Showing posts with label ရင်ဖွင့်သံ. Show all posts
Showing posts with label ရင်ဖွင့်သံ. Show all posts

Sunday, 24 February 2013

နိုင်ငံရေးမှုနဲ့ ကျတာလား. . . . ဘုရား။



စောစောစီးစီး. . . .
စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်။ ဖြစ်နေတာကတော့ ညကတည်းကပါပဲ။
ညက စိတ်ကိုထိန်းပြီး နေခဲ့တယ်. . . . ။
အခုမနက် တက်နေတဲ့ status တွေ . . . ။ post တွေ တွေ့ရတော့. . . . .
ဒီဘုန်းကြီးတော့ . . . . ခက်နေပါပြီ။
ဘုန်းကြီးဆိုတော့လဲ . . . .ပြောသင့် မပြောသင့်စဉ်းစားနေတာ။ သူကတော့ လူကြိုက်များတဲ့ ကိုယ်တော် ဆိုတော့ ချင့်ချိန်နေတာပါ။ မတော်ရင် ကြားထဲက ကို့ကို မွတ်စလင် စွပ်စွဲခံနေရဦးမယ်။ ကိုယ်တော့် နောက်လိုက်တွေ ၀ိုင်းကိုက်တာလဲ ခံနေရဦးမယ်။
ခက်တော့ ခက်တယ်ဗျာ။ ကိုယ်က စဉ်းစားချင့်ချိန်နေပေမယ်. . .
ဒီကိုယ်တော်က မစဉ်းစား မချင့်ချိန်ပဲ တရားဟောစင်ပေါ်ကနေ လျှောက်ပြောနေတော့ ဂွကျမကုန်ဘူးလား။ ပြန်ပြောရရင်လဲ မကောင်းရှိတော့မယ်ဗျ။

Friday, 22 February 2013

ကချင်တွေရဲ့ ဂျပန် တော်လှန်ရေး အကြောင်း


ကချင်တွေက ဂျပန် နိုင်လို့ အောင်ပွဲခံ မနောပွဲ (Padang Manau Poi) ကို ၁၉၄၅ မတ်လ ၂၄ မှ၂၆ အထိ ဗန်မော် အထက် စိန်လုံ (Zinlum Kaba) မှာ လုပ်တယ်။ ဂျပန် နိုင်တယ် ဆိုတာ ကချင်ပြည်က မောင်းထုတ်တာကိုပဲ ပြောတာ မဟုတ်၊ ထိုင်းထိ လိုက်တိုက်ပြီး အောင်ပွဲခံတာကို ပြောတာပါ။

ကချင်တွေ တိုက်တဲ့ ဂျပန်တွေ ထိုင်း အထိ ပြေးသွားပြီးနောက်မှ ဗမာတွေက ဖက်ဆစ်ဂျပန် တော်လှန်ရေး ဆိုပြီး မတ်လ ၂၇၊ ၁၉၄၅ မှာ စတယ်။

Monday, 21 January 2013

သူတို့လိုငယ်ရွယ်သူတွေအတွက် အနာဂတ်ဘယ်မှာလဲ


19-1-2013...ဒီနေ့မနက်က ကျွန်တော့်အိမ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နောက်ဖေးလမ်းကြားမှာ အရွယ်မရောက်သေးသော မောင်နှမနှစ်ဦး တီကောင်ရှာ ၀မ်းစာမြည်သံ ကြားလိုက်ရတယ် တွေ့ရ မြင်ရတာ ရင်ထဲမှာ မချိ့ပါ ဒီလိုပုံစံ ဒါလိုဟာတွေ ဖြစ်သင့်သလါးဗျာ မခံစားနိုင်လို့ မုန့်ဘိုးပေးတာတောင်မှ သူတို့မာန ထိခိုက်မှာစိုးလို့ သားလေးရေ မင်းအမကို မုန့်ဝယ်ကျွေးနော်ဆိုပြီး ပေးလိုက်တယ်။
 
သူတို့လိုငယ်ရွယ်သူတွေအတွက် အနာဂတ်ဘယ်မှာလဲ အဲဒီလောက် မြန်မာနိုင်ငံက အခြေနေတွေ ဆိုးဝါးသွားပြီလါး ၈၈၈၈ အာဏာသိမ်းတော့ ပြည်သူတွေကို ကတိပေးခဲ့တယ် ဘယ်သူတွေကလဲ ကျွန်တော်တို့နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ဝိုင်းဝင်းကူညီကြပါတဲ့ ဒါဆို ဒါဟာလိမ်လည်မူ့ကြီးဘဲ...

Sunday, 20 January 2013

“စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။

Liked · January ·

 
သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေ တပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါ
ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့

Wednesday, 16 January 2013

ဘယ်သူတွေမှာ တာဝန်ရှိလဲ......



မနက်ခင်းတစ်ခုမှာ ရုံးလာတော့
City Hall ရှေ့ မှာ ဆူဆူညံညံမြင်ကွင်းနဲ့တိုးတယ
နိုင်ငံခြားသားက ခါးထောက်ထားတယ် ဒေါသတအားထွက်နေတယ်
သူ့ပါးစပ်က တရစပ်ပြောတယ်။
" Give back my money"
ဘေးက မြန်မာနိုင်ငံသား(ပုံမှာ ဥိးထုပ်နဲ့ အကျီကွက်ကြားနဲ့ ခြေမှာ ပတ်တီးနဲ့လူ)ကလည်း တရစပ် ပြန် ပြောနေတယ်။
"I don't care, Go to police , go to police "တဲ့။

Friday, 11 January 2013

ငွေ ၃သိန်း မတန်သည့် လူ့အသက် တစ်ချောင်း

Follow · 19 hours ago



၁.၁.၂၀၁၃ ရက်နေ့ ညနေမှာ တစ်တန်းကျောင်းသားလေးက
လမ်းဘေးမှာ ကစားနေရင်း စည်းမဲ့ကမ်းမဲ့လွှတ်ကျောင်းထားတဲ့ နွားအုပ်တစ်အုပ်ရောက်လာပြီး အထဲက နွားတစ်ကောင်က ကလေးငယ်ကို ကန်သွားခဲ့ပါတယ်။
ကလေးခမျာ လမ်းဘေးမှာပဲ လဲကျပီးသတိလစ်သွားတာခနခနပါပဲ။ လူကြီးတွေရောက်လာပီး နှာတွေမှုတ်မှ သတိပြန်လည်လာပြီး ဆေးခန်းသွား ပြခဲ့ပါတယ်။ ဆရာဝန်က
ဘာမှမဖြစ်ဘူး ဆိုပြီ ဆေးနှစ်လုံးထိုးပြန်လွှတ်လိုက်ပါတယ်။

ဒါပေမယ့် ကာယကံရှင်မိသားစုက ကလေးမေးစေ့နာနေလို့ ဓါတ်မှန်ရိုက် ချင်တာနဲ့ သွားရိုက်ပီး ဘေးကပ်လျှက်က နောက်ထပ်ဆေးခန်းကို ထပ်ပြတော့ မေးစေ့ က အရိုးအက်သွားလို့ ဆေးရုံကို ချက်ချင်းတက်ဖို့ ဆေးစာရေးပြီး ညွှန်လိုက်ပါတယ်။

ဝမ်းနည်းဂုဏ်ယူမိပါသည်။




ဂုဏ်ယူသည်က ခြောက်ဘာသာဂုဏ်ထူးနှင့်

အခြေခံပညာအထက်တန်းစာမေးပွဲကို

ထူးချွန်စွာအောင်မြင်၏။

Sunday, 6 January 2013

တကယ်လို့ ကချင်အများစုက ခွဲထွက်ချင်တယ်ဆိုရင်တောင်သူတို့တရားပါတယ် ..


တကယ်လို့ ကချင်အများစုက ခွဲထွက်ချင်တယ်ဆိုရင်တောင်သူတို့တရားပါတယ် .. ကျနော်တို့ကသာ တအူတုံဆင်းညီကိုမောင်နှမရင်းတွေလို့ ပြောပီးဆွဲစိနေရတာ တကယ်တော့ ဆိုင်တယ်လို့ပြောလို့ရသလို ဘာမှမဆိုင်ဘူးလို့လဲပြောလို့ရပါတယ် (အဲလိုပြောရတဲ့အတွက်ဝမ်းနဲပါတယ်)အဲလိုညီကိုမောင်နှမပြောကြေးဆို ထိုင်းတွေ ကမ္ဘောဒီယားတွေ လာအိုတွေလဲ ကျနော်တို့ညီကိုမောင်နှမတွေပေါ့ ကဲဒါဆိုဟုတ်ပီ ထိုင်းနိုင်ငံကြီးခွဲထွက်နေတာမလိုချင်ဘူး သိမ်းကွာ ကမ္ဘောဒီးယားမလိုချင်ဘူး တက်သိမ်း အဲလိုတွေ လုပ်လို့ရတဲ့ပုံစံဖြစ်ကုန်မှာပေါ့ ကျနော်တို့ဟာပင်လုံစာချုပ်အရ အတူတကွလွပ်လပ်ရေးယူခဲ့သူတွေဖြစ်တဲ့အတွက် တနိုင်ငံထဲ ခုလိုလာဆုံကုန်တာပါ..

Sunday, 30 December 2012

ကေအိုင်အေ ပြည်သူ့စစ် တစ်ယောက်ရဲ့ ရင်ဖွင့်သံ....

12 hours ago


အပစ်ရပ်ထားတဲ့ အချိန်တွေမှာ ဗမာ စစ်သားတွေ ရွာထဲ ကြိုက်သလို သောင်းကျန်းနေတာ ကြည့်ပြီး လက်ကို ယားနေတာပဲ...

ငါတို့ကသာ အပစ်ရပ်ထားတယ် ဆိုပြီး ဘာမှ လုပ်လို့မရ ဖြစ်နေတာ.. သူတို့ အကျင့်တွေက ပိုတောင် ဆိုးလာတယ်.. အပစ်ရပ်ထားလဲ မထူးဘူး.. ငါတို့ ကချင်တွေကို ဆဲလား... ကျိန်းလား လုပ်နေတာ.. မိန်ကလေးတွေကိုလဲ ဆွဲလား ရမ်းလား လုပ်နေတာ.... ခဏဏ စိတ်မထိန်းနိုင်လို့ ပြဿနာ တက်ဖို့ နည်းနည်းပဲ လိုတယ်... မနဲ သီးခံ ခဲ့ရတယ်....

အချိန်က ဆုံးဖြတ်ပါလိမ့်မယ်. . .

စန္ဒဂုတ် စစ်တိုက်သလို ရန်သူ ကို ရင်ဆိုင်နေရတာလား၊
ရန်သူက ကိုယ့်အိမ်ဝင်းထဲဝင် ကိုယ့်မိသားစုဝင်တွေကို ဆွဲလားရမ်းလား၊
ရိုက်လားနှက်လား လုပ်နေတာလား ဆိုတာ သေချာ သုံးသပ်ပါ။

ခု နေ့စဉ် ကိုယ့်တိုင်းသူပြည်သားတွေ၊ နှစ်ဘက် လူငယ်လေးတွေ
သေနေတာကို မြင်ရဲ့၊ ကြားရဲ့ နဲ့ စန္ဒဂုတ်စစ်တိုက်သလို သိမ်းရမတဲ့လား၊
ဒီ့အတွက်
ဒေါ်စုနဲ့ ၈၈ ခေါင်းဆောင်တွေကို စစ်မြေပြင်သွားခိုင်းတာလဲ မဟုတ်
လမ်းပေါ်ထွက်ခိုင်းတာလဲ မဟုတ်
ဒီစစ်ပွဲတွေနဲ့ ပါတ်သက်ပြီး သူတို့ရဲ့ အသံကို ကမ္ဘာက ကြားအောင် ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်းတွေပြော၊
လူသိန်းချီလာတဲ့ ပွဲတွေကနေပြော၊
သံခင်း တမန်ခင်းနဲ့ စစ်ပွဲတွေရပ်ဖို့ မေတ္တာရပ်ခံ စသဖြင့် လုပ်သင့်လုပ်ထိုက်တာ တခုမှ မလုပ်လို့ ထောက်ပြဝေဖန်နေတာပါလေ။

Thursday, 13 December 2012

ခင်ဗျားတို့ပြောတဲ့ အထက်ကအမိန့်


၁။ အဖွဲ့အစည်းအားလုံးရဲ့ဖွဲ့စည်းပုံ (Organization Structure)ဟာ သူလုပ်ရမည့်လုပ်ငန်းနှင့် ကိုက်ညီအောင် ဖွဲ့စည်းထားရတာပါ။ အကျဉ်းထောင်ရဲ့အဓိက ရည်ရွယ်ချက်က အကျဉ်းသား ထွက်မပြေးနိုင်ဖို့၊ လုံခြုံမှုရှိဖို့ပါ။ ဒါကြောင့် တံခါးဖွင့်ပိတ်စနစ်တွေ၊ လူစစ်တဲ့စနစ်တွေ ပစ္စည်းထုတ်/သွင်းစနစ်တွေ၊ အုပ်ချုပ်တဲ့စနစ်တွေက တခြားအဖွဲ့အစည်းတွေနဲ့မတူပါ။ အလားတူ စစ်တပ်ကလည်း စစ်တိုက်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ သူ့ရဲ့ဖွဲ့စည်းပုံ၊ အုပ်ချူပ်ပုံ စီမံခန့်ခွဲပုံ ၊ခံယူချက်၊ အတွေးအခေါ်တို့ဟာ ကျန်တဲ့အဖွဲ့အစည်းနဲ့မတူပါ။ ဘာလို့လဲဆိုတော့ ထမ်းဆောင် ရတဲ့တာဝန်မတူလို့ပါ။

သူလာတောင်းပန်မှာတောင် စိုးရိမ်မိ




အမိုက်မဲ တပည့်တော်သာ အရှင်ဘုရားတို့နေရာမှာဆို ခုချိန် သူလာတောင်းပန်မှာတောင် စိုးရိမ်မိမလားမသိ။ အတင်းတောင်းဆိုတော့မှ စိတ်မပါလက်မပါနဲ့ လာတောင်းပန်ရင်လဲ ဘာတန်ဖိုးရှိမှာလဲဘုရား။ တောင်းပန်ပါလို့ တောင်းဆိုနေရတယ်ဆိုထဲကိုက ဟုတ်ကိုမဟုတ်တော့တာ။ တကယ်ပဲ လူလိုနားလည်တတ်တဲ့သူဆိုရင် တောင်းဆိုနေဖို့တောင်မလိုဘူး သူကိုယ်တိုင် အပြေးလေးရောက်လာတာ ကြာပေါ့ အရှင်ဘုရား။

Tuesday, 11 December 2012

အားလုံးကို ကျေးဇူးတင် တယ်...



"အလုပ်အကြွေးတွေ ပြန်လည်ပေးဆပ်ပါတော့မည်။ အကျဉ်းစခန်းမှလည်း အလုပ်များစွာပါလာခဲ့ပါသည်။"
ကျွန်တော်ဒီနေ့အာမခံနဲ့ပြန်လွတ်
လာပါပြီ။အန်တီနော်အုန်းလှ၊ဒေါ်ရှမ်းမ၊ဦးမျိုးချစ်၊ကိုရဲလင်း ၊ကိုညီညီ၊ကိုအောင်စိုး၊ကိုမိုးသွေးတို့လဲ အာမခံတွေနဲ့ပြန်လွတ်လာကြပါပြီ။

Monday, 10 December 2012

အားလုံးသိစေဖို့....



နေမျိုးဇင်ကို တပ်မှ ဖြုတ်ပစ်ခံရသူဖြစ်ကြောင်း၊ နည်းမျိုးစုံနဲ့ မဟုတ် မမှန် ၀ါဒ ဖြန့်နေသူတို့ သိစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ခေတ်ပျက်မှာ အခွင့်ထူးခံပြီး နေခဲ့တဲ့သူ မဟုတ်ဘူး ဆိုတဲ့ သက်သေပါ။ အထူးသဖြင့် လူတယောက် အကြောင်း ဇာစ်မြစ်ကို သေချာ မလေ့လာပဲ တဖက်စောင်းနင်း အပုပ်ချတတ်တဲ့ နိုင်ငံဘဏ္ဍာ ပြည်သူ့အခွန်ငွေတွေနဲ့ ရုရှားမှာ ပညာတော်သင်နေသူ စစ်ဗိုလ် တွေလိုမျိုး အတွက် သိစေဖို့ တင်ပေးခြင်းဖြစ်ပါ
တယ်။

စစ်သားကောင်း စိတ်ဓါတ်နဲ့ပဲ လူထု အတွက် အလုပ်လုပ်နေပါတယ်။ အခွင့်အရေးသမား ဟုတ်လား မဟုတ်ဘူးလား ။ ရှင်းပြတာပါပဲ။ သိစေချင်တယ်။

ဖြေရှင်းလိုက်မှ နာမည်ကြီး....

  • ဖြေရှင်းလိုက်မှ နာမည်ကြီး ထမင်းငတ်ဖြစ်သွားပြန်ရော......... ဖြေရှင်းချက်လို့ ရေးမဲ့ အစား တောင်းပန်ခြင်း လို့ရေးလိုက်တော့ ဘာဖြစ်သွားမှာ မို့လို့တုံး
    ကိုယ့်ဘက်က မှားခဲ့ရင်တော့ တောင်းပန်ရမှာပဲလေ ........ မီဒီယာ လွတ်လပ်ခွင့်တောင်းတော့လည်း ခင်ဗျာ့တို့ မီဒီယာတွေပဲ.......သောက်တလွဲ ရေးတော့လည်း
    ခင်ဗျာ့တို့ မီဒီယာတွေပဲ...... စာပေစီစစ်ရေး ဆက်ထားသင့်သည်ဟု ယူဆပါတယ်
    Eleven ကလည်း မီဒိယာ လွတ်လပ်ခွင့်တော့တောင်းတယ် လွတ်လွတ်လပ်လပ်နဲ့ အပြုသဘော ဆောင်ပြီး comment ပေးတော့လည်း ဘလော့တယ်

    Photo from/freemyanmarvcd
    ဖြေရှင်းလိုက်မှ နာမည်ကြီး ထမင်းငတ်ဖြစ်သွားပြန်ရော......... ဖြေရှင်းချက်လို့ ရေးမဲ့ အစား တောင်းပန်ခြင်း လို့ရေးလိုက်တော့ ဘာဖြစ်သွားမှာ မို့လို့တုံး  
ကိုယ့်ဘက်က မှားခဲ့ရင်တော့ တောင်းပန်ရမှာပဲလေ  ........ မီဒီယာ လွတ်လပ်ခွင့်တောင်းတော့လည်း ခင်ဗျာ့တို့ မီဒီယာတွေပဲ.......သောက်တလွဲ ရေးတော့လည်း
ခင်ဗျာ့တို့ မီဒီယာတွေပဲ...... စာပေစီစစ်ရေး ဆက်ထားသင့်သည်ဟု ယူဆပါတယ်  
Eleven ကလည်း  မီဒိယာ လွတ်လပ်ခွင့်တော့တောင်းတယ်   လွတ်လွတ်လပ်လပ်နဲ့  အပြုသဘော ဆောင်ပြီး comment ပေးတော့လည်း ဘလော့တယ် 

Photo from/freemyanmarvcd
    Like · 

“အံ့သြပါရဲ့”

Lun Swe ·
အရပ်သားလက် အာဏာရောက်သွားမှာစိုးလို့ (၁) ကာချုပ်ကို သမ္မတထက် အာဏာပိုပေးထားတယ်။ (၂) ကာချုပ်ဟာ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံ ကို သူတယောက်တည်းသဘောနဲ့ ကြိုက်သလို ထည့်ခွင့် ထုတ်ခွင့် လဲလှယ်ခွင့် ပေးထားတဲ့အပြင် (၃) ၀န်ကြီးဌာန သုံးခုကိုလည်း စစ်တပ်က ကိုင်ထားတယ်။ တပ်က လိုအပ်ရင် ပြန်အာဏာသိမ်းနိုင်ခွင့်ကိုပါ ပေးထားတယ်။

ဒါလောက် လုပ်ထားတာကို ဒီမိုကရေစီ စိတ်ကူးယဉ်နေသူတွေ ရှိနေတာ အံ့သြပါရဲ့ ... (ဆရာကြည်မင်း)

အကြွေး. . .

Cho Tu Zal


လာမယ့် ဇန်န၀ါရီ 2013 Fall မှာ ကျနော် ကျောင်းဝင်ခွင့်ရတယ်။ ကျောင်း ၃ ကျောင်းလျှောက်တာ ၃ ကျောင်းလုံး ၀င်ခွင့်ရပါတယ်။ အတက်ချင်ဆုံး
Writing and literature က နောက်ကျသွားလို့ August မှ တက်ခွင့်ရတယ်။
အာခီတက်ချာ က ဒီ ဇန်န၀ါရီမှာ တက်ခွင့်ရတယ်။
ဖလင် ကိုတော့ ၀င်ခွင့်သေချာတယ် ဆိုတာ သိရလို့ မလျှောက်သေးဘူး။

Saturday, 8 December 2012

ကဲ.. ဘာတတ်နိုင်သေးလဲ




မျက်ဖြူဆိုက်လေ ဆရာကြိုက်လေလို့  ဆိုရလေမလားပဲ...

ဘာ....

ကျုပ်က အာရုံလွှဲတာ မဟုတ်ရပါဘူးဗျာ

လုပ်ပါ.... ခင်ဗျားတို့  အလုပ်ဆက်လုပ်ပါ

အချင်းချင်းဆိုရင် အားကုန်ထုတ် တိုက်တတ်ကြတာ ဒို့ ဗမာလို့  ဆိုရလေမလား

လွတ်လပ်ရေးရဖို့  တိုက်ပွဲဝင်ခဲ့တဲ့ တပ်သားအရေအတွက်ထက် ပြည်တွင်းရောင်စုံသူပုန် သောင်းကျန်းမှု့ မှာ ပါဝင်ခဲ့တဲ့ တပ်သားအရေအတွက်က ပိုများခဲ့သလားပဲလေ

ဒီတော့ မှန်တယ်ထင်ရင် ဆက်လျှောက်ကြပေါ့

ပြီးတော့မှ တိုင်းပြည် မတည်ငြိမ်တာ.. မတိုးတက်တာ.. ခေတ်စနစ်ကြောင့်.. ဟိုလူကြောင့်.. ဒီလူကြောင့်လို့  မစွပ်စွဲကြပါနဲ့ ....

ဟင်္သာ သန်း၆၀

26 minutes ago


ခင်ဗျားဟာစစ်သားပဲဖြစ်ဖြစ်၊ ပြည်သူ့ရဲပဲဖြစ်ဖြစ်၊ ကြိုက်တဲ့ပြည်သူ့ဝန်ထမ်းဖြစ်ပါစေ၊
ကျွန်တော်တို့ဟာ တစ်နိုင်ငံထဲကဆိုးအတူကောင်းဖက်ညီကိုများဖြစ်ကြပါတယ်။
ဒါဖြင့်ဘာကြောင့်တစ်ဖွဲ့နဲ့တစ်ဖွဲ့သွေးကွဲ၊ အကောင်းမမြင်၊ ပျက်စီးစေချင်ရတာလဲ
ဆိုတဲ့မေးခွန်းကိုမေးမိတယ်။ အမှန်တော့ကျွန်တော်တို့ဟာ ကွဲချင်လို့မဟုတ် ခွဲခံရတာပဲပေါ့။
ကျွန်တော်တို့ရဲ့အဖြစ်က ဟင်္သာ ကိုးသောင်းပုံပြင်နဲ့သွားဆင်တူနေတယ်လို့လဲခံစားရတယ်ဗျ။
ရှေ့ကပိတ်ဆို့ထားတဲ့ပင့်ကူက တစ်ကောင်ထဲမဟုတ်ပဲ.. အဖွဲ့ငယ်တစ်ဖွဲ့စာလောက်....
လို့လဲမြင်မိပါတယ်။
ကျွန်တော်တို့တွေက ပင့်ကူရန်ကိုမရှင်းချင်ပဲအချင်းချင်းဖျက်စီးနေကြမယ်ဆိုရင်တော့
အဖြစ်က ပုံပြင်လိုပဲ ပျက်စီးမယ့်အရေးဆိုရင်မှန်မယ်ထင်ပါတယ်။
ကျွန်တော်တို့နိုင်ငံက ပြည်သူနဲ့ တပ်မတော် ဘာကြောင့်များသွေးကွဲနေပါသလဲ။
တပ်မတော်သားအားလုံကများ သိပ်ချမ်းသာနေလို့လား? တပ်မတော်က ရဲဘော်များကသာသိပ်အနစ်နာခံပြီး
ပြည်သူကချည်း ကောင်းစားနေလို့လား?

Thursday, 6 December 2012

ဥပဒေအရ ဥပဒေအရဆိုပြီတော့....

26 minutes ago

the voice ဂျာနယ်မှာ သပိတ်စခန်းတွေ မီးလောင်ဗုံးသုံး ဖြိုခွင်တဲ့ ကိစ္စမှာ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးတင်ထွန်းနှင့် မေးခွန်းနှစ်ခုမှာ မေး=ညက ဖြေရှင်းဖို့လာတဲ့ ညွန်ကြားချက်က တိုင်းဒေသငကြီး ညွန်ကြားချက်လား၊ ပြည်ထောင်စုအစိုးရက ညွန်ကြားချက်လား