Saturday 13 October 2012

ဝတ်မှုန်ရွှေရည် နှင့် သတင်းအပေါ် ပြေတီဦး ကို ယုံကြည်စိတ်ချတယ် လို့ပြောသူက အူဝဲ


ဝေဖန်ရေးလုပ်တာလည်း မဟုတ်ဘူး..လေကန်တာလည်းမဟုတ်ဘူး...သတင်းဆို အမိအရတွယ်ချင်တာပဲရှိတယ်..ခုတလော အနုပညာ ရှင်တွေရဲ့ ဇာတ်လမ်းအရှုပ်တွေ တော်တော်လေး များတယ်ထင်တယ်...တစ်နေ့က မလေးရှားနိုင်ငံထုတ် ဂျာနယ်တစ်စောင်ကို ကောက်ဖက်မိတယ်...၀တ်မှုန်ရွှေည် နှင့် ပြေတီဦးတို့ နှစ်ယောက်ကို ဘာလိုလိုဆိုပြီးရေးသားထားတာဖက်ရတော့ တော်တော်လေး အံ့သြမိတယ်..

၁၄ နှစ်အရွယ် ကလေးငယ်ကို ရိုက်နှက် စစ်ဆေးမှု ပဲခူးတွင် ဖြစ်ပွား


ငွေကြေး ခိုးယူသည်ဟု စွပ်စွဲ ခံရသူ အသက် ၁၄ နှစ်အရွယ် မောင်မင်းထက်အောင်ကို ပဲခူးမြို့ အမှတ် (၃) ရဲတပ်ဖွဲ့ စခန်းက ဖမ်းဆီး ၍ ရိုက်နှက် စစ်ဆေး ခဲ့သဖြင့် ပဲခူး ဆေးရုံတွင် တက်ရောက် ကုသနေရခြင်း ကိစ္စနှင့် ပတ်သက်၍ ပဲခူးခရိုင် ရဲတပ်ဖွဲ့ မှူးက စစ်ဆေး အရေးယူသွားမည်ဖြစ် ကြောင်းThe Voice Weekly သို့ ပြောကြားသည်။

Friday 12 October 2012

မျိုးဆက်သစ်များအတွက် နိုင်ငံတည်ဆောက်ရာမှာ ဒီလူတွေ ဒရွတ်ဆွဲလိုက်နေရင် ပညာရေးလောကကြီး ပြန်လည်ရှင်သန်လာဖို့ နှောင့်နှေးပါမယ်


11/10/2012 (ကြာသပတေးနေ့) ကျွန်မရဲ့ တူအရင်းခေါက်ခေါက်၊ အထက (၂) စမ်းချောင်း၊ တန်းခွဲ(A)က သူငယ်တန်းကျောင်းသား၊ မောင်လမင်းခန့်။ ရင်ကျပ်ရောဂါရှိတဲ့အတွက် အိမ်နားနီးတဲ့ မိန်းကလေးကျောင်းမှာ မူလတန်းထားထားတာပါ။ သူက စာလိုက်မရေးလို့ သူ့အတန်းပိုင်ဆရာမဒေါ်ခင်မျိုးလွင်က အမှောင်ခန်းထဲ ထည့်မယ်ဆိုပြီး အတင်းဆွဲခေါ်သတဲ့

ကျေးဇူးပြု၍ share ပေးကြပါခင်ဗျာ---- မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ


မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီးးတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း မိုးကာတဲလေးက ကလေးငယ်လေးအား အသက်ရှင်ဖို့ စိုးရိမ်စရာအခြေအနေပါ။ လမ်းဘေးလေးမှာ မလုံမခြုံနေရတာကြောင့် ဈေးသူဈေးသားများလည်း စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကူညီမယ့်သူကိုလည်း မျှေ
ာ်လင့်နေကြတယ်။ မနက်ပိုင်း နေ့ခင်းပိုင်းမှာ(ဈေးဖွင့်ချိန်မှာ) ၀ိုင်းပြီးကူညီကြ၊ ရိုင်းပင်းကြ၊ ပေးကြ ကမ်းကြပါတယ်။ အထူးသဖြင့် မအိဖောင်းက အစစအရာရာ ဂရုစိုက်ပေးပါတယ်။ ထမင်းပို့ပေးတယ်။ တဲလေးလုပ်ပေးတယ်။ မွေးဖွားခါနီးမှာ ဆရာဝန်များနဲ့ ပြသပေးခဲ့ပါတယ်

Thursday 11 October 2012

အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီး (၂)စီး အရှေ့တောင်အာရှဒေသအတွင်းသို့ ရောက်ရှိ။



11th October 2012
အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး အဆင့်မြင့်ေ လယာဉ်တင်သင်္ဘောကြီး (၂)စီးဖြစ်သော USS John C. Stennis နှင့် USS George Washington တိ
ု့သည် ယခုအပတ်အတွင်း အာဆီယံဒေသသို့ ရောက်ရှိလာခဲ့သည်။ ယနေ့ (၉-၁၀-၂၀၁၂) ရက်နေ့တွင် လေယာဉ်တင်သင်္ဘော USS John C. Stennis သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်
းခြေတွင်၎င်း၊ USS George Washington သည် မလေးရှားနိုင်ငံ port klang ဆိပ်ကမ်းတွင်၎င်း ရပ်နားထားကြောင်း သိရှိရသည်။

Wednesday 10 October 2012

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တရုတ်ပြည်၌ ကွယ်လွန်


ရန်ပိုင်| October 10, 2012 | ဧရာဝတီသတင်းဌာန

တရုတ်နိုင်ငံ၌ နိုင်ငံရေးခိုလှုံနေရသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (အသက် ၉၃ နှစ်) သည် ကူမင်းမြို့ ဆေး ရုံကြီး တွင် ယနေ့ နံနက် ၃ နာရီခွဲခန့်က ကွယ်လွန်သွားကြောင်း သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇော က ဧရာဝတီသို့ ပြောသည်။

၂၇နှစ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသော ဆွီဒင်ဝါရင့်သတင်းထောက် ဘာတေးလ်လစ်တနာ သည် ပြည်ဝင် ခွင့်ဗီဇာရရှိသွားပြီး လာမည့်တနလာင်္နေ့(အောက်တိုဘာ၁၅) ရက် တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း

၂၇နှစ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသော ဆွီဒင်ဝါရင့်သတင်းထောက် ဘာတေးလ်လစ်တနာ သည် ပြည်ဝင် ခွင့်ဗီဇာရရှိသွားပြီး လာမည့်တနလာင်္နေ့(အောက်တိုဘာ၁၅) ရက် တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဘာတေးလစ်တနာ က အွန်လိုင်းမှတစ်ဆင့် ဖြေကြားသည်။

Tuesday 9 October 2012

ထူးကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ ဦးတေဇရဲ့ တူယာဉ်တိုက်မှုကို ရဲစခန်းမှာ ကာကွယ်ပေး

ခွန် ဒီးယမ်

ထူးကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဦးတေဇရဲ့တူက ဆေးကျောင်းသားတစ်ဦးကို ကားနဲ့ သေစေရန် ရည်ရွယ်၍ တိုက်မှုမှာ ရဲစခန်းက ကားနဲ့တိုက်သူကို ဦးတေဇရဲ့တူဆိုတာ ဖျောက်ဖျက်ထားပြီး သတင်းသမားတွေ သတင်း သွားယူတဲ့အခါမှာ ဦးတေဇရဲ့ဝန်ထမ်းက တိုက်တာပါဆိုပြီး ကာကွယ် ပေးပြောဆိုခဲ့ပါတယ်။

“ဦးတေဇရဲ့တူက ၈၈မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့တူကို ကားနဲ့တိုက်တယ်ဆိုတဲ့ သတင်းကို မရမ်းကုန်းရဲစခန်းမှာ သွားယူတယ်။ ရဲစခန်းက ကားတိုက်တဲ့သူက ဦးတေဇရဲ့ဒရိုင် ဘာပါ။ ဦးတေဇရဲ့ဝန်ထမ်းပါ ဆိုပြီးပြောတယ်။ ဘာမဟုတ်တဲ့ အမှုလေးကိုတောင် မရိုးသားဘူး။တဖက် ကလည်း သားသမီးချင်းစာနာပြီး ကြေအေးလိုက်တာပါ။ အဲ့ဒီအပေါ် မှာတော့ရိုးသားဖို့လိုပါတယ်။” လို့ အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်ခုမှ သတင်းထောက် တစ်ဦးကဆိုပါတယ်။

ဂျပန်တွင် ကျင်းပမည့် Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ - စိုးလင်းထွန်း

ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေ
များကို တွေ့ဆုံ မေးမြန်းပြီး ဖော်ပြ လိုက်ပါသည်။

မေး - ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး၊

ဖြေ - ကျွန်မ နာမည် မနန်းခင် ဇေယျာပါ၊ အသက်က ၂၃ နှစ်၊ ပညာ အရည်အချင်းက LL.B ဥပဒေဘွဲ့၊ လူမျိုးက ရှမ်းပအိုဝ့် ဖြစ်ပြီး ဂျာမန်- အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်ပါတယ်။

မေး - ပြိုင်ပွဲ ဝင်ဖြစ်ပုံလေး ပြောပြပါ။

Sunday 7 October 2012

ကချင်တိုင်းရင်းသား Mixed Martial Arts fighter "Aung La Nsang" ၏ ပွဲစဉ်တစ်ခုကို အောက်တိုဘာ ၁၃ ရက်နေ့ ၂၀၁၂ တွင် ပြုလုပ်မည်

ကချင်တိုင်းရင်းသား Mixed Martial Arts fighter "Aung La Nsang" ၏ ပွဲစဉ်တစ်ခုကို အောက်တိုဘာ ၁၃ ရက်နေ့ ၂၀၁၂ တွင် ပြုလုပ်မည် ။

နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုစွဲချက်ဖြင့် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို ဖမ်းဆီးခံရ


၂၀၁၁ ခုနှစ်က ပြည်ပတွင်ဆေးကုရန် မနီလာလေဆိပ်မှထွက်ခွာမည့် အာရိုယို ထွက်ခွာခွင့်တားဆီးခံရစဉ်
ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအတွက် ဂလိုရီယာအာရိုယိုကို ဆေးရုံ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။