Sunday 22 July 2012

မိတ်ဆွေ သင်ဆိုရင်ရော ဘယ်လို သမ္မတမျိုးကို အလိုရှိသလဲ......


ဓာတ်ပုံထဲက ကောင်လေးနာမည်ကတော့ Jacob Philadelphia ပါ။
 "နိုင်ငံ့အကြီးအကဲ သမ္မတကြီးတစ်ဦးရဲ့ ခေါင်းကိုဖွဖွထိပုတ်ခွင့်ရလိုက်လို့၊ ကလေးငယ်တစ်ဦး ရင်းရင်းနှီးနှီး ခံစားလိုက်ရတဲ့အခါ ...."
တနေ့ အိမ်ဖြူတော်မှာ သမ္မတကြီးကိုတွေ့တော့၊ Jacob က သမ္မတကြီးကိုတိုးတိုးလေးပြောလိုက်တယ်။

"ကျနော့်ရဲ့ ဆံပင်တွေက သမ္မတကြီးလိုပဲလားဆိုတာ သိချင်မိပါရဲ့ဗျာ။"

သမ္မတကြီးက နောက်တစ်ခေါက်ထပ်ပြောဖို့ ပြောတယ်။

Jacob က ထပ်ပြောလိုက်တော့ သမ္မတအိုဘားမားက ပြန်ဖြေတယ်။

"သားကိုယ်တိုင်ထိပြီ ကြည့်လိုက်ပါလား။"

သမ္မတကြီးက အားတုန့်အားနာဖြစ်နေတဲ့ Jacob ဆီကို သူ့ရဲ့ခေါင်းကို နှိမ့်ပေးလိုက်တယ်။

"ထိကြည့်လိုက်ပါ ကိုယ့်လူရ" လို့ သမ္မတအိုဘားမားက ပြောလိုက်တယ်။

Jacob သမ္မတကြီးဦးခေါင်းကို ဖွဖွလေးပုတ်လိုက်တယ်။

"ကဲ သားအခုဘယ်လိုထင်လဲ" လို့ သမ္မတကြီးကမေးလိုက်တယ်။

"ဟုတ်ကဲ့ အတူတူပဲလို့ခံစားရပါတယ်။" Jacob က ပြန်ဖြေလိုက်တယ်။


ဒီနေရာမှာ ထူးထူးထွေထွေစဉ်စားစရာ မလိုဘဲ သိနိုင်တာကတော့ ငါလည်း တနေ့ကျရင် ဒီ အိမ်ဖြူတော်ကြီးမှာ သမ္မတကြီး ဖြစ်လာနိုင်တာပဲလို့ ဒီကလေးက တွေးနေမှာဆိုတာကိုပါပဲ။

ဒါကို တချို့က ရိုသေလေးစားမှုမရှိတဲ့ အပြုအမူလို့ မြင်ကောင်းမြင်နိုင်ပေမဲ့၊ ဒီလိုအချိန်မျိုးလေးတွေကို သင်ကိုယ်တိုင်ကြုံလာခဲ့ရင် ကလေးငယ်လေးတွေရဲ့ စိတ်ဓာတ်ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ အတွက် ဒါမျိုးလုပ်ဖို့ထိုက်တန်တယ်ဆိုတာ သင့်ကို ဒီဖြစ်ရပ်လေးက သတိရစေမှာပါ။

Translated Poetically : Self

Original Source Credit (Full Story) : The New York Times http://www.nytimes.com/2012/05/24/us/politics/indelible-image-of-a-boys-pat-on-obamas-head-hangs-in-white-house.html?_r=3

"When a Boy Found a Familiar Feel in a Pat of the Head of State"
**********************************************

The boy in the picture is Jacob Philadelphia. Jacob he told Mr. Obama so quietly,

“I want to know if my hair is just like yours,”

The president asked him to speak again.

Jacob did, and President Obama replied,

“Why don’t you touch it and see for yourself?”

He lowered his head, level with Jacob, who hesitated.

President Obama said.“Touch it, dude!”

As Jacob patted the presidential crown.

Mr. Obama asked,

“So, what do you think?”

Jacob said,

“Yes, it does feel the same.”

And it doesn’t take a big leap to think that child could be thinking, ‘Maybe I could be here someday.’

This can be such a cynical business, and then there are moments like that that just remind you that it’s worth it.”



No comments: