Monday 23 July 2012


"နိုင်ငံတော် အကြီးအကဲတွေက ပြုပြင်ပြောင်းလဲရေး အကြိမ်ကြိမ်
ပြောနေတယ်။ အမူအကျင့်ဟောင်းတွေ အတွေးအခေါ်ဟောင်းတွေ
ပြောင်းဖို့ ပြောနေတဲ့ တချိန်ထဲမှာပဲ ခေါက်ရိုးကျိုးနေတဲ့ နဂို တွေးပုံ ခေါ်ပုံ ကျင့်ကြံပုံအတိုင်း ကျင့်ကြံချင်နေတဲ့ ဒေသဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း တချို့ကြောင့်မို့လို့ နိုင်ငံတော် အကြီးအကဲတွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက်တယ်။ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လမ်းကြောင်းကိုလည်း ထိခိုက်တယ်။" (ကိုကိုကြီး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

(ဓာတ်ပုံ- RFA- နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံသားများရဲ့အခန်းကဏ္ဍ
ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ
စားသောက်ဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ရာမှာ (၈၈) မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဟောပြောနေစဉ်။)

No comments: