 2012

ဦးဖိုးကျား၏ ကိုယ်တွေ့ ၀တ္ထုတို

Thu Ri Ya
မယ်မြ (ဦးဖိုးကျား- ၁၉၃၅ ခုနှစ် ၀တ္ထုတို)
Written by ဦးဖိုးကျား

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသား ကျောင်း တစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။


ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။

Friday, 14 September 2012

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့


Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်းမြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။

Thursday, 13 September 2012

မိန်းမသားဆိုတာ


မိန်းမသားဆိုတာ .. သင်္ကန်းမ၀တ်ဆင်နိုင်ပေမယ့် .. မြင့်မြတ်တဲ့ သင်္ကန်းဝတ်နိုင်သူတွေကိုတော့ .. မွေးဖွားဖန်ဆင်းပေးနိုင်ပါတယ် .. ဒါဟာ လူသားထဲက မြင့်မြတ်တဲ့ မိန်းမသားတွေရဲ့ ဘ၀ပါ .. ယောက်ျားသားများနဲ့ ယှဉ်လျှင် ရွေးချယ်စရာ အခွင့်အလမ်းနည်းပါးခြင်းဟာ စိတ်ဓါတ်ကျစရာ အကြောင်းခံမဟုတ်ပါဘူး .. ။ ပုခက်လွှဲသော လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်သတဲ့.. ။ သည်လိုဆိုလျှင်