Sunday 22 July 2012

ဒေါ်စုအကြောင်းထိုင်းစာသင်ကျောင်းတွေမှာပြဌာန်းသင်ကြား။


Aung Pan
ထိုင်းနိုင်ငံစာသင်ကျောင်းများတွင် ၄တန်းကျောင်းသူ/သားတွေရဲ့ လူမှု့ရေးဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင်အရှဒေသနိုင်ငံများအတွင်းမှ လူ့အခွင့်ရေးလှုပ်ရှား ဆောင်ရွက်မှုဖြင့် ထင်ရှားကျော်ကြားသောခေါင်းဆောင်များ အကြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြဌာန်းသင်ကြားလိုက်ပြီ။

နိုင်ငံတကာကစီးပွားရေး၊နိုင်ငံရေး၊ပညာရေးအလွှာအသီးသီးနှင့် နိုင်ငံတကာမီဒီယာအားလုံးနီးပါးလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရဲဝံ့စွာအမျိုးသားရင်ကြားစေ့ရေး၊ဒီမိုကရေစီစနစ်ဖြင့် ခြွတ်ချုံကျဘုံးဘုံးလဲနေသော မြန်မာပြည်ကိုတိုးတက်မြှင့်မားဖို့လုပ်ဆောင်နေတဲ့အကြောင်းဂုဏ်ပြုပြောဆို  ဖေါ်ပြနေကြပေမယ့်  နောက်ပြန်မလှည့်ပါဘူးဆိုတဲ့ အစိုးရသစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်းမရှိသေးပါဘူး။ ခုတော့အိမ်နီးခြင်း ထိုင်းနိုင်ငံက လေးစားစံပြုထိုက်သူရဲ့အကြောင်းကို ကျောင်းသင်္ခံန်းစာမှာ ပြဌာန်း လိုက်တာကတော့ မြန်မာနိုင်ငံအစိုးရနဲ့ပညာရေးဌာနအတွက်အရှက်ရစရာတခုဖြစ်ခဲ့ပါပြီ။


No comments: