Saturday 5 January 2013

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား


လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။
အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

Thursday 3 January 2013

လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်လို

လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန် ဖိတ်ကြားထားတဲ့ နေပြည်တော်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်



Thursday, January 03, 2013

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။


International news for myanmar

Sunday 30 December 2012

ကေအိုင်အေ ပြည်သူ့စစ် တစ်ယောက်ရဲ့ ရင်ဖွင့်သံ....

12 hours ago


အပစ်ရပ်ထားတဲ့ အချိန်တွေမှာ ဗမာ စစ်သားတွေ ရွာထဲ ကြိုက်သလို သောင်းကျန်းနေတာ ကြည့်ပြီး လက်ကို ယားနေတာပဲ...

ငါတို့ကသာ အပစ်ရပ်ထားတယ် ဆိုပြီး ဘာမှ လုပ်လို့မရ ဖြစ်နေတာ.. သူတို့ အကျင့်တွေက ပိုတောင် ဆိုးလာတယ်.. အပစ်ရပ်ထားလဲ မထူးဘူး.. ငါတို့ ကချင်တွေကို ဆဲလား... ကျိန်းလား လုပ်နေတာ.. မိန်ကလေးတွေကိုလဲ ဆွဲလား ရမ်းလား လုပ်နေတာ.... ခဏဏ စိတ်မထိန်းနိုင်လို့ ပြဿနာ တက်ဖို့ နည်းနည်းပဲ လိုတယ်... မနဲ သီးခံ ခဲ့ရတယ်....

ကချင်စစ်ပွဲအပါအ၀င် ပြည်တွင်းစစ်ရဲ့ အဓိက တရားခံအကြောင်းအရင်းတချက်က ၂၀၀၈ အခြေခံဥပဒေပါပဲ။


အဓိက က ၂၀၀၈ အခြေခံဥပဒေ ကို ခင်ဗျားတို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ ဆုံးဖြတ်ရတော့မယ်။

တချို့က လွှတ်တော်ထဲဝင်ပြီး ဒီဥပဒေ ကို ပြင်မယ် ပြောတယ်။
တချို့ က လုံးဝလက်မခံဘူးပြောတယ်။

ကေအိုင်အေ လို လက်နက်ကိုင်အဖွဲ့အစည်း တရပ်ကတော့
လက်မခံဘူးလို့ ပြတ်ပြတ်သားသားပြောတာ
ရပ်တည်ချက်မှန်သလား၊ မှားသလား၊

ကေအိုင်အေ ခေါင်းဆောင်တချို့ရဲ့ သဘောထားကို ဖေ့စ်ဘွတ်ခ် တနေရာ က ရှယ်လာခဲ့တာပါ။

အချိန်က ဆုံးဖြတ်ပါလိမ့်မယ်. . .

စန္ဒဂုတ် စစ်တိုက်သလို ရန်သူ ကို ရင်ဆိုင်နေရတာလား၊
ရန်သူက ကိုယ့်အိမ်ဝင်းထဲဝင် ကိုယ့်မိသားစုဝင်တွေကို ဆွဲလားရမ်းလား၊
ရိုက်လားနှက်လား လုပ်နေတာလား ဆိုတာ သေချာ သုံးသပ်ပါ။

ခု နေ့စဉ် ကိုယ့်တိုင်းသူပြည်သားတွေ၊ နှစ်ဘက် လူငယ်လေးတွေ
သေနေတာကို မြင်ရဲ့၊ ကြားရဲ့ နဲ့ စန္ဒဂုတ်စစ်တိုက်သလို သိမ်းရမတဲ့လား၊
ဒီ့အတွက်
ဒေါ်စုနဲ့ ၈၈ ခေါင်းဆောင်တွေကို စစ်မြေပြင်သွားခိုင်းတာလဲ မဟုတ်
လမ်းပေါ်ထွက်ခိုင်းတာလဲ မဟုတ်
ဒီစစ်ပွဲတွေနဲ့ ပါတ်သက်ပြီး သူတို့ရဲ့ အသံကို ကမ္ဘာက ကြားအောင် ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်းတွေပြော၊
လူသိန်းချီလာတဲ့ ပွဲတွေကနေပြော၊
သံခင်း တမန်ခင်းနဲ့ စစ်ပွဲတွေရပ်ဖို့ မေတ္တာရပ်ခံ စသဖြင့် လုပ်သင့်လုပ်ထိုက်တာ တခုမှ မလုပ်လို့ ထောက်ပြဝေဖန်နေတာပါလေ။