Thursday 26 July 2012

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ သူရ ဦးရွှေမန်းဆွေးနွေး



The Voice Weekly ၊နေပြည်တော်၊ ဇူလိုင် ၂၆

ယနေ့ မွန်းလွဲ တစ်နာရီတွင် စတင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး န၀မ မြောက်နေ့တွင် ထူးခြားမှု အဖြစ် ဇလွန် မဲဆန္ဒနယ်မှ ဦးတင်ထွဋ် အဆိုတင်သွင်းထားသော "လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများအား နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၀င်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်ထွဋ် တင်သွင်းထားသော ယင်းအဆိုကို ၀င်ရောက်ဆွေးနွေးသူ ကိုယ်စားလှယ်ပေါင်း ၄၅ ဦးရှိရာ ပြည်ထောင်စု လွှတ်တော်၏ ဆွေးနွေးမှုများတွင် ကိုယ်စားလှယ် ဦးရေ များပြားမှုစံချိန်တင် ရမည့် အဆိုဖြစ်သည်။

No comments: