Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Saturday, 24 August 2013

သံပရာခွံ အသုံးဝင်ပုံ

သံပရာခွံအသုံးဝင်ပုံကို အင်တာနက်ပေါ်မှာ ဖတ်မိတယ်။ လက်တွေ့စမ်းသပ်ချင်သူများအတွက် ပြန်မျှဝေပါတယ်။

အရည်ညှစ်ပြီးသား သံပရာခွံကို မပစ်ထုတ်ဘဲ ခွက်တစ်လုံးထဲထည့် ရေနွေးလောင်းထည့်ပြီး သံပရာရေနွေးကြမ်းအဖြစ် သောက်နိုင်ပါတယ်တဲ့။

သံပရာခွံကို ရေခဲသေတ္တာထဲထည့်ထားရင် ရေခဲသေတ္တာကို အနံ့အသက် ကင်းစင်စေသတဲ့။

သံပရာခွံကို ၁ဝမိနစ်လောက် မီးကင်ပေးရင် တစ်အိမ်လုံး သံပရာနံ့မွှေးစေနိုင်သလို အဲဒီအနံ့ကိုမနှစ်သက်တဲ့ ပိုးဟပ်တွေကိုလည်း အဝေးကို ပြေးစေနိုင်သတဲ့။ အဲဒီမီးကင်ပြီးသား သံပရာခွံကိုပဲ ကြောင်အိမ်ထောင့်တွေမှာ ထည့်ထားရင်လည်း ပိုးဟပ်တွေကို တားဆီးနိုင်သတဲ့။

ကုန်ကျစရိတ်သက်သာတဲ့နည်းမို့ စမ်းသပ်ကြည့်နိုင်ပါတယ်... စကားမစပ် လက်သည်းမှိုတက်ရင် ဘယ်လိုကုရမလဲလို့ တစ်ယောက်က ကော်မန့်ကနေ မေးထားပါတယ်။ လက်သည်းမှိုဆိုတာ ဘယ်လိုမျိုးလဲ ကျွန်မ မသိလို့ သိတဲ့လူရှိရင် ဖြေပေးကြပါလို့ တောင်းဆိုပါတယ်။ ကျေးဇူး.. 

Wednesday, 29 May 2013

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

 

 အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

Saturday, 16 March 2013

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှု ခံစားသည့် အမျိုးသားများ၏ ကျန်းမာရေး ကောင်းမွန်နိုင်




လှပ ကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် ကြည့်ရှုခံစား နေသည့် အမျိုးသားတဦး © ( Photo: New England Journal of Medicine ) လှပ ကျော့ရှင်းသည့် အမျိုးသမီး တဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှု ခံစားခြင်းသည် အမျိုးသားများ အတွက် ကျန်းမာရေး ကောင်းမွန် စေကြောင်း သိရှိရသည်။

Wednesday, 27 February 2013

( ၇ ) ရက်အမြန်အဆီချနည်း...






စား၇မယ့်အစီအစဉ်တွေက..
အဆီကျဟင်းရည်
ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွ အစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံ တစ်စည်း
ဂေါ်ဖီတစ်ထုတ်
အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီး ပွက်ပွက်ဆူအနေအထားမှာ ၁၀မိနစ်ထား နောက်မှမီးကို လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်...
အဲဒီအရည်တွေကို ၀ိတ်ချတဲ့ တစ်ပတ်လုံးသောက်၇ပါမယ်...
တတ်နိုင်၇င် အ၇ွက်တွေပါစား၇င်ပိုကောင်းတယ်။

Tuesday, 19 February 2013

ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ။



ဒီနေ့ခေတ်မှာ ကွန်ပြူတာ သုံးတဲ့ သူငယ်ချင်းတွေ သိထား သင့်တယ် ထင်လို့ပါ ကွန်ပျူတာ တစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။ London National Laboratory တစ်ခုရဲ့ တိကျ သေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့် ချီပြီး ပေါက်ဖွား ရှင်သန် နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

ထို Bacteria များသည် လူတို့အား အစာ အဆိပ်သင့်ခြင်း (ဗိုက်ထဲတွင် မအီမသာ ဖြစ်ပြီး ၀မ်းလျောခြင်း) မှ အစ သေစေ နိုင်လောက်သည့် ရောဂါများ အထိ ဖြစ်ပွား ပျံ့နှံ့ စေနိုင်သည်။ ပြီးခဲ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိ သူမသိ အဖြစ်အပျက်လေး တစ်ခု ဖြစ်ပျက်ခဲ့သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစ ကလေးငယ် တစ်ဦးကို ဆုံးပါး သွားစေခဲ့သည်။ အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့တွင် အသက် ၃၀ ကျော်မှ ရသော ကလေးလေး ဖြစ်သည်။ အသက်ကြီးမှ ရသော ကလေးမို့ မိဘများက တအား တန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။ အဖေ ဖြစ်သူက Computer Programmer- တနေကုန် Computer ရှေ့တွင် အလုပ် ရှုပ်နေသူ ရုံးက ပြန်လာတိုင်း လုပ်လေ့ လုပ်ထ ရှိသည့် အကျင့်လေး တစ်ခုက သားလေးကို ချီပြီး နမ်းတတ်သည်။ ကလေးက မွေးကင်းစ (Baby)လေး။ ၁၀ ရက်သားခန့်သာ ရှိသေးသည့်

Monday, 18 February 2013

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ



ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။

၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။

Saturday, 9 February 2013

နားနှင့် ပတ်သက်ပြီး မပြုလုပ် သင့်သော အရာများ


နားတွေမှာ သူဘာသာ သန့်စင် စေခြင်းနဲ့ သူဘာသာ ကာကွယ် နိုင်ခြင်းဆိုတဲ့ သဘာဝ သတ္တိရှိပြီး သားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့ နည်းတွေနဲ့ သန့်စင် ဆေးကြောမှု ပြုလုပ်တဲ့ အခါ နားမှာ ထိခိုက်ဒဏ်ရာ ရခြင်းနဲ့ နားတွင်း ကူးစက်ပိုး ဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေ နိုင်ပါတယ်။

နားဖာချေးကို မကလော်ပါနဲ့

နားဖားချေး တွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ် နိုင်အောင် ဆောင်ရွက် ပေးပါတယ်။ နားဖာချေး တွေဟာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှား သင့်ပါဘူး။ အပြင် နားစည် အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ ရှိတဲ့ နာဖာချေး တွေဟာ အရေးကြီးတဲ့ လုပ်ငန်း ဆောင်တာ တွေကို လုပ်ဆောင် နေပါတယ်။

Friday, 8 February 2013

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သူ



Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာကျော် တီထွင်ပညာရှင် ဖြစ်သွားသူ ကတော့ တရုတ်နိုင်ငံ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၀ နောင်းပိုင်းကစလို့ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျောက်ကပ်တစ်ခုလုံး အလုပ် မလုပ်တော့တဲ့ အထိကို ဆိုးသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ရေတွေကို ဆုပ်ထုပ်ပါမယ်။ လိုအပ်တဲ့ ရေနဲ့ သွေးကို ပြန်လည် အစားသွင်းပေးရပါမယ်။ ဒီအတွက် Dialysis ဆိုတဲ့ စက်ကို အသုံးပြုရ မှာ ဖြစ်ပြီး တရုတ်ပြည်က သာမန်လူတစ်ယောက်တောင် ငှားမသုံးနိုင်ပါဘူး။

Wednesday, 6 February 2013

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်။



ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

Monday, 28 January 2013

အချိုမှုန့် ဆိုတာ ဘာလဲ ........

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.?

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

Sunday, 27 January 2013

အမေရိကန်ရောက် အမျိုးသားများအတွက်တော့သတင်းကောင်းပါပဲ ခင်ဗျာ...

အမေရိကန် ကာလီဖိုးနီးယား ပြည်နယ်ရှိ cryobank ဘဏ်ကြီးကနေ အအေးခန်းကြီးများတည်ဆောက်ကာ အမျိုးသားသုတ်ပိုးများ အလှုခံလျှက်ရှိပါတယ်။လှုဒါန်းသူတစ်ဦးလျှင် ၇၅ ဒေါ်လာ စီချီးမြှင့်ပါတယ်။အလားတူတရုပ်ပြည်မှာလဲဒီလိုဘဏ်တွေ ရှိပါတယ်။

Wednesday, 23 January 2013

တရုတ်ပြည်မှ ကျောက်ကပ် သူခိုးများ အကြောင်း... သိကောင်းစရာ


တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။

Wednesday, 16 January 2013

ဆီးချိုရောဂါအကြောင်း သိကောင်းစရာများ


ခန္ဓာကိုယ်၊ ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယဟုခေါ်သည့် အင်္ဂါရပ်က သွေး တွင်းရှိ အချိုဓာတ်အား ထိန်းချုပ်သည့် အင်စူလင်ဟော်မုန်းဓာတ်အား ထုတ်ပေး လျက်ရှိရာ အင်စူလင်ထုတ်ပေးမှု မလုံလောက်မှု သို့မဟုတ် ခန္ဓာကိုယ် ကလာပ် စည်းများ၊ အင်စူလင်အသုံးချခြင်းဆိုင်ရာ ချို့ယွင်းမှု တို့ကြောင့် သွေးတွင်း သကြား ဓာတ် လွန်ကဲလာကာ ဆီးချိုရောဂါကို ဖြစ်ပေါ်စေသည်။

ယေဘုယျအားဖြင့် ဆီးချိုရောဂါအမျိုးအစား(၁)နှင့် အမျိုးအစား(၂)ဟူ၍ ရှိကြရာ အမျိုးအစား(၁)မှာ ကလေးများနှင့် အသက်ငယ်သူများတွင် အဖြစ်များပြီး အင်စူလင်ထုတ်ပေးသည့် ပန်ကရိယရှိ ကလာပ်စည်းများ ပျက်စီးမှုကြောင့်ဖြစ်ကာ အသက်ဆက်လက်ရှင်သန်ရေးအတွက် ပြင်ပမှ အင်စူလင်ကို လိုအပ်ပေသည်။ ဆီးချိုရောဂါအမျိုးအစား(၂)မှာမူ ပန်ကရိယ က အင်စူလင်ထုတ်ပေးပါလျက်နှင့် ခန္ဓာကိုယ်ကလာပ်စည်းများက သုံးစွဲနိုင် စွမ်းကို ခုခံခြင်းကြောင့်ဖြစ်၍ ထိုလူနာများ အတွက် အင်စူလင်ပြင်ပမှ တစ်ခါတစ်ရံသာ လိုအပ်သော်လည်း လက်တွေ့အား ဖြင့် စားဆေးများလိုအပ် ပေသည်။ အထိရောက်ဆုံး ကုသနည်းကတော့ အစား အသောက်ဆင် ခြင်ခြင်းနှင့် ကိုယ်ကာယလှုပ်ရှားမှုပြုလုပ်ခြင်းတို့ဖြစ်သည်။ ကမ္ဘာ အနှံ့ ဆီးချိုရောဂါခံစားနေရသူ သန်းပေါင်း ၃ဝဝ ကျော်ခန့်အနက် ၉ဝ ရာခိုင်နှုန်းမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဝေဒနာရှင်များ ဖြစ်ကြသည်။

ဆီးချိုရောဂါအမျိုးအစား (၁)ရော အမျိုးအစား(၂)ပါ အန္တရာယ်ကြီးမားသော ရောဂါများဖြစ်ကြသည်။ တတိယအမျိုးအစားမှာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ် တတ်သည့် ဆီးချိုရောဂါဖြစ် သည်။ ယခင်ဆီးချိုရောဂါမရှိခဲ့သည့် ကိုယ်ဝန် ဆောင် များ၏ ၄ ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ခံစားရပြီး ရောဂါလက္ခဏာပြသမှု နည်းပါးကာ မီးဖွားချိန်၌ ဆီးချိုရောဂါ အလို အလျောက် ပျောက်ကွယ် သွားတတ်သော်လည်း နောင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလားအလာ ပိုများကြောင်း လေ့လာတွေ့ရှိရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ဆီးချိုဝေဒနာရှင် သန်းပေါင်း ၃ဝဝ ကျော်ခန့်ရှိရာမှ ထိရောက် သည့် ဟန့်တားမှု မပြုလုပ်ပါက ၂ဝ၃ဝ ပြည့်နှစ်တွင် သန်းပေါင်း ၄၅ဝ အထိ တိုးပွား လာနိုင်ကြောင်း သိရှိရသည်။

Saturday, 12 January 2013

အဆုတ်ထဲ ထိုးဖောက်ဝင်ရောက်မယ့် ကိုယ့်အနီးနားက အဆိပ်ဝတ်မှုန်



The Voice Weekly Vol. 8/No. 48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂ OPINION အပိုင်းမှာ ပါတဲ့ ဦးအုန်းမြင့် (မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း) ရဲ့ ပေးစာကို ဖတ်လိုက်ရလို့ ဒီဆောင်းပါးကို ထရေး မိတယ်။ လွန်ခဲ့တဲ့ လများက ချယ်ရီ
ကားတွေရဲ့ အင်ဂျင်နှင့် အိတ်ဇော အပိုင်းတွေမှာ အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ Asbestos ပါဝင်နေတယ် ဆို တဲ့ သတင်းတွေကြောင့် ချယ်ရီကား ဝယ်ထားသူတွေ၊ ငှားစီးသူတွေ စိုးရိမ်မှုတွေ ဝေခဲ့ရတယ်။

တကယ် တွေ့ရှိတာက ကျွန်တော်တို့ နိုင်ငံမှာ မဟုတ်ဘူး။ နည်းပညာတွေ တိုးတက်တဲ့ သြစတြေးလျမှာ။

Friday, 11 January 2013

လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေး အတွက် ဆိုးရွားစေနိုင် .........



နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှု ရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီး ဖြစ်သည်။

ယခုအခါ သုတေသန အသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့် စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေကြောင်း သိရသည်။

Saturday, 5 January 2013

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား


လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။
အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

Thursday, 3 January 2013

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်



Thursday, January 03, 2013

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။


International news for myanmar

Saturday, 29 December 2012

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

အပျော်သဘောနဲ့ ဘဲဖြစ်ဖြစ် အပျင်းပြေဘဲဖြစ်ဖြစ် ဖတ်ကြည့်လို့ ရအောင်
Mail ထဲကတွေ့ တဲ့ သွေးအမျိုးအစားပိုင်ရှင် အလိုက် ထူးခြားချက်လေးတွေ ဖော်ပြပေးလိုက်ရပါတယ်
ဘယ်သူ ရေးမှန်းမသိလို့ မဖော်ပြတော့ပါဘူး။
ဖတ်ကြည့်လိုက်ဦးနော်..

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

Wednesday, 26 December 2012

ပိန်ချင်သူများ သတိထားဖွယ်



Monday, December 24, 2012

ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်ပါ။ မိန်းကလေးတိုင်း လှချင်ကြတာကတော့ ဓမ္မတာပါဘဲ။

ဒါပေမယ့် မိန်းကလေးတိုင်းရဲ့ အလှဟာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

ခန္ဓာကိုယ် ပိန်ချင်တဲ့ အတွက် ကိုယ်အလေးချိန် ချခဲ့ရာက ကမ္ဘာ့အပိန်ဆုံး အမျိုးသမီး ဖြစ်သွားသူကတော့ ရုရှားနိုင်ငံဖွား မိုနာကို နိုင်ငံမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိတဲ့ (Valeria Levitin) ဗလာရီရာ လက်ဗီတင် ဆိုသူပါဘဲ။

ကဲ…ကျန်းမာရေး အမြင်နဲ့ပဲကြည့်ရအောင်နော်

Like This Page · 18 hours ago

(Source : MYMC)

Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။

သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။