Saturday 18 August 2012

"ထူးခြားအံ့သြဖွယ်ဆံတော်ရှင်ကျိုက်ထီးရိုးနှင့်ပုံတူကျောက်တုံးတော်ကြီး"


နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။
အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါ
အချိန်တိုအတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိနေကြောင်းကြားသိရချိန်တွင် မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆိုပါကျောက် တုံးကြီးရှိရာ ဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက်မည်


Filed under Home, သတင်း
 
 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လက်တွဲတည်ဆောက် နိုင်မည့် ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်းလေကြောင်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော်မှ ပြောသည်။
““အပြည်ပြည်ဆိုင်ရာ လေဆိပ် သစ်တစ်ခု တည်ဆောက်ဖို့ ၁၉၉၀ ခုနှစ် လောက်ကတည်းက ဆန္ဒ ရှိခဲ့တာပါ။ရန်ကုန်မြို့ကနေ မိုင် (၅၀)လောက်ကွာဝေးတဲ့နေရာမှာ နေရာကိုးခုလောက်ရွေးပြီး မြေပြင် ဒဏ်ခံနိုင်အား ဧရိယာကျယ်ဝန်း မှုစတာတွေကို ရွေးချယ်ပြီး ဟံသာ ၀တီအပြည်ပြည်ဆိုင်ရာလေဆိပ် နေရာကိုရွေးလိုက်တာပါ၊ဒီလေဆိပ် စီမံကိန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ မှာ အပြီးတည်ဆောက်မယ်လို့ မှန်းထားတယ်””ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်း ကျော်မှHot Newsသို့ပြောသည်။

ပြည်သူကိုလိမ်ညာပြီး နည်းမျိုးစုံနဲ့ ပိုက်ဆံယူနေတဲ့ Sky net


Sky net ကုမ္ပဏီ ကနေ ဂြိုလ်တုပြောင်းမှာဖြစ်လို့ဆို ပြီး ထိပ်ဖူးများကို တစ်လုံးလျှင် (၈၀၀၀) ကျပ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံလဲ ပေးနေပါတယ်။ သူတို့ ဂြိုလ်တုပြောင်း တာ သူတို့ကုမ္ပဏီရဲ့တာဝန်သာဖြစ်ပါသည်။ ကျွန်တော်တို့နှင့်ဘာမှမဆိုင်လို့ထင်ပါသည်။ တစ်လုံးကို (၈၀၀၀) ကျပ်ဆိုပါက တစ်နိုင်ငံလုံး အလုံး ၁ သိန်း ရှိပါက ကျပ်သိန်း (၈၀၀၀) အနည်းဆုံးရရှိမည်ဖြစ
်ပါသည်။ (ထို့ထက်မကနိုင်ပါ)
ထို့အပြင်မရိုးသားမှု့မှာ နယ်များတွင် တစ်လုံးကို (၃၀၀၀) ကျပ်ဖြင့် လဲပေးခြင်းဖြစ်ပါသည်။ ဘာကြောင့်ကွာခြားမှန်းမသိပါ . . .
အဆိုးဆုံးမှာ ဘောလုံးပွဲ အားလုံးလွှင့်ပေးသည် ဆိုသည့် အချက်ဖြင့် တစ်လုံးကို တစ်သိန်းကျော်ပေးဝယ်ယူထားသူများအဖို့ Premier League ဘောလုံးပွဲစင်များ ထုတ်လွှင့်ပေးခြင်း မပြုတော့ခြင်းဖြစ်ပါသည်။
ပြည်သူတွေကိုနားလှည့် ပါးရိုက် လုပ်စားနေသော Sky net ကုမ္ပဏီ ကိုပြည်သူများမှ ၀ိုင်းဝန်း ဒဏ်ခတ်သင့်သည်ဟုထင်မြင်ယူဆပါသည်။
မှတ်ချက် ။ ။ ကျွန်တော်နှင့် Sky net ကုမ္ပဏီ ကြား ဘာပြဿနာမှ မရှိပါ။

ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှု မြန်မာလေ့လာချင်


ဧရာဝတီ| August 17, 2012
-----------------------------------------------------
ရွှေမြွေဟောက် အမည်ရှိ
ထိုင်း-အမေရိကန်
ပူးတွဲစစ်ရေးလေ့ကျင့်မှု.....

ရွှေမြွေဟောက် အမည်ရှိ ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာက တက်ရောက် လေ့လာချင်နေပြီး အမေရိကန်၏ သဘောတူခွင့်ပြုမှုကို ရရှိရန် ထိုင်းကို အကူအညီ တောင်းကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်သွားခဲ့သော ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝမ်နာထက်က ယမန်နေ့က မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်လာရာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်းတို့နှင့် တွေ့ဆုံရာ ယခုကဲ့သို့ တောင်းဆိုကြောင်း ပြောသည်။

ဖြုတ် ရင် တစ် ကိုယ် တော် ဆန္ဒ ပြ မယ် ...



သမ္မတ ဦးသိန်းစိန် နှင့် ဗီအိုအေ မြန်မာ ပိုင်း အစီအစဉ် တို့  တွေ့ ဆုံ မှု တွင်
ဝန်ကြီး အဖွဲ့  အတွင်း အပြောင်း အလဲ အချို့  ကို မြင်ရ တော့ မည် ဟု ထုတ်
ဖော် ပြော ကြား ပြီး နောက် လက် ရှိ ပြန်ကြား ရေး ၀န် ကြီး ဦး ကျော် ဆန်း က သူ့  ကို ဖယ်ရှား ခြင်း ပြု လုပ် လျှင် တစ် ကိုယ်တော် ဆန္ဒ ပြ မည် ဟု ဆို သည်။ ၎င်း သည် မြန်မာ နိုင်ငံ ၏ ပြန်ကြား ရေး ဌာန ကို ကမ္ဘာ့  အလယ် ဉ် ဂုဏ် သိက္ခာ ထည် ၀ါ မှု ရှိ အောင် ဆောင်ရွက် ပေး ခဲ့ ခြင်း သော်လည်း ဦးသိန်း စိန် အစိုးရ သည် သူ့  ကို အကောင်း မမြင် ချေ ဟု သူက ရင်း နှီးသော စာ ပေ အသိုင်း အ၀ိုင်း နှင့် လုပ် ဖော် ကိုင် ဖက် များ ကို ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်က အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်နေဟု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ထံစာပို့...


သောကြာနေ့  - ၁၇. ၈. ၂၀၁၂ သတင်း - Myanmar News Now

အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် အုပ်ချုပ်ရေး ကိစ္စရပ်များတွင် ၀င်ရောက်စွက် ဖက် ဆောင်ရွက် နေသဖြင့် ဥပဒေနှင့်အညီ စိစစ်ကြပ်မတ် ပေးပါရန်ဟုဆိုကာ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ် တော် ဥ
က္ကဋ္ဌထံသို့ ဇူလိုင်လ ၂၄ ရက်နေ့စွဲ ဖြင့် စာပေးပို့ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အရေး သမ္မတဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့သဘောထားအမြင်များ


သမ္မတ ဦးသိန်းစိန် ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး
စုံစမ်းစစ်ဆေးရေးကော်မရှင်မ
ှာ ခရစ်ယန်နဲ့ အစ္စလမ်ဘာသာက ခေါင်းဆောင်တွေပါသလို နိုင်ငံရေးလူမှုရေးစီးပွားေ
ရး သတင်းစာနယ်ဇင်းနဲ့ အနုပညာ အသိုင်းအ၀ိုင်းက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လက စတင်ဖြစ်ခဲ့တဲ့ အသိုင်းအ၀ိုင်းနှစ်ဘ
က်ကြားပဋိပက္ခ အခြေအနေတွေတင်းမာနေဆဲဖြစ်တာ
ကြောင့် အခုလို သမ္မတညွန်ကြားချက်နဲ့ ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းလိုက်တာကိ
ုကြိုဆိုကြောင်း အဖွဲ့ဝင် မြန်မာမူဆလင်လူငယ်များအဖွဲ့ဥက္ကဌ ဟာဂျီဦးမြင့်ထွန်းကပြောပါတယ်။

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...


ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ ငါးရာမှတစ်ထောင်ဝန်းကျင်ရှိပါတယ်... စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး... တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်တဲ့ အပြင် ထပ်ဖြည့်ရတယ်...

သေနတ်တလက် ၅သိန်းမှ ၁၀သိန်းကြား အသီးသီးရှိ တယ်...

တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်... စားစရိတ်... ထောက်ပို့... လစာ... ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်... ဆက်သွယ်ရေးစက်ကိရိယာ... စက်ဆီကအစ... စစ်အဝ
တ်အစား... အရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်းကုန်တယ်....

မြန်မာစံတော်ချိန်...?

စာရွက်ပေါ်ရေးထားတော့ ၁၀နာရီစမယ်၊ တကယ်တမ်းလွှတ်တော်စတော့ ၁၀:၄၅ ကျော်လို့ ၁၁နာရီနားကပ်နေပြီ။ မြန်မာစံတော်ချိန်ထက် ၄၅မိနစ်နောက်ကျတဲ့ ထိုင်းစံတော်ချိန်ကို လွှတ်တော်ကြီး သဘောကျပုံရတယ်။ တစ်ခါလဲမဟုတ်၊ နှစ်ခါလဲမဟုတ်၊ ခဏခဏ။ အချိန်ပုတ်တယ်ဆိုတာ နားမလည်ကြလို့လား။ ဘယ်ချိန်ပြီးလို့ ပြီးမယ်မှန်းမသိ။ လွှတ်တော်ဆင်းလို့ ညနေပိုင်း နောက်ထပ်အစီအစဉ်ဆွဲမယ်ဆို ဘယ်ချိန်ရယ်လို့ တိတိကျကျ ချိန်းဖို့မလွယ်နဲ့ တကယ့် ဗရုတ်သုတ်ခ။ ကြည့်လဲလုပ်ပါဦး ဥက္ကဌရယ်၊ လူထင်သေးခံရတာ သိပ်မနိပ်ပါဘူး။ (ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းတဲ့စကားမို့ သိပ်မကြိုက်ပေမယ့် နာမည်ကြီးစာရေးဆရာမတစ်ယောက်ရေးဖူးတဲ့စာသားကို တိုက်ဆိုင်လို့ ဒီနေရာမှာ သွားသတိရမိတယ်)-
မင်းသမီး: ကျမ ဒီလောက်လေးနောက်ကျလို့ ကမ္ဘာကြီး ပျက်မသွားဘူး၊
မင်းသား: အေးပါ၊ မင်း သိပ်မြန်မာပြီသချင်တာ ကိုယ်နားလည်ပြီးသား။

Friday 17 August 2012

ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီး

နေပြည်တော်မှာ ညှိနှိုင်းလို့ မရသေးတဲ့ ပြဿနာကြီးတခုက ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါပြီ။

ပြဿနာ ~

ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့၊ ပြဿနာ တက်နေကြတာပါ။

လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်က ဆိုပါတယ်။
ခုံရုံးကတော့ ပြည်ထောင်စုအဆင့် မဟုတ်ဘူး လို့ ဆိုနေပါတယ်။

ခုံရုံးရဲ့ အသံ ~

ဒီနည်းလေးက စိတ်ကို အပန်းပြေစေမှာ

ဒီနည်းလေးက စိတ်ကို အပန်းပြေစေမှာ အမှန်ပါပဲ... အဲဒီ အပန်းဖြေစရာလေးမှာ လိုအပ်တာလေးတွေကတော့ Ear Phone with Mic တစ်ခုရယ်၊ PowerDVD Software ရယ်၊ JetAudio Software တစ်ခုရယ်ပါပဲ... ပထမဆုံး ကိုယ်နှစ်သက်မဲ့ သီချင်းတစ်ပုတ်ကို PowerDVD နဲ့ ဖွင့်ပြီး Mouse နဲ့ Right Click လုပ်ပါ... နောက် Karaoke မှာ Left Channel ကိုရွေးပြီး Ear Phone Mic နဲ့ သီချင်းဆိုလို့ ရမှာပါ....

Thursday 16 August 2012

“ပွင့်သောပန်းတိုင်း လန်းစေလို”

 
ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ၀န်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည်အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကိုသော်လည
်းကောင်း လုံးဝမပြောရ။
လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အ၀တ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။

မေတ္တာရပ်ခံခြင်း

by Pyithu Hluttaw - ပြည်သူ့လွှတ်တော် on Thursday, 16 August 2012 at 20:39 ·
မိမိတို့ ပြည်သူ့လွှတ်တော် Facebook ၌ ကိုယ်စားလှယ်များ၏ လွှတ်တော်တွင် ဆွေးနွေးမှုများ၊ ဆောင်ရွက်ချက်များကို တင်ပြပေးထားပါသည်။ Facebook အသုံးပြုသူများ၏ ဝေဖန်မှုများ၊ အကြံပေးမှုများကို လှိုက်လှဲစွာ လက်ခံကြိုဆိုလျှက်ရှိပြီး တာဝန်ရှိသူများထံသို့လည်း ပြန်လည်တင်ပြပေးပါတယ်။ Facebook အသုံးပြုသူများ အနေဖြင့် မိမိတို့တိုင်းပြည်နှင့် ပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် အကြံဥာဏ်ကောင်းများကို Comment တွင် ဖော်ပြပေးစေလိုပါတယ်။ သို့ပါ၍ Facebook အသုံးပြုသူများ Comment ပေးရာတွင် လွတ်လွတ်လပ်လပ် ရှင်းရှင်းလင်းလင်း ပေးနိုင်ရန် အတွက် လွှတ်တော်နှင့် မသက်ဆိုင်သော Comment များအား ဖော်ပြပေးမည် မဟုတ်ကြောင်း လေးစားစွာဖြင့် အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ..........

by / Freedom News Group on August 16, 2012

မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်တဲ့ Facebook ကို သုံးစွဲ နေ ပြီး မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။

တပ်မတော်ကို ဖြိုခွဲနေသော ဗိုလ်ချုပ်ကြီးများ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ်

ယခုဆောင်းပါးအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://www.photayokeking.org/truewords/open-letters/537-tat-madaw-ko-hpyu-hkoi-nay-daw-bochuk-gyi-mya တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။
ယခုသတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။
အပိုင်း (၁) ကို http://www.facebook.com/photo.php?fbid=467186689972701&set=a.461791470512223.111442.196599900364716&type=1&theater တွင်ပြန်လည်လေ့လာနိုင်ပါသည်

ဗိုလ်ချုပ်မြင့်အောင်နဲ့ ဗိုလ်ချူပ်ကျော်ဘကတော့ လိုင်းပေါင်းစုံပါတယ်။ ငွေ၊ မိန်းမ အစုံဘဲ။ အိမ်က မိန်းမတွေကိုတော့ ရုံးမှာအလုပ်များလို့ ညဘက် ရုံးမှာ ညအိပ်ရမယ်လို့ ဝန်ကြီး တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ရုံးက ညကျောင်းပြန်တာနဲ့ မိန်းမငယ်တွေအိမ်ကို အသီးသီး ရောက်သွားကြပါတယ်။ ဗိုလ်ချုပ် မြင့်အောင်ဆို နောက်ပိုင်း ဘယ်လောက် ဆိုးလာသလဲဆိုရင် သမီးအရွယ် ရုပ်ရှင် မင်းသမီးလေးတွေပါ မကျန် ငွေနဲ့ လုပ်ပိုင်ခွင့်ပေးပြီး နှာဘူးထခဲ့ပါတယ်။

NGO အဖွဲ့ အစည်းတွေနဲ့ ပတ်သက် ပြီး ဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့  အဆို

ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ဦးသိန်းညွှန့် က သူတင်သွင်းတဲ့ NGO အဖွဲ့ အစည်းတွေနဲ့ ပတ်သက် ပြီး ဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့  အဆိုကို ဥက္ကဌကြီးက မဲခွဲပြီးသာ ဆုံးဖြတ်စေခဲ့ရင် မာရ်နတ်ရဲ့  အသင်းအပင်းဝင် အမတ်အများစုက "သင်တန်းပေးထားတဲ့အတိုင်း" ကန့် ကွက်မဲ စက်ခလုပ်ပေါ် လက်တင်အုံးမယ်ဆိုတာ သိလို့  သူတင်သွင်းတဲ့အဆိုကို "အရင်နေ့  ကလို မဲခွဲမဆုံးဖြတ်စေပဲ ဥက္ကဌကြီး(ဦးရွှေမန်း)ရဲ့  အဆုံးအဖြတ်ကိုပဲ ကျွန်တော် ခံယူပါမယ်" ဆိုပြီး ပြောကြားကာ ပညာရှိနည်းနဲ့  အနိုင်ယူသွားခဲ့ ပါတယ်!!

မြန်မာနိုင်ငံက ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံ တင်မည်



ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလမ်ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလမ်ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က “မြန်မာအာဏာပိုင်ေ
တွအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေတာတွေကို ရှုံ့ချကြောင်း” ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးမှ INGO ၀န်ထမ်း(၁၀)ဦးအား ပြန်လွှတ်ပေး....


မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 16 Aug, 2012

ရခိုင်အရေးအခင်းတွင် ပါဝင်ပတ်သက်မှုကြောင့်အစိုးရ
မဟုတ်သည့်နိုင်ငံတကာအဖွဲ့အစည်း(INGO) များမှ ဝန်ထမ်း(၁၀)ဦးကို
ဇွန်လအတွင်းက ဖမ်းဆီးအရေးယူခဲ့ပြီး ယနေ့ စစ်တွေမြို့နယ် တရားရုံး၊ဘူးသီးတောင်မြို့န
ယ်တရားရုံး၊ မောင်တောမြို့နယ် တရားရုံးတို့တွင်ဖမ်းဆီးထားသည့် INGO ၀န်ထမ်းများအားစီရင်ချက်ချပြီးနောက်ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။
ဖမ်းဆီးခံထားရသည့် AZGအဖွဲ့မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင်တို့ကိုယနေ့ မြန်မာစံတော်ချိန် နေ့လည် နှစ်နာရီခွဲတွင် စစ်တွေ အကျဉ်းထောင်မှလွှတ်ပေးလိုက်ေ
ကြာင်း သိရှိရသည်။

မြန်မာ ပါလီမန်အမတ်တွေ ချင်းမိုင်မှာ အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတက်ဖို့ရောက်ရှိ


ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ လေ့လာသင်ကြားနိုင်ဖို့ မြန်မာနိုင်ငံက ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ စုစုပေါင်း ၂၀ ခန့် ဒီကနေ့ ညနေပိုင်းမှာ ချင်းမိုင်မြို့ ကို ရောက်ရှိလာပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး ၂ပတ်ကြာ ပြုလုပ်မယ့် ဒီသင်တန်းမှာ ချင်းမိုင် တက္ကသိုလ်က ဆရာတွေက ဒေသန္တရ အုပ်ချူပ်ရေးပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသွားမှာဖြစ်ကြောင်း ဒီသင်တန်းကို စီစဉ်ခဲ့တဲ့ ချင်းမိုင်အခြေစိုက် ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သူငြိမ်း က အာအက်ဖ်အေ ကို ပြောပါတယ်။

ထိုင်းသတင်းထောက် ၁၅ဦးအား မြန်မာသမ္မတမှာ နာမည်ပျက်စာရင်းမှပယ်ဖျက်ပေး။



လူအခွင့်အရေးချိုးဖောက်မှုများအကြောင်း၊ မြန်မာ့ဒီမိုကရေစီအတိုက်အခံလှုပ်ရှားမှုများအကြောင်းရေးသားခဲ့သည့် ထိုင်းသတင်းထောက် ၁၅ဦးအား မြန်မာသမ္မတ ဦးသိန်းစိန်မှ ၂၀၀၂ခုစတင်ပြီး မြန်အစိုးရ၏ နာမည်ပျက်စာရင်းသွင်းထားမှုကို ထိုင်းမြန်မာချစ်ကြည်ရေးခိုင်မာမှုပြသသောအနေဖြင့် နာမည်ပျက်စာရင်းမှ ဓါတ်ပုံများပါပယ်ဖျက်ပေးလိုက်သည်မှာ မှန်ကန်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ကဘန်ကောက်စ်ပို့သို့ ယမန်နေ့ကအတည်ပြုပြောကြားလိုက်သည်။ အဆိုပါ ထိုင်းသတင်းထောက် ၁၅ဦးသည် မြန်မာနိုင်ငံသွင်းသို့ဝင်ရောက်ရန်ရန်မည်သည့်ဗီဇာမှရဘဲ နာပျက်စာရင်းမှ လွတ်ကင်းသွားကြပြီး သတင်းထောက်အများမှာ ဘန်ကောက်ပို့စ်နှင့် သည်နေရှင်းသတင်းဌာနတို့တွင်လုပ်ကိုင်နေသူများဖြစ်ကြသည်

မြေနီကုန်းတွင် သမ္မတမိန့်ခွန်းအား ထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများ တရားစွဲခံရ.....


ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup on 15 Aug, 2012

မြေနီကုန်း UNHCR ရုံးရှေ့တွင် သမ္မတကြီးမိန့်ခွန်းကို အားပေးထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများမှ (၄)ဦးအား စမ်းချောင်းရဲစခန်းက ဥပဒေပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခဲ့ရာ သြဂုတ်လ (၁၆)ရက်နေ့တွင် တရားလိုပြသက်သေ စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုတွင် စမ်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဦးဇော်ဇော်က တရားလိုပြသက်သေအဖြစ် စမ်းချောင်းမြို့နယ် တရားရုံးတွင်ထွက်ဆိုသွားမည်ဟု သိရသည်။

ယခုလ (၃)ရက်နေ့တွင် မြေနီကုန်း UNHCR ရုံးရှေ့၌ ရိုဟင်ဂျာလူမျိုးရေးနှင့် ပတ်သက်၍ သမ္မတ ကြီး မိန့်ခွန်းအား ထောက်ခံပါသည်ဟု ဆန္ဒဖော်ထုတ်ဖော်ခဲ့သူများအား တရားစွဲခံရခြင်းဖြစ်သည်။

ခြင်ကောင်မဟုတ်ပါ


ထောက်လှမ်းရေးပိုးကောင် ဖြစ်သည်။
မြို့ပြတွေမှာထောက်လှမ်းဖို့ အမေရိကန် အစိုးရ ထောက်ပံ့မှုဖြစ် ထုတ်လုပ်နိုင်ခဲ့သည်။

အဝေးထိန်းကိရိယာနှင့် ထိန်းကြောင်းနိုင်ပြီး ကင်မရာ၊ အသံဖမ်းစက်များ တပ်ဆင်ထားသည်။

သင့်ကိုယ်ပေါ်မှာ ရပ်နားနိုင်ပြီး DNA ပါယူသွားနိုင်သည်။ ဒီ့အတွက် သင့်ကိုယ်ပေါ်မှာ ဘာအထောက်အထားမှ ကျန်ရှိအုံးမည်မဟုတ်ပါ။

Wednesday 15 August 2012

မြန်မာငွေ ၅၀၀၀ တန်အတုများ မဟာချိုင်တွင်ဖမ်းဆီးရမိ


 စုစုပေါင်း သိန်း ၁၅၀ ဖိုးခန့်ရှိ ၄င်းပမာဏသည် မြန်မာအလုပ်သမားများထံသို့ စမ်းသပ်ဖြန့်ဝေသည့်သဘောသာဖြစ် အရေအတွက်အများအပြားကို မြန်မာနိုင်ငံနယ်စပ်သို့ပို့ဆောင်ဖြန့်ဝေရန်စီစဉ်နေကြ ထုတ်လုပ်သူများကို လိုက်လံစုံစမ်းဖမ်းဆီးဖော်ထုတ်နေ တရုတ်နိုင်ငံမှ စက်ဖြင့် ထုတ်လုပ်နေကြောင်းသိရ

ကန်စွန်းရွက်၏ အစွမ်း..........


သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့်
သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည်



ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည့် Universite de Liege က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် သမ္မတဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း
သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတအနေဖြင့် လက်ခံမည့်အစီအစဉ် ရှိ၊ မရှိကို တက္ကသိုလ်ပါမောက္ခနှစ်ဦးက တွေ့ဆုံမေးမြန်းရန် ရောက်ရှိနေကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာဖုန်းဝင်းက ပြောသည်။

“လက်ခံတယ်ဆိုရင် အဲဒီအဖြေကို ယူသွားမယ်။ ပြီးရင် တရားဝင် ကြေညာလိုက်မယ်။ သူတို့ကတော့ တစ်ချိန်ချိန်မှာလာယူဖို့ မျှော်လင့်တယ်။ အသေးစိတ်တွေကိုတော့ သမ္မတနဲ့တွေ့ရင် သူတို့(ပါမောက္ခတွေ)အနေနဲ့ မေးမြန်းဖို့ရှိတယ်”ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်။

ယင်းတက္ကသိုလ်သည် ဥရောပတွင် အဆင့် ၈၁ ရှိပြီး ကမ္ဘာ့အဆင့် ၂၀၀ ကျော်တွင် ရပ်တည်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။

သိန်းစိန်အစိုးရရိုက်တဲ့ကုလားကားဇတ်ညွှန်းပြောင်းသွားပြီ


ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ မှာလဲ လူအခွင့်အရေးဆိုတဲ့ ကိစ္စ ကို ရှေ့တန်းတင်ပြီးတော
့ ပြောကြားလာတယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။

Tuesday 14 August 2012

ဒုတိယသမ္မတရာထူး သြဂုတ် ၁၅ ရက် မနက်ဖြန်မှာ တရားဝင်ရွေးဖို့ရှိ

Liked · 8 minutes ago

လစ်လပ်နေတဲ့ ဒုတိယသမ္မတ ရာထူးကို မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကနေ ရွေးချယ်တင်မြှောက်မယ်လို့ အမျိုးသားလွှတ်တော်ရုံးရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

ဒုတိယ သမ္မတရာထူးအတွက် ကာကွယ်ရေးဦးစီးချုပ်ရေ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အသိုင်းအဝိုင်းက ရွေးချယ်ကြောင်ြး
ကားသိရတဲ့သတင်းကို RFA ကပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့မှာ ဦးစွာ ပထမ ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့လည်း ဒုတိယ သမ္မတရာထူးနေရာကို ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ရရှိမယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်းကနေ သိရကြောင်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က RFA ကိုပြောပါတယ်။

စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ စာရင်းတင်ပြမှုဂယက်

အာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေးသောင်းကျန်းတဲ့ ၀န်ကြီးဟောင်းအချို့ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုလည်း လက်ညှိုးထိုးပြကြပါတယ်။

Monday 13 August 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့်ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ် ။

လွှတ်တော်ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာကော်မတီဥက္ကဌတွေ နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုကြောင်းလဲ သိရပါတယ်။

အကြပ်ကိုင် နည်းဖြင့် ငြိမ်းချမ်းရေး ရစေသည့် နည်းကို KIA လက်ခံမည်မဟုတ်...


Monday, 13 August 2012 သတင်း - ရွှေဟင်္သာသတင်းဌာန

အစိုးရသည် ရွှေပြည်သာ စစ်ဆင်ရေးနည်းဖြင့် KIA အား အကြပ်ကိုင်ပြီးမှ ၄င်းတို့၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား လက်ခံ စေသည့်နည်း အသုံးပြု နေခြင်းကို KIA က လက်ခံမည် မဟုတ်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။

“ လိုင်ဇာကို မသိမ်းပါဘူးလို့ ဦးအောင်မင်း၊ ဦးအောင်သောင်းတို့ ပြောနေတာက သံတမန်စကားပါ။ လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ စစ်တပ် အင်အား အလုံးအရင်းနဲ့ လိုင်ဇာကို ၀ိုင်းဝန်း ပိတ်ဆို့ထားမယ်။ အဲဒီနည်းဟာ လိုင်ဇာကို မ သိမ်းပေမဲ့ သိမ်းထားသလိုဘဲပေါ့။ အဲဒီလို လှုပ်လို့မရအောင် အပေါ်စီးနဲ့ အကြပ်ကိုင်ထားပြီးတော့မှ KIA ကိုငြိမ်းချမ်းရေး ထပ်ကမ်းလှမ်းမယ် ဆိုတဲ့ အကြံဖြစ်နေတယ်။ အဲဒီ နည်းနဲ့တော့ KIA က လက်ခံမှာ မဟုတ်ဘူး။ ဒီတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဟာလည်းေ၀၀ါး သွားတော့မှာ ဖြစ်တယ်” ဟု ဆိုပါသည်။

ငြိမ်းချမ်းရေးကို မရ ရအောင်ရယူလိုသော ရည်ရွယ်ချက်

Union-level Peace-making Working Committee meeting (1/2012)

[ ကြေးမုံုံသတင်းစာ _ ၁၃-၈-၂၀၁၂ _ စာမျက်နှာ ၃ ]
--------------------------------------------------------
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြား ရာတွင်

ငြိမ်းချမ်းရေးကို မရ ရအောင်ရယူလိုသော ရည်ရွယ်ချက်မှာ

ငြိမ်းချမ်းသာယာပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်ပါကြောင်း၊

နှစ်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့သော
လက်နက်ကိုင်ပဋိပက္ခကြောင့် ငွေကုန်လူပန်းဖြစ်ခဲ့ကြကြောင်း၊

မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါမျာြးွကယ်ဝပြီး လူ့
စွမ်းအားအရင်းအမြစ်၊ လူဦးရေ သင့်တင့်မျှတစွာရှိသည့် နိုင်ငံ၊
တစ်ချိန်က အာရှတွင် စီးပွားရေးထိပ်တန်းက ပါဝင်ခဲ့သောနိုင်ငံမှ
ယခု စီးပွားရေးချွတ်ခြုံကျပြီး ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC
ဖြစ်နေရသည်မှာ ငြိမ်းချမ်းရေးမရရှိခဲ့သည့် အချက်တစ်ချက်
ပါဝင်နေပါကြောင်း။

ဖြန်ဝေပေးပါလို့....တောင်ဆိုလာတဲ့အတွက်......


- ဖော်ပြပါ ဓာတ်ပုံရှင် ကိုဇော် (ခ) ကိုမင်း (ခ) ဇော်မင်းသန်း သည် မလေးရှားနိုင်ငံ၊ ကေအယ်မြို့တွင် “နဒီဧရာ” အမည်ဖြင့် အေးဂျင့်ရုံးခန်းဖွင့်ကာ 6P အစီအစဉ်အရ အလုပ်လုပ်ခွင့်ပါမစ် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး လူပေါင်း ၄၇-ယောက်ထံမှ တဦးလျှင် ရင်းဂစ် ၈၀၀၊ ၁၀၀၀၊ ၁၂၀၀၊ ၁၅၀၀၊ ၂၀၀၀ စသည့်နှုန်းထားများဖြင့် စရန်ငွေယူကာ စုစုပေါင်း မလေးရင်းဂစ် ၄၈၀၀၀ (လေးသောင်းရှစ်ထောင်) အား
လိမ်လည် ထွက်ပြေးသွားသူ ဖြစ်ပါသည်။

အဆိုပါ ဇော်မင်းသန်း (ပတ်စပို့နံပါတ် M-560332) သည် အမိ ဒေါ်သန်းသန်းမြင့်၏ သားဖြစ်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် နေထိုင်သူ ဖြစ်ပါသည်။
သုံးလပိုင်း နှစ်ဆယ်ရက်နေ့တွင် မလေးရှားနိုင်ငံမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိသွားကြောင်း ကြားသိရပါသည်။

တိုင်းတပါးတွင် ပင်ပန်းဆင်းရဲစွာ လာရောက်လုပ်ကိုင်နေရသော မိမိနိုင်ငံသားအချင်းချင်း မသမာသောနည်းလမ်းဖြင့် လိမ်လည်သွားသူအား ရှောင်နိုင်ကြစေရန်နှင့် အထက်ပါဖြစ်ရပ်များ ထပ်မံမကြုံတွေ့၊ မဖြစ်ပေါ်ကြစေရန် အတွက် မလေးရှားရောက် မြန်မာအလုပ်သမား များအနေနှင့် 6P အစီအစဉ်အရ လက်ဗွေနှိပ်၍ ပါမစ်ပြု လုပ်ကြမည်ဆိုပါက သက်ဆိုင်ရာအေးဂျင့်များကို သေချာစွာ လေ့လာစုံစမ်းပြီးမှသာ ကျသင့်ငွေများ ပေးချေအပ်နှံကြပါရန် အကျိုးလိုလားစွာဖြင့် သတိပေးအပ်ပါသည်။

Sunday 12 August 2012

ပိုက်ဆံ ရှင်းမယ့်သူမရှိလို့ ဆေးကု မပေးနိုင် တာလို့ပြောတဲ့ ပြည်သူ့ဆေးရုံက ဆရာဝန်

by Zegyo Mandalay on Tuesday, 31 July 2012 at 18:51 ·

ဇူလိုင်(၁၇) ရက်နေ့ ည(၁၀)နာရီခွဲ အချိန်လောက်မှာ မိတ်ဆွေ စာရေး ဆရာ တစ်ဦး
ယာဉ်တိုက် မှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ သတင်းလာပေးတာကြောင့် ချက်ချင်း ပဲဆေးရုံကို အပြေးသွား ခဲ့ပါတယ်။ ဆေးရုံကိုရောက်တော့ နံရိုးကျိုးပြီး အဆုတ်ကို ထောက်သွား တာကြောင့် အဆုတ်ထဲကိုရောက်နေတဲ့ရေနဲ့သွေးတွေကို ဖောက် ထုတ်ရမယ်။ ခေါင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ် လို့သိလိုက်ရပါတယ်။
ဆိုင်ကယ်ချင်းတိုက်တာလို့သိရတာကြောင့် တစ်ဖက်ဆိုင်ကယ် သမားရဲ့အခြေအနေကိုသွားကြည့်တော့ နားထဲကသွေးတွေထွက် နေပြီး ဒဏ်ရာဒဏ်ချက်တစ်ချို့နဲ့ အန်နေတာကိုတွေ့ရတယ်။ နာမည် ကိုပဲပြောနိုင်ပြီး ဘာကိုမှမေးမရဘူး။ တစ်ချက်တစ်ချက်အန်နေတယ်။

အီရန်အစိုးရက ဘာသာကူးပြောင်းသူ နိုင်ငံသား ခရစ်ယာန်တရားဟော ဆရာ တစ်ဦးအား သေဒဏ်ချမှတ်


အီရန်အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းထားသော အီရန် ခရစ်ယာန်တရားဟော ဆရာ (Christian pastor Youcef Nadarkhani) အား နိုင်ငံဘာသာရေးခုံရုံးမှ သေဒဏ်အမိန့်မချမှတ်မှီ မူဆလင်ဘာသာ သို့ ပြန်လည်ကူးပြောင်းရန် သွေးဆောင်နေကြပါသည်။ အီရန် ထောက်လှမ်းရေးအရာရှိများက ၊ အချုပ်ကျနေသော အသက် ၃၄ နှစ်အရွယ် ခရစ်ယာန် တရားဟော ဆရာ ယူဆဖ် နာဒါခါနီ က
ို သွားရောက်တွေ့ဆုံကာမူဆလင် ဘာသာရေး စာအုပ်တစ်အုပ်ပေးခဲ့ပြီး နောက်မှ ပြန်လည်ဆွေးနွေးမည် ဟုပြောခဲ့ဲ့ကြောင်းသတင်းများမှ သိရပါသည်။

လွှတ်တော်စားဖားလူ့ငနွားနှင့် အမျှပေးဝေ မြန်မာပြေ

by သံလွင် ရရစ် on Saturday, 11 August 2012 at 15:55 ·

ဟိုတစ်နေ့ကNLDရဲ့ အဆိုဟာ ပယ်ပယ်နယ်နယ်ကြီးပယ်ချခံခဲ့ရတယ် ..အစကတော့ NLDကရခိုင်အရေးဘာမှ လုပ်မပေးဘူးလို့ ရခိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံင်္ပြီးလုပ်နေတာတောင် မျက်ကွယ်ပြုပြီး
အွန်လိုင်းမှာဖွနေတဲ့ ငမျောက်လေးတွေလဲ ခုတော့ ပါးစပ်တွေပိတ်လို့ အဲဒီနေ့က ကျောင်းမတက်တဲ့ပုံစံတွေဖြစ်ကုန်ကြပီ..ထားတော့
ဒီငမျောက်တွေက ဟာသသာသာပဲ တကယ်ပြောချင်တာကတော့ ဒိလောက်ကောင်းတဲ့အဆိုကို ပယ်ချတာဟာ ဦးနှောက်မှမူ မှန်သေးရဲ့လားလို့
ဒါမှမဟုတ်နောက်ကွယ်က ဖွတ်င်္ဂလီအမတ်တွေက သူတို့ကိုယ်တိုင်ကန့်ကွက်ရင် ပွဲဆူမှာဆိုးတာကြောင့်
မကွေးအမတ်ကိုအသုံးချသွားတာလား...စဉ်းစားမိတဲ့နောက်တစ်ချက်က အမေရိကန်ရဲ့ဆန်ရှင်ကိစ္စမှာ nldကိုဦးတည်လို့ လွှတ်တော်ထဲမှာအောက်လမ်းနည်းသုံးပြီး
နန်းနုဝါ နှင့်ကြံ့ဖွတ်တွေ စည်းဝါးကိုက်ကာ အတွေ့အကြံနုသေးတဲ့ပြည်သူတွေအထင်မြင်လွဲမှားအောင် လုပ်ကြံတဲ့ကိစ္စ..

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့တော့မည်


အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။

အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ပြီး သြဂုတeߜကုန်တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း၊ 3ȋ်းဥပဒေအရ အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတက
တာဝန်ယူ ဖွဲ့စည်းရမည်ဖြစ်ကာ သမ္မတက အဆိုပြုသူ ၅ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ဗုဒ္ဓဘာသာ အတင်းအဓမ္မ သာသနာပြုမှုများ

Posted by Chitthuco Coco on Sunday, August 12,2012 at 8:51 AM

ဒီခေါင်းစဉ်ကို တည့်တည့်ပြောလိုက်လို့ ဗုဒ္ဓဘာသာများ စိတ်ထိခိုက်မယ် ထင်ပါတယ်။ ကမ္ဘာ့ဗုဒ္ဓဘာသာ အားလုံးကို မဆိုလိုပါ။ မိမိတရားကို မိမိကျင့်ကြံ ဘာဝနာဆောင်နေတဲ့ သိက္ခာသမာဓိကြီးသော ဆရာတော်ကြီး များကိုလည်း မဆိုလိုပါ။

ကျွန်ုပ် ဗုဒ္ဓဘာသာ လောကမှာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာရင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပါတယ်။ အ ကောင်းဘက်က ဖြစ်စေ၊ အဆိုးဘက်က ဖြစ်စေ- ပိဋကတ်တော်လာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆင့် မည်သူနဲ့မဆို Debate လုပ်နိုင်တဲ့ အဆင့်လည်း ရှိပါတယ်။