Saturday 16 March 2013

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှု ခံစားသည့် အမျိုးသားများ၏ ကျန်းမာရေး ကောင်းမွန်နိုင်




လှပ ကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် ကြည့်ရှုခံစား နေသည့် အမျိုးသားတဦး © ( Photo: New England Journal of Medicine ) လှပ ကျော့ရှင်းသည့် အမျိုးသမီး တဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှု ခံစားခြင်းသည် အမျိုးသားများ အတွက် ကျန်းမာရေး ကောင်းမွန် စေကြောင်း သိရှိရသည်။

ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံ့ဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန် များသည် အမျိုးသား အယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှ ဖြစ်ကြောင်း ပြောကြားထားကြပြီး ကျန်တ၀က်မှာမူ ထိုကိစ္စ အတွက် ထောက်ခံခြင်း မပြုဘဲ ကြားနေကြသည်။

ပညာရှင် များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ဆန္ဒအတိုင်း ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့် ပေးထားသည်။ (၅)နှစ် ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊ သွေးကြောနှင့် ဆိုင်သော ရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ ဖြစ်ပေါ်နိုင်ခြေ သိသိသာသာ ကျဆင်းသွားသည်ကို လေ့လာ တွေ့ရှိခဲ့သည်။

လိင်နှင့် ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန် ကောင်းမွန်စေသည်။ ထို့ကြောင့်လည်း လိင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည့် ရင်သားအလှကို နေ့စဉ်ခံစား ထိတွေ့နေသည့် အမျိုးသားများ အတွက် ကျန်းမာရေး ပိုမို ကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း ဒေါက်တာ ၀ီသာဘီက ရှင်းပြခဲ့သည်။

ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီ က အမျိုးသားများ ( အထူးသဖြင့် အသက် ၄၀ ကျော် ပုဂ္ဂိုလ်များ ) သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုးသမီး ရင်သားများကို နေ့စဉ် နေ့တိုင်း (၁၀)မိနစ်မျှ ခံစား ကြည့်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆော်ထားသည် ကို ဂျာမဏီ နိုင်ငံထုတ် နယူး အင်္ဂလန် ဆေးပညာ ဂျာနယ်တွင် ဖေါ်ပြထားသည်။


သော်တာမောင်
Like · · Share

  • 113 people like this.
  • Ma Maw နှာဘူး
  • U Phyo Thein Hlaing ကျန်းမာရေးအရပါ။ အဟီး
  • Hlaing Myo Htwe ကောင်းလှချေလား
  • Nay Ye Htut ကျန်မာရေးအတွက်လှုပ်ရှားရမယ်
  • Kit Kit အစကမသိခဲ့ဘူး ဒါဆို ပိုကြည့်ရမယ် တိုင်းကျူ
  • Hein Htet Zaw D cup ဆိုတာ ဘယ်ဆိုဒ်လဲဟင်?
  • Oak Kar ဒုက္ခနဲ့လှလှဆိုတာ အဲ့ဒါပေါ့ဗျာ.. ကျန်းမာရေးကောင်းမကောင်းတော့သိဘူး..နာမည်ကြီးသွားမယ်..ဟီး..ဟီး..ဟီး
  • Ko Lwin အားရှိစရားကြီး
  • M Ban Du La အဲးဒါ ဆို ဒီ Article ကို ရေးတဲ့ သူ၊ခများရဲ့ နမ ရဲ့ ရင်သား ကို ဓာတ်ပုံ ရိုက်ပြီး တင်ပေးလေ။စေတနာ နဲ့ ပါ။
  • Myimaung Yln ဟင် ဟုတ်လား ဟီးဟီး ဘတ်သီးတွေပဲလိုက်ကြည့်တော့မယ်ေိေိ
  • May Lay စိတ်ပျက်လိုက်တာ
  • Win Aung Theingi ဆေးပညာဆိုင်ရာ အချက်အလက်များအရ မှန်ကန်ပါ၏.....သို့ သော်>>>>>>>>>
  • ကို လတ် အဲဒါဆိုရောဂါပျောက်အောင်ကြည်စရာလည်းမရှိဘူး
  • Ko Zaw Naing Oo ဟုတ်လို့ လား
  • Ko Pain Lubuie ဟိုက် ဆေးပညာကလည်းအလန်းကြီးပါလားအဲလိုဆိုတို့လဲနှလုံးရောဂါတို့ဘာတို့လိုချင်လာပြီနော်
  • Zinmin Aung ထိုင်ကြည့်ရုံပဲလား..မဖြစ်ဘူးထင်တယ်နော်
  • Htwe Lay မယုံဘူး မြန်မာအနေနဲကြည့်၇င်နှာဘူးထတာ
  • Naka Zue ဘာဘဲပြောပြောကွာ...ကိုယ်တို့ကကောင်းမယ်ဆို သဘောတူပြီးသားဘဲ..
  • Mdy Apple good idea
  • Ko Moe ဟီး ဟီး ကြည်.မယ် ပြီးရင် ............
  • Soe Lin ဒယ်ကြောတာလား ကြည့်ရဲမဘူး ရှပ်တယ်
  • ဇာတိ ကွာန်ကြေဝ်ဏာ ဒို့ ချစ်သူမရှိဘူး ဘယ်သူ့ဆီသွားကြည့်ရမလဲ
  • Nay Lin Tun ကြိုက်ပြီဟေးးးးးးးးးးး အသက်ရှည်ဆေးတွေ့ပြီ
  • Lin Zaw Who's want to help me? Please
  • Lu Thit တကယ်ကောင်းတဲ့နည်းပါ
  • Ashin Sandaw အနိစ္စ အနိစ္စလို့တွေးပြီး ကြည့်ရမှားလား
  • Min Khant ကိုယ်ကျန်းမာရေးကောင်းဖို့အတွက် တသက်လုံးငရဲကျမယ့် တဏှာကြီးနဲ့စမ်းသပ်တာတော့ဘယ်ကောင်းမလဲ။
  • Gs Teach ရင်သားကြည့်တာနဲ့တင်ကျန်ူးမာရေးကောင်းနှလုံးရောဂါထက်ဝက်ကျဆင်းမယ်ဆိုရင် ဟိုဒင်းဟိုဟာကြည့်မယ်ဆိုရင်တော့ကွာ ဟိ ဟိ ဟိ ဘာလဲမေးနဲ့ ကျောကြဘူး
  • Khit KoKo ကဲ အမျိုးသမီးမမတို့ရေ တို့ယောက်ကျားတွေအတွက် ရင်သားတွေကို လှအောင်ပြုပြင်ပြီး မလုံ့တလုံသာ ၀တ်ပေးကြပါလို့ တောင်းဆိုပါတယ် ကြည့်ဖို့တာဝန်က တို့တွေရဲ့တာဝန်ပဲ တာဝန်ကျေစေရမယ်
  • Khit KoKo ကျန်းမာရေးအတွက် ပြောရတာပါ ကြည့်ချင်ပါဝူး . . . . .

2 comments:

chitthyuchitthyu40@gmail.com said...

အကွာအဝေးလဲထဲ့ပြောပါအုံးကပ်ကြည့်ရင်ရောဂါပိုမှာလားသက်သာမှာလားဖြေပေးပါ

wp said...

ကျန်းမာရေးအရ ကြည့်သင့်ပါတယ်ကွာ..နှာဘူးမဟုတ်ပါဘူး...