Saturday 28 July 2012

ဒုက္ခသည်စခန်းထဲမှ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ပေါ်ထွက်....


ဗန်းမော်ခရိုင်အတွင်း (ဗန်းမော်၊ မိုးမောက်၊ မံစီ ၊ ရွှေကူ) ၄ မြို့နယ်၊ မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ၁၈.၅.၂ဝ၁၂ အထိ စာရင်းအရ ဒုက္ခသည် အိမ်ထောင်စု ၁၉၄၆ စုနှင့် ဒုက္ခသည် ၇၃၃၇ ယောက်ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသူ၊ ကျောင်းသား ၂၃၇၅ ယောက်ရှိသည့် အနက် ရိုးကြီးရွာ ဒုက္ခသည်စခန်းမှ မချိုချိုဝင်းက အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၆ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုကဲ့သို့ အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြု ချီးမြှင့်ပွဲကို ဒုက္ခသည်စခန်းတွင် ဇွန် ၁၇ နံနက် ၈ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

ချာတူးလန် မြန်မာစစ်ကားများ

by Ko Ko Oo on Friday, 27 July 2012 at 13:24 ·

ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။
 
၂၀၀၀ ခုနှစ် ၀န်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ ရုပ်ရှင်ကောင်းတခု၏ ရသ သာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကိုလေးစားမိကြသည်။

၂၀၁၂ လန်ဒန် အိုလံပစ်


၂၀၁၂ လန်ဒန် အိုလံပစ်ကွင်းဖွင့်ပွဲတွင် မြင်တွေ့ရသော မြန်မာနိုင်ငံ ကိုယ်စားပြုအသင်း-

ဇူလိုင် ၂၇၊လန်ဒန်၊ @ Getty Image

ထိုင်းပြည်သူ့ရဲတွေတင်လာတဲ့ ကားကို မုတ်စ်လင်စစ်သွေးကြွတွေ ဗုံးနဲ့ဖောက်ခွဲဖျက်စီး


ဇူလိုင် ၂၅ရက်နေ့ကထိုင်းပြည်သူ့ရဲတွေတင်လာတဲ့
ကားကို မုတ်စ်လင်စစ်သွေးကြွတွေက လမ်းပေါ်ရပ်ထားတဲ့
ကားတစ်စီးမှာထောင်ထားတဲ့ဗုံးနဲ့ဖောက်ခွဲဖျက်စီးပြီး ကားထဲမှာပါလာတဲ့ရဲဝန်ထမ်းတွေကို သေနတ်တွေနဲ့
ပစ်တဲ့အတွက်ပြည်သူ့ရဲငါးဦး အခင်းဖြစ်ရာတွင်ကျဆုံးပြီး
တစ်ဦးဒဏ်ရာရသွားပါတယ်။

Thai security personnel inspect the site of a roadside bomb blast in Southern Thailand's Yala province July 25, 2012. Five policemen were killed and one injured on patrol while providing security for teachers in the province, police said. REUTERS/Surapan Boonthanom (THAILAND - Tags: CRIME LAW CIVIL UNREST TPX IMAGES OF THE DAY) REUTERS

Friday 27 July 2012

ဆက်လက်ဖြန့်ဝေပေးပါရန်(၂၅.၇.၂၀၁၂နေ့ ထွန်စက်အောက်သို့ ၀င်ရောက်၍လယ်ယာမြေအတွက်အသက်ပေးထွန်တုံးတိုက်ပွဲဝင်သော လယ်သမားသုံးဦးမှ ဦးတု

by U Min Min on Thursday, July 26, 2012 at 12:10pm ·

မိတ္ထီလာမြို့

ပြည်သူ့အကျိုးဆောင်ကွန်ရက်

သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ် ၊ ဒုတိယ၀ါဆိုလဆန်း (၇) ရက်နေ့

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်

(၂၅.၇.၂၀၁၂)

မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မလယ်ယာမြေ အသိမ်းခံထားရသောတောင်သူများ

ယနေ့ ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲနေခြင်း


မြန်မာပြည်အလယ်ပိုင်းဒေသ မိတ္ထီလာခရိုင်မှာ လယ်ယာမြေဆုံးရှုံးမှုတွေနဲ့ပါတ်သက်ပြီး အငြင်းပွားမှုတွေ ၊ ပြဿနာဖြေရှင်းမှုတွေဖြစ်နေတယ်။ ဖြစ်နေတာတွေက သိရသလောက်ဆိုရင် လယ်သမားတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ ၊ ဓါးမဦးချပိုင်မြေ ၊ မူလလက်ငုတ်လက်ရင်းပိုင်မြေ ဆိုတာတွေနဲ့ သူတို့လယ်ယာမြေတွေကို သူတို့ရပိုင်ခွင့်အတွက် သက်ဆိုင်ရာသို့ ၇-လပိုင်းမှာ စာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုင်ကြားမှုတွေကို သက်ဆိုင် ရာက အကြောင်းပြန်မှု ဖြေရှင်းပေးမှုမရှိတဲ့အတွက် မိတ္ထီလာ ၊ သာစည် ၊ ၀မ်းတွင်း ၊ မလှိုင် လေးမြို့နယ်စလုံး ပူးပေါင်းပြီးတော့ လယ်သမားများသည် သူတို့ရဲ့လယ်ယာမြေများကို တရားမျှတစွာနဲ့ ပြန်လည်ရရှိရေးအတွက် ၁၁.၇.၂၀၁၂. ရက်နေ့မှာ စပြီးတော့ ထွန်တုံးတိုက်ပွဲ စတင်ခဲ့ပါတယ်။

ဆည်ကြောင့်ရေနှစ်မြုပ်မည့် ရွာ ၂၃ ရွာက အိမ်ခြေ ၁၈၀၀ နီးပါး ပြောင်းရွှေ့နေထိုင်ဖို့



အထက်ပေါင်းလောင်းဆည် စီမံကိန်းပြီးစီးတော့မှာဖြစ်ပေမယ့် ဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမယ့် ရွာပေါင်း ၂၃ ရွာက
ဒေသခံပြည်သူ ၈၀၀၀ (ရှစ်ထောင်) ကျော်ကတော့ လုပ်ကိုင် စားစရာမြေနေရာတွေ မရရှိသေးသလို ဆုံးရှုံးရမည့် သူတို့ရဲ့ ဥယာဉ်ခြံမြေတွေ အတွက်လည်း နစ်နာကြေးတွေ မရရှိကြဘူးလို့ သိရပါတယ်။

နေပြည်တော်ကို လျှပ်စစ်ဓါတ်အားပေးဖို့အတွက်ဆိုပြီး ပျဉ်းမနားမြို့ အရှေ့တောင်ဖက် နေပြည်တော်နဲ့ ကီလိုမီတာ ၅၀ ခန့်အကွာမှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်ဆည် ရေကာတာစီမံကိန်းကို ၂၀၀၅ ခုနှစ်ကတည်းက ဥရောပ နဲ့ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေနဲ့
မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်နေတာ အခုဆို ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ယခုထွက်ပေါ်လာမည့် ဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုများေ ကြညာရန် ထည့်သွင်းထား


ယခုလွှတ်တော်အစည်းအဝေးအတွင်းအတည်ပြုနိုင်ဖွယ်ရှိသည့်အဂတိ
လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင်ဝန်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန်
ထည့်သွင်းရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ပြော
ကြားချက်အရသိရသည်။
“အခုပြဌာန်းမယ့်anti-corrruption Law အဂတိလိုက်စားမှုတားမြစ်ရေး
ဥပဒေကိုပြည်သူ့လွှတ်တော်မှာတင်ထားတယ်ပြည်ထောင်စုမှာ တင်တာတော့
လာဘ်ပေးလာဘ်ယူဥပဒေပေါ့ ဒီဥပဒေနှစ်ခုမှာပစ္စည်းပိုင်ဆိုင်မှုနဲ့ပတ်သက်
ပြီးသက်ဆိုင်ရာက လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအတွက်တာဝန်ရှိတဲ့
ညွှန်ကြားရေးမူးချုပ်က notic စာပေးနိုင်တယ်ဆိုပြီးပါတယ်။အဲဒီ nitic ပေး
တဲ့အပိုင်းကို ဥပဒေပြဌာန်းပြီးဆောင်ရွက်လိုက်ရင် တစ်လောက ၀န်ကြီးဦးစိုးသိန်းပြောတဲ့ ပိုင်ဆိုင်မှုတွေကြေညာနိုင်ဖို့ကတော့ဖြစ်လာမှာပါ” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းတင်သွင်းထားသူ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

ကချင်နှင့်အစိုးရ ပဋိပက္ခကြောင့် အမျိုးသမီးနှင့် ကလေးများ အနာဂတ် စိုးရိမ်ရဟု KWAT ပြော


ကချင်ပြည်နယ်တွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ပွဲဖြစ်ပွားချိန် အမျိုးသမီးနှင့် ကလေးများသည် စစ်ဒဏ်များကိုပို၍ရင်ဆိုင်နေရကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT ကပြောသည်။

အစိုးရထိုးစစ်များကြောင့် တိုက်ပွဲဖြစ်ပွားချိန် အမျိုးသမီးများ ၆၀ ခန့်သည် အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှုခံခဲ့ရကြောင်း သိရသည်။

ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အမျိုးသမီးများသည်လည်း အစိုးရတပ်ဖွဲ့၏ လက်နက်များဖြင့် ပစ်ခတ်ခြောက်လန့်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများ ယိုယွင်းမှုဖြစ်လာကြောင်း ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။

မချိအောင်ကိုခံစားရတယ်..


မန္တလေးမြို့စားသောက်ဆိုင်တစ်ခုရှေ့ပလက်ဖောင်းပေါ်တွင် တောင်းရမ်းစားသောက်သူကလေးငယ်တစ်ဦး လက်ထဲတွင်ပိုက်ဆံအချို့ကိုကိုင်၍အိပ်ပျော်နေသည်ကို မေလ ၃၀ ရက်နေ့ ၂၀၁၂ ညက တွေ့ရစဉ်...
ဒီပုံလေးကိုမြင်လိုက်တာ ရင်ထဲမှာမချိအောင်ကိုခံစားရတယ်...ကျွန်တော့မျက်လုံးတွေမှာမျက်ရည်ဝဲမိတယ်ဗျာ...ဒီလိုလူမမယ်အရွယ်လေးတွေ ဘဝကိုအရွယ်နဲ့မလိုက်အောင် ဒီလိုရင်ဆိုင်ကျော်ဖြတ်နေတာဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ...

Thursday 26 July 2012

ကချင် ငြိမ်းချမ်းရေး ဆန္ဒပြမည့် အစီအစဉ် ရပ်ဆိုင်းလိုက်ရ


by Mizzima - News in Burmese on Thursday, July 26, 2012 at 8:22pm ·

ဖနိဒါ | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ်၊ကြံ့ခိုင်ရေးပါတီဝင်အမျိုးသမီးများဦးဆောင်၍ မြစ်ကြီးနားမြို့တွင်
ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး လိုလားကြောင်း ဇူလိုင်လ ၂၈ ရက်နေ့မှာ အဆိုပါ ကချင် အမျိုးသမီးများက လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည်မှု စီစဉ်ထားခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
“တကယ့် မိခင်ရင်း စိတ်ဓါတ်နဲ့ ဘာပဲဖြစ်ဖြစ် ကျမတို့ ထွက်မလို့ပဲ။ သိတဲ့အတိုင်း ကျမတို့ကို သတင်းအမျိုးမျိုး ပြောနေကြလို့။ကျမတို့ကမျိုးချစ်စိတ်ဓါတ်မရှိလို့ ပြောင်းပြန်လုပ်သလိုလို
ပြောနေကြတယ်။ ကျမတို့က ပင်လုံကတိ တည်ပါစေဆိုတာမျိုးတွေ ထပ်တောင်းဆိုဖို့ စီစဉ်ထားတာကို ခုတော့သတင်းဗြောင်းပြန်ဖြစ်လို့ရပ်ထားလိုက်တာ”ဟု ဒေါ်ဂျာခေါန်က
ပြောသည်။

အုပ်ချုပ်ရေးပိုင်းမှာ အောက်ခြေလူထုရွေးချယ် တင်မြှောက်တဲ့ အမျိုးသမီးတွေ အခွင့်အရေး ဆွေးနွေး

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ
မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးအဆင့်တွေ အတွက် ပြည်သူလူထုက
ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိမရှိဆိုတဲ့
မေးခွန်းကို ဖလုံဆဝေါပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။

လက်တွေ့အခြေအနေမှာ အမျိုးသမီးတွေရဲ့အခွင့်အရေး တန်းတူ
ရပိုင်ခွင့်ဟာ အားနည်းနေသေးတာကြောင့် ဒီမေးခွန်းကို လွှတ်တော်မှာ တင်ပြရတာဖြစ်တယ်လို့ ဒေါ်နန်းဆေအွာက RFA ကိုပြောပါတယ်။

ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့မှ မြန်မာနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်သွားဖို့

တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စု ထောက်ခံ



နေပြည်တော် (မဇ္ဈိမ) ။       ။ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေး အတွက် တိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုကို ထောက်ခံပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကွတ်ခိုင် မြို့နယ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ အဆိုကို ပါဝင်ဆွေးနွေးခြင်း ဖြစ်သည်။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်


ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ သူရ ဦးရွှေမန်းဆွေးနွေး



The Voice Weekly ၊နေပြည်တော်၊ ဇူလိုင် ၂၆

ယနေ့ မွန်းလွဲ တစ်နာရီတွင် စတင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး န၀မ မြောက်နေ့တွင် ထူးခြားမှု အဖြစ် ဇလွန် မဲဆန္ဒနယ်မှ ဦးတင်ထွဋ် အဆိုတင်သွင်းထားသော "လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများအား နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၀င်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်ထွဋ် တင်သွင်းထားသော ယင်းအဆိုကို ၀င်ရောက်ဆွေးနွေးသူ ကိုယ်စားလှယ်ပေါင်း ၄၅ ဦးရှိရာ ပြည်ထောင်စု လွှတ်တော်၏ ဆွေးနွေးမှုများတွင် ကိုယ်စားလှယ် ဦးရေ များပြားမှုစံချိန်တင် ရမည့် အဆိုဖြစ်သည်။

ကချင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကော်မရှင် စတင်စစ်ဆေးနေ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၀ မိနစ်
ချင်းမိုင်(မဇ္ဈိမ) ။ ။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားခဲ့စဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေသည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။
ဦးစစ်မြိုင် အပါအဝင် ကော်မရှင် အဖွဲ့ဝင် နှစ်ဦးက ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်၍ ကော်မရှင်သို့ တိုင်တမ်းထားသော အစိုးရတပ်မှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှု နှစ်မှု၊ KIO မှ တပ်သားသစ် စုဆောင်းမှုနှင့် အမျိုးသမီးများ စော်ကားမှု စသည့် အမှုလေးမှုအား အင်္ဂါနေ့က စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“လေးမှုလုံးကို စစ်ပါတယ်။ သက်သေတွေ သက်ဆိုင်ရာ ရွာက လှမ်းခေါ်တယ်။ လူတွေ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ။ တပ်သားသစ်စုဆောင်းတာ ချိုးဖောက်မှုတွေ ရှိပါတယ်။ ဒါတွေက မှန်ပါတယ်။ နှစ်ဖက်စလုံး ချိုးဖောက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

သိမ်းယူထားသော လယ်မြေများတွင် လယ်သမားအယောက်(၄၀)ကျော်တို့ ယနေ့ စတင်ထွန်ယက်နေပြီ

သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားအနီး အမှတ်(၁)စစ်ဗျူဟာရေယာဉ်စုမှ သိမ်းယူထားသော လယ်မြေများတွင် ဦးဝင်းချို ဦးဆောင်သော လယ်သမားအယောက်(၄၀)ကျော်တို့ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် စတင်ထွန်ယက်နေပြီဖြစ်ကြောင်း ဦးဝင်းချိုက 7Day News သို့ ပြောကြားသည်။

ယင်းလယ်သမားများအား အမှတ်(၁)စစ်ဗျူဟာရေယာဉ်စုမှ တပ်မတော်သားအယောက်(၃၀)ကျော် စောင့်ကြပ်လျက်ရှိပြီး ဦးဝင်းချို ဦးဆောင်သော လယ်သမားများက ၄င်းတို့အား ဖမ်းဆီးလျှင်လည်း ကျန်လူများဖြင့် ဆက်လက်ထွန်ယက်မည်ဟု ဆိုသည်။

နှလုံးလှပင်လယ်ကုသိုလ်ဖြစ်ဆေးခန်း မန္တလေးအတွက် အလှူငွေများလာရောက်လှူဒါန်း


15-3-2012နေ့မှ ယနေ့ 25-7-2012နေ့ထိ နှလုံးလှပင်လယ်ကုသိုလ်ဖြစ်ဆေးခန်း မန္တလေးအတွက် အလှူငွေများလာရောက်လှူဒါန်းကြသော အလှူရှင်များစာရင်းကို ဖော်ပြပေးလိုက်ပါသည် .....
ခွန်လဲ့သူ မဟာမြိုင် ငါးထောင်ကျပ် ။ ဦးခင်မောင်ဆွေ ဒေါ်မြင့်မြင့်အေး ဖိုးရေချမ်းပဲခွဲစက် ငါးသောင်းကျပ် ။ ဦးဇော်ထွန်း ဒေါ်ဝင်းမာ သံရောင်းဝယ်ရေး ပုလင်းဝင်း သုံးသောင်းကျပ် ။ ဦးလှမင်း ဒေါ်သန်းသန်းဌေး ဇောတိကသစ်စက် သုံးသောင်းကျပ် ။ ဦးဌေးအောင် ဒေါ်လှလှ ကျော်ဇင်ထက်သစ်စက် သုံးသောင်းကျပ် ။ ဦးဇော်ဝင်း ဒေါ်နွယ်နွယ်ဦး တက်နေဝန်းသစ်စက် သုံးသောင်းကျပ် ။

ကျောက်ထုသမားတစ်ယောက်ဟာ ကျောက်တုံးတစ်တုံးကို အချက်ကျကျထုနေတာ အခါ ၁ဝဝရှိသွားခဲ့ပြီ။ ကျောက်တုံးက ဘာမှဖြစ်မသွားသေးဘူး။ ဒါပေမယ့် အချက် ၁ဝ၁ချက်ထုလိုက်တဲ့အချိန်မှာ ကျောက်တုံးဟာ နှစ်ခြမ်းကွဲသွားခဲ့တယ်။
ဒါဟာ ၁ဝ၁ချက်ကြောင့် ကျောက်တုံးကွဲသွားခဲ့ရတာမဟုတ်ဘူး
ရှေ့က ၁ဝဝချက်ထုထားတဲ့ဒဏ်ကြောင့် ကျောက်တုံးကွဲသွားတာဖြစ်တယ်

ကြိုးပမ်းမှုတော်တော်များćားမှာ အကျိုးရလဒ်ကို ချက်ချင်းမခံစားရပါဘူး။
စိတ်ရှည်သည်းခံစိတ်နဲ့ ဇွဲဆိုတာလည်း လိုအပ်သေးတယ်။
.

မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ

2012-07-25
ထိုင်း မလေးရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) ဦး ညဆိုင်း အလုပ်ကနေ အဆောင်အပြန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေက ဒီကနေ့ မနက် ၃ နာရီ ၄၅ မိနစ် လောက် မှာ သေနတ်နဲ့ ပစ်ခတ်လို့ မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အသက် (၂၆) နှစ်အရွယ် စံပယ်ဖြူ (ခေါ်) မအိစန်နဲ့ အသက် (၂၈) နှစ် အရွယ် ကိုအောင် (ခေါ်) ကိုအောင်သက်ဖြိုးတို့ နှစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ထွန်းကတော့ ဆုံခရာ ဆေးရုံကြီးမှာ ဆေးဝါးကု နေရတယ်လို့ သိရပါတယ်။

အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ.....


မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ် သမန်းရင်း ရွာသား ဦးရဲဝင်းဟာ ရွာဘုန်းတော်ကြီးကျောင်းမှာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေ တိုင်ပင်ပြီးနောက် မော်တော်ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် လမ်းခုလတ်မှာ ဓားနဲ့ ၀ိုင်းခုတ် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သက်သေတစ်ဦးက RFA ကို ပြောပါတယ်။

၈၈မျိုးဆက် ကိုမင်းကိုနိုင်က နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံတဲ့အခါ ဘာတွေကို အဓိကထားဆွေးနွေးသွားမလဲ


၈၈မျိုးဆက် ကိုမင်းကိုနိုင်က နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံတဲ့အခါ ဘာတွေကို အဓိကထားဆွေးနွေးသွားမလဲဆိုတာ The Street View ဂျာနယ်ကို အခုလိုပြောပြခဲ့ပါတယ်။

“အဓိက အပိုင်းကတော့ဗျာ ငြိမ်း ချမ်းရေးဆိုတာ အဓိကပေါ့။ သမ္မတ ကြီးဆိုတာ အုပ်ချုပ်ရေးအာဏာမှာ အမြင့်ဆုံးပဲ။ အခုဟာက ဥပဒေတွေ ဘယ်လိုပဲပြဋ္ဌာန်းပြဋ္ဌာန်း၊ နည်းဥပဒေ တွေနောက်က ဘယ်လောက်ပဲလိုက် လိုက်၊ အုပ်ချုပ်ရေးယန္တရားကြီးက ခေါက်ရိုးကျိုးနေတယ်ဗျ။ အတက် အဆင်းမပြုရင်ဘာမှ မလုပ်ရဲဘူး။

Wednesday 25 July 2012

Student Pass လျှောက်ခြင်းနှင့် ပတ်သက်၍

အရင်က မြန်မာတွေဟာ Poly တက်ဖို့သာ အဓိက အာရုံစိုက်နေခဲ့ကြပေမယ့် ၁၉၉၀ ပြည့်နှစ်များရဲ့ နှောင်းပိုင်းကစလို့ Secondary ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အပြင်ပုဂ္ဂလိကကျောင်းတွေမှာလည်း ပညာသင်ကြားလာကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေ၊ လူခံကောင်းကောင်းရှိသူတွေက ကလေးငယ်တွေကို Secondary က စပြီး စင်ကာပူပညာရေးနဲ့ ရင်းနှီးစေခဲ့ကြပါတယ်။ တကယ်လို့ ကလေးငယ်တွေကို Primary ဒါမှမဟုတ် Secondary ကျောင်းလာတက်စေချင်တယ်ဆိုရင် ပြည်တွင်းအောင်လက်မှတ်တွေနဲ့တကွ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းကို တင်ပြရပါတယ်။ ကျောင်းကလက်ခံတဲ့အခါမှာ အင်္ဂလိပ်စာနဲ့ သင်္ချာကို ဝင်ခွင့်ဖြေရပါတယ်။ (တချို့ကျောင်းတွေကတော့ သိပ္ပံဘာသာတွဲကိုလည်း ဖြေခိုင်းပါတယ်) အဲဒီအဖြေပေါ်မူတည်ပြီး ဘယ်အဆင့်က စတက်ရမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီနောက်တော့ Student Pass လျှောက်ထားပေးပါတယ်။ အဲဒီနောက်မှာတော့ စင်ကာပူ ပညာရေးရေစီးကြောင်းတလျှောက် တဆင့်ပြီး တဆင့်တက်သွားရုံပါပဲ။

မြစ်သားမြို့နယ် လူထု ဆန္ဒဖေါ်ထုတ်။


အစိုးရသစ်လက်ထက် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ဥပဒေ နည်းဥပဒေ များထွက်ရှိပြီးနောက် အထက်မြန်မာပြည်တွင် ပထမဦးဆုံးအဖြစ် မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် လူထုမှဆန္ဒဖော်ထုတ်ပွဲတစ်ခုကို ယနေ့ ဇူလိုင်(၂၅)ရက် နံနက် က ပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲသို့ လူအင်အား (၁၀၀)ဦး ပါဝင်သော လူထုက တရားဝင် ခွင့်ပြုမိန့် ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ဖွင့်လှစ်လိုက်သော စမာ ရေလွှဲဆည်ကြောင့် ရေကြီး ရေလျှံ မှု များ အဖြစ်များလာကြောင်း၊ စမာ ရေလွှဲဆည် အနေဖြင့် မြစ်သားမြို့နယ် လူထု အကျိုး ထက် ဆိုးကျိုးအပစ်ကို ပိုမိုရရှိ စေသည် ဟု ယုံကြည်သောကြောင့် ယခုလို ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒ ဖေါ်ထုတ်ပွဲမှ လူထုက CJ Myanmar သို့ ပြောကြားသည်။

အလုပ်သမားများ အခွင့်အရေးဆိုင်ရာ


ဒေါ်ခင်စိုးဝင်း ။ ။ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကနေပြီးတော့ မြန်မာနိုင်ငံကို ကန့်သတ်ထားခဲ့တဲ့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးလိုက်ပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးအနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ။

ဦးအောင်ကြည် ။ ။ ကျနော်တို့ နိုင်ငံအပေါ်မှာ ILO ရဲ့  ကန့်သတ်ချက်က ၁၉၉၉ ခုနှစ်တုန်းကတော့ (၃) ချက်ရှိတယ်။ အဲဒီ (၃) ချက်ကတော့ ကျနော်တို့ကို assistance ပေးဖို့ကိစ္စတွေ - trading, technical assistance တို့။ ဒါမျိုးတွေကို ကန့်သတ်တာပါ။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်မှာ ကန့်သတ်တဲ့အချက်ကြတော့ တခြား နိုင်ငံတွေ၊ ကုလသမဂ္ဂညီလာခံ၊ နောက် Eco Source အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး အပေါ်မှာ မေတ္တာရပ်ခံချက်တွေ ဖြစ်လာတဲ့အခါကြတော့ နိုင်ငံရဲ့  စီးပွားရေးကိုပါ ထိခိုက်စေခဲ့ပါတယ်။ ဒီလို ထိခိုက်စေတဲ့အတွက်လည်း ကျနော်တို့ နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေ ဖြစ်လာခဲ့ပြီးတော့ ကျနော်တို့ နိုင်ငံသားတချို့ ဟာ ပြည်ပနိုင်ငံကိုသွားပြီးတော့ အလုပ်လုပ်ရတဲ့ အနေအထားဟာ အဲဒီအချိန်မှာ ပိုပြီးတော့ ထင်ထင်ရှားရှား ကျယ်ကျယ်ပြန့်ပြန့်ပြီး ဖြစ်လာတယ့်သဘောမျိုး ဖြစ်ပါတယ်။ 

ဖေ့စ်ဘွတ်ပေါ်မှ မှတ်သားဖွယ် ကောမ်မန့် တချို့

  • Tu Aung
    မင်းပြောဒါနည်းလမ်းကျတယ်။မင်းလိုဆွေးနွေးဒါသိပ်ကောင်းတယ်။ ဒါပေမယ် မင်းမသိသေးဒါတွေနည်းနည်းပြော ပြချင်တယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့အစိုးရဟာ အရေးကြီးဆုံး ပဲ။ မင်းပြောတယ်ကိုယ့်ဟာကိုယ့်စီးပွားရေးမကောင်းဒါကို နိုင်ငံကိုပုန်ချ ပြီး ပြည်တွင်းကပညာတတ်တွေနိုင်ငံခြားသွားကြတယ်ဆိုဒါ။ ဟုတ်ပြီအဲဒါဆို ကျွှန်တော်ပြောပြမယ် နိုင်ငံတော်အဆိုးရရဲ့ကျောင်း ပညာဘွဲ့တွေရထားပြီး အလုပ်အကိုင်မရဒါ၊ ရရင်လည်းရသင့်တဲ့လစာမရဒါဘာကြောင့်လဲ။ နောက်တစ်ခု တိုးတက်တဲ့နိုင်ငံသားတွေဟာ ကျွှန်တော်တို့ နိုင်ငံသားတွေထက်ပိုပြီးစည်းကမ်းရှိဒါ ပါကြောင့်လဲ၊ ဒီနှစ်ခုကိုပဲပြောဦးမယ်။ ကျွှန်တော်ပြောပြမယ်၊ တိုးတက်တဲ့နိုင်ငံ ဘယ်နိုင်ငံမဆို သူ့နိုင်ငံရဲ့ဘွဲ့ရထားပြီဆိုရင် အနည်းဆုံးလစာဘယ်လောက်ဆိုဒါ ထိုက်ထိုက်တန်တန်ရတယ်။ နောက်ပြီးတော့ အလုပ်လည်း အဆင်သင့်ရှိတယ်။

ဖေ့စ်ဘွတ်ပေါ်မှ မှတ်သားဖွယ် ကောမ်မန့်များ

ပင်လုံ စာချုပ်အကြောင်းတွေပါ။

မူရင်း ဒီမှာ ၀င်ဖတ်ပါ

  • Yan Aung အပေါ်ကလူအားလုံးကို လေ့လာဖို့ ကျွန်တော် ပင်လုံစာချုပ် မူရင်းကို တင်ပေးပြီးသားပါ..။ အဲဒီထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူထားတဲ့ အချက်တွေကို သေသေချာချာချာ ဖတ်ကြည့်ကြပါ..။ အခု မြန်မာဘာသာပြန်ထားတာပါ..။ သူတို့ ဘယ်လိုသဘောတူထားတယ်..။ ဘာ့ကြောင့် တိုက်ပွဲတွေ ဖြစ်နေရသလဲဆိုတာ..။

    ဗိုလ်ချုပ် သဘောတူထားတာက ဖက်ဒရယ်ပြည်ထောင်စု.. အခု စစ်တပ် အဆက်ဆက် အုပ်ချုပ်လာတာက သက်ဦးဆံပိုင် ..အချုပ်အခြာအာ ဏာဆိုတဲ့ စကားသုံးလာတဲ့ ပြည်ထောင်စု..။ ပြည်ထောင်စုခြင်းမတူဘူး.။ ဗိုလ်ချုပ်က တိုင်းရင်းသားအားလုံးကို ကတိပေးခဲ့ပြီးသား ဖဒရယ်စနစ်နဲ့ ဒီမိုကရက်တစ်ပြည်နယ်တွေအဖြစ် အကျိုးခံစားခွင့်ပေးမယ်လို့.။

နိုင်ဂျီးရီးယားဘော့စ်တစ်ဦး မယားငါးယောက်၏မုဒိန်းကျင့်ခံရ၍ သေဆုံး



ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က အူရိုကို အိုနာကျို အမည်ရ နိုင်ငံဂျီးရီးယားစီးပွားရေးနှင့် လူမှုရေးကုသိုလ်ရှင်သည် မိမိ၏ ခြောက်ယောက်မြောက် အငယ်ဆုံးဇနီးနှင့် အတူအိပ်စဉ် အခြားဇနီး ငါးယောက်က အခန်းတွင်းဝင်ရောက်လာပြီး မိမိတို့ကိုလည်း တူညီသော ချစ်စည်းစိမ်မျှဝေပေးရန် တောင်းဆိုကြလေသည်။

အိုနာကျိုက မိမိအားအင်ကုန်ခမ်းနေ၍ မတတ်နိုင်ကြောင်းပြောသော်လည်း ဖနီးသည်များက လက်မခံပဲ ဓါးအသီးသီးပြ၍ ခြိမ်းခြောက်လေသည်။

အိုနာကျိုသည် ဇနီးသည်တို့၏ဆန္ဒကို တစ်ဦးချင်းစီ ဖြည့်ဆည်းပြီး ငါးယောက်မြောက်ဇနီးအလှည့်တွင် မေ့မြှောပြီး အသက်ထွက်လေတော့သည်။

ပြည်သူ့အသံ


စစ်ပွဲဆိုတာမရှိတော့ရင် စစ်သားဦးရေဟာ ဒီလောက်အများကြီး ထားစရာမလိုတော့ဘူးလေ။ စစ်သားဦးရေကို ၅၀၀၀၀ (ငါးသောင်း) လောက်ပဲလျော့ချကြည့် ဒို့နိုင်ငံဘတ်ဂျပ် ဘယ်လောက်သက်သာ သွားလိမ့်မလဲ။ စစ်သားတစ်ယောက်ကို လစာ+ရိတ်ခါ(ယူနီဖေါင်း)+ ထောက်ပံ့ကြေး+စစ်အသုံးစရိတ်=၅၀၀၀၀ကျပ်ပဲထား စစ်သား၅၀၀၀၀ဆိုရင် တစ်လကို၂,၅၀၀,၀၀၀,၀၀၀(ကျပ်သိန်းနှစ်သောင်းခွဲ)၊ တစ်နှစ်ကို၃၀,၀၀၀,၀၀၀,၀၀၀(ကျပ်သန်းသုံးသောင်း)သက်သာသွားမယ်။ အဲဒီငွေကိုပညာရေးဘက်မှာသာအသုံးချလိုက် ဒို့နိုင်ငံမှာပညာရှင်တွေ နည်းပညာတွေ ဘယ်လောက်တိုးတက်ထွန်းကားလာလိုက်မလဲ။ အာရှမှာမပြောနဲ့ whole worldမှာတောင် ''မြန်မာဟေ့'' လို့လက်မထောင်လို့ ရတယ်။ အဲဒါကို၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ဟာနဲ့ဖျက်ဆီး သွားခဲ့တယ်။ စစ်တပ်ကိုစွက်ဖက်လို့မရအောင် ရေးဆွဲထားခဲ့တယ်။ ဒါကြောင့် ဒီကောင်တွေဟာ တစ်မျိုးသားလုံးအတွက် စက်ဆုပ်ရွံရှာမုန်တီးဖွယ်ရာပဲလို့ ကောက်ချက်ချမိပါတယ်။-(မြတ်နောင်စိုး)
 
· · · 26 minutes aabbr> ·
 

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ



မြန်မာနိုင်ငံက ဆင်တွေ တနှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ် လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့ကထုတ်ဖေါ်ပြောဆို လိုက်ပါတယ်။


ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေကြည့်ဖို့ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဖို့အတွက် ဒီလုပ်ငန်းဖြစ်ထွန်းနေတာလို့ဆိုပါတယ်။

ဒီအကြောင်းကို EFU အဖွဲ့က လျှို့ဝှက်ရိုက်ကူးထားတာ တွေကို မှတ်တမ်း
ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ မှောင်ခိုခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံးဖြစ်တယ် လို့သိရပါတယ်။

ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း

2012-07-24

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ
အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မနေ့က စတင် စုံစမ်းပါတယ်။

အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ စုံစမ်းနေတာ ဖြစ်ပါတယ်။

ကုလားနဲ့ ထဘီစွန်တောင်စွဲပြီး ရန်ဖြစ်နေတုန်း တရုတ်က နောက်က မုဒိန်းကျင့်နေတာကို မသိလိုက်တဲ့ တိုင်းရင်းသူ မိန်းမတစ်ယောက်နဲ့ တူနေပြီဗျ


အင်း .. လန်ဒန်အိုလံပစ်ကြီးနီးလာတာ့ သတိရမိတာက ၂၀၀၈ တရုတ်အိုလံပစ်မှာ အနုပညာအကြံပေး ဒါရိုက်တာအဖြစ် ကမ္ဘာကျော်ဒါရိုက်တာ စတီဗင်စပီးဘတ် ကို တရုတ်အစိုးရက ခန့်အပ်ချိန်မှာ စတီဗင် စပီးဘတ်က ငြင်းပယ်လိုက်တာကိုပါ..။ တရုတ်ဟာ အဲဒါကြောင့် အရှက်ကွဲခဲ့ပါသေးတယ်.။

ဘာ့ကြောင့်ငြင်းပယ်သလဲဆိုရင် ဆူဒန်နိုင်ငံ ဒါဖာဒေသက တိုက်ပွဲတွေကြောင့်ပါ..။ ဆူဒန်နိုင်ငံရဲ့ ရေနံကို စွမ်းအင်လိုအပ်ချက်ပေါ်လစီအရ တရုတ်က နည်းမျိုးစုံသုံးပြီးဝယ်တဲ့နေရာမှာ ဆူဒန်အစိုးရနဲ့ လက်နက်နဲ့ ရေနံနဲ့ လဲလှယ်ခဲ့ပါတယ်..။ အဲဒါကြောင့် ဆူဒန်ပြည်တွင်းစစ်ဖြစ်တော့ စစ်မီးဟာ မပြီးဆုံးနိုင်ပဲ လူမျိုးတုန်းသတ်ဖြတ်မှုများစွာနဲ့ သံသရာရှည်ခဲ့ပါတယ်..။ အနည်းဆုံး လူ နှစ်သိန်းလောက် သေခဲ့ပါတယ်..။

NLD ၏ ပထမဆုံးအဆိုဖြစ်သော "Good Governance ၊ Clean Government အဆိုကို စာဖတ်သူများထံ တပ်လှန့်ခြင်း။

by Yan Aung on Wednesday, 25 July 2012 at 00:25 ·
ဒီနေ့ EMG ရဲ့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်..။ NLD က ၂၅-၇-၂၀၁၂ မှာ တင်သွင်းမယ့် ပထမဆုံး အဆို အကြောင်းပါ..။


ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင်က တင်သွင်းမည့် အဆိုကို ယနေ့ အစည်းအဝေးတွင် မတင်သွင်း ဖြစ်တော့ဘဲ ဇူလိုင်လ ၂၅ ရက်နေ့ အစည်းအဝေးတွင် တွင်သွင်းရန် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။ ရွေ့ဆိုင်းလိုက်ရသည့် အကြောင်းအရင်းမှာ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန်နှင့် နီးကပ်သွား သဖြင့် အချိန်မလောက်င သောကြောင့် ရွေ့ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

ဒီနေ့ တပ်မတော်


မြန်မာပြည်တစ်ပြည်လုံးမှာ ခံစားနေရတဲ့အထူးသတင်းနဲ့ သတင်းအမှန်အကန်ဖြစ်ပါတယ်။

လိုရင်းတိုရှင်း ပြောရရင်စစ်တပ်ဆိုတာလူဆိုးလူမိုက် လူ့ငနွား လူလိုမသိတတ် ခွေးစိတ်ဝင် လူစိတ်ပျောက် လူတွေကိုလူလိုမဆက်ဆံ။ လုပ်တိုင်းဖြစ် ဖြစ်တိုင်းသူတို့လက်ချက် ရဲစခန်းကလည်း စစ်တပ်ဆို ချီးပန်းအောင်ကြောက်။

ဖြစ်စဉ်က ဒီလိုပါ။ အခုလ ၁၈ ရက် ည ၁၁ နာရီခွဲ။ နမ့်ခမ်းမြို့နယ် သပြေ ဧည့်ရိပ်မွန်တွင်လာရောက် တည်းခိုနေသူ ဗိုလ်ဝေမင်းဦး (၁၂/ဒဂမ(နိုင်)၀၂၀၉၇၇) အဖဦးမြင့်အောင် ။ တည်းခိုခန်းပိတ်ချိန်က ည ၁၀ နာရီခွဲ။ ဒီဗိုလ်ပြန်လာတာက ည ၁၁ နာရီ ၄၀ ။ ဗိုလ်ဝေမင်းဦးက တစ်ပွင့် ။ သူ့ဆရာ ကိုကိုဦးက သုံးပွင့်။

တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင်တွေ သိပ်ကြောက်နေ


နိုင်လိုမင်းထက်နဲ့ မတရားမှု ပြုကျင့်တဲ့နေရာမှာ အင်မတန် နာမည်ကြီး လှတဲ့ သျှမ်းပြည်နယ်၊ တောင်ကြီးခရိုင်ရဲတပ်မှူး (ခရိုင် ရဲမင်းကြီး) တစ်ယောက် နေပြည်တော်ကို အစည်းအဝေးတက်ဖို့ သွားတော့မယ် ဆိုရင် ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ရဲမြို့နယ်မှူးတွေ၊ စခန်းမှူးတွေ၊ ရဲကင်းမှူးတွေနဲ့ နယ်ထိန်းအဖွဲ့တွေ ဖိဆီးနှိပ်စက် ခံကြရပါတယ်။

Tuesday 24 July 2012

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တင်ပေးခဲ့သော တာမွေဒီချုပ်ဆိုင်းပုဒ်ကို ရိုက်ခွဲခဲ့သူအား ပြန်လည်ကျေအေး...


ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 24 Jul, 2012


တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ခဲနှင့်ရိုက်ခွဲခဲ့သော ကာယကံရှင်အား ဒီချုပ် (NLD)က တရားစွဲဆိုခဲ့သည့်အမှုအား ယနေ့ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျေအေးလိုက်ပြီဖြစ်သည်။
အဆိုပါ ဆိုင်းဘုတ်ကို ဇွန်လ ( ၅ )ရက်နေ့နံနက် (၇) နာရီတွင် ကိုသီဟလှိုင်မှ ခဲနှင့်ရိုက်ခွဲလိုက်ခြင်းဖြစ်ကာ NLD က တာမွေရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“သူရဲ့တောင်းပန်မှု၊ ၀န်ချမှုအတွက် ကျွန်တော်တို့လူကြီးများက ပြည်သူတစ်ယောက်ဝန်ချမှုအတွက် ပြည်သူ တွေအပေါ် ဘယ်လိုကူညီရမလ၊ဲ ပြည်တွေအတွက် ဘာလုပ်ပေးရမလဲဆိုတဲ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ကျေအေးပေးပါတယ်။ ဒီပြစ်မှုအပေါ်မှာလည်း ကျွန်တော်တို့ လက်ခံ ပါတယ်။” ဟု ဒီချုပ်ပါတီ တာမွေမြို့နယ် ဥက္ကဌ ဦးလှသိန်းက ပြောသည်။