Showing posts with label အနုပညာလောက. Show all posts
Showing posts with label အနုပညာလောက. Show all posts

Friday, 1 August 2014

ထူးအယ်လင်းကို သေတာတောင် ပြန်မပေါင်းဘူးလို့ မီးမီးခဲပြော

ဧရာဝတီ

အဆိုတော် ထူးအယ်လင်းက တလောက အတိတ်က ဓာတ်ပုံ တပုံကို သူ့ဖေ့စ်ဘုတ်မှာ တင်တယ်။ ဒါက တချိန်တုန်းက မီးမီးခဲက သူ့ကို နမ်းနေတဲ့ ဓာတ်ပုံပေါ့။ အဲဒီ ဓာတ်ပုံလည်း တင်ပြီးနောက်မှာတော့ မီးမီးခဲကလည်း ဆက်တိုက်တုံ့ပြန်စကားတွေ ကို သူ့ သမီးလေးရဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်မှာ ဆက်တိုက် တင်ပါတော့တယ်။ 




ထူးအယ်လင်း တင်တဲ့ဓာတ်ပုံနဲ့ ပတ်သက်ပြီး မီးမီးခဲက အခုလို ပြောဆိုထားပါတယ်။ 

Sunday, 27 July 2014

M. Seng Lu ရဲ့ ရင်ဖွင့်သံ

    • Ko N Kalay ဒီကလူတွေကရသမျှအိတ်ထဲထည့်နေတာ...နောက်ဆိုsorry ဘဲ
    • Ystone Yawbawm ဒါမျိုးတွေမကြိုက်တာ
    • Jhon Danny တန်ဖိုးရှိတဲ့ ဘဝ ကို ကိုယ်ကို တိုင်ခံစားနေရပြီဘဲ ...အမုန်းပွားမနေပါနဲ့ တော့ ။ လူတွေတိုင်းရဲ့ တန်ဖိုးကိုမသိသူတွေနဲ့ 
    • Thoe Sane ဆိုးလိုက်တာ....... ။
      ကျောက်ခဲ ရေညှစ် နေသလို
      ကဏ္ဍတိုင်းမှာ လူညစ်တွေ ပိုများလာသလိုပါပဲ ။

Tuesday, 22 July 2014

ထူးအယ်လင်းနဲ့ အချစ်ရေးက ပြီးသွားပြီလို့ဆိုတဲ့ ကယ်ရိုလိုင်း

မတ်သူအောင်၊ ဇူလိုင် ၂၀၊ ၂၀၁၄၊ ဧရာဝတီ

 ကယ်ရိုလိုင်း (Calroline)၊
၂၃နှစ်၊
B.A (Eco)၊ တောင်ကြီးတက္ကသိုလ်။

အခုလတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေက ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးတယ်။ ဗီစီဒီသီချင်းတွေ ရိုက်ပေးဖြစ်တယ်။ သဲရဲ့တကိုယ်တော်ခွေအတွက် အသံသွင်းတာတွေ လုပ်နေတယ်။ သဲရဲ့ တကိုယ်တော်အခွေကို ၂၀၁၅မှာ ပရိသတ်လက်ထဲကို ပို့ပေးနိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းတွေကတော့ အမျိုးစားအစုံပါပဲ။ 

ငယ်ငယ်ကတည်းက၀ါသနာပါခဲ့တာက သီချင်းဆိုတာပါ။ မော်ဒယ်လ်အလုပ်ကတော့ အရင်ဆုံးလုပ်ဖြစ်သွားတာပါ။ သီချင်းဆိုတာက ဘုရားကျောင်းမှာရော ခရစ္စမတ်ပွဲတွေမှာလည်း ဆိုဖြစ်တယ်လေ။ မော်ဒယ်လုပ်ရင်းကနေ ဗီစီဒီရိုက်၊ သီချင်းတွေရိုက်ရင်းကနေ ကိုယ့်သီချင်းအခွေလေးပါ လုပ်မယ်ဆိုပြီး လုပ်နေတာပါ။



သဲနဲ့ အဆိုတော်ထူးအယ်လင်းကြိုက်သွားတာက သဲစိတ်ကို အလိုလိုက်ပြီး ဖြစ်သွားတာပါ။ အခုတော့ ဘာမှမဟုတ်တော့ပါဘူး၊ ဘာမှမရှိတော့ပါဘူး။ အမှန်တကယ်တော့ သူတို့အိမ်ထောင်ရေးကွဲတာ သုံးနှစ်ရှိပါပြီ။ သဲနဲ့က သဲမွေးနေ့ပြီးတဲ့အချိန် ၃၁၊ ၈၊ ၂၀၁၃ ပြီးမှ သူနဲ့တွေ့တာပါ။ ဒါပေမယ့် သဲရဲ့အချစ်ရေးက ပြီးသွားပါပြီ။ သဲကို ပရိသတ်သိသွားတာ အဆိုတော်နဲ့ကြိုက်လို့ သိသွားတယ်လို့တော့ ထင်တာပဲ။ အဲဒါနဲ့ပတ်သက်ပြီး ထွေထွေထူးထူးတော့ ဟြေစရာမရှိတော့ပါဘူး။

အခုလောလောဆယ်ဖြစ်ချင်တာ ဆိုရင် နာမည်ကြီးအဆိုတော်တယောက်ဖြစ်ချင်တယ်။ အခုရောက်နေတဲ့ လက်ရှိအနေအထားက ကိုယ့်ဘာသာကိုယ်ကြိုးစားခဲ့ရတာဆိုတော့ အဆိုဖက်ကိုလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ အမှန်တကယ်တော့ မော်ဒယ်လ်အလုပ်ကို နိုင်ငံခြားမော်ဒယ်တွေလို ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် သဲလုပ်တဲ့အချိန်က နောက်ကျနေပြီလေ။ ရှိုးပွဲအကြီးတွေ လာကမ်းလှမ်းရင်တော့ လျှောက်မှာပါ။

Friday, 13 December 2013

အပြမတော်တဲ့ မြန်မာဇာတ်ဝင်ခန်းတွေ မကြည့်ရဲရင် နိုင်ငံခြားကားလဲ မကြည့်နဲ့

မရီုက်ဖူးလို့တော့မပြောဘူး ကြည့်တဲ့ပရိသတ်ကိုပါ မကြည့်နဲ့တဲ့
ကျန်တဲ့သူတွေမပြောဘူး
နင်တို့ မြန်မာမတွေ

Thursday, 5 December 2013

ဆီးဂိမ်း အကြိုဂုဏ်ပြုပွဲကို Pee mak မင်းသမီးနဲ့ ထိုင်းမင်းသား တက်ရောက်



မေမြန်မာ

၂၇ ကြိမ်မြောက် ဆီးဂိမ်းအကြိုဂုဏ်ပြုပွဲကို ရန်ကုန် Junction Squireမှာ မနေ့ ညနေ ၆ နာရီကနေ ၉ နာရီအထိ ကျင်းပခဲ့ရာမှာ သရုပ်ဆောင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးစက်ဝိုင်တို့နဲ့ တခြား အနုပညာရှင်များစွာ အပြင်၊ ထိုင်းနိုင်ငံကနေ ဖိတ်ကြားထားတဲ့ Pee mak ရုပ်ရှင်မင်းသမီး Davira နဲ့ အဆိုတော် မင်းသား Mr.Mos တို့ တက်ရောက် အားဖြည့် ဂုဏ်ပြုခဲ့ကြ ပါတယ်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေး အရှုပ်တော်ပုံ (၁)

 ၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၂)


အပိုင်း-၂ *
-------------------------------
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။

၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုးအကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

အောင်ဇော်ရဲမြင့်

၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။

အနုပညာလောက နဲ့ အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၃)


အပိုင်း-(၃)
++++++++++++
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -

အနုပညာလောက နဲ့ အာဏာရှင်မိသားစု များရဲ့ မူးယစ်ဆေးဝါး ပြဿနာ အပိုင်း (၄)


Moe Zay Nyein
အပိုင်း(၄)

(မှတ်ချက် -
အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

Wednesday, 29 May 2013

ရဲတိုက်ဆန္ဒထုတ်ဖော်ခြင်းနှင့်St.Mary Cathedralသတင်းထုတ်ပြန်ချက်

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။ နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။ မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။ မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။

Friday, 12 April 2013

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား



မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။

Tuesday, 18 December 2012

မစ်ခ်ဂျက်ဂါ၏ ရည်းစားစာများအား စတာလင်ပေါင် ၁၈၇၂၅ဝ ဖြင့်ရောင်းချ

Rolling Stones အဖွဲ့မှ အဆိုတော် မစ်ခ်ဂျက်ဂါက အမေရိကန် အဆိုတော် မာရှာဟန့်ထ်ထံသို့ ရေးသား ခဲ့သည့် ရည်းစားစာ ၁ဝ စောင်အား So-theby လေ လံတင် ကုမ္ပဏီက စတာလင် ပေါင် ၁၈၇၂၅ဝ (ဒေါ်လာ ၃ဝ၁ဝဝဝ) ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ စာများမှာ ၁၉၆၉ ခုနှစ် နွေရာသီ တွင် ရေးသားခဲ့သော စာများဖြစ်ပြီး လေလံတင်ဈေး စတာလင်ပေါင် ၇ဝ မှ ၁ဝဝဝဝဝ အကြား ရရှိမည်ဟု မျှော်မှန်း ထားခဲ့ကြောင်း လေလံတင် ကုမ္ပဏီ ၏ ပြောကြားချက် အရ သိရသည်။ ၎င်းစာများရှိ အရေးအသားသည် ၁၉၆၉ ခုနှစ်က မိမိတို့ လူမျိုး၏ ယဉ်ကျေးမှု များ ကို မြင်တွေ့နိုင်မည့် အရေးအသား များကို ဖတ်ရှုရမည် ဖြစ်ကြောင်း မာရှာ ဟန့်ထ်က ပြောကြားခဲ့သည်။

"စာမေးပွဲအခန်းထဲက မိုးယုစံရဲ့ အဖြစ်အပျက်"

Like This Page · about an hour ago


Monday, 18 December 2012

အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိလာသူ မင်းသမီးချော မိုးယုစံ အနေနဲ့ အနုပညာအလုပ်ကိုလုပ် ကိုင်ရင်း တစ်ဖက်ကလည်း ပညာရေး အတွက် ကြိုးစားနေပါတယ်။ မြန်မာစာ မေဂျာ ယူထားတဲ့ မိုးယုစံက အခုဆိုရင် စာမေးပွဲပြီးဆုံး သွားခဲ့ပြီဖြစ်ပါတယ်။ အနုပညာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ဆောင်ရွက်သလို ပညာရေး ဘက်မှာလည်း မလစ်ဟင်းစေ
ရအောင် ကြိုးစားခဲ့တာကြောင့် စာမေးပွဲကို အခက် အခဲ မရှိဘဲအောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။

ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်

ရွှေအမြုတေ

၂၀၁၂ ဆိုတဲ့နှစ်ကို Good Bye လို့ ပြောရမယ့် လကို ရောက်လာပြီနော်။ တစ်နေ့တာ၊ တစ်ပတ်တာ အလုပ်တွေကြား၊ လူမှုရေး လှုပ်ရှားမှု တွေကြား ဖြတ်သန်းရင်း နှစ်တွေ ကလည်း တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲ နေတာပါ။
ပြောင်းလဲမှု များစွာ ကြုံတွေ့ရတဲ့ ၂၀၁၂ ရဲ့ဒီဇင်ဘာလ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ရှင်က ၀တ်မှုံရွှေရည် ဖြစ်ပါတယ်။ ၀တ်မှုံရွှေရည်က အခု နောက်ပိုင်းမှာ ဇာတ်ကား ရိုက်ကူးရေး ဘက်ကို အချိန် တော်တော်လေး ပေးဖြစ် နေပါတယ်။ ကြော်ငြာ မော်ဒယ်လ် အနေနဲ့ အချိန် တော်တော် ကြာကြာ ရပ်တည်ရင်း ၀တ်မှုန် မျှော်တဲ့ လိပ်ပြာ ဇာတ်ကားနဲ့ သရုပ်ဆောင် လောကထဲ ၀င်ရောက် လာတယ် ဆိုတာ ပရိသတ်တွေ သိထားပြီး သားဖြစ်မှာပါ။ ဇာတ်ကား ရိုက်ကူး မှုတွေ မအားတဲ့ ကြားကနေဘဲ ၀တ်မှုံရွှေရည် က ရွှေအမြုတေ မဂ္ဂဇင်း အတွက် ဓာတ်ပုံများကို ပုဂံမှာ အချိန်ပေး ရိုက်ကူး ပေးခဲ့ ပါတယ်။ ပုဂံမှာ ဗီဒီယို ဇာတ်ကား ရိုက်ရင်း ရတဲ့ အချိန်လေး အတွင်းမှာ လုပြီး ရိုက်ပေး ထားတာပါ။

Saturday, 13 October 2012

ဝတ်မှုန်ရွှေရည် နှင့် သတင်းအပေါ် ပြေတီဦး ကို ယုံကြည်စိတ်ချတယ် လို့ပြောသူက အူဝဲ


ဝေဖန်ရေးလုပ်တာလည်း မဟုတ်ဘူး..လေကန်တာလည်းမဟုတ်ဘူး...သတင်းဆို အမိအရတွယ်ချင်တာပဲရှိတယ်..ခုတလော အနုပညာ ရှင်တွေရဲ့ ဇာတ်လမ်းအရှုပ်တွေ တော်တော်လေး များတယ်ထင်တယ်...တစ်နေ့က မလေးရှားနိုင်ငံထုတ် ဂျာနယ်တစ်စောင်ကို ကောက်ဖက်မိတယ်...၀တ်မှုန်ရွှေည် နှင့် ပြေတီဦးတို့ နှစ်ယောက်ကို ဘာလိုလိုဆိုပြီးရေးသားထားတာဖက်ရတော့ တော်တော်လေး အံ့သြမိတယ်..