Saturday 29 March 2014

တုံးအ တဲ့ ယောက်ျားနဲ့ ထက်မြက် တဲ့ယောက်ျား


တုံးအတဲ့ယောက်ျားက နှစ်ဖက်မိဘတွေနဲ့ဆို လုံးဝမတည်းဘူးအမြဲဆန့်ကျင်ဘက်။
ထက်မြတ်တဲ့ယောက်ျားကတော့ ယောကွမကို မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်တဲ့အပြင်နှစ်ဖက်အသိုင်းအ၀ိုင်းရဲ့ အေးမြတဲ့အရိပ်ကြီးသဖွယ် စွမ်းဆောင်နိုင်တယ်...။

တုံးအ တဲ့ ယောက်ျားက မိန်းမကို အသာစီးရချင်တယ် ..
ထက်မြက်တဲ့ ယောက်ျားက မိန်းမအပေါ် သဘောထား ကြီး အလျှော့ပေးတတ်တယ် ..

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အားနည်း ချက်တွေ ကိုမြင်တိုင်း စိတ်ပျက် လွယ်တယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့ အရည်အချင်း ကို ရှာကြံ အသိအမှတ်ပြု ချီးမွမ်း တတ်တယ် ...

တုံးအ တဲ့ယောက်ျား က မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ် .. လူပုံ အလယ်မှာ မိန်းမ ကို မျက်နှာသာ မဲ့စေ တယ် ...
ထက်မြက်တဲ့ယောက်ျား က လူပုံ အလယ်မှာ မိန်းမကို မျက်နှာသာ ရစေတယ် .. ဆုံးမ ပြောဆို စရာရှိရင် နှစ်ကိုယ် ကြား သာ ပြောဆိုတယ် ...