ခန္ဓာကိုယ်၊ ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယဟုခေါ်သည့် အင်္ဂါရပ်က သွေး တွင်းရှိ အချိုဓာတ်အား ထိန်းချုပ်သည်
့
အင်စူလင်ဟော်မုန်းဓာတ်အား ထုတ်ပေး လျက်ရှိရာ အင်စူလင်ထုတ်ပေးမှု
မလုံလောက်မှု သို့မဟုတ် ခန္ဓာကိုယ် ကလာပ် စည်းများ၊
အင်စူလင်အသုံးချခြင်းဆိုင်ရာ ချို့ယွင်းမှု တို့ကြောင့် သွေးတွင်း သကြား
ဓာတ် လွန်ကဲလာကာ ဆီးချိုရောဂါကို ဖြစ်ပေါ်စေသည်။
ယေဘုယျအားဖြင့် ဆီးချိုရောဂါအမျိုးအစား(၁)နှင့်
အမျိုးအစား(၂)ဟူ၍ ရှိကြရာ အမျိုးအစား(၁)မှာ ကလေးများနှင့်
အသက်ငယ်သူများတွင် အဖြစ်များပြီး အင်စူလင်ထုတ်ပေးသည့် ပန်ကရိယရှိ
ကလာပ်စည်းများ ပျက်စီးမှုကြောင့်ဖြစ်ကာ အသက်ဆက်လက်ရှင်သန်ရေးအတွက် ပြင်ပမှ
အင်စူလင်ကို လိုအပ်ပေသည်။ ဆီးချိုရောဂါအမျိုးအစား(၂)မှာမူ
ပန်ကရိယ က အင်စူလင်ထုတ်ပေးပါလျက်နှင့် ခန္ဓာကိုယ်ကလာပ်စည်းများက
သုံးစွဲနိုင် စွမ်းကို ခုခံခြင်းကြောင့်ဖြစ်၍ ထိုလူနာများ အတွက်
အင်စူလင်ပြင်ပမှ တစ်ခါတစ်ရံသာ လိုအပ်သော်လည်း လက်တွေ့အား ဖြင့်
စားဆေးများလိုအပ် ပေသည်။ အထိရောက်ဆုံး ကုသနည်းကတော့ အစား အသောက်ဆင်
ခြင်ခြင်းနှင့် ကိုယ်ကာယလှုပ်ရှားမှုပြုလုပ်ခြင်းတို့ဖြစ်သည်။
ကမ္ဘာ အနှံ့ ဆီးချိုရောဂါခံစားနေရသူ သန်းပေါင်း ၃ဝဝ ကျော်ခန့်အနက် ၉ဝ
ရာခိုင်နှုန်းမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဝေဒနာရှင်များ ဖြစ်ကြသည်။
ဆီးချိုရောဂါအမျိုးအစား (၁)ရော အမျိုးအစား(၂)ပါ အန္တရာယ်ကြီးမားသော
ရောဂါများဖြစ်ကြသည်။ တတိယအမျိုးအစားမှာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ် တတ်သည့်
ဆီးချိုရောဂါဖြစ် သည်။ ယခင်ဆီးချိုရောဂါမရှိခဲ့သည့် ကိုယ်ဝန် ဆောင် များ၏ ၎
ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ခံစားရပြီး
ရောဂါလက္ခဏာပြသမှု နည်းပါးကာ မီးဖွားချိန်၌ ဆီးချိုရောဂါ အလို အလျောက်
ပျောက်ကွယ် သွားတတ်သော်လည်း နောင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလားအလာ
ပိုများကြောင်း လေ့လာတွေ့ရှိရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ဆီးချိုဝေဒနာရှင်
သန်းပေါင်း ၃ဝဝ ကျော်ခန့်ရှိရာမှ ထိရောက် သည့် ဟန့်တားမှု မပြုလုပ်ပါက ၂ဝ၃ဝ
ပြည့်နှစ်တွင် သန်းပေါင်း ၄၅ဝ အထိ တိုးပွား လာနိုင်ကြောင်း သိရှိရသည်။