Saturday 13 October 2012

၁၄ နှစ်အရွယ် ကလေးငယ်ကို ရိုက်နှက် စစ်ဆေးမှု ပဲခူးတွင် ဖြစ်ပွား


ငွေကြေး ခိုးယူသည်ဟု စွပ်စွဲ ခံရသူ အသက် ၁၄ နှစ်အရွယ် မောင်မင်းထက်အောင်ကို ပဲခူးမြို့ အမှတ် (၃) ရဲတပ်ဖွဲ့ စခန်းက ဖမ်းဆီး ၍ ရိုက်နှက် စစ်ဆေး ခဲ့သဖြင့် ပဲခူး ဆေးရုံတွင် တက်ရောက် ကုသနေရခြင်း ကိစ္စနှင့် ပတ်သက်၍ ပဲခူးခရိုင် ရဲတပ်ဖွဲ့ မှူးက စစ်ဆေး အရေးယူသွားမည်ဖြစ် ကြောင်းThe Voice Weekly သို့ ပြောကြားသည်။


အဆိုပါ ကိစ္စ မှန်ကန်ပါက ရဲစည်းကမ်း အရ အရေးယူသွားမည် ဖြစ် ကာ လောလောဆယ်တွင် စုံစမ်း စစ် ဆေးမှုများ ပြုလုပ် ရမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

"တိုင်စာ ရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ စစ်မှာပါ" ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးက ကတိပြု ပြောကြား သည်။

ပဲခူးမြို့အမှတ် (၂) ရပ်ကွက် မဟာမြိုင်လမ်းရှိ အဆွေတော် ဆိုင်ကယ်ရေဆေး၊ ဆီထိုးဆိုင်တွင် အောက်တိုဘာ ၉ ရက်နေ့က ငွေကျပ်လေးသိန်း ပျောက်သည့် အပေါ် ဆိုင်ပိုင်ရှင်က မောင်မင်းထက်အောင်ကို ခိုးယူသည်ဟု စွပ်စွဲကာ အမှတ် (၃) ရဲတပ်ဖွဲ့ စခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ ကြောင်း အဆိုပါ စွပ်စွဲခံရသူ၏ အဒေါ်ဖြစ်သူ ဒေါ်ယဉ်မျိုးနွယ်က ဆို သည်။

"ပိုက်ဆံပျောက်တဲ့ အကြောင်းကို အဲဒီညက ရဲက လာပြောပြီး ကလေးကို ရဲစခန်း ပို့ပေးဖို့ ပြောတယ်။ အဲလိုပြော ပြီး ည ၉ နာရီလောက်မှာ ကလေးကို စခန်းခေါ်သွားတယ်။ ကျွန်မတို့လည်း စခန်းလိုက်တော့ ရဲတွေ ရိုက်စစ်နေလို့ ကလေး ငိုသံကြားရတယ်။ ကျွန်မတို့ (၄င်းနှင့် ကလေးမိခင်) ကို စခန်း အပြင်မှာ ရဲက ထွက်စောင့် ခိုင်းတယ်" ဟု အောက်တိုဘာ ၉ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်က ရဲစခန်းသို့ သွားရောက်ခဲ့သူ မောင်မင်းထက်အောင်၏ အဒေါ်က ယင်းနေ့ညက အဖြစ်အပျက် ကို ရှင်းပြသည်။

ပဲခူး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော အသက် ၁၄ နှစ် အရွယ် မောင်မင်းထက်အောင်က ၄င်းကို ပခုံး တွင် ကြယ်တစ်ပွင့်ပါ ရဲအရာရှိက ပါးကို ထိုးကြိတ်ခြင်း၊ ခြေသလုံးကို မျဉ်းလုံးနှင့် လှိမ့်ခြင်း၊ ဝမ်းဗိုက်ကို မျဉ်းလုံးနှင့် ရိုက်ခြင်းများ ပြုလုပ်ကာ စစ်ဆေးခဲ့ကြောင်း အဆိုပါ ကလေးကို အောက်တိုဘာ ၁၂ ရက်နေ့တွင်The Voice Weekly က သွားရောက် တွေ့ ဆုံစဉ် ၄င်း၏ အဖြစ်အပျက်ကို ပြန်လည် ပြောဆိုသည်။
ငွေကျပ်လေးသိန်း ပျောက်ဆုံး သွားသူ ရေဆေးဆီထိုး လုပ်ငန်းရှင် အမျိုးသားကမူ "ကျွန်တော့် တပည့်လေး ပါပဲ။ ပိုက်ဆံတော့ ပြန်မတွေ့ဘူး။ ရဲက နားရင်းတွေ ဘာတွေ ရိုက်တယ်ကြားလို့ သနားပြီး နောက်နေ့ (အောက်တိုဘာ ၁၀ ရက်နေ့) အမှုပိတ်လိုက်တယ်။

ဒီငွေပမာဏ လောက်တော့ လူတိုင်းမှာ ရှိနိုင်တာပဲလေ" ဟု အမှုပိတ်သိမ်း ခြင်းအပေါ် ပြောကြားသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍The Voice Weekly က ပဲခူးအမှတ် (၃) ရဲတပ်ဖွဲ့ စခန်းသို့ ရိုက်နှက် စစ်ဆေး သည့် ကိစ္စကို မေးမြန်းခဲ့ရာ အဆိုပါနေ့ က တာဝန်မှူး ဒုရဲအုပ်မှာ ခရီးသွား နေပြီး စခန်းမှူးမှာလည်း လောလောဆယ် မရှိသဖြင့် ၄င်းအနေဖြင့် မည်သည့် အကြောင်းအရာကိုမှ မသိရှိကြောင်း အောက်တိုဘာ ၁၂ ရက်နေ့က တာဝန်မှူး ဒုရဲအုပ်က ရှင်းလင်းပြော ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် စုံစမ်း စစ်ဆေးရန် ဖမ်းဆီး ခံထားရသူများကို တစ်စုံတစ်ရာ နှိပ်စက် ညှဉ်းပန်းခွင့်မရှိ သည့် အပြင် ရိုက်နှက် စစ်ဆေးမှုကြောင့် သေဆုံးခဲ့ပါက လူသတ်မှု ကျူးလွန်ရာ ရောက်ကြောင်း၊ ရိုက်နှက် စစ်ဆေးမှု ကြောင့် ထွက်ဆိုခဲ့သော ဝန်ခံချက်များ သည် တရားရုံး၌ အမှု မမြောက်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီဝင် တစ်ဦးက ပြောကြား သည်။



  • 4 people like this.
  • Kawn Wa All the police man look like angry
  • Pumter Jj (((ရိုက်နှက် စစ်ဆေး သည့် ကိစ္စကို မေးမြန်းခဲ့ရာ အဆိုပါနေ့ က တာဝန်မှူး ဒုရဲအုပ်မှာ ခရီးသွား နေပြီး စခန်းမှူးမှာလည်း လောလောဆယ် မရှိသဖြင့်၎င်းအနေဖြင့် မည်သည့် အကြောင်းအရာကိုမှ မသိရှိကြောင်း))) ကိုယ့်စခန်းထဲမှာ ဖြစ်တဲ့ ကိစ္စကိုတောင်မသိဘူးဆိုတော့ ပြည့်သူ့ဘဏ္ဍာယူပြီး ပြည်သူကို ပြန်နှိပ်စက် ပြီးတော့ မင်းတို့က ဘယ်သွားသေနေကြတာတုန်း အစုတ်ပလုက် ရဲ တွေရဲ့။
  • Pumter Jj မင်းတို့ရဲဆိုတာလဲ ဒီအတိုင်းဆို တိရိစ္ဏာန်လောက်တောင် အသုံးမကျပါလား။
  • Kyaw Oo မြန်မာပြည်ကရဲတွေ ဒီလိုပဲ။
  • Thant Syn ပြည်ထဲရေး အုပ်ချုပ်တာလည်း စစ်တပ်ဘဲ သည်လောက်တော့ရိုင်းမှာပေါ့။ https://www.facebook.com/photo.php?fbid=179946882142701&set=a.179935808810475.44386.163309263806463&type=1&relevant_count=1

    ပြည်ထဲရေးရောက် အရာရှိများ
    မိုးဇေညိမ်း

    မေလ်းများနှင့်မင်းဘယ်သူလဲ၊ ဘယ်လောက်သိလို့...

  • Uthan Sangkhla လူရုပ်ကိုက မေတ္တာရှိတဲ့ပုံမှမဟုတ်တာ
  • Uthan Sangkhla လူ့စိတ်ဓါတ်ယိုရွင်းလာတာ စစ်အာရှင်ရဲ့ နှစ် ၆၀က ပြရုပ်တခုပါ
  • Zaw Win ပဲခူးအမှတ်(၃)ရဲစခန်းပတ်လည်တွင် KTV မာဆက် ဘိခန်းများ အများအပြားရှိပါတယ် တာဝန်မှူးက အဲ့ဒီနေ့ကအဲဒီဘက်တွေရောက်နေလို့နေမှာပေါ့
  • ဂျေဂျူ ဝိုင် ခေတ်နောက်ပြန်ဆွဲတဲ့သူတွေကို ချန်ခဲ့မယ် (သမ္မတ)
  • Kyi Min v'BuD;acwfu aomufaumifawG jrefjrefaxmifxJydkYMuprf;yg/ txJrSm ynmawGtrsm;BuD;&oGm;r,f/
  • Saccavamsa Sa တော်တော်များများ ရဲတွေကို ပြန်မေးရင် ခရီးထွက်နေလို့ပါဆိုတဲ့အကြောင်းတွေကို ပြန်ပြောကြတယ်နော်။ တိုက်ဆိုင်လှချည်လား။ ခရီးထွက်တာတွေက။

4 comments:

Anonymous said...

ဒုရဲအုပ်ဆိုတာဒီလိုဘဲရှာရတယ်ကွ

Anonymous said...

အသေးအမွှားလေးတွေကိုသာ အထင်ကရလုပ်တတ်တယ်မြန်မာရဲတွေရဲ့လုပ်ရပ်ဟာရုပ်ရှင်ထဲကရဲနဲ့ထပ်တူပါဘဲ

Unknown said...

ရဲ ဆိုရင် ဘယ်သူမှ မ ကောင်းဘူး (90)% သေချာတယ်

Anonymous said...

chit ko 90%မဟုတ်ဘူးကွ သုံးပုံနှစ်ပုံပါ
အဲဒါဘယ်သူလဲဆိုတာမေးစရာမလိုတော့ပါဘူး
ခေါင် မလုံတော့မိုးယိုတာပေါ့