မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင်
စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ
အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။
ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။