Friday 12 October 2012

မျိုးဆက်သစ်များအတွက် နိုင်ငံတည်ဆောက်ရာမှာ ဒီလူတွေ ဒရွတ်ဆွဲလိုက်နေရင် ပညာရေးလောကကြီး ပြန်လည်ရှင်သန်လာဖို့ နှောင့်နှေးပါမယ်


11/10/2012 (ကြာသပတေးနေ့) ကျွန်မရဲ့ တူအရင်းခေါက်ခေါက်၊ အထက (၂) စမ်းချောင်း၊ တန်းခွဲ(A)က သူငယ်တန်းကျောင်းသား၊ မောင်လမင်းခန့်။ ရင်ကျပ်ရောဂါရှိတဲ့အတွက် အိမ်နားနီးတဲ့ မိန်းကလေးကျောင်းမှာ မူလတန်းထားထားတာပါ။ သူက စာလိုက်မရေးလို့ သူ့အတန်းပိုင်ဆရာမဒေါ်ခင်မျိုးလွင်က အမှောင်ခန်းထဲ ထည့်မယ်ဆိုပြီး အတင်းဆွဲခေါ်သတဲ့
။ သားစာရေးပါ့မယ်... အမှောင်ခန်းထဲ မထည့်ပါနဲ့ တောင်းပန်ငိုယိုနေတာကိုလည်း အတင်းဆွဲခေါ်သတဲ့။ အဲဒီတော့ တူေ
လးက သူ့လက်ထဲမှာကိုင်ထားတဲ့ ခဲတံနဲ့ ဆရာမ တင်ပါးကို ထိုးပါသတဲ့။

ကျောင်းကြိုသွားတဲ့ ကလေးအမေ ကျွန်မယောင်းမကို ဆရာမက မိဘအများကြားမှာ ပြောလိုက်ပါသတဲ့။
(၁) ကလေးကို နောက်နေ့တွေ ကျောင်းလာမပို့နဲ့တော့
(၂) ကလေးက Normal မဟုတ်ဘူး၊ ဆရာမကိုတောင် ဒီလိုလုပ်တယ်ဆိုရင်၊ ကျန်တဲ့ကျောင်းသားတွေကိုပါ ဒီလိုလုပ်လိမ့်မယ်လို့ ကျောင်းကြိုလာတဲ့ မိဘတွေကို ပြောပါသတဲ့။
“ဆရာဝန်ပြဖို့ နင်တို့ ဆရာဝန်မသိရင် ငါ့လာမေး” လို့လည်း ပြောလိုက်ပါသေးသတဲ့။ နင့်ကလေးလုပ်တာကိုလည်း ငါက ခဲတံကို “သက်သေ”အဖြစ် ယူထားလိုက်ပြီ၊ နောက်နေ့တွေ ကျောင်းလာစရာ မလိုကြောင်း ပြောလွှတ်လိုက်ပါတယ်။

ကလေးရဲ့ လုပ်ရပ်ကိုသာ မဲပြောပြီး ကလေးက အရူးဖြစ်တယ်လို့ ကျောင်းဆင်းချိန်မှာ အရှက်ခွဲ ပြောဆိုတဲ့ ဆရာမဟာ ဘာကြောင့် ဒီလိုကာဗာယူပြောသလည်းဆိုတာ ပူးတွဲပါ ဓာတ်ပုံမှာသာ ကြည့်ကြပါတော့။ ကျွန်မတို့ ကလေးက အသားအရည် ကြည်လင်နေအောင် ဖြူပါတယ်။ ကျောင်းက ပြန်လာကာစ ကလေးပါးမှာ လက်ချောင်းရာတွေ တွေ့ရပါတယ်။ ကျွန်မတို့ မိသားစု ဆွေးနွေးဆုံးဖြတ်ပြီး ရဲစခန်းနဲ့ ဆေးရုံက ပြန်လာချိန် ဒီဓာတ်ပုံကို ရိုက်ယူချိန် ည ၁၀နာရီမှာ အစင်းရာ ၂ကြောင်း ကလေးပါးမှာ ကျန်ပါသေးတယ်။ ၀ဲဖက်လက်ဖျံမှာ သွေးထွက်ရာ အပေါက်ကလေး တွေ့ပါတယ်။ ၀ဲနားရွက် ညိုနေပါတယ်။

ဒီလုပ်ရပ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
(၁) ပထမအကြိမ်မှာတုန်းက ကျောင်းပျော်ကလေးဟာ ကျောင်းသွားဖို့ ငြင်းလာပါတယ်။ ဘာလို့လည်း ချော့မေးတော့ ဆရာမက စာမပြီးလို့ အမှောင်ခန်းထဲ ထည့်တာ သားကြောက်တယ်တဲ့လေ။ ကျွန်မလိုက်သွားပါတယ်။ ဆရာမက ကလေးဟာ Ready made ဖြစ်မလာလို့ သူ သိပ်ပင်ပန်းတယ်လို့ ပြောပါတယ်။ Ready made ဆိုတာ ဘာလည်းဆိုတော့ တစ်ခြားကလေးတွေက သူငယ်တန်းလာတက်တာ စာတွေ အကုန်ရပြီးသား၊ ကျွန်မတို့ ကလေးက မရလို့တဲ့လေ။ သေချာပါတယ် ကျွန်မတို့ကလေးက သင်ပုန်းကြီးကို နှုတ်တိုက်ရပါတယ်။ ကကြီးခခွေး ရေးတတ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတော့ မရသေးဘူး။ အစိုးရပိုင်၊ အခြေခံပညာကျောင်းမှာ သူငယ်တန်းတက်တာ ရယ်ဒီမိတ် လုပ်ပေးလိုက်ရမယ်မှန်း မသိခဲ့မိတဲ့ ကျွန်မတို့ အပြစ်ပဲ ထားပါတော့။ ကျွန်မပြောခဲ့ပါတယ်။ ဆရာမရယ် ဆုံးမပါ။ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ အမှောင်ခန်းဆိုတာကို ကလေးက ကြောက်တာတော့ ကျွန်မတို့ စိတ်မကောင်းလို့လို့ ပြောလိုက်ပါတယ်။ သူက “စိန်ဖလိုးမှာ တကယ် အမှောင်ခန်း မရှိပါဘူးတဲ့။ ကျောင်းအုပ်ရုံးခန်းမှာ ထည့်ပြီး ပိတ်ထားခြင်းသာဖြစ်တယ်”လို့ ပြောပါတယ်။ သူ ဒီလုပ်ရပ်ကို လုပ်တဲ့အချိန်မှာလည်း ဒုကျောင်းအုပ် ဒေါ်နှင်းနှင်းမြင့်ကိုယ်တိုင် မြင်တဲ့အတွက် ကလေးရဲ့ အခြေအနေကို ဒေါ်နှင်းနှင်းမြင့် သိသွားပါတယ်တဲ့။ ကျွန်မက .... ဆရာမဒေါ်နှင်းနှင်းမြင့်ဆိုတာ ကျွန်မ ကိုးတန်းတုန်းက ဆရာမပါ။ ဆရာမက ဘာအခြေအနေကို ပြောတာလည်းဆိုတော့ စာကို ငြိမ်ငြိမ် မလုပ်တာကိုလေတဲ့။ ဆရာဝန်ပြကြည့်ပါလားတဲ့။ ယောက်ျားလေး ၆နှစ်သား၊ သူငယ်တန်း ကဏှာမငြိမ် လက်လက်စင်ဆော့တာကို ကျွန်မက ဘယ်ဆရာဝန် သွားပြရမလည်း (ဒါ သူ့ကို ပြောခဲ့တဲ့ စကား မဟုတ်ပါဘူး၊ ကိုယ့်ရင်တွင်းစကားပါ)။ ဟုတ်ပြီ... ဒါဆို ကျွန်မတို့ ဘာလုပ်ပေးရမလည်းဆိုတော့ ကျူရှင်ထားပါတဲ့။ ဟုတ်ကဲ့ ထားပါမယ်ဆိုပြီး သူ့ဆီထားပါတယ်။ ဒါလည်း ကျွန်မကျူရှင်ထားရုံနဲ့ မရဘူးနော်၊ ကျွန်မမှာ ကျူရှင်တွေကများ... သူငယ်တန်းဒင်း(Dean)လည်း ဖြစ်ပြန်တော့ သူ့ကို စာရေးတာ လက်ကိုင်စာသင်ဖို့ ကျွန်မ မအားဘူးတဲ့။ ဟုတ်ပါပြီ.... အိမ်မှာ ကျူရှင်ဆရာမ ထပ်ခေါ်ခဲ့ပါတယ်။ သူငယ်တန်းကလေး ကျူရှင်လခက အတန်းပိုင်ဆရာမကျူရှင် ၁၅၀၀၀၊ ကျူရှင်နောက်တစ်ခု ၂၅၀၀၀... စုစုပေါင်း တစ်လ လေးသောင်းပါ။ တစ်ခြားကျူရှင်ခေါ်ပြီးတော့လည်း မငြိမ်းပါဘူး။ နောက်တစ်ရက် ခေါ်ပြန်ပါတယ်။ လမင်းခန့်အတွက် သင့်တော်မဲ့ ကျူရှင်ဆရာမ သူရှာထားသတဲ့။ သူရှာပေးတာဆိုတော့ သူ့အာဘော်နဲ့ညီအောင် သင်နိုင်ပါလိမ့်မယ်တဲ့။ ကျွန်မ လက်မခံခဲ့ပါဘူး။ အဆင်ပြေနေပြီဖြစ်တဲ့ ကျူရှင်ဆရာမကို ဖြုတ်ပြီး သူ့လူနဲ့ မပြောင်းနိုင်တော့ပါဘူး။ ဒါက ကလေးရှေ့ရေး၊ ကျူရှင်ဆရာမလေးရဲ့ ဂုဏ်သိက္ခာကို ထည့်တွက်တာပါ။

(၂) တကယ်တမ်း ပထမဦးဆုံးအကြိမ် သူငယ်တန်းတွေ စာမေးပွဲ ဖြေဆိုချိန်မှာ ကလေးက တစ်ဘာသာတည်း ၉၈မှတ်၊ ကျန်တာ အမှတ်ပြည့်ရပါတယ်။ ဒါတောင် ၅၀ဖိုးဖြေ ၂နဲ့ မြှောက်ထားတဲ့ ရလဒ်ပါ။ အဲဒီတော့ တစ်ခြားကျောင်းသားတွေကို ပြောပါသတဲ့။ လမင်းခန့် xျီး ကျွေးရမယ်တဲ့။ ကလေးက “သားသား xျီး ဘာလို့ သူများကျွေးရမှာလည်း၊ အဲဒါက စားရတာ မဟုတ်ဘူးမလား”လို့ ပြောပါတယ်။ စာမေးပွဲအတန်းစောင့်ဆရာမကတော့ ပြောပါတယ်... သူ(ဒေါ်ခင်မျိုးလွင်)ကသာ ကလေးက ဘာဖြစ်တယ် ညာဖြစ်တယ်ပြောတာ.... ကလေးက စာမေးပွဲဖြေတာ ဖြောင့်နေတာပဲ။ လက်ချောင်းလေးတွေထောင်ပြီး.... ၅နဲ့ ၅နဲ့ ပေါင်းမယ်၊....... ဆိုပြီးကို ရေးနေတာပါတဲ့လေ။ ကျောင်းက သင်္ချာဆရာမကလည်း ပြောပါတယ်... ကလေးဆိုတာ ကြမ်းလို့မရဘူး၊ ချော့ပြောရင် ရတာပဲလေတဲ့။ လမင်းလေးက ချော့တာခံချင်တဲ့ ကလေးမျိုးလို့ ပြောပါတယ်။

(၃) နောက်တစ်ခါ အဲဒီဆရာမက ခေါ်ပြန်ပါတယ်။ သူ့လော့ကတ်သီးလေးကို လမင်းခန့်က ညှစ်လိုက်လို့ ကျိုးသွားတယ်တဲ့။ ကျွန်မတို့ အဲဒီလော့ကတ်သီးကို ပြန်ဆက်ပေးခဲ့ပါတယ်။ နောက်ထပ် လော့ကတ်သီးတစ်လုံးလည်း လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဒါက ဆရာမကို အားနာလို့ကို ပေးခဲ့တာပါ။ ပေးခဲ့ရတာ ကျွန်မတို့ စေတနာသက်သက်ပါ။ ဖြစ်စဉ်ကို နားထောင်ကြည့်တော့..... ဆရာမရဲ့ စားပွဲအောက်က အကန့်လေးကို ကလေးက ၀င်ဝင်နေသတဲ့။ အဲဒါကို အတင်းဆွဲထုတ်ရင်း ကလေးက လော့ကတ်သီးညှစ်မိတာလို့ ပြောပါတယ်..... အဲဒါနဲ့ ကျွန်မက သားလေးရယ်... ဘာလို့ ဆရာမစားပွဲခုံအောက် သွားဝင်နေရတာလည်းဆိုတော့ ဖြေပုံလေးက... ကျွန်မသာ သူ့ဆရာမသာဆို သိပ်ချစ်မိမှာပါ..... “ဆရာမကို သားသားက ချစ်လို့...”တဲ့။

(၄) လွန်ခဲ့တဲ့ တစ်လလောက်က ကလေးရဲ့ ညာဖက်မျက်လုံးထောင့်စွန်းမှာ သွေးထွက်လာတာ နှစ်နေရာ ပါလာပါတယ်။ ကလေးချင်းများ ဖြစ်လေသလား ကျွန်မတို့ လိုက်သွားပါတ်ယ... ကိုယ့်ကလေးတောင် ဒီလေက်ထိလာတာ တစ်ခြားကလေးကို တောင်းပန်သင့် တောင်းပန်ရအောင်ပါ။ ကလေးချင်း မဟုတ်ပါတဲ့။ မီးခလုပ်လှမ်းဖွင့်လို့ ဆရာမက ကြိမ်လုံးနဲ့ လှမ်းရိုက်လိုက်တာ ညာဖက် မျက်လုံးထောင့်စွန်းမှာ ၂နေရာ ပဲ့ထွက်သွားတာပါတဲ့။ ကျွန်မတို့ သည်းခံပါတယ်။ ဟုတ်တယ်။ မီးခလုပ်ကိုင်တာ ဆူရမယ်... ရိုက်သင့် ရိုက်ရမယ်။ ဒါ... မတော်တဆဖြစ်တာလို့ ကျွန်မတို့ ခံယူခဲ့ပါတယ်။ အဲဒီ ဒဏ်ရာက တုတ်နဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ဒီကနေ့ 11/10/2012 အထိ ရှင်းရှင်း မပျောက်သေးပါဘူး။

အခု ဒီတစ်ခေါက်တော့ ကျွန်မတို့မသားစုကတော့ သည်းခံသင့်တယ် မထင်တော့ပါဘူး။ ကလေးပါးမှာ ပါး (သို့မဟုတ)် နားထင်ကို ရိုက်ချထားတဲ့ လက်ချောင်းရာတွေ တွေ့လိုက်ရပါတယ်။ မျက်နှာမှာ ခြစ်ရာ ၂ခု၊ လက်ဖျံမှာ အပေါက်သေးလေးက သွေးထွက်နေတာတစ်ခု... တစ်ကိုယ်လုံးလည်း ဆွဲလွဲထားတာ ကျွန်မတူကလေးရဲ့ ဖြူဖြူကြည်ကြည်အသားလေးက နီတောက်နေပါတယ်။ ၀ဲနားရွက် ညိုမည်းလာပါတယ်။

ကျွန်မ အဖေနဲ့ အမေဟာ မြေးလေး ဖြစ်လာတာမြင်ပြီး သွေးတွေတိုး လဲနေပါတယ်။ အဖေ့မျက်နှာ ရဲရဲတောက်နေတာ ကျွန်မဖြင့် အဖေတစ်ခုခု ဖြစ်သွားမှာ အတော်ကြောက်မိပါတယ်။ ဒီနေ့ညကတော့ ကျွန်မတို့ မိသားစုတွေ ငိုကြ၊ မခံချင်စိတ်တွေဖြစ်ကြ... မိသားစု အစည်းအဝေးထိုင်ကြပါတယ်။ ကျွန်မအမေက အထက(၁)ဒဂုံက အငြိမ်းစားယူထားတဲ့ ဆရာမ “ဒေါ်မာမာတင်”ပါ။ အဖေ “ဦးဘို”ကတော့ ဟိုတယ်ခရီးက မန်နေဂျာ၊ အဲဒီကနေမှ Savoy Hotel မှာ Director (Admin &Finance) မှာ လုပ်ခဲ့တဲ့သူပါ။ အခုလက်ရှိ ဆေးရုံသုံးပစ္စည်းတွေ တင်သွင်းတဲ့နေရာမှာ တစ်ပတ် ၂ရက် အကြံပေးအနေနဲ့ ပြန်လုပ်နေတဲ့ ပင်စင်စားတွေပါ။ ဆိုလိုတာက ကျွန်တို့ စိတ်ဓာတ်၊ ဘ၀ကို ရိုးရိုးသားသား ပညာနဲ့ ရှင်သန်နေထိုင်တဲ့သူတွေ ဖြစ်ကြောင်း သိစေချင်တာပါ။

ကျွန်မကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှာ ဆရာမလုပ်ခဲ့ပါတယ်။ ဖေ့ဘုတ်ပေါ်မှာကို တပည့်တွေ အများကြီးရှိပါတယ်။ ကလေးတွေကို ကျွန်မ ဘယ်လို ဆက်ဆံခဲ့တယ်၊ ဘယ်လို စာသင်ခဲ့တယ် သူတို့တွေ သိပါတယ်။ ၁၀တန်းကလေးပဲ ကျူရှင်သင်ခဲ့ပေမဲ့ ကိုယ့်တက္ကသိုလ်က ကလေးကို လုံးဝ ကျူရှင်မပေးခဲ့ပါဘူး။ အပြင်လောကမှာလည်း ကျွန်မတို့ မိသားစုက ဘယ်လိုဆိုတာ စုံစမ်းနိုင်ပါတယ်။ ဒီဆရာမအပေါ် အနာကြီးနာစေဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။

သို့သော်လည်း ကျွန်မတို့ မိသားစု အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တို့ ကလေးလေး စိတ်ဒဏ်ရာ ရသွားပြီ။ ဒီဒဏ်ရာမျိုးကို နောက်နောင် ကျွန်မတူကို လုံးဝ အပေးမခံနိုင်တော့ပါဘူး။ ထို့အတူပဲ…. ဆရာစိတ်၊ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းစိတ် မသွင်းနိုင်ပဲ ဆရာဝင်လုပ်နေ၊ ၀န်ထမ်းဝင်လုပ်နေသူရဲ့လက်ထဲမှာ တစ်ခြား ကလေးလေးတွေကိုပါ ကျွန်မတူကလေး ကြုံရသလို (ခုထိ အသားတွေတုန်အောင်ကြောက်နေဆဲ) အဖြစ်ဆိုးမျိုး မပေးချင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ စမ်းချောင်းရဲစခန်းမှာ ဒဏ်ရာတွေပြပြီး၊ အနောက်ပိုင်းဆေးရုံမှာ ဆေးစာယူခဲ့ပါပြီ။ မနက်ဖြန်မှာ ကျောင်းအုပ်ဆရာမကြီးနဲ့ တစ်ခြားတာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးပြီး ဒီဆရာမအပေါ် Action ယူခိုင်းပါမယ်။ ဒီ Action နဲ့ မလုံလောက်ရင် အဆင့်ဆင့် တက်သွားပါမယ်။ အဆုံးထိ ဒီကိစ္စကို ဖြေရှင်းပါမယ်။

ကလေးခဲတံနဲ့ထိုးတဲ့ တင်ပါးက ဒဏ်ရာကြောင့် ဆရာမဒေါသက ကလေးပါးပေါ် လက်တွေပေါ် နားရွက်သေးသေးလေးပေါ် ရောက်ပါတယ်။ ကလေးကို အသားတွေနီရဲလာအောင် ဆွဲဆောင့်တယ်… နောက်နေ့ကစပြီး ကျောင်းမလာတော့ဖို့ ပြောတယ်။ Normal ကလေး မဟုတ်ကြောင်း တစ်ခြားကျောင်းသား၊ မိဘတွေ သိအောင် အော်ဟစ်ပြောဆိုတယ်။ ကျွန်မဆို ဟင်္သာတတက္ကသိုလ်မှာ တာဝန်ကျတုန်းက ကျောင်းသူတစ်ယောက်က အဝေးက ပြေးလာပြီး ကျွန်မကျောကို လှမ်းဖက်တာ အရှိန်လွန်ပြီး နှစ်ယောက်လုံး မှောက်ထိုးလဲပါတယ်။ ကျွန်မက အောက်မှာပိနေတော့ ကျွန်မ ပိုအထိနာခဲ့ပါတယ်။ ဆရာမကို ချစ်လို့ ဖက်တာ… ဆရာမက တပည့်လုပ်လို့ နာသွားပြီး၊ သွေးထွက်သွားရတယ် လက်စားပြန်ချေ ခဲနဲ့ ကောက်ထုရမလား။ ကျွန်မတို့ အရပ်သားလည်းမဟုတ်၊ သာမာန်ဝန်ထမ်းလည်း မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို တာဝန်ထမ်းဆောင်ရတဲ့ ဆရာမတွေပါ။ ကျွန်မ အရပ်သားစိတ်နဲ့ စိတ်ဆိုးပြီး ကလေးကို ပြန်လုပ်ဖို့ ဖြစ်နိုင်ပါ့မလားရှင်။ ဒီဆရာမအတွက်တော့ ကျွန်မတို့ Action ယူတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားလမ်းကြောင်း ရှာမတွေ့တော့ပါဘူး။

ကျွန်မကိုယ်တိုင် ၀န်ထမ်းဖြစ်ခဲ့သူပါ။ ၀န်ထမ်းများဖက်က အမြဲရပ်တည်ပြီး ပြောခဲ့တဲ့သူပါ။ တက္ကသိုလ်တွေမှာ၊ ၁၀တန်းစာစစ်ချိန်တွေမှာ၊ ဖောင်ကြီးသင်တန်းမှာ လုပ်ဖော်ကိုင်ဖက်၊ ရဲမေတွေနဲ့ စားကောင်းသောက်ကောင်း ဘ၀ရဲ့ အမှတ်တရ အပျော်တွေရခဲ့တဲ့ အထိ ၀န်ထမ်းဘ၀၊ ဆရာမဘ၀ကို ချစ်မြတ်နိုးခဲ့သူပါ။ အိမ်ထောင်ကျပြီးမှ အခြေအနေအရပ်ရပ်ကြောင့် ပါရဂူဘွဲ့ရပြီးမှ ဆရာမဘ၀ကို ကျောခိုင်းခဲ့တဲ့သူပါ။ ဒီဆရာမအပေါ် ပညာရေးဝန်ထမ်းအချင်းချင်း ဒုက္ခမရောက်စေချင်ပါဘူး။

သို့သော်လည်း… သူများတွေ သူ့လက်ချက်မိခဲ့သူတွေအများကြီးဖြစ်ကြောင်းလည်း ကြားသိရပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ခံစားရပါပြီ။ အဲဒီတော့ “ပြောမှသိ၊ ထိမှနာ၊ နာမှသေ” ရတော့တဲ့ဘ၀ ရောက်နေပါပြီ။ ကျွန်မတို့ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် နိုင်ငံတည်ဆောက်ရာမှာ ဒီလူတွေ ဒရွတ်ဆွဲလိုက်နေရင် ပညာရေးလောကကြီး ပြန်လည်ရှင်သန်လာဖို့ နှောင့်နှေးပါမယ်။ ၀န်ထမ်းချင်း ကာဗာလုပ်ပေးချင်တဲ့ အတွေးအခေါ်ကို ခေါင်းထဲက ထုတ်လိုက်ပါပြီ။ ဒီဆရာမ၊ ဒီဝန်ထမ်းဟာ ကိုယ်က သည်းခံလိုက်ရင် ထပ်ထပ် အတင့်ရဲလာတာ ကိုယ်တိုင် ခံစားလိုက်ရပါပြီ။ တစ်ခြားကလေး၊ တစ်ခြားမိဘတွေကို ကျွန်မတို့ ကလေးလေးခံစားရသလို မခံစားရစေချင်ဘူး။ တိုင်းပြည်ရဲ့ အနာဂတ် ကလေးသေးသေးလေးတွေကို ဒီလို ရုန့်ရင်းကြမ်းတမ်း ဆက်ဆံတာမျိုးကို ကျွန်မတို့ မိသားစုက တွန်းလှန်ပါတော့မယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပညာရေးလောကက ဘယ်လို Action မျိုး ယူပေးလေမလည်း… စောင့်ကြည့်ကြတာပေါ့နော်။
Kyaw Swar Myint Infinity Power The Hot News 7Day News Journal Eleven Media Group Kyawmyo Aung Khin Kyi Kyi Zaw အစိမ်းရောင် လွင်ပြင် Spring Flowers Ubo Dmmt
— with Yu Yu Htun, Mi Nge, Alexander Kyaw Thiha and 46 others.

  • Lwin Aung Soe and 98 others like this.
  • MsKhin Ei EiTin https://www.facebook.com/photo.php?fbid=3078235479561&set=a.1021331938258.3666.1373973581&type=3&theater

    my Grand Uzan Myint Hlaing's BD
    ထို့ကြောင့် ဤအရာကို မိသားစုဟုခေါ်သည်။
  • Wanna More this was a very sad story, and indeed the teacher in accusation should take full responsibility, as she has violated countless rules and ethics, this should not happen again.
    However it's not my place to say but with decent intention, may I advise you to contact to Myanmar Autism Association https://www.facebook.com/pages/Myanmar-Autism-Association-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B1%E1%80%A1%E1%80%AC%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%87%E1%80%84%E1%80%B9%E1%80%A1%E1%80%9E%E1%80%84%E1%80%B9%E1%80%B8/258341504276426?ref=ts&fref=ts and consult with them for the child, and also for this case, they can provide big support for the child and the case, thanks
  • Spring Flowers ဖတ်ရတာတော့ စိတ်မကောင်းစရာပါဘဲ အစ်မရေ ။ အစ်မရေးထားတာကိုလည်း နားလည်ပါတယ် ။ ကိုယ်တိုင်လည်း မြန်မာပြည်ကျောင်းများမှာ တက်ခဲ့တာဆိုတော့ ယေဘုယျအားဖြင့် ဒီကိစ္စမျိုးကို ရင်းနှီးခဲ့ပါရဲ့ ။ အခုကိစ္စမှာ ကိုယ်တိုင်မမြင်ရလို့ အသေအချာ ၀င်ပြောဖို့ မလွယ်ပေပေမယ့် အစ်မရေးထားတာ ထိန်းထိန်းသိမ်းသိမ်း ရှိမှန်း ခန့်မှန်းမိပါတယ် ။ ( မလွယ်မယ့် ပြသာနာမှန်း ရိပ်မိပေမယ့် ) တစ်ဖက်က နားလည်သဘောပေါက်ပြီး အားလုံး အတတ်နိုင်ဆုံး အဆင်ပြေပြေ ဖြစ်သွားပါစေလို့ဘဲ ဆုတောင်းပါတယ် ။ ဒီကိစ္စရယ် မဟုတ်ဘဲ ယေဘုယျအားဖြင့် ပြောရရင် ရိုက်တာကိုတော့ သိပ်သဘောမကျဘူး ။ တခါတလေ ရိုက်လို့ မှတ်သွားတာ ရှိပေမယ့် များသောအားဖြင့်တော့ မကောင်းတဲ့ အကျိုးဆက်က များတယ်လို့ ထင်တယ် ။ တခြားနိုင်ငံတွေမှာ ရိုက်ဖို့မပြောနဲ့ နည်းနည်းလေး အရှက်ခွဲသလို ( ထင်ယောင်ထင်မှား ) ပြောမိတာနဲ့ ဆရာကို တရားစွဲတာတို့ ဘာတို့ကျတော့လည်း လွန်တယ် ။ မြန်မာပြည်မှာကျတော့လည်း စိတ်ဒဏ်ရာ ရလောက်အောင် ကိုယ့်အသားမနာတိုင်း လက်စွမ်းပြတတ်ကြတာကလည်း လွန်လွန်းတယ် ။အရှေ့နဲ့ အနောက်ကို နည်းနည်း ရောမွှေပစ်ရမယ် ။ ( ငယ်ငယ်တုန်းက ကိုယ်လည်း ကြိမ်လုံးနဲ့ ရင်းနှီးခဲ့သူလေ ၊ ရင်းနှီးသမှ အရှိုးရာထင်အောင် အရိုက်ခံရတယ်ဆိုတဲ့ အစားမျိုး ၊ ရိုက်တဲ့သူကလည်း ရှိသကိုး ။ စိတ်မနာပါဘူး၊ ဒါပေမယ့် ပြန်စဉ်းစားမိတိုင်း ကိုယ်သာဆိုရင်တော့ မလုပ်ဘူးလို့ဘဲ စဉ်းစားမိတယ် ။ နာနာမရိုက်ဘဲ ဆုံးမလို့ ရတဲ့ နည်းတွေ ရှိတယ်လို့ ထင်တာဘဲလေ )
  • Sea Moon အမေ၇ိကန်မှာအဲလိုဆရာမရှိလို့ ကတော့လာထား.. ပထမအကြိမ်နဲ့ တင် ရဲ ကခေါ် သွားလောက်ပီ.. ထောင်မှာ အိပ်ရမဲ့ ဘ၀ကိုရောက်မှာ.. တော်တော်ဆိုးတာဘဲ..ဆရာမစိတ်မရှိတဲ့ လူဘဲ.. ကောင်းတယ် များများ action ပေးပါ.. result စောင့်နေမယ်..
  • Tzmfebruary Tzmfebruary ကြုံဖူးပါတယ်။ဒီလိုဆရာမမျိုးတွေ။ ယဉ်ကျေးလိမ္မာသင်ခိုင်းရမယ်။လူသတ်သမားလိုဉာဏ် နဲ့ဆရာမမျိုးပါ။
    ဆရာမဖြစ်ထိုက်ပါဘူး။
  • James Mint ကလေးကို နှိပ်စက်တဲ့ ဆရာ ဆရာမတွေကိုတော့ လက်မခံပါဘူး
  • Zuki Tayzar ဆရာဆိုတော နာသုံးနာနဲ့ စာသင်ရတယ် ကြားဖူးတယ်
    အခုတော့ ရသုံးရနဲ့ သင်နေကြပါလား
    ကျောင်းအပ်ချိန်မှာ တချိန်ရ
    ကျောင်းတက်ချိန်မှာ သူတို့ကျူရှင်တက်ခိုင်းပြီးရ
    ကြားထဲမှာ တိုင်တာလေးတွေနဲ့ လက်ဆောင်တွေရ
  • Yu Wah Thein ငယ်ငယ်က ရွာမှာ ပညာရေးမကောင်းတော့၊ သားသမီးကို ပညာတတ်ဖြစ်စေချင်တဲ့ မိဘရဲ့ရည်ရွယ်ချက်က မြို့မှာကျောင်းသွားထားပေးခဲ့တယ်။ မိတ်ဆွေတယောက်ရဲ့အိမ်မှာ အဖော်နဲ့နေရင်း ကျောင်းတက်ခဲ့ရတယ်။ ကျောင်းက ဆရာမက သူ့ဆီမှာ ကျူရှင်မယူလို့ အပြစ်မရှိ အပြစ်ရှာပြီး ရိုက်ခဲ့ပါတယ်။ ကျိန်လုံးကို သုံးလုံးပူးပြီး သရေကြိုးနဲ့ချည်ထားပါတယ်။ လက်ဝါးနှစ်ဖက်ကို ပြိုင်တူဖြန့်ခိုင်းပြီး ကန့်လန့်ဖြတ်ရိုက်ပါတယ်။ လက်ဝါးရဲ့အကြောတွေ ယောင်ပြီး ၃-ရက်လောက် လက်မကွေးနိုင်ပါဘူး။ ထမင်းမစားနိုင်၊ စာမရေးနိုင်နဲ့။ အတူနေတဲ့ လူကြီးတွေသိသွားမှာစိုးလို့ ကိုယ်ဘာသာကိုဘဲ ကြိတ်ပြီး ပရုတ်ဆီလူးခဲ့ရတယ်။ မိဘဆွေမျိုးညီကိုမောင်နှမ မရှိ...သူစိမ်းအိမ်မှာနေပြီး ပညာရှာခဲ့ရပါတယ်။ ကျူရှင်မယူဘူးလားဆိုတော့....ကျူရှင်မတက်နိုင်လို့ပါ။ မိဘများက အစိုးရ၀န်ထမ်းများဖြစ်ပြီး ကျန်တဲ့ညီမလေးကိုပါ ပြုစုပျိုးထောင်နေရတော့ ကိုယ့်ကို ကျူရှင်ထားမပေးနိုင်ပါဘူး။ နောက်မှာတော့ သွားနေတဲ့အိမ်က လူကြီးကို အိမ်နီးဝန်းကျင်မှာနေတဲ့ သူငယ်ချင်းရဲ့ မိဘများက ပြောပြမှ သိရတော့ ခေါ်မေးပြီး အိမ်သခင်ကဘဲ ကျူရှင်ထားပေးခဲ့ပါတယ်။ ဒါကြောင့်မို့ ဆရာ၊ ဆရာမများရဲ့ ရိုက်နှက်မှု့နဲ့ ကျူရှင်မယူနိုင်လို့ ကလေးကို မဲတဲ့လုပ်ရပ်များဟာ.....လောကကြီးထဲမှာ အမှန်တရားကို ရှာဖွေနိုင်အောင် သင်ကြားပေးသော ဆရာဟူသမျှ ထိုစိတ်ဓါတ်မျိုး မရှိသင့်ပါကြောင်း....တိုက်ဆိုင်မှု့လေးရှိ၍ ပြောပြလိုက်ရပါသည်။
  • Aye Aye Aung ဒါလေးဖတ်ပြ သားသမီးချင်းကိုယ်ချင်းစာ မိလို့ မျက်ရည်တောင်ကြမိပါတယ် ။ဒီအကြောင်းတွေ ကြားလို့ ကျွန်မ သမီးလေး ကို လဲစိတ်ပူ မိပါတယ် ။ ကလေး ဆိုတော့ မသိ နားမလည်တာ များပါတယ် ။ ဒါ ကို အငယ်တန်းတွေသင်နေတဲ့ ဆရာမတွေ သည်းခံ သိသင့်ပါတယ် ။ သမီး တုန်းကလဲ ဆရာမ ခေါ်တာ မထူးဖူးဆိုလို့  မိဘ ကို အကြားအာရုံ စစ်ပေးပါ လို့  ပြောပါတယ် ။ အဲတုန်းက စစတက်တဲ့ မူုကြို ကပါ ။ နာမည်ကြီး private school ပါ ။ အခုလဲ မြန်မာကြောင်းထားဖို့ တိုင်ပင်နေတုန်းပါ ။ ကျူရှင်ဖိုးပေးရမယ့် အတူတူ private school ပဲ ထားရင်ကောင်းမလားလို့  ချင့်ချိန်နေ တုန်းပါ
  • Yu Yu Htun အိ။ ငါအခုမှဖတ်မိတယ်။ ငါကိုယ်တိုင် အ ထ က ၂ စမ်းချောင်းက အရမ်းအရိုက်ကြမ်းတဲ့ ဆရာမ သမီးပါ။ ဒါပေမဲ့ ဒီလိုမျိုးမတွေ့ဘူးနော်။ ကြားရတာ စိတ်မကောင်းလိုက်တာ။
  • Tin Htay Hlaing အရမ်းကိုစိတ်မကောင်းဖြစ်မိပါတယ်..သားသမီးချင်းကိုယ်ချင်းစာမိပါတယ်..မိဘတွေလည်းအရမ်းကိုခံစားနေရမယ်ဆိုတာနားလည်မိပါတယ်..ပညာရေးလောကကို ၀ါသနာ စေတနာ မပါဘဲဝင်လာပြီး ကလေးတွေရဲ့ဘ၀ ကိုဖျက်ဆီးနေတဲ့အဲဒီလိုဆရာမမျိုးဆီမှာ ကလေးကိုဆက်မထားပါနဲ့တော့..
  • Yoon Lay အဲလိုဆရာမမျိုးကို တရားစွဲသင့်တယ် .. ကလေးက Normal ပဲ ...Normalမဟုတ်တာက အဲဒိဆရာမ..
  • Myo Min Tun ကျူရှင်နဲ့ ပတ်သက်ပြီး သူများတွေပြောတာလည်း ခဏခဏ ကြားဖူးတယ်။ လစာနည်းတာ မလုံလောက်တာ ဟုတ်ပေမယ့် ကျူရှင်က ရတာကို မက်လို့ ဝင်လုပ်နေတဲ့ ဆရာမတွေ မနည်းပါဘူး။ ကလေးတွေရဲ့ စိတ်ပညာဘာသာရပ်တော့ သင်ရိုးမှာ ပါခဲ့မှာပဲ။ ခက်တာက ဆွမ်းဆန်ထဲ ကြွက်ချေးရောလာရင် မြန်မြန် ဖယ်မှ မဟုတ်ရင် တစ်အိုးလုံး ပစ်ရလိမ့်မယ်။
  • Phyu Phyu Zin How pity the baby,:(
  • Ye Min Tun စိတ်မကောင်းစရာအဖြစ်ဆုံးက ကလေးငယ်တွေစိတ်ကို ရိုတ်ချိုးတဲ့နည်းသုံးပြီး ငွေရှာတဲ့ ဆရာ ဆရာမအမည်ခံ အတ္တဘောတွေ ပေါများနေခြင်းပါပဲ။
  • Win Mgthant ကလေးစိတ်ပညာ အခြေခံလေးတောင်မရှိဘဲ ဆရာမ ဖြစ်လာတာ အံ့သြမိပါတယ်။ အိမ်ဖော် က အဲလို အမှောင်ခန်းထဲ(ရေချိုးခန်းထဲ )ထည့် ပိတ်လို့  စကားမပြောနိုင်ဘဲ အ သွားတဲ့ ခလေး ကိုယ်တိုင်တွေ့ ဖူးပါတယ်။သေသေချာချုာ စစ်ဆေးပီး မှန်ရင်တော့ ပြတ်ပြတ်သားသား အရေးယူ ဖို့ ထောက်ခံပါတယ်။
  • Thu Zar ခုလိုဖွံ့ဖြိုးတိုးတတ်လာတဲ့ခေတ်မှာ ခလေးတွေရဲ့အသိဥာဏ်တွေကလဲ အဆမတန်တိုးတတ်ပွင့်လင်းလာကြတယ်။ဒီလိုခလေးတွေကို ကိုင်တွယ်လမ်းပြမည့် ဆရာမတွေကလည်း သာမန်ကာလျံကာစာအုပ်ထဲရွေးကျက်ဖြေခဲ့တဲ့အတန်းပညာလောက်နဲ့ ခလေးတွေကို နိုင်နင်းအောင်ကိုင်တွယ်နိုင်မှာမဟုတ်ဘူးဆိုတာ သိထားသင့်တယ်။ခောတ်ရေစီးကြောင်းနဲ့သွာျးနတဲ့ပညာရေးလောကမှာ ကိုယ့်ပြည်တွင်းမှာ ရှေ့ဆရာကောင်းတွေဆီက သင်ယူလေ့လာသင့်လဲ အမိနိုင်ငံပြင်ပကအခြားသော ပညာရေးစနစ်ကောင်းနေတဲ့နိုင်ငံတွေမှာဘယ်လိုကျင့်သုံးနေလဲဆိုတဲ့ ပညာရေးလောကနဲ့အသက်မွေးနေတဲ့ ဆရာဆရာမတွေ (အထူးသဖြင့်အသပြာဆရာ/မ) သိထားသင့်တယ်။တနပ်စားငွေရှာလို့ကော ကိုယ့်မျက်နှာမြင်တိုင်း တတ်နိုင်ရင်မမြင်အောင် ရှောင်သွားခံရမည့် အရိုသေတန်မှုကြီးဖြစ်လာမည့်ရလဒ်ကို မတွေးမိကြလေတာလား။အခုခောတ်မှာ ဆရာမနဲ့ကျောင်းသားတင်မဟုတ်၊မိဘနဲ့သားသမီး၊လူသားအချင်းချင်း ကော တိရိစ္ဆာန်တောင်မှညင်းဆဲလို့မရပါဘူး။ခုခောတ်လူ့ဘောင်မှာဝင်ဆန့်ချင်ရင်တော့ လူ့စည်းကမ်းလူ့ကျင့်ဝတ် ကိုတော့ နောကျေအောင်သိ-ကျင့်သုံးဖို့လိုပါလိမ့်မယ်။နိုင်ငံရဲ့အမျိုးသားကောင်းအမျိုးသမီးကောင်တွေကို သင်ပြပေးမည့် ရှေ့ဆောင်လမ်းပြဆရာဆရာမတွေ ဆရာကျင့်ဝတ်နိုင်နှင်းပီး အပစ်ကင်းတဲ့ခလေးငယ်တွေ ကို လှပတဲ့အနာဂတ်အိမ်မက်တွေ ပေးစွမ်းနိုင်ပါစေ။
  • Win Minthein အမြစ်ကပါနှုတ်ပစ်ဗျာ ။ ကျုပ်အားပေးတယ်။ ကျုပ်လည်း ကျောင်းစာသင်တဲ့သူလုပ်ဖူးတယ်။ ဒီလိုဆရာမမျိုးကျုပ်သင်ဘူးတဲ့ ဘ.က ကျောင်းမှာလာပြီးလုပ်အားပေးကြည့်စမ်းပါ။ ၂ ရက်လောက်သင်ပြီးရင် ကိုယ့်ကိုကိုသတ်သေသွားလိမ့်မယ်။ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့များ ဆရာမ လာလုပ်နေသလဲမသိဘူး။ အာစရိယ ဂုဏ်ကို အရေခြုံထားတဲ့..................
  • Seint Seint Tun ဆရာမ နာမည် မှတ်ထားဦးမှ.. စိတ်ညစ်စရာပဲ...
  • Chung Ma Ma ဆရာဆရာမရဲ့တာဝန်နဲ့ဝတ္တရားဆိုတာဘာလည်းလို့သိသင့်တဲ့အချိန်ရောက်ပါပြီ၊ စနစ်ဆိုးကြောင့် side effect ကျန်ခဲ့တာဆိုရင်လည်းအသိတရားတွေရှိသင့်ကြပါပြီ၊ အိတင်ရေ စိတ်မကောင်းပါဘူးညီမရယ်။ ကလေးတစ်ယောက်ဟာ ဘယ်နည်းနဲ့မှ ဘယ်အကြောင်းနဲ့မှ စိတ်ဒဏ်ရာ ရဖို့ မသင့်တော်ပါဘူးကွယ်၊ မထိုက်တန်ပါဘူးကွယ်။ တို့တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေပါ။ ဆရာဆရာမတွေ ကို အသိပညာပေး ဖို့ လူတိုင်းမှာ တာဝန်ရှိနေပြီ။ တခြားနိုင်ငံက သိရ မြင်ကြကြားကြရင် တော်တော်အထင်သးကြလိမ့်မယ်။ Humanity နဲ့ Education မရှိဘူးလို့။
  • Ei Phyu Phyu Win ငါးခုံးမတစ်ကောင်ကြောင့်တော့ တစ်လှေလုံးပုတ်ရတော့မယ့်အဖြစ်ပဲ....frown
  • MsKhin Ei EiTin ကျွန်မတို့ကလေးကတော့ ဖြစ်ပြီးပါပြီ။ အမှောင်ခန်းဆိုတာကို တုန်ရီကြောက်ရွံ့နေတဲ့ စိတ်ဒဏ်ရာကို နှစ်နဲ့ချီ ကုစားယူရတော့မှာပဲ။ ကျွန်မတို့ကလေးလို နောင်ကလေးတွေ မဖြစ်တော့ရင် ကျွန်မတို့ ကျေနပ်ပါပြီ။ ဒေါက်တာသိန်းအောင်နဲ့ ပြခဲ့ပါတယ်။ ကလေးက နည်းနည်းဂျစ်တဲ့ ကလေးမျိုးပါပဲ။ သာမာန်ကလေးပါ။ အော်တစ်ဇင် ဟုတ်မဟုတ် ကိုယ့်ကလေးက လက်ညှိုးထိုးတတ်လား စစ်ကြည့်လို့ရပါတယ်။ ကျွန်မတို့ကလေးလေးက လက်ညှိုးညွှန် အကုန်ပူဆာတတ်ပါတယ်။ မူကြို (၄)မှာ ထားခဲ့တာ တစ်နှစ်၊ အထက(၂) စမ်းချောင်းမူကြိုမှာ တစ်နှစ်... ကျောင်းဆိုတာကို စုစုပေါင်း(၂) နှစ် နေဖူးပြီးသားပါ... ကျောင်းမှာ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့တဲ့ ကလေးပါ။ တကယ်ကတော့ ကလေးအပြစ်မဟုတ်ပါဘူး။ ကလေးကို သူတို့ပြောသလို Ready Made လုပ်ပေးလိုက်ရကောင်းမှန်းမသိတဲ့ ကျွန်မတို့ အပြစ်ပါ။ သူတို့ပြောတဲ့ Ready Made ကို အခုမှ ကြားဖူးတဲ့ ကျွန်မတို့ လူကြီးတွေ အပြစ်ပါပဲ။
  • Saohseng Merng ကိုသူရရေ မနေ့တုန်းကဘဲကွန်မင့်ပေးလိုက်သေးတယ်
  • Hine Tun ဟုတ်တာပေါ့ ။ အမဆုံးဖြတ်တာ သိပ်မှန်တယ်။ ဖြစ်သင့်ပါတယ်
  • Htakekhaung Tin အဆိုးဆုံးက ကလေးရဲ့ ပင်ကိုယ်စိတ်မှာ ဒါဏ်ရာစွဲသွားပါပြီ ၊ ဆရာမရက်စက်တယ် ၊ဆရာမရက်စက်တယ် ၊ဆရာမသိပ်ရက်စက်တယ်
  • Thu Zar အနှစ်၅၀ကျော်ညံ့ဖျင်းတဲ့ပညာရေးစနစ်အောက်ကသားကောင်တစ်ယောက် ရဲ့အရည်အချင်းညံ့ဖျင်းမှုတစ်ခုပါ။အဲ့ဒီညံ့ဖျင်းမှုတွေအောက်မှာ တကယ်အနစ်နာခံခဲ့တဲ့လူတွေကော့ ငါတကောကောသွားကျ၊နေကျတဲ့သူတွေကောပါ ခံနေရတာပါ။မူလတန်းပညာရေးတစ်ခုထဲမှမဟုတ်ပါဘူး အဆင့်မြင့်တက္ကသိုလ်ပညာတွေ နှစ်ပေါင်းများစွာ ဆည်းပူးရင် စိတ်ပျက်စရာပညာရေးစနစ်ကြီးကြောင့် ရထားတဲ့ဘွဲ့တွေ ကိုတောင် လွင့်ပစ်ကျရတဲ့အဖြစ်တွေဟာလဲ အဲ့ဒိစနစ်ကြီးကြောင့်ပါပဲ ။အစအလယ်အဆုံး အမြစ်လှန် ပြုပြင်ကြမှသာ နောက်မျိုးဆက်တွေအတွက်အထိမနာမှာပါ။ခုထိတော့ ကျမတို့မြန်မာပြည်ကလူကြီးလူငယ်မရွေး ခံနေရတုန်းပါပဲ။"ယနေ့လူငယ် နောင်ခါလူကြီး" ဒါလေးကို ခုလူကြီးဖြစ်နေသူတွေရဲ့လက်ထဲမှာသာပို တာဝန်ရှိနေပါပီ။ ဒီပညာရေးနဲ့ရှင်သန်တဲ့ပညာရှင်တွေ ၊အစိုးရဝန်ထမ်းတွေ၊စီးပွားရေးလုပ်ငန်ခွင်ဝင်မည့်သူတွေ ..... ဆက်စပ်တွေးတောကြည့်ရင် အကျင့်သိက်ခါနဲ့ပြည့်စုံသင့်တဲ့ လူ့အဖွဲ့စည်းအားလုံးနဲ့ သက်ဆိုင်သလို... အလွန်မှကိုပဲ လူ့အသိုင်းဝိုင်းတစ်ခုအတွက်အန္တရာယ်များလှပါတယ်။
  • Zaw Ye Mahn ဆရာမရက်စက်တယ်ဗျာ ..ကလေးငယ်တစ်ယောက်ရဲ့ရင်ထဲကို ကြောက်စိတ်ရိုက်သွင်းလိုက်တာဟာ ဒီကလေးရဲ့ အနာဂတ်ကိုတွင်းတူးပြီးမြေမြုပ်ပစ်လိုက်သလိုပါပဲ။
    အဲဒီလို ဆရာကျင့်ဝတ်နားမလည်တဲ့ဆရာမမျိုးကိုတစ်ခါတည်း လားပင်စင်ပေးလိုက်ရမှာ
  • Aung Zin Latt သူငယ်တန်းဆိုတာကို ငယ်ငယ်က ၀လုံးတန်းလို့ ကျနော်တို့ ခေါ်ခဲ့ကြပါတယ် ကျောင်းကိုရောက်မှ ဆရာမက ၀လုံးဝိုင်းဝိုင်းလေး ရေးတဲ့ နည်းကိုသင်ပေးကြလို့ပါ။ အခုခေတ်မှာက ရယ်ဒီမိတ်တဲ့ သူငယ်တန်းကလေးဟာ သူငယ်တန်းစာ ကြေညက်နေပြီးသား ဖြစ်ရမယ်တဲ့၊ ကျူရှင်ယူတဲ့။ အတော်ဆိုးတဲ့ ပညာရေးဝန်ထမ်းတွေ။
  • Zawone Lay ဆရာမဖြစ်ပြီး ဒီလောက်အောက်တန်းကျနေမှတော့ တပည့်တွေရဲ့ ပညာရေးနဲ့ အတုမြင်အတတ်သင်စိတ်ဓါတ်တွေလည်း တိုးတက်လာဖို့မမြင်ဘူး
  • Khin Mg Tun Continue your idea to take action on her.
  • Su Wah Hlaing Ouch! Terrible Teacher. My sister also faced such terrible case.Now i get the way to handle it .Thz .
  • Saw Thit Aung sate ma kg chin, myar swar phit mi par tal frown
  • Willy Deng စိတ်မကောင်းလိုက်တာဗျာ။ ဒီလို ဆရာမမျိုး နဲ့ ဒီလိုကျောင်းမျိုး ဘယ်လောက်များရှိနေပြီလဲမသိတော့ဘူး၊
  • Peace Ful ကလေးကကျောင်းမှာမှ မပျော်ရင် ဘယ်စာသင်ချင်ပါ့တော့မလဲ. ကျူရှင်မယူတဲ့ ကလေးလား?
  • Khinezarmyint Aung သားသမီးချင်း ကိုယ်ချင်းစာသင့်တယ်... တော်တော်ရိုင်းတဲ့ဆရာမ.. ဒီလို ဆရာမမျိုး ကြောင့် ကျောင်းဂုဏ်သိက္ခာကျဆင်းတယ်...
  • Nga Tu အဲဒီေxxxာက် ကောင်မ ခင်မျိုးလွင်ကို တလ ငါးသောင်း တသိန်းလောက်လောက် စွန့်ကြဲလိုက်ပါ။ ဒီေxxxာက်ကောင်မေxxxာက်ချိုးပြောင်းသွားလိမ့်မယ်
  • Ngwezin Htike i dunno who is ye min tun, but i like this comment, my father sent me to St Flowmina High School but my family cannot afford tuition, no money no tuition so i was bullied by rich children, i was told gossip by middleclass children and tuition teachers dunt want to talk to me, they tried to give me underpass score and low score while they give high score to rich children, i swallow all and try not to talk to my parents, beside i see liers neighbours school friends renting and leasing in my grandparents house, lying among school frieds that they r rich and i am poor, Isn't it bullshit? so the end is i passed with low score, i went to UDE mathematics BUTTTTTTTTTTTT advantages is St Flow teached 10 sentences which i had to used alot in England College and Miss Independent life in America
  • Patrick Han Gyi ဆရာမလုပ်ပြီဆိုကတည်းကကျောင်းသူကျောင်းသားတွေကိုကို.သားသမီးလိုသဘောထားရမှာနားမလည်ဘူးလား။။..တီချယ်...သူကိုစောက်ချိုးပြောင်းသွားဒောာင်... lesson ဒာကြီးကြီးပေးလိုက်...။ငါတို.ဆရာမလုပ်မဲ.သူတွေတောင်သိပ်ခါကျတယ်....
  • Yin Yin Ei Khaing Ae di sa yar ma myo tway ka students tway ko chit lol sar tat say chin lol lar lote tar ma hote woo........ Children lay tway se ka money nyit chin lol lr lote nay dr....
  • Lwin Aung Soe လတ်တလောမှာ ရဲစခန်းမှာ အမှုဖွင့်ထားလိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ပညာရေး ဝန်ကြီးအထိ တိုင်ကြားပြီး လိုအပ်မယ့် ဌာနဆိုင်ရာနဲ့ အဖွဲ့အစည်းတွေကိုလည်း မိတ္တူပွားပေးဖို့ လိုအပ်ပါမယ်။ ဒါကိုမှ ထိရောက်တဲ့ အရေးယူမှု မရှိသေးရင် နိုင်ငံသမ္မတနဲ့တကွ သက်ဆိုင်ရာ လွှတ်တော် ကော်မတီတွေ၊ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့အထိ တိုင်တမ်းသင့်ပါတယ်။

    ပြောဆိုဆုံးမရာမှာ ညှင်းပမ်းနှိပ်စက်တွေ ပါလာတတ်ပါတယ်။ များသောအားဖြင့် ညှင်းပမ်းနှိပ်စက်တာဟာ အနေရခက်လောက်တဲ့ ဝေဒနာကို ခံစားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်ထိလက်ရောက် ပြုမူတာလို့ ယူဆတတ်ကြပါတယ်။ မှန်သင့်သလောက် မှန်ပေမယ့် ဒါက ရုပ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှု (Physical abuse) ဖြစ်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှု (Mental abuse) လည်း ရှိပါတယ်။ သာမန်လူကောင်းတွေ မလိုချင်တတ်တဲ့ မပျော်ရွှင်တာ၊ အပြောအဆို အနေအထိုင် ကျဉ်းကြပ်တာ၊ အားငယ်တာ၊ ကြောက်သွားတာ၊ လူတောမတိုးရဲတော့တာ၊ အလျှော့ပေးလွယ်သွားတာ၊ အမှန်ကို အမှားး - အမှားကို အမှန်လို့ ဝန်ခံစေဖို့ ဆုံးဖြတ်ရတာ.. အစရှိတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှု ဖြစ်ပါတယ်။

    အခုဖြစ်ရပ်ဟာ ကြီးကျယ်လှတဲ့ ရာဇဝတ်မှုခင်း မဟုတ်လို့၊ ကလေးပဲ.. ဘာဖြစ်သွားတာမှတ်လို့.. သဘောမျိုး လုံးဝ မထားသင့်ပါ။ သေးငယ်တဲ့ကိစ္စဖြစ်စေ၊ ကလေးကိစ္စပဲ ဖြစ်စေ ဆင်ခြင်မျှော်မြင်ပြီး အလေးအနက် ထားကိုထားရပါမယ်။

    လူသားတဦးရဲ့ ဘဝကို အဆင့်ဆင့် တည်ဆောက်ယူရပါတယ်။ အဆင့်တိုင်းမှာ သူ့လိုအပ်ချက်နဲ့သူ အရေးပါတာတွေ ရှိနေလို့ အတတ်နိုင်ဆုံး ဂရုစိုက်ပေးရပါတယ်။

    အရွယ်မရောက်သေးတဲ့ ခလေးတွေ - အထူးသဖြင့် လူ့ဘဝကို ကျောင်းပတ်ဝန်းကျင်မှာ စတင် ပုံသွင်းယူချိန်ဟာ လူတယောက်ရဲ့ ဘဝအတွက် သိပ်ကို အရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။ အမိဝမ်းထဲက စတင်မွေးဖွားတော့မယ့် အချိန်မှာ သားဖွား ဆရာဝန်တွေ၊ ဝမ်းဆွဲ ဆရာမတွေက အထူးဂရုစိုက် မွေးဖွားပေးသလိုကို သဘောထားရပါမယ်။
  • Patrick Han Gyi သူငယ်တန်းကလေးကိုတောင်နားမလည်းတဲ.သူကို...ဆရာမခန်.ရတယ်လို.။။။။စောက်လုံးတွေများကန်းနေကြလား...။စိတ်မရှည်ရင်ဆရာမလုပ်နဲ....။ငါးရောင်စားပြီးငါးစိမ်းသယ်တာလုပ်တော...။
  • Linlin Lin သားလေးလမင်းခန့်အတွက်စိတ်မကောင်းဖြစ်မိပါတယ်
  • U Aung Hlaing U နိုင်ငံတကာ စံနှုန်းအရ ညံ့သော ဆရာများက သင်နေခြင်းကြောင့် နိုင်ငံတကာ စံချိန်မှီ တော်သောတပည့်များ မပေါ်ထွက်နိုင်ပါ။ တော်သော တပည့်အများစုသည် တော်သောဆရာ ကြောင့် မဟုတ်ပဲ မိဘတော် (မိဘက သဘောပေါက် နားလည်မှုရှိရှိ ပံပိုး) ရု ဖြစ်ပါသည်။ အဖြစ်မှန် သိမှ၊
    အမှန် ပြန်ဖြ
    ...See More
  • မိုး စဲ တခါတုန်းက မူလတန်းကျောင်းလေး တကျောင်းမှာ ကျောင်းမတက်ခင် ကလေးတွေကို တရားထိုင်ရမယ် ဆိုပြီး ဆရာမတယောက်က ရှေ့ကနေ ကြိမ်လုံးနဲ့ "ဟဲ့ ဟိုတယောက် မျက်စေ့မှိတ်ထား..ဟိုကောင်လေး ငြိမ်အောင်ထိုင်မလှုပ်နဲ့"စသဖြင့် အတန်းရှေ့ကနေ ခုန်ကို ကြိမ်လုံးနဲ့ ရိုက်လိုက် ဆူလိုက် လု...See More
  • Demo Katkatlan ဖြစ်၇လေ ကလေးလေးရယ်(ဆရာမ စိတ်ဓာတ်တော်တော်ဆိုးဝါးတာပဲ)

2 comments:

Anonymous said...

ပညာရေးမှုး နှစ်ဖက်ဝါးရတာပေါ့
အဲဒီဆရာမကို ထိလို့မရဘူး

Anonymous said...

အနန္တဂိုဏ်းဝင် ဆရာတွေအားလုံးရောပြီးတော့
မပြောပါနဲ့ တစ်ယောက်မ ကောင်းရင် တ ယေါက်ပဲ ပြောပါ