Showing posts with label ဓါတ်ပုံဝေဖန်. Show all posts
Showing posts with label ဓါတ်ပုံဝေဖန်. Show all posts

Friday, 25 January 2013

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့.. လို့ ဆိုရာ...

ရန်ကုန်နှင့်အနီးဆုံးလူတွေသာ တက်ရောက်နိုင်မယ့် ရန်ကုန်တက္ကသိုလ်ကို အဆင့်မြင့်တက္ကသိုလ်အဖြစ် မပြောင်းလဲခင် ဒီလိုအခြေခံကျောင်းတွေကို အရင်ဆုံး နိုင်ငံတော်ကချမှတ်ထားတဲ့ ဆောင်ပုဒ်နှင့် အကုန်လုံးညီအောင် မဟုတ်ရင်တောင်
ကလေးတွေ သက်တောင့်သက်သာနှင့် စာသင်လို့ရတဲ့ ကျောင်းဆောင်တွေ ဖြစ်ဖို့တော့ အရင်ဆုံးလုပ်ရမယ်ထင်တာဘဲ။

Monday, 21 January 2013

သူတို့လိုငယ်ရွယ်သူတွေအတွက် အနာဂတ်ဘယ်မှာလဲ


19-1-2013...ဒီနေ့မနက်က ကျွန်တော့်အိမ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နောက်ဖေးလမ်းကြားမှာ အရွယ်မရောက်သေးသော မောင်နှမနှစ်ဦး တီကောင်ရှာ ၀မ်းစာမြည်သံ ကြားလိုက်ရတယ် တွေ့ရ မြင်ရတာ ရင်ထဲမှာ မချိ့ပါ ဒီလိုပုံစံ ဒါလိုဟာတွေ ဖြစ်သင့်သလါးဗျာ မခံစားနိုင်လို့ မုန့်ဘိုးပေးတာတောင်မှ သူတို့မာန ထိခိုက်မှာစိုးလို့ သားလေးရေ မင်းအမကို မုန့်ဝယ်ကျွေးနော်ဆိုပြီး ပေးလိုက်တယ်။
 
သူတို့လိုငယ်ရွယ်သူတွေအတွက် အနာဂတ်ဘယ်မှာလဲ အဲဒီလောက် မြန်မာနိုင်ငံက အခြေနေတွေ ဆိုးဝါးသွားပြီလါး ၈၈၈၈ အာဏာသိမ်းတော့ ပြည်သူတွေကို ကတိပေးခဲ့တယ် ဘယ်သူတွေကလဲ ကျွန်တော်တို့နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ဝိုင်းဝင်းကူညီကြပါတဲ့ ဒါဆို ဒါဟာလိမ်လည်မူ့ကြီးဘဲ...

Thursday, 6 December 2012

"ပြည်ဖြိုလမ်း" ဟု နာမည်တွင် သွားလေစဉ်


ကျောက်ဆည်မြို့၊ ဆူးကုန်းရပ် မြောက်ပိုင်း၊ ကြိုးတံတား အနီးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ခရိုင်ရုံး) တည်ရှိ ပါတယ်။ အဲဒီရုံးက အစိုးရ နည်းပညာ တက္ကသိုလ် သွားလာ လမ်းမှာ ရှိတော့ အထူးလည်း စည်ကား လှပါတယ်။ ဒါကြောင့် အဲဒီ လမ်းကြီးကိုလည်း ကြံ့ခိုင်ရေးက ပြည်ခိုင်ဖြိုး လမ်းဆိုပြီး နာမည် ပေးလိုက် ကြတယ် (ယခင်က..ယခင်ကပေါ့) အခုတော့ အဲဒီ လမ်းကြီးကို တာဝန်သိ ပြည်သူ တွေက နာမည် အသစ်တစ်ခု ထပ်ပေး လိုက်ပြန် ပါတယ်။