Sunday 22 July 2012

ပြည်သူတွ မရူးပါဖူး၊ ရူးနေတာ ခင်ဗျား

April Maung Maung

တကယ်ဆို အောင်သိန်းလင်း သိဖို့ က ကြံ့ ဖွတ်ပါတီကနေ အမတ်ဖြစ်ဖို့ အရေး မဲဆွယ်တုန်းက ပြည်သူတွေနေတဲ့ ရပ်ကွက်ထဲက လမ်းကို လမ်းတစ်ခြမ်းဘဲ ဖို့ ပေးခဲ့တဲ့ အကုသိုလ်အကျိုးနဲ့  စိတ်ထားကောင်းမွန်စွာ မထားမှုရယ်၊ တိုင်းပြည်နဲ့  လူမျိုးအပေါ်မှာ စစ်မှန်စွာ စေတနာ မထားတတ်သူတွေ (အောင်သိန်းလင်းအပါအ၀င်) ရဲ့  မှားယွင်းသော လုပ်ရပ်တွေကြောင့် ကိုယ့်ရဲ့  မြေးအရင်း အသက်ဆုံးရှုံးခဲ့ရတာတောင် သံဝေဂမရ အမှန်မမြင်သေးတဲ့ အောင်သိန်းလင်းဟာ အတော့်ကို တရားမဲ့ပြီး နေနေသေးတယ်ဆိုတာပါဘဲ။

ယခုလည်း အောင်သိန်းလင်းဟာ အသက်သာကြီးလာတယ်၊ တရားမရ အမှန်မမြင်သေးဘဲ မငြိမ်သေးဘဲ ထကြွသောင်းကျန်းနေဆဲ အောင်သိန်းလင်း ဖြစ်နေပါတယ်။

တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 - Southern Weekly (Southern Weekend) စာစောင်နဲ့ အောင်သိန်းလင်း အင်တာဗျူးကို ဖတ်ကြည့်ရတော့ ပိုတောင် ဆိုးနေပါတယ်။

အောင်သိန်းလင်းဟာ ပြည်သူကိုလည်း အခုမှ မဟုတ် အမြဲလိုလို ဆန့် ကျင်စော်ကားတယ်။ အခုဆိုရင် တစ်ဖွဲ့ ထဲ ဖြစ်တဲ့ သူ့ ရဲ့  သမ္မတဖြစ်သူ သိန်းစိန်ကိုလည်း ပေါ်ပေါ်တင်တင် အာခံပြောတဲ့သူ ဖြစ်နေပါပြီ။ သမ္မတဖြစ်သူ သိန်းစိန်ကလည်း ပြောထားတယ်၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း လက်မခံတဲ့ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို မဖြစ်မနေ ပြန်လည်စတင်တည်ဆောက်သွားရမယ်၊ ဒါဟာ သိန်းစိန်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သိန်းစိန်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်လို့  ပြောလိုက်ပြန်ပါပြီ။ ထို့ အတူဘဲ အောင်သိန်းလင်းရဲ့  စော်ကားချက်ကတော့ “ပြည်သူတွေ ရူးနေတာ” လို့  ပြောဆိုမှုပါဘဲ။

ပြောချင်တာကတော့ - အောင်သိန်းလင်း သိစေဖို့ က ပြည်သူတွ မရူးပါဖူး၊ ရူးနေတာ ခင်ဗျားပါဘဲလို့  ….

by Nik Nayman

No comments: