Thursday 5 December 2013

ဆီးဂိမ်း အကြိုဂုဏ်ပြုပွဲကို Pee mak မင်းသမီးနဲ့ ထိုင်းမင်းသား တက်ရောက်



မေမြန်မာ

၂၇ ကြိမ်မြောက် ဆီးဂိမ်းအကြိုဂုဏ်ပြုပွဲကို ရန်ကုန် Junction Squireမှာ မနေ့ ညနေ ၆ နာရီကနေ ၉ နာရီအထိ ကျင်းပခဲ့ရာမှာ သရုပ်ဆောင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးစက်ဝိုင်တို့နဲ့ တခြား အနုပညာရှင်များစွာ အပြင်၊ ထိုင်းနိုင်ငံကနေ ဖိတ်ကြားထားတဲ့ Pee mak ရုပ်ရှင်မင်းသမီး Davira နဲ့ အဆိုတော် မင်းသား Mr.Mos တို့ တက်ရောက် အားဖြည့် ဂုဏ်ပြုခဲ့ကြ ပါတယ်။

ရွှေသန့်စင်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာနေရမှုအား အရေးယူပေးရန်။

(email ဖြင့် ပေးပို့သော တိုင်စာ)
အမည်..........ဦးပြည့် ဖြိုးအောင်
မှတ်ပုံတင်အမှတ်......၇/တငန(ပြု)၀၀၀၁၆၆
နေရပ်လိပ်စာ............၁၇/၁၇၂၊ဈေးလမ်း၊တောင်ငူမြို့ ။
ဖုန်း..............၀၅၄-၂၃၄၃၃(တဆင့် ခေါ်)

အကြောင်းအရာ ။  ။ ရွှေသန့်စင်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများကြောင့်
ပြည်သူလူထု ထိခိုက်နစ်နာနေရမှုအား
အထက် အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊
(၁၇) ရပ်ကွက်၊ ဈေးလမ်း အိမ်အမှတ် (၁၇/၁၇၃) နေ ဦးသန်းထိုက်အောင် ဒေါ်အီငု
တို့ ပိုင်ဆိုင်သော (ဆန်းရတနာ ရွှေသန့်စင်လုပ်ငန်း) တွင် အသုံး
ပြုလျှက်ရှိသော ဆာလ်ဖျူရစ်အက်စစ်အငွေ့နှင့်
ရွှေသန့်စင်ရာတွင်အသုံးပြုပြီးေ
သာ စွန့်ပစ်ဒြပ်ပစ္စည်းများကြောင့် ၎င်းပတ်
ဝန်းကျင်ရှိ ဈေးလမ်းနေပြည်သူလူထုများနှင့် ရတနာလမ်းနေ ပြည်သူလူထုများ
များစွာထိခိုက်နေရပါသည်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေး အရှုပ်တော်ပုံ (၁)

 ၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၂)


အပိုင်း-၂ *
-------------------------------
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။

၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုးအကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

အောင်ဇော်ရဲမြင့်

၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။

အနုပညာလောက နဲ့ အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၃)


အပိုင်း-(၃)
++++++++++++
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -

အနုပညာလောက နဲ့ အာဏာရှင်မိသားစု များရဲ့ မူးယစ်ဆေးဝါး ပြဿနာ အပိုင်း (၄)


Moe Zay Nyein
အပိုင်း(၄)

(မှတ်ချက် -
အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။