Saturday 25 August 2012

တကယ်လိုအပ်တာက အခြေခံဥပဒေ ပြင်ဖို့ပဲ.


မြစ်ဆုံကို အပြင်းအထန်ကန့်ကွက်နေကြချိန်မှာ ကျွန်တော်တို့အားလုံး လွှတ်တော်ကို တင်ပြသင့်တယ်လို့ မီဒီယာတွေနဲ့ နယ်ပယ်ပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက အသံထွက်ခဲ့ကြတယ်..။ ဒါပေမယ့် တကယ် ဆုံးဖြတ်ခဲ့တာ .. သမ္မတအမိန့်ပဲ..။ လွှတ်တော်ထဲ မရောက်ခဲ့ဘူး။ ဘာ့ကြောင့်လဲ.... ပြည်ခိုင်ဖြိုးအားလုံးနီးပါး ပါဝင်တဲ့ လွှတ်တော်ထဲမှာ ဒီအဆို ပျက်ပြယ်သွားရင် သမ္မတ ဆုံးဖြတ်လို့မရတော့ဘူး။ အဲဒါကြောင့် သူကိုယ်တိုင် အမိန့်ချတာ..။ အဲဒီအချက်ကို ကြည့်တာနဲ့ လေ့လာလို့ရပါတယ်..။

သတင်းထောက်တစ်ဦး သတင်းရယူစဉ် ဆွဲထုတ်ခြင်းခံရ



ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုတ်မှုဒဏ်ကိုခံစားနေရသော တောင်သူ လယ်သမားများ အတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ထုတ်ချေးပေးသည့်အခမ်းအနားသို့ Hot News ဂျာနယ်မှ သတင်းထောက်တစ်ဦးသည် (၂၅၊ ၈၊ ၂၀၁၂) သတင်းသွားယူခဲ့ရာ ခမ်းမအတွင်းမှ ပြန်လည် ဆွဲထုတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် သတင်းမိဒီယာများမှ သတင်းရယူခွင့်ရှိသော်လည်း Hot News ဂျာနယ်မှ သတင်းထောက်အား သတင်းရယူခွင့်ပိတ်ပင်ခဲ့ခြင်းသည်။ ခမ်းမအတွင်းမှ ဆွဲထုတ်ခံရသည့် သတင်းထောက်သည် Hot News ဂျာနယ်မှ အသိအမှတ်ပြု တရားဝင် သတင်းထောက် တစ်ဦးဖြစ်ပြီး အဖေ့သား(ပဲခူး) ကလောင်အမည်ဖြင့် သတင်းရေးသားသူတစ်ဦးဖြစ်ပါသည်။ သတင်းထောက်အား ဆွဲထုတ်သွားသည့် သူများမှာ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး နန္ဒာဝင်းနှင့် ရဲမှူး စန်းကို တို့ဖြစ်ကြကြောင်းစုံစမ်းသိရှိရပါသည်။

လွှတ်တော်သို့ ပေးပို့ခဲ့သည့် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာ


လွှတ်တော်သို့ ပေးပို့ခဲ့သည့် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြား တင်ပြခြင်းနှင့် မှတ်တမ်းတင်ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းထားရာ အချက် (၆) ချက်ပါ အဆိုပါသ၀ဏ်လွှာကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထားသော်လည်း ပူးတွဲပေးပို့သည့် "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ သတင်းသုံးသပ်ချက်မှတ်တမ်း"မှာ နိုင်ငံတော်သမ္မတရုံးမှ ရေးသားထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

Friday 24 August 2012

မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာန ညွှန်ချုပ်နှင့် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥက္ကဌ ရာထူးနေရာတွင် ဘောင်းဘီချွတ်တွေ ၀င်လာပြန်ပြီ

Universities Teachers
နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေး ကောင်းမှ ဖြစ်မယ်ဆိုတာ အများ ပြည်သူ အားလုံး သိကြပါတယ်။ မကြာခင်က ပြုလုပ်တဲ့ ဒုသမ္မတ စိုင်းမောက်ခမ်းရဲ့ အလုပ်ရုံဆွေးနွေး ပွဲမှာ ဌာနဆိုင်ရာတွေရဲ့ ထိပ်ပိုင်းရာထူးတွေမှာ လူမှန်နေရာမှန်ဖြစ်ဖို့နဲ့ စစ်တပ်မှ အကြောင်း အမျိုးမျိုးနဲ့ရောက်လာတဲ
့ ယူနီဖောင်းချွတ်တွေကို ထိပ်ပိုင်းရာထူးတွေ မပေးတော့ဘူးဆိုလို့ ၀မ်းသာနေမိပါတယ်။ အခုတော့ လစ်လပ်သွားတဲ့ မြန်မာပညာရေး သုတေသနအဖွဲ့ညွှန်ချုပ်ရာထူးနေရာနဲ့ မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဌ ရာထူးနှစ်နေရာစလုံးကို ပညာရေးအကြောင်း လုံးဝမသိတဲ့ စစ်တပ်ဘောင်းဘီချွတ် ဗိုလ်မှူးကြီးကျော်စိုးကို ခန့်လိုက်တဲ့အတွက် ပညာရေးဝန်ကြီးကို ပညာရေး အသိုင်းအ၀ိုင်းအားလုံးက သြဘာပေးနေကြပါတယ်။ ပညာရေးသုတေသနမှာ P.hD ဘွဲ့ရရှိပြီး ပညာရေးအတွေ့အကြုံရင့်ကျက်တဲ့ ဒုညွှန်ချုပ် ဒေါက်တာဒေါ်ခင်မျိုးမြင့်ကြူ လိုမျိုး ပညာတတ်တွေရှိပါလျှက်နဲ့ ဘာကြောင့် ဒီတပ်ထွက်တွေကိုဘဲ ခန့်တာလည်းဆိုတာ နားမလည်ဘဲ ဖြစ်နေပါတယ်။ ၀န်ကြီး ဒေါက်တာမြအေးကဘဲ တလွဲတွေလုပ်နေတာလား၊ ဒုဝန်ကြီး ဦးအေးကြူ(ဗိုလ်မှူး-ငြိမ်း၊ OTS-65ဆင်း)ကဘဲ ကြိုးကိုင်လှုပ်ရှားနေတာလား ဆိုတာကို ပညာရေးဝန်ထမ်းတွေအနေနဲ့ စိတ်ပျက် နေကြပါတယ်။

ဗုဒ္ဓ ရုပ်ထု တော်အား အနမ်းချွေခဲ့သည့် ပြင်သစ်အမျိုးသမီးအား ထောင် ၆ လချမှတ်

သီရိလင်္ကာနိုင်ငံတွင် အားလပ်ရက် အလည် အပတ်လာကြသော ပြင်သစ်ကမ္ဘာလှည့် ခရီးသွား
အုပ်စုထဲမှ အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓ၏ရုပ်တုတော်အားနှုတ်ခမ်းချင်း နမ်းနေဟန် ဓါတ်ပုံရိုက်ခဲ့သည့်အတွက်သီရိလင်္ကာတွင်ထောင်ဒဏ်ခြောက်လကျခံစေရန်အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာ နိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု

  • မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာ နိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းခြင်းဟာ အမေရိကန် တချို့ရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ကို တစုံတရာ ထိခိုက်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချပေးဖို့ ကိစ္စကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။

Thursday 23 August 2012

ဘင်္ဂါလီကုလားကမြန်မာလူမျိုးလား.......(၂)


အလယ်သံကျော် ကွန်ဖရင့်ဆိုတာကို အရင်သိဖို့ လိုတယ်။ အလယ် သံကျော်ရွာ ဆိုတာ မောင်တောမြို့နယ်မှာ ရှိတယ်။ အရင်က ရခိုင်ရွာ၊ ကုလား မရှိဘူး။ ၁၉၄၂ အင်္ဂလိပ် အဆုတ်၊ အုပ်ချုပ်ရေးမဲ့ နေချိန်မှာ ဖြစ်တဲ့ ကုလား-ရခိုင် အဓိကရုဏ်းမှာ အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ အလယ်သံကျော် တစ်ရွာလုံး ပျက်သွားတယ်။ အဲဒီတုံးက ရခိုင်တွေက တောင်ကိုကျော်ပြီး ဘူးသီးတောင်၊ ရသေ့တောင်ဘက်ကို ပြေးဖို့ ကြိုးစား
တယ်။ အင်္ဂလိပ်က V force ဆိုပြီး ကာကွယ်ရေး တပ်ဖွဲ့ပေးခဲ့တဲ့ ကုလားတွေက ရွာတွေကို ဖျက်တယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့ ရခိုင်တွေကို တောင်ကျော်လမ်းတွေက စောင့်သတ်တယ်။ ဒါ့ကြောင့် ရခိုင်တွေက စစ်တွေဘက်ကို မပြေးနိုင်ဘဲ ကုလားပြည်က ဒိန္နာပူရ် ဘက်ကို ထွက်ပြေးရတယ်။ အဲဒီမှာ ရခိုင် လေးထောင် လောက်ကို အင်္ဂလိပ်က ဒုက္ခသည်စခန်း ထားတည်ပေး ခဲ့ရတယ်။ အဲဒီ သတ်မှုကြီးမှာ ရခိုင် သုံးသောင်းလောက် သေခဲ့တယ်။ အဲဒီ အချိန်က စပြီး အလယ်သံကျော်ဟာ ကုလားရွာ ဖြစ်သွားခဲ့တယ်။ အခုသွားကြည့် တစ်ရွာလုံး ကုလားတွေဖြစ်၊ ရခိုင် လယ်တွေက ကုလားပိုင် လယ်တွေ ဖြစ်ကုန်ပြီ။ အဲဒီ အလယ်သံကျော်မှာ ၁၉၅၁ခုနှစ် ဇွန်လမှာ မွတ်ဆလင် ညီလာခံ ကျင်းပတယ်။ အဲဒီ ညီလာခံကို ဦးနုမွေးထားတဲ့ ကုလားအမတ် စူလတန် မာမွတ် ခေါင်းဆောင်တဲ့ ကုလား ပါလီမန် အမတ်တွေက စီစဉ်ပေးတာ ဖြစ်တယ်။ အဲဒီ ညီလာခံမှာ ကုလားတွေက ဒါတွေကို တောင်းဆိုခဲ့တယ်။

Wednesday 22 August 2012

ဘယ်သူ့ကလေးလဲ.........


မဟာချိုင်နယ်ထဲ လမ်းဘေးတစ်နေရာမှာ စွန့်ပစ်ထားတဲ့မွေးကင်းစ ကလေးလေးပါ။

ကလေးရဲ့ချက်ကြိုးတောင် မဖြတ်ရသေးဘူး။ ရဲတွေရဲ့ ထင်မြင်ချက်က ဘတ်(လက်မှတ်)မရှိတဲ့ မြန်မာမိန်းကလေးတစ်ဦးဦးးက ဆေးရုံတက် မမွေးရဲ့လို့ အခန်းမှာ ခိုးမွေးပြီး စွန့်ပစ်ထားခြင်း၊ ဒါမှမဟုတ် ယောင်္ကျားက စွန့်ပစ်၍ အလိုမရှိတော့လို့ စွန့်ပစ်ခြင်း တစ်ခုခုဖြစ်မှာပေါ့။

မြန်မာပြည်သားရဲ့ကလေးသာ ဖြစ်နေရင် ကြေကွဲစိတ်မကောင်းစရာပါ။

မတင်နီလာအေး အမှု တရားမျှတရေး အရှင်ဝီရသူ တောင်းဆို


Wednesday, 22 August 2012
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးကအိမ်အကူအလုပ်သမ မတင်နီလာအေး၏
တရားစွဲဆိုထားမှုတွင် တရားလို ဘက်မှ ရှေ့နေခေါ်ခွင့်မပေးဘဲ တဖက်သတ် ကြားနာခြင်းအား


တရားမျှတစွာ ပြန်လည်စစ်ဆေးပေးရန် အရှင်ဝီရသူက မန္တလေး တိုင်း တရားလွှတ်တော်ချုပ် ရုံးသို့ စာပို့တောင်းဆိုလိုက်သည်။

Tuesday 21 August 2012

မန္တလေးမြို့၊ မြရည်နန္ဒာ ရပ်ကွက်ကျူးကျော် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ အချင်းများရာမှ ခုနှစ်ဦး ထိခိုက် ဒဏ်ရာရ.............



The Voice Weekly

မန္တလေးမြို့ အရှေ့တောင်ပိုင်းရှိ မြရည်နန္ဒာ ရပ်ကွက် ကျုးကျော်သူများ နေထိုင်ရာ ဝင်းအတွင်းသို့ အောင်ပင်လယ် ရဲစခန်းမှ စခန်းမှူး ဦးဆောင်သော ရဲအင်အား လေးဆယ်ခန့်က ကျုးကျော်သူများ အရေး ဦးဆောင် လှုပ်ရှားသူ ဦးဝင်းမြင့်ထွန်းကို ဝင်ရောက်ဖမ်းဆီးရာမှ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်
း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူများက ပြောကြားသည်။

အောင်ပင်လယ်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ များနှင့် မန္တလေး ခရိုင် ရဲတပ်ဖွဲ့ မှူးက ၁၅ ဧက ခန့်ကျယ် သော မန္တလေးမြို့  ချမ်းမြသာစည်မြို့ နယ် မြရည်နန္ဒာ ရပ်ကွက် ကွင်းအမှတ် (၅၃၇)
မြေနေရာတွင် ကျူးကျော် နေထိုင်သူ အိမ်ထောင်စု ၅၀ခန့်(လူ၂၀၀၀ ၀န်းကျင်ခန့် )ကို သြဂုတ်လ ၂၁ရက်နေ့ (ယနေ့)နံနက် (၇)နာရီက လာရောက် ဖယ်ရှား ခိုင်းခဲ့ရာမှ ယင်းသို့ ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မြေဧကတွင် ၀င်ရောက် ကျူးကျော် နေထိုင် နေကြသော ဒေသ ခံများက The Voice Weekly သို့ ပြောကြားသည်။

မြန်မာ့စီးပွားရေးဦးပိုင်က တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေကာ အဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေသည်ဟု မုံရွာဒေသခံများကပြောဆိုနေကြသည်။


Nay Thiha
၂၁.၈.၂၀၁၂ နံနက် (၇)နာရီခန့်တွင် NLD ဝတ်စုံများဝတ်ထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲဝတ်စုံဝတ်ထားသော ရဲတပ်ဖွဲ့ဝင် လေးဦးခန့်သည် မှန်လုံကားတစ်စီးဖြင့် မုံရွာအနောက်ဖက်ကမ်း လက်ပတောင်ြးေ
ကးနီစီမံကိန်းဘက်သို့ သွားကြောင်းကြားသိရသည်။ ထပ်မံကြားသိရသည်မှာ ထိုကားသည် ဝမ်ပေါင်ကုမ်ပဏီဝင်းအတွင်း၌ ရှိနေပြီး Light Truck တစ်စီးက NLD
အလံထောင်၍ တောင်ကြားထဲသို့ဝင်သွားကြောင်းကို သေသေချာချာမြင်တွေ့သူများက ပြောကြားသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်ထိုကဲ့သို့လုပ်နေသည်ကို မုံရွာမြို့နယ် NLD မှစိုးရိမ်စိတ်ဖြင့် သေချာဂရုစိုက် စောင့်ကြည့်၊ နားစွင့်ကာ အပြန်အလှန် သတင်းဖြန့်ဝေနေကြသည်မှာ ယခုအချိန်အထိဖြစ်သည်။

မယုံရခြင်းအကြောင်း....


မနေ့ ညက ဥရောပအောက်ပိုင်း တက္ကသိုလ်တွေက
စာသင်ပြီး ပြန်လာတဲ့ ဆရာတယောက် အိမ်လာလည်ရင်း
ရခိုင်ပြည်နယ်မှာ စစ်တပ်က ရိုဟင်ဂျာ လူထုကို
သေနပ်နဲ့ ပစ်တယ်လို့ သတင်းတွေဖတ်နေရတယ် ။
ဘယ်လိုဖြစ်တာလဲတဲ့ ။

" ခင်ဗျားတို့လဲ..ခံစားရမှာပါ "


ငယ်ငယ်က...
စစ်အစိုးရလက်ထက်...ပေါ်လစီသီချင်းတွေထဲမှာပါတဲ့
စာသားတွေကိုမှတ်မိတယ်..

သယံဇာတတွေပေါတဲ့မြေxxxx

တို့မြန်မာပြည်သယံဇာတ.
.ပေါကြွယ်ဝသလေ..xxxx

သယံဇာတ..xxxx
xxxx သယံဇာတ ...

မုံရွာတဖက်ကမ်း ကြေးစင်တောင်စီမံကိန်းတွင် အဓမ္မလယ်မြေအသိမ်းခံရသော တောင်သူများအား ကျေလည်အောင်ညှိနှိုင်းမှုတစုံတရာမရှိဘဲ တရုပ်ကုမ္မဏီပိုင်ရှင်အလိုကျ ကျေးရွာသားများကို နှိမ်နှင်းရန် ရဲတပ်ဖွဲ့မှ အင်းအားပြခြိမ်းခြောက်။



Yamoun Nar
အာဏာပိုင်နဲ့ တောင်သူလယ်သမား ထိတ်တိုက်တွေ့တော့မယ့် အခြေအနေ
မုံရွာမြို့နယ် အနောက်ဖက်ကမ်း ဆားလင်းကြီးမျြို့နယ် လတ်ပံတန်းတောင်စီမံကိန်းကို
သေခံတောင်သူလယ်သမားများနှင်

့ ပြေလည်အောင်ညှိနှိုင
်းမှုမရှိပဲ အာဏာပိုင်များမှ တရုပ်နိုင်ငံသားကုမ္မဏီပိုင်
ရှင်များ အလိုကျ ဆက်လက်လုပ်ဆောင်ဖို့ရန် ယခု သတင်းတင်နေစဉ်အချိန်တွင် လုံထိန်းရဲကား(၃)စီး၊ ရဲကား (၁) စီးနှင့် မီးသတ်ကားများဖြင့် တားဆီးညှိနှိုင်းရန်ရောက်လာသ

ူ တောင်သူလယ်သမားများနှင့် ထိတ်တိုက်ဆုံမည့် အခြေအနေဖြစ်ပေါ်နေပါသည်။

ကျွန်တော်...သမိုင်း....



  • ရတနာပုံ မန္တလေးနေပြည်တော်ကို တည်ထောင်ခဲ့သော မင်းတုန်းမင်းတရားကြီးသည်
    သမိုင်းများမှတ်တမ်းအရ အလွန် ကာမဂုဏ် ခံစားမှုအားကြီးသည်ဟု
    လူတိုင်းကြားဖူးကြမည်ထင်သည် ။

    ထို့ကြောင့် နန်းဆောင် အသီးသီးမှ ကိုယ်လုပ် အသီးသီးတို့သည် မင်းတုန်မင်း စံနေသော နန်းဆောင်ကို ဖြတ်လျောက်ကြသောအခါ မင်းတုန်းမင်က " ဟေ့ ဘယ်သူလဲ " ဟုမေးလေ့ရှိသည်။ ထိုသို့မေးသောအခါ ကိုယ်လုပ် မောင်းမအချို့တို့သည် "ကျွန်မ ပါ" ဟု ပြန်ဖြေကြလေသည်။ ထိုအခါ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်ခြင်း ကိုဆက်လက်လုပ်ဆောင်သွားမည်


ယနေ့ကျင်းပသောပြည်သူ့လွှတ်တေ
ာ်အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်ခြင်း ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့သည်။ ထို့ပြင် ပြည်သူ့လွှတ်တော် စီမံကိနုးများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးမှုကော်မတီ အတွင်းရေးမှုး ဦးအေးမောက်ကလည်း "ကျွန်တော်တို့ကတော့ ဆက်လုပ်မှာပါပဲ ကျွန်တော်တို့ပြောနေတာတွေသည
် မရှိတာကို အရှိလုပ်ပြီးပြောတာ ရပိုင်ခွင့်တွေလိုချင်လို့ပြောနေတာမပါပါဘူး ပါရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်မှတ်ထိုးပါ့မလား" ဟု ပြောကြားခဲ့သည်။

Monday 20 August 2012

စစ်တပ် ခေါင်းမာ၍ ကချင် ငြိမ်းချမ်းရေး မရ

ဧရာဝတီ၊ သြဂုတ်လ ၂၀

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးရန် အခက်အခဲဖြစ်နေရခြင်းမှာ အစိုးရ စစ်တပ် ဘက် မှ ခေါင်းမာနေသည့်အတွက် ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ငြိမ်းချမ်းရေး စကားဝိုင်းများ နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ၏ အဆိုအရKIO နှင့် အစိုးရ တပ်များအကြား တနှစ်ကျော်အကြာ ဖြစ်ပွားနေသော တိုက်ပွဲများကို အဆုံးသတ်နိုင်ရေး KIO ဘက်က လိုလားမှုရှိသကဲ့သို့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့က ကြိုးပမ်းနေသော်လည်း အစိုးတပ်များက တိုက်ပွဲများ လျှော့ချရေးနှင့် တပ်နေရာများ ဆုတ်ခွာပေးရေးကို လက် မခံဘဲ ခေါင်းမာနေသဖြင့် စေ့စပ်ညှိနှိုင်းရန် မလွယ်ကူဘဲဖြစ်နေရကြောင်း သိရသည်။

စာပေစိစစ်ရေးဖျက်သိမ်းမှု ညွှန်ကြားချက် (၅၁)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြန်ကြားရေးဝန်ကြီးဌာန
ပုံနှိပ်သူများ ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ
ကြီးကြပ်မှုဗဟိုအဖွဲ့
၁၃၇၄ ခုနှစ် ၊ ၀ါခေါင်လဆန်း ၃ ရက်
(၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၂၀ ရက်)
ညွှန်ကြားချက်(၅၁)
  1. စာပေစိစစ်ရေးဆိုင်ရာမူဝါဒများအား ခေတ်နှင့်အညီ အဆင့်ဆင့်ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ် ၊ဇွန်လ (၁၀) ရက်နေ့တွင် ပထမဆင့်အဖြစ် အနုပညာသုတရသ ၊ ကျန်းမားရေး ၊ ကလေး ၊နည်းပညာ ၊ အားကစားဆိုင်ရာဂျာနယ် ၊ မဂ္ဂဇင်း နှင့် စာမူများကို၎င်း ၊ ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလ (၉)ရက်နေ့ တွင် ဒုတိယအဆင့်အဖြစ် စီးပွားရေး ၊ မှုခင်း နှင့် ဥပဒေဆိုင်ရာဂျာနယ် ၊ မဂ္ဂဇင်း နှင့် အထွေထွေစာမူများကို၎င်း ၊ ၂၀၁၂ ခုနှစ် ၊ မတ်လ(၁)ရက်နေ့တွင် တတိယအဆင့် အဖြစ် ပညာရေးဆိုင်ရာဂျာနယ် ၊ မဂ္ဂဇင်း ၊ အထွေထွေစာမူများကို၎င်း ၊ ၂၀၁၂ ခုနှစ် ၊ မေလ (၁၅) ရက်နေ့တွင် စတုတ္ထအဆင့်အဖြစ် ၀တ္တုစာမူများကို၎င်း ၊ အုပ်စု(၁)အတွင်းသို့ ပြောင်းလဲသတ်မှတ်၍ ထုတ်/တင် စနစ်ဖြင့် ထုတ်ဝေရန် ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးခဲ့ပါသည်။

လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်များ သည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း၊ ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေးသားခြင်းများသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး ပြောကြား

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ်လ ၂၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုး အပါအ၀င် ခုံရုံး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်နိုင်သည့် အချက် ၅ ချက်ရှိကြောင်း၊  ၎င်းအချက် ၅ ချက်မှာ

သတင်းမီဒီယာ လွတ်လပ်ခွင့် လူထုလှုပ်ရှားမှု နှင့် ဥပဒေအရ အခွင့်အရေး

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေ စိစစ်ရေးဌာနက အကန့်အသတ်မရှိ ရပ်ဆိုင်းအရေး ယူခဲ့သည့် အပေါ်ကန့်ကွက်မှုများ အားကောင်းကောင်း ပေါ်ထွက်ခဲ့သည်။ ထို့နောက်၁၄ ပါတီနှင့် တွေ့ရာ၌ သမတ ဦးသိန်းစိန် က

ဂျာနယ်များ ထုတ်ဝေခွင့် ရပ်ဆိုင်းသည့် ကိစ္စ နှင့် စပ်လျှဉ်း၍ မကြာမီ အဆင်ပြေသွားမှာပါဟု ပြောကြောင်း ကြားရသည်။ ယင်း ပြောကြားချက် ထွက်လာပြီး ရက်ပိုင်းမှာပင် ရက် သတ္တနှစ်ပတ်သာ ရပ်ဆိုင်း တာပါ ဟူ၍စစ်အစိုးရက ပြန်လျှော့ပေးလိုက်သည်။ တဖက်က သူရဲကို မွေးပြီး ခြိမ်းခြောက်၊ အခြားတဘက်က ပယောဂ ဆရာနေရာမှာ နေပြီး ကုစားပြသည့် လုပ်ဟန်မျိုးကို လက်မခံ သင့်တော့ပါ။

လားရှိုးမြို့ ရေဘေး


လားရှိုးမြို့တွင်သြဂုတ်လ(၁၉)ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေများအရှိန်ပြင်းစွာ
စီးဆင်းလာမှုကြောင့်လားရှိုးမြို့အ၀င်ပြည်ထောင်စုလမ်းမကြီးပေါ်နှင့်မြေနိမ့်ပိုင်းကျသောရပ်ကွက်များသို့
ရေ၀င်ရောက်မှုများရှိခဲ့ရာလူနေအိမ်များမှပစ္စည်းများရေစီးနှင့်မျောပါခြင်း၊အိမ်အချို့ပြိုကျခြင်း။
အုတ်တံတိုင်းများပြိုကျပျက်စီးခြင်းများကြုံတွေ့ခဲ့ရကြောင်းသိရသည်။

သြဂုတ်လ (၁၉)ရက်နေ့ နံနက်(၉)နာရီခန့်မှစတင်၍ တောင်ကျရေများပြင်းထန်စွာကျဆင်း
လာပြီးလားရှိုးမြို့ရပ်ကွက်(၁)၊(၇)(၈)(၉)(၁၁)(၁၂)တို့တွင်ရေ၀င်ရောက်ခဲ့ကြောင်း သိရသည်။

တရုပ်ကွန်မြုနစ်ထိပ်တန်းခေါင်းဆောင်ဇနီးအား လူသတ်မှုဖြင့် ဆိုင်းငံ့သေဒါဏ်ချမှတ်။


တရုတ်ကွန်မြူနစ်ပါတီရဲ့သြဇာကြီးမားသောခေါင်းဆောင် ပေါ်လစ်ဗျူရိုဟောင်း Bo Xilai ရဲ့ဇနီး Gu Kailai အား ချုံကင်းမြို့တွင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသော ဗြိတိန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် Neil Heywood အားအဆိပ်ခတ်လုပ်ကြံသတ်ဖြတ်မှုဖြင့် ဆိုင်းငံသေဒါဏ်အဖြစ် တရုပ်နိုင်ငံတရားရုံးမှ တံခါးပိတ်ချမှတ်ခဲ့ပြီး သတင်းဌာနများသို့ကြေညာခဲ့သည်။ ဆိုင်းငံ့သေဒါဏ်ပစ်ဒါဏ်ကို ထောင်ဒါဏ်တသက်ကျခံရမည်ဖြစ်ပြီး Gu Kailai ရဲ့ နေအိမ်ဝန်ထမ်း Zhang Xiaojunအား လူသတ်မှုကျူးလွန်ရာတွင် ပါဝင်ကူညီပေးမှုဖြင့် ထောင်ဒါဏ်၉နှစ်ချမှတ်ကြောင်း တရားရုံး၏ကြေညာချက်တွင် ပါရှိသည်။

Sunday 19 August 2012

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁)

by Aung Htoo on Thursday, 16 August 2012 at 13:44 ·

၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏ မေးခွန်းများ အား ဖြေကြား သွားခဲ့သည်။ စစ်အစိုးရ၏ သမတ ပင် ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကို တလေးတစားဖြေကြား သွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နုတ်ဖျားမှ နေ၍ "လူသားအမြင် မျိုးရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ် လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖေါ်ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် က နှစ်ပေါင်း ငါးဆယ်ကျော်လွှမ်းမိုးခဲ့ သည့် ကာလ အတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေး အတွေးအခေါ် စသည့်စကားလုံးများ အား တန်ဘိုးထားကြောင်းပြသသည့် အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့် ဖြစ်သည်။