Friday 14 September 2012

မြိတ်မြို့ ၊ မြို့မ ရဲစခန်းမှ စခန်းမှူးအကျင့်ပျက်


မြိတ်မြို့ ၊ မြို့မ ရဲစခန်းမှ စခန်းမှူးအကျင့်ပျက်ရဲအုပ်မြင့်လွင်မွေးထားသော
ဂိုဏ်းဝင်ထဲမှတစ်ချို့ဖြစ်ပါတယ်။ ၄င်းတို့ ဟာရဲအုပ်မြင့်လွင်နှင့်ပတ်သက်မှု
မရှိဘဲဖွင့်ထားတဲ့စားသောက်ဆိုင်များကိုဝင်ဖမ်းခြင်း၊ထီဒိုင်များကိုသတင်းပေး
ခြင်း၊်ဆက်ကြေးမတရားယူခြင်း၊ဖာခေါင်းလုပ်ခြင်း၊ဖာခေါင်းများကိုဆက်ကြေး
ပြန်ကောက်ခြင်း၊စသဖြင့်လုပ်ကိုင်ကြပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်းသို့ ဆက်သွယ် မေးမြန်းချက်.......



ရဲဘော်သုံးကျိပ်ဝင် လည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ ကျန်းမာရေး သတင်းနှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် သတင်းများကို ဗီအိုအေ၊ အာ(ရ)အက်(ဖ)အေ အသံလွှင့်ဌာနများမှ ကြားသိရသည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဖိုးသံချောင်းကို မြန်မာ အင်ဒီပဲန်ဒင့် ဂျာနယ် မှ အီးမေး(လ)ဖြင့် မေးမြန်းခဲ့ပါသည်။ ဖိုးသံချောင်း၏ ဖြေကြားချက်များမှ အချို့ကို စာဖတ် ပရိသတ်များ ဖတ်ရှု အကဲခတ်နိုင်ရန် ကောက်နုတ် ဖော်ပြ လိုက်ပါသည်

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့


Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်းမြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ


Planet Myanmar

  အာရပ်ကမ္ဘာတွင် ပိုမိုဖြစ်ပွားလာလျက်ရှိသည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား သရော်ထားသော ပြကွက် ပါဝင်မှုအပေါ် ဒေါသထွက်ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။

Thursday 13 September 2012

ဘာသာပေါင်းစုံ ဆုတောင်းပွဲ


ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ၊ ဘာသာကြီးလေးခု အပါအဝင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တရပ်ကို ဒီကနေ့ မနက်ပိုင်း က ရန်ကုန် ဗဟန်းမြို့နယ်မှာ ရှိတဲ့ Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအသင်းက ဦးစီး ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဘာသာ အယူဝါဒ အမျိုးမျိုး ကိုးကွယ်ကြတဲ့ ပြည်သူတွေ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့ အဓိက ရည်ရွယ်ပြီး ကျင်းပတာလို့ သိရပါတယ်။

ကော့ကရိတ် ဂေါက်ကွင်း ရဲ့ ..နာမည်ကြီး ကျင်း


ကော့ကရိတ် ဂေါက်ကွင်း ရဲ့ ..နာမည်ကြီး ကျင်း အမှတ်(၃) ရှေ့ မှာ အမှတ်တရ..(8 Sep 2012)

နင်း မိုင်း(မြေမြုတ်မိုင်း) ၂ လုံး ကျန်နေသေးတဲ့ Long Per 5 ကျင်း အမှတ်(၃) ..

ယခင် က KNU နှင့် မြို့ခံ တပ်ရင်း မှ အပြန် အလှန် မိုင်း ထောင် ခဲ့ ကြပြီး .. ယခုနောက်ပိုင်း ပြန် လည် ရှင်းလင်း စဉ် နင်းမိုင်း (၄)လုံး တိတိရှာမတွေ့ ဘဲ ကျန်ရှိခဲ့သည်။အဆိုပါ မိုင်း(၄)လုံး အနက် နွား နင်း မိ၍ (၁)လုံး l တောမီးလောင်၍ (၁)လုံး ကွဲ ခဲ့ ပြီး l ကျန် (၂) လုံး မှာ ယခုတိုင် ရှာမတွေ့ သေး ပါ။

မိန်းမသားဆိုတာ


မိန်းမသားဆိုတာ .. သင်္ကန်းမ၀တ်ဆင်နိုင်ပေမယ့် .. မြင့်မြတ်တဲ့ သင်္ကန်းဝတ်နိုင်သူတွေကိုတော့ .. မွေးဖွားဖန်ဆင်းပေးနိုင်ပါတယ် .. ဒါဟာ လူသားထဲက မြင့်မြတ်တဲ့ မိန်းမသားတွေရဲ့ ဘ၀ပါ .. ယောက်ျားသားများနဲ့ ယှဉ်လျှင် ရွေးချယ်စရာ အခွင့်အလမ်းနည်းပါးခြင်းဟာ စိတ်ဓါတ်ကျစရာ အကြောင်းခံမဟုတ်ပါဘူး .. ။ ပုခက်လွှဲသော လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်သတဲ့.. ။ သည်လိုဆိုလျှင်

ဖမ်းဆီးခံထားရသူတွေရဲ့ အိမ်သားများ ဝေဒနာ


ဖမ်းဆီးခံထားရသည့် မလဲ့လဲ့ဝင်း၊ မဖြူဖြူဝင်းတို့၏ အဒေါ် တူမတွေအတွက် ပရိဒေ၀သောကမီးများ တောက်လောင်နေပုံ

ဘီယာဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့သမ္မတ


ဒီပုံကတော့ အမေရိကန်သမ္မတ အိုဘားမာ ဘီယာဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေတာပါ တန်စီပြီးဝယ်ရတာဖြစ်ပါတယ် သမ္မတကြီးဟာ ရောက်လာတာနောက်ကျတဲ့အတွက် သူအရှေ့အရင်တန်းစီသူ 10 ယောက်နောက်မှာမှဝယ်ယူခွင့်ရခဲ့ပါတယ် သူနဲ့အတူ အိမ်ဖြူတော်လုံခြုံရေးတစ်ချို့ ပါဝင်ခဲ့ပါတယ်

အယူအဆလွဲမှားနေတဲ့  မြန်မာမိန်းကလေးများသို့ 


မြန်မာနိုင်ငံမှာရှိတဲ့  ရှိရှိသမျှ ယောက်ျားလေးတွေတိုင်းကို
လိုက်မေးကြည့် ပါ
SEXY ကျတဲ့  မိန်းကလေးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မလားလို့ ။
စိတ်ချ (၁)မိနစ် မစဉ်းစားစေရဘူး။
တန်ဖိုးလည်း ထားမှာမဟုတ်ဘူး။
ဟင့်အင့် လို ဖြေလိမ့် မယ်။
တခုတော့ ပြောလိမ့် မယ် စိတ်ဝင်စားတယ်၊ကြည့် လို့ ကောင်းတယ်ဆိုတာမျိုးပေါ့။
ဒါကို သာယာနေတဲ့  မိန်းကလေးတွေတိုင်း ကိုယ်ကိုကိုယ်တန်ဖိုးထားတက်ဖို့ လိုနေပါပြီ။

သမ္မတကြီးဆီတို့ တိုက်ရိုက် တိုင်ကြားစာ ပို့ နိုင်ပီ


နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်သို့
စတင်ဖွင့်လှစ်ခဲ့သည့် သောကြာနေ့မှစ၍ ယနေ့အထိ တင်ပြစာ(၅၀)ကျော် ရောက်ရှိထားပြီး ဖြစ်ပါသည်။

သမ္မတရုံး Mail Box ဖွင့်လှစ်ရခြင်း အကြောင်းအရင်း
အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ နိုင်ငံတော်သမ္မတကြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့်မူဝါဒများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ ထင်မြင်ယူဆချက်များ၊ အကြံပြုချက်များ သိရှိနိုင်စေရန်၊

Wednesday 12 September 2012

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ


စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်
းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ပျောက်ကွယ်နေသော ကြက်ဥအတု ရန်ကုန်တွင် တစ်စခန်းထပြန်

ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည် ယခုနှစ်တွင် ဈေးကွက်အတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။

ကြက်ဥအစစ်နှင့်ယှဉ်လျှင် ကြက်ဥအရောင်ဖျော့ကာ အရွယ်အစားလည်း ပိုကြီးကြောင်း၊ အလေးချိန်မှာ လည်း သာမန်ကြက်ဥထက် အနည်းငယ်ပေါ့နေပြီး လှုပ်ကြည့်သည့်အခါ အရည်သံများကြားနေရ ကြောင်း၊ ကြက်ဥကိုဖောက်လိုက်သည့် အခါတွင
်လည်း အနှစ်ကများပြီး အကာနည်းကာ ညှီစို့စို့အနံ့ အသက်များ ထွက်ပေါ်နေတတ် ကြောင်း ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်အရ သိရသည်။

Tuesday 11 September 2012

ပုတ်ပွနေသော မိန်းကလေး အလောင်းတွေ့


ကမာရွတ်မြို့နယ် ဗဟိုလမ်း အမှတ် ၁၉၅ (ခိုင်ရွှေဝါ ဆိုက္ကားဂိတ်မှတ်တိုင် အနီး) နေအိမ်တိုက်ခန်း တစ်ခုတွင် အသက် ၁၃ နှစ် အရွယ် အိမ်ဖော် မိန်းကလေး တစ်ဦး အသတ်ခံခဲ့ရကြောင်း အဆိုပါနေရာသို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အသတ်ခံရသော မိန်းကလေး၏ အလောင်းမှာ ပုတ်ပွနေပြီး အဆိုပါ
တိုက်ခန်း၌ ၄င်းနှင့် အတူ နေထိုင်သူမှာ MRTV-4 ရုပ်/သံဌာန တွင် အစီအစဉ်တင်ဆက်သူ တစ်ဦးဟု သိရှိရပြီး ကမာရွတ်ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း ၄င်းက ဆက်လက် သတင်းပေးပို့သည်။

မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်
ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ
၎ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။