Monday 23 July 2012

ရခိုင်ပြည်အမျိုးသားသုခမိန်အဖွဲ့၏ထုတ်ပြန်ကြေငြာချက်

by Wint Thiri Kyaw on Monday, 23 July 2012 at 11:11 ·

စာအမှတ်…၇… နေ့စွဲ.၂၁၊၇၊၂၀၁၂
ဤသုခမိန် အဖွဲ့ကြီးသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့၏ အကျိုးစီးပွား အလို့ငှါ ဖွဲ့စည်းထါးသော
အဖွဲ့ကြီးဖြစ်ပေသည်။ သုခမိန် ဟုညွန်းဆိုသည့်အတိုင်း သူတပါး မမြင်သည်ကို မြင်အောင် ပြရမည်
လုပ်ရမည် ဖြစ်ပေသည်။ ရခိုင်သားတို့၏ အမျိုးသားသုခမိန်ဖြစ်သော ရှင်ငယ် ဦးမြ၀ါ သည်လည်း ဤ
အတိုင်းပင်လျှင် ပြုလုပ်ဆောင်ရွက် ခဲ့လေသည်။
ရခိုင်ပြည် အမျိုးသား သုခမိန် အဖွဲ့ကြီး၏ ခံယူချက်မှာ ရခိုင်ပြည်ကြီးကို ဗမာတို့ မတော်မတရား
သိမ်းယူသော ၁၁၄၆ ခုနှစ်မှ ယနေ့ထိ၎င်း၊ ရခိုင်ပြည်သည် နိုင်ငံတခုမဖြစ်မချင်း၊ ယုတ်စွ အဆုံး ဗမာ
တကျပ် ရှမ်းတကျပ် ရခိုင်တကျပ် မရမချင်း၊ ဗမာနှင့် ရခိုင် သည် စစ်မက် ဖြစ်ပွားနေသည်ဟူ၍
ခံယူသည်။

ကလော့ဇ၀ိဇ်၏ စစ်ပညာ ကျမ်းအရ၄င်း၊ ဇွန်ဇူး၏ စစ်ပညာ ကျမ်းအရ၄င်း၊ မော်စီတုန်၏ စစ်ရေး
လမ်းစည်အရ၄င်း၊ ဗိုလ်သက်ထွန်း၏ တပ်ပုန်းချတိုက်ခိုက်နည်း စစ်ပညာ အရ၄င်း၊ ယနေ့ လက်ရှိ ဗမာ
တို့၏ ဖြတ် သတ် ရပ် ကပ် ပေး ယူ စစ်ရေး နည်းနာ အရ၄င်း ရန်သူကို အလစ်အငိုက် တိုက်ခိုက်ရမည်
ဟုဆိုသည်။ ထို့ပြင် ရန်သူကို အဖက်ဖက်မှ တိုက်ခိုက်နိုင်ရန်နှင့် မိမိ၏ ရန်သူကို လူအများ တိုက်ခိုက်
နိုင်အောင် တိုက်ခိုက်လာအောင် ပြုလုပ်ရမည် နည်းလမ်းပေးရမည်ဟု စစ်ပညာ ကျမ်းတို့၏
အဆိုရှိသည်။
တချို့သော ပုဂ္ဂိုလ်တို့သည် ရခိုင်ပြည်အမျိုးသား သုခမိန် အဖွဲ့ကြီး၏ ဗမာအစိုးအပေါ်
တိုက်ခိုက်သည် ကို ကန့်ကွက်ကြသည်။ ယနေ့ လက်ရှိ ဗမာပြည်၏ အာဏါ အရပ်ရပ်သည် ဗမာ နိုင်ငံ
ရေးသမားများ၏ လက်ထဲတွင် အာဏါမရှိခြင်းသည် အဓိကပြသနာ ဖြစ်သည်။
အာဏါရ ဗမာအစိုးရ အဆက်ဆက်သည် ဗမာလူထုကို တိုင်းရင်းသားတို့ ဆိုးသွန်းယုတ်မာ
လွန်း၍ စစ်တိုက်နေရသည်ဟု ၀ါဒဖြန့် စည်းရုံးမှုမျိုးစုံကို ပြုလုပ်ခဲ့၊ ပြုလုပ်နေ၊ ပြုလုပ်ဆဲ၊ ဖြစ်သည်။
ဗကပ နှင့် ဗမာ အစိုးရတို့ ဖြစ်ပွားသော စစ်ပွဲတွင် ဗိုလ်ချုပ်ကျော်ဇောသည် တောပန်ဇင်း တရွာလုံး ကို
မီးတိုက်၍ လူသတ် ခဲ့သည်ကို ဗမာလူထု သိအောင်၊ ဗမာတို့ကို ရခိုင်သားသည် အဘယ်သော
အကြောင်း ကြောင့် မုန်းရသည့် အဖြစ်မှန်ကို သိအောင်၊ ဗမာသမိုင်း အလိမ်များကို ဗမာတို့သိအောင်
မီးမောင်းထိုးပြသွားမည် ဖြစ်သည်။
ဤသုခမိန် အဖွဲ့ ကြီး၏ ခံယူ ချက်ဖြစ်သော ရခိုင်ပြည်နှင့် ဗမာပြည်သည် ၁၁၄၆ ခုနှစ်မှ
ယနေ့ထိ စစ်ဖြစ်နေသည် ဟူ၍ခံယူသည် ဖြစ်၍ ဗမာအစိုးရအား ထိုင်၍ တိုက်လျှင်လည်း
မှန်သည်။ လား၍ တိုက်လျှင်လည်း မှန်သည်။ စား၍ တိုက်နေလျှင်လည်း တရားသည် ဟုခံယူသည်။
ထို့ကြောင့် ရခိုင်ပြည်၏ အာဏါ အရပ်ရပ်ကို ဗမာတို့ ယူထါးသမျှ ကါလပါတ်လုံး ဤအဖွဲ့ကြီး
သည် ကိုယ်စွန်းကိုယ်စ ညာဏ်စွန်းညာဏ်စ ရှိသမျှကိုသုံး၍ ဗမာအစိုးရကို တိုက်ခိုက်နေမည်
ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပေသည်။
ပုံ
ရခိုင်ပြည်အမျိုးသားသုခမိန်အဖွဲ

 
ကျန်တဲ့တိုင်းရင်းသားတွေလဲရခိုင်ကိုအတုယူကြပါ

No comments: