Sunday 22 July 2012

မွန်လူမျိုးများကို နိုင်ငံသားစီစစ်ရေးကတ်ပြားများတွင် မွန်မြန်မာဟုဖော်ပြခံရ

by Naw Kareng on Sunday, 22 July 2012 at 23:30 ·
မင်းတော်လဝီ- မွန်ပြည်နယ်အတွင်းရှိ နိုင်ငံသားစီစစ်ရေးပြုလုပ်သည့် မွန်လူမျိုးများ နိုင်ငံသားစီစစ်ရေးကတ်/မှတ်ပုံတင်ကတ် ပြုလုပ်ရာတွင် မွန်-မြန်မာ လူမျိုးအဖြစ် ဖော်ပြခံနေရသည်ဟု ဒေသခံများကပြောသည်။

ရန်ကုန်တိုင်း ပဲခူးမြို့ရပ်ကွက် ၁၉ မှ မွန်လူငယ်တဦးက ၁၈ နှစ်ပြည့် နိုင်ငံသားကတ် သွားလုပ်တော့ မွန်စစ်စစ် ဖြစ်တဲ့အကြောင်း မွန်စစ်စစ်မိဘနှစ်ပါးရဲ့ နိုင်ငံသားကတ် ကိုပြတာလည်း မွန်လို့ပြောင်းမပေးဘူး မှတ်ပုံတင်ကို မယူခြင်လဲနေလို့ ပြောတဲ့အတွက် ဒီအတိုင်း ယူခဲ့ရတယ်ဟု ပြောသည်။


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင်လည်း အလားတူဖြစ်နေကြောင်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဒေသခံ တဦးက ပြောသည်။

၎င်းက ကျနော့်သမီးလေး ၁၂ နှစ်ပြည့်လို့ နိုင်ငံသားကတ် သွားလုပ်တော့ ကျနော်လည်း မွန်လူမျိုး ဇနီးသည်လည်း မွန်လူမျိုးပဲ သမီးကိုတော့ မွန်မြန်မာလို့ မှတ်ပုံတင်မှာ ထည့်လိုက်တယ်ဟု ပြောသည်။ သို့သော် မွန်ပြည်နယ်ရှိ တချို့ဒေသများတွင်မူ ဗုဒ္ဒဘာသာကို ကိုးကွယ်သည့် မွန်လူမျိုးများကို မှတ်ပုံတင်ကတ် ထဲတွင် ဗုဒ္ဒဘာသာအဖြင့် ဖော်ပြပေးသည်။

ပဲခူး အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှုးကမှု မွန်ဆိုမွန် မွန်မြန်မာဆို မွန်မြန်မာပဲ ရေးဖို့ ဝန်ထမ်းတွေကို သတိပေးထားမယ်ဟု ပြောသည်။
ယခုလက်ရှိတွင် ကရင်လူမျိုးများနေထိုင်ရာ နယ်စပ်ဒေသတလျှောက်ရှိ ဝေးလံခေါင်ဖျားသည့် နေရာများတွင် Norwegian Refugee Council (NRC) နှင့် လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအဖွဲ့တို့ ပူးပေါင်းပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား စီမံချက် ပြုလုပ်နေသည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် နယ်မြေကျွမ်းကျင်သူအဖြစ် လိုက်ပါဆောင်ရွက်ပေးသူ တဦးက နိုင်ငံသားစီစစ်ရေးကတ်ပြားမှာပါတဲ့ လူမျိုးဆိုတဲ့နေရာမှာ ကရင်လူမျိုးကို ကရင်မြန်မာလို့ ရေးထားတာကို တွေ့ရတယ်ဟု ပြောသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြားရှိ မှုလတိုင်းရင်းသား လူမျိုးနောက်တွင် မြန်မာဟု တွဲပြီးဖော်ပြခြင်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခြင်း အဓိပ္ပာယ် သက်ရောက်ကြောင်း လဝကမှုးက ရှင်းပြသည်ဟု ၎င်းကပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မွန်လူမျိုးအများစု နေထိုင်ရာ ရန်ကုန်မြို့ ပဲခူးမြို့ရှိ ဒေသအချို့အပါအဝင် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွှေးကောက်ပွဲ ဝင်ရန် မွန်တိုင်းရင်းသား ဦးရေ စာရင်းကောက်ခံခဲ့သည်။

ယင်းသို့ ကောက်ခံရာတွင် မွန်တိုင်းရင်းသားလူဦးရေ ( ၅၇၀၀၀) ပြည့်မီသည့် ကရင်ပြည်နယ်တွင် အမတ် ၁ ဦးသာရရှိခဲ့သည်။

ကျန်သည့်တိုင်းဒေသများတွင် သတ်မှတ်ထားသည့် လူဦးရေ မပြည့်မီခြင်းသည် မွန်လူဦးရေ အရေအတွက် အမှန်ကို မှတ်တမ်းတင်ခွင့် မရခဲ့ခြင်းကြောင့်ဖြစ်သ်ညဟု မွန်နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သည့် နိုင်တလကောင်းရတ်က ပြောသည်။

မှုရင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ

No comments: