Thursday 27 September 2012

နိုင်ငံရေးမူ ခိုင်ခိုင်မာမာမရှိသူတွေကို မျက်စိမှိတ် ထောက်ခံခြင်းရဲ့ အန္တရယ်

by Ko Watote on Tuesday, September 25, 2012 at 11:16pm ·

(Originally posted in April '12)
စကားကျွံ နှုတ်မရဆိုပေမယ့်လည်း ထွေးပြီးသား ပြန်မြိုတာ ထုံးစံလို ဖြစ်လာနေတဲ့၊ ဘာမူမှ ရှိပုံမရတဲ့ အန်အယ်ဒီလို အဖွဲ့အတွက်ကတော့ စကား ကြိုက်သလောက်ကျွံပါစေ၊ နိုင်ငံရေး သိက္ခာကို မည်ကာမတ္တ ရပ်တည်ခွင့်နဲ့ လဲဖို့ ဝန်မလေးတာကို တခါ ထပ်တွေ့ ခဲ့ရပြန်ပါပြီ။ တကယ်တော့ အန်အယ်ဒီမှာ ဘာမူမှ မရှိဘူးလို့ ပြောတာထက် စစ်အုပ်စု ပေးသလောက်ကိုသာ ယူရေးဆိုတဲ့ မူကို လက်ကိုင် ပြုထားတာလို့ ပြောတာ က ပိုမှန်မယ်ထင်တယ်။

“ဗန်းမော်ရဲများမှ သုံးဘီးဆိုင်ကယ်သယ်ယူသူထံ အဓမ္မငွေတောင်း၊ငွေမပေးသူများအား ဖမ်းဆီးရိုက်နှက်သဖြင့် ဆေးရုံတက်ကုသကြရ”

(ဟာဂျူလီ-ကသာ)

၂၃.၉.၂၀၁၂ရက်နေ့ညက ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊စင်းခန်းရဲကင်းမှ တရုတ်နိုင်ငံလုပ် သုံးဘီးဆိုင်ကယ်ဝယ်ယူလာသူ လူငယ်နှစ်ဦးအား လာဘ်ငွေမပေးသဖြင့် လက်ထိပ်ခတ်
ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်၊ဖြစ်ပွားပုံမှာ ၂၃ရက်နေ့က ရွှေကူမြို့အမှတ်(၂)ရပ်ကွက်၊ကွက်သစ်နေ ထက်နိုင်စိုးနှင့် မွေးထုံတို့သည် ဗန်းမော်မြိ့မှသုံးဘီးဆိုင်ကယ်
ဝယ်၍ ရွေကူမြို့သို့ မောင်းပြန်လာခဲ့ကြပါသည်၊ ထိုသို့ ၀ယ်ယူရာ၌ တရားဝင် စာရွက်စာတမ်းများနှင့် ၀ယ်ယူမောင်းနှင်လာခဲ့ကြခြင်းဖြစ်ပါသည်၊

မြန်မာပို့ကုန်တွေ ပိတ်ဆို့ထားမှုကို အမေရိကန် ဖယ်ရှားပေး




နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား တည်းခိုရာ The Mark ဟိုတယ်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန် လာရောက် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာပို့ကုန်များ အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိစေရန် ပိတ်ဆို့ထားမှုအား ဖယ်ရှားပေးမည် ဖြစ်ကြောင်း ထည့်သွင်း ပြော
ကြားခဲ့သည်။

Wednesday 26 September 2012

ရုရှားအရှေ့ဖျားတွင် ငါးမိုးရွာကျမှုကြောင့် ဒေသခံပြည်သူများ အံ့အားသင့်



မော်စကို စက်တင်ဘာ ၂၅

ရုရှားနိုင်ငံအရှေ့ဖျား ဒေသရှိ လာဇာနာရာမြို့ကမ်းခြေတွင် ကောင်းကင်ယံမှ ငါးများ၊ ကမာကောင်များနှင့် ကဏန်းများ မိုးရွာသကဲ့သို့ ရွာကျလာခြင်း ကြောင့်ဒေသခံ ပြည်သူများမှာ အလွန် အံ့အားသင့် ဝမ်းသာခဲ့ရသည်ဟု သိရ သည်။

စင်ကာပူသွားမည့်သူများ သတိထားပါ…



ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီတောင်းတဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

Tuesday 25 September 2012

မငြိမ်းချမ်းသေးသော ငြိမ်းချမ်းရေး လှုပ်ရှားမှု နောက်ဆက်တွဲ



  • မနက်ဖြန် နေ့လည် နှစ်နာရီကျော်တွင် ကျနော် နေမျိုးဇင်အား နောက်ထပ် ထပ် ဖိတ်ဖေါ်လာသော ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ ပြည်သူ့ရဲတပ်ဖွဲ့ ရဲစခန်း ငါးခုအား သွားရောက်တွေ့ဆုံရပါအုံးမည်။ မငြိမ်းချမ်းသေးသော ငြိမ်းချမ်းရေး လှုပ်ရှားမှု နောက်ဆက်တွဲ အဖြစ် ဆယ်ခုမြောက်သော ရဲဌာနများ သို့ အလည်တခေါက် စီ ရောက်သွားပါအုံးမည်။

Monday 24 September 2012

မြန်မာနိုင်ငံမှ ဂရု Rapper နှစ်ယောက်ရဲ့ ချဉ်းကပ် ရပ်တည်ပုံချင်း ကွာခြားပုံ......



ဇေယျာသော်ရဲ့ ချဉ်းကပ်ရပ်တည်ပုံကို ကျွန်တော် ကိုဖိုးတရုတ် အပြည့်အ၀ ထောက်ခံအားပေးပါတယ်။ ဒါကြောင့် ဒီပုံကို Like လုပ်ပါတယ်။ ထောင်ချခံရကာ နေပြည်တော်မှာ NLD အမတ်အဖြစ် သတ္တိရှိရှိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူ့ရဲ့ ပေးဆပ်အနစ်နာခံ ကြိုးစားအောင်မြင်ခဲ့တာကို လေးစား ဂုဏ်ယူလို့ မဆုံးပါဘူး။

လီကွမ်းယူနဲ့ အစ္စလာမ် ဘာသာ (အင်တာဗျူး)


မေး ။ ။ မစ္စတာလီရဲ့ လူမျိုးပေါင်းစုံ စုပေါင်းညီညွတ်စွာ နေထိုင်ရေးမူဝါဒဟာ (၄၅) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ စင်ကာပူရဲ့ အခြေခံအုတ်မြစ်ပါပဲ။ စင်ကာပူရဲ့ လွတ်လပ်ရေးရတဲ့နေ့ ၁၉၆၅- ခု၊ သြဂုတ်လ ၉ ရက်နေ့က ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ စင်ကာပူဟာ မလေးရှားမဟုတ်၊ ချိုင်းနား (တရုတ်) မဟုတ်၊ အိန္ဒိယမဟုတ်လို့ ကြေငြာအသိပေးခဲ့တယ်နော်။ နောက်ကို ပြန်လှည့်ကြည့်ရင် ဒီလမ်းစဉ်ပေါ်မှာ အောင်မြင်မှုရအောင် ဘယ်လိုအစချီခဲ့ရသလဲဆိုတာ ပြောပြပေးပါလား။

မောင်သွေးချွန်က ဒေါက်တာ သန်းထွန်း ရဲ့ အမှား တွေကို ထောက်ပြထားတယ်ဆိုတဲ့ စာအုပ်

မောင်သွေးချွန်က ဒေါက်တာ သန်းထွန်း ရဲ့ အမှား တွေကို ထောက်ပြထားတယ်ဆိုတဲ့ စာအုပ် အွန်လိုင်းရောက်လာလို့ “ဘုရား” တ မိပြီး အကြမ်းဖျင်း အမြန် ဖတ်ဖြစ်တယ်..။ သူထောက်ပြတဲ့ အများစု က ရီစရာ ဖြစ်နေသလို ပြန်ဖြေရှင်းတဲ့ အချက်တွေက ပိုပြီး ရီစရာကောင်းတယ်..။ ဒဏ္ဍာရီ၊ ပါးစပ်ရာဇဝင်၊ မင်းကို မြှောက်ရေးရတဲ့ ရာဇဝင် နဲ့ သမိုင်း ဆိုတဲ့ ပညာရပ်သဘော ကို ကွဲပြီး မမြင်နိုင်ခြင်းဆိုတဲ့ အဓိက အကြောင်းကြောင့် ဒီလို ဗုံမဟုတ်၊ ပတ်မဟုတ်စာတွေ ပေါ်လာတာပဲ လို့ ယူဆတယ်..။

ဘင်လာဒင်ကို ဇီဝိန်ကြွေစေခဲ့တဲ့မစ်ရှင်အကြောင်း ထုတ်ဖော်ရေးသားလိုက်တဲ့ No Easy Day စာအုပ်နှင့် တွေးမိသမျှ


Aung Pan

(Sunday, September 23, 2012)
အမေရိကကို အဓိကအထိနာစေခဲ့တဲ့ ၉/၁၁ တိုက်ခိုက်မှုရဲ့ ကြိုးကိုင်ဖခင်ကြီးဖြစ်တဲ့ အိုစမာဘင်လာဒင်ကို ဆယ်စုနှစ်တစ်စုခန့် လိုက်လံခြေရာခံခဲ့ပြီး နောက်ဆုံးမှာတော့ အပြတ်ရှင်းလိုက်နိုင်ပြီဖြစ်ပါတယ်။ သမ္မတအိုဗားမားကိုယ်တိုင် အမေရိကရဲ့အဓိက အောင်ပွဲတစ်ခုအဖြစ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခု ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဘင်လာဒင်ကို သွားရောက်သုတ်သင်ခဲ့တဲ့ Navy Seal အဖွဲ့သား တစ်ယောက်ကနေပြီး သူတို့ရဲ့ဒီ Operation အကြောင်းကို ထုတ်ဖော်ရေးသားပြီး No Easy Day ဆိုတဲ့ခေါင်းစဉ်နဲ့ စာအုပ်အဖြစ်ထုတ်ဝေလိုက်တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေး အမြင်ကိုဝေဖန်

နာတယ်ဟေ့....နာတယ်.... ဒီးယမ် ပါးစပ် အယုတ်တ အနတ္တတွေ ထွက်ဖို့ နီးလာပြီ....

လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီမှ အကြီးအကဲများဟာ ယခင်အစိုးရလက်အောက်မှာထဲက စီးပွါးရေးလုပ်ငန်း အများအပြား လုပ်ကိုင်လာခဲ့ကြလို့ စီးပွါးရေးနဲ့ ပက်သက်လာရင် ပိုအတွေ့အကြုံရှိကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီဝင်အများစုကတော့ အချိန်တော်တော်များများ အကျဉ်းထောင်တွေထဲမှာသာ ကုန်ဆုံးနေခဲ့ကြတာဖြစ်လို့ စီးပွါးရေးအမြင်ရှိကြတဲ့သူများ မဟုတ်ဟု ရိုးမဘဏ် ဒုဥက္ကဋ္ဌ၊ UMFCCI အသင်းသား ဦးမြတ်သင်းအောင်က စင်္ကာပူအခြေစိုက် သတင်းဌာနတစ်ခုကို ပြောကြား။

Sunday 23 September 2012

Plan မပါတဲ့ Action

Plan...မချဘဲ....မဆွဲဘဲ......Action နဲ့စပြီးအကောင်အထည်ဖေါ်တာမှန်သမျှ.....ဘယ်အရာမှ....ခိုင်မြဲမှာမဟုတ်ပါဘူး....
ခုလည်း......ဒီလူတွေကိုနှင်ခြင်ယင်.....သူတို့အတွက်...နေရာသစ်...အိုးအိမ်သစ်တွေကို...
အရင် Plan ချပြီး.....ကောင်းကောင်းမွန်မွန်နဲ့....ဖယ်ရှားခိုင်းယင်....ဒီလူတွေငြင်းကြမှာလား....ခုလိုကြတော့.....
ခုလို....Action...ကိုတွေ့ရတော့.....ဘယ်မှာလည်း.....ပြည်သူလူထုအကျိုး......ကုလားကြကတော့....
ခုလိုဘာလို့မလုပ်သလည်း.....ကုလာတေါကတောင်ပြောနေပြီ.....မင်းတို့သိန်းစိန်အစိုးရနဲ့...ဒေါ်စုက....
ငါတို့ဘက်မှာရှိတယ်တဲ့....ဘယ်လောက်....အသည်းယားစရာကောင်းသလည်း...
.ဒေါ်စုလည်း...သေတဲ့အထိ...ဆုတွေဘဲတက်ယူနေတော့မှာလား......ဗိုလ်သိန်းစိန်လည်း.....
လျွတ်တော်ခေါ်နေတာနဲ့တင်.....အရိုးထုပ်တော့မှာလား......ပြည်သူတွေက..
.ပြတ်ပြတ်သားသားလုပ်ခြင်နေပြိနော်....တာတောဆူနေပြီ.....တာမကျိုးခင်.....
အဖြေထုပ်...အလုပ်လုပ်ပြကြပါတော့..........

ဒေါက်တာ ဝူတိန့်ရှိန်ကို ကြိုဆိုပါ၏....:D

ဒေါက်တာ ဝူတိန့်ရှိန်ကို ကြိုဆိုပါ၏....:D
Like · · · 23 hours ago ·

လှိုက်လှဲသော အပြုံးများ

အခြားသော ပြည်သူလူထု အပေါ် မည်သို့ဆက်ဆံပြုမှုနေပြီ ဆိုသည်ကို အသေးစိတ်တော့ မသိပါ။ ကျနော်တို့ပေါ် ဆက်ဆံမှုကတော့ ရဲစခန်း ရောက်နေသည်ဟုပင် မထင်ရအောင် ဖေါ်ရွေလှပါသည်။ မြို့နယ်မှူး ကိုယ်တိုင်ပင် လှိုက်လှဲသော အပြုံးများ ဖြင့် ကြိုဆိုပါသည်။ ဘယ်လိုပြောပြော အရင်ကနှင့် မတူတော့သော ခေတ်သစ် အတွက် ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲအစည်းသည်လည်း ပြောင်းလဲမှုများဖြင့် အသွင်ပြောင်းလာလိမ့်မည်ဟု မျှော်လင့်ပါသည်။

ELEVEN Media Group ကို တစ်ခုလောက်ပြောချင်တယ်။


ELEVEN Media Group ကို တစ်ခုလောက်ပြောချင်တယ်။ ဘာဖြစ်လို့ သမ္မတကြီး တရုတ်ပြည်မှာ ဂုဏ်ထူးဆောင် ဆုယူတာကို မဖေါ်ပြတာလဲ။ ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖေါ်ထုတ်တာတွေကို တော့ ဝေေ၀ဆာဆာဖေါ်ပြပြီး ငြိမ်းချမ်းဖို့ကို လုံးဝစိတ်မ၀င်စားတဲ့ KIA ရဲ့လုပ်ရပ်တွေကို ကျတော့ ဘာလို့ မဖေါ်ပြတာလဲ။ ရှိသေးတယ် ဒေါ်အောင်ဆန်းစုကြည် အမေရိက ခရီးစဉ်တစ်ရှောက် ဆုလက်ခံတာတွေ ဘာလုပ်တာတွေ ညာလုပ်တာတွေ ကျခရေစေ့တွင်းကျ ဖေါ်ပြနေတာကရော ဘာလို့လဲ။

ငြိမ်းချမ်းရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်သားများ ဟု ယူဆ ရသူများ အချို့၏ သဘောထားအမြင်များ



ဟိုထောင်ထောင် ထောင် နဲ့ ဂြိုဟ်သားလိုလို ကောင်တွေ ဘာမှ နားမလည်ပဲ စစ်ရေး နိုင်ငံရေးကို အသုံးချပြီး ပေါ်ပြူလာ ဖြစ်ချင်လို့လား ဟေ့... ခင်ဗျားတို့ကို မေးနေတယ်.. နားမလည်ဘူးလား... ရီးယိုမပဲ... ပေါ်ပြူလာဖြစ်ချင်လို့လား လို့ ပြောမေးနေတာကို (ဇာဂနာ လေသံဖျှင့် အတည် ပေါက်ကြီးနဲ့ ဆဲတီ.. :P )