Saturday 22 September 2012

နာမည်ကြီး သတင်းသမား သောမတ်စ်ဖူလာ မုံရွာမှာ ယာယီ ထိမ်းသိမ်း တားမြစ်ခံရ


International Herald Tribune ရဲ့ နံ
မည်ကြီး သတင်းသမား သောမတ်စ်ဖူ
လာနဲ့သူ့ရဲ့ ဓာတ်ပုံသမား တဦးတို့ဟာ
 မုံရွာ မြို့က အပြန် မြို့အထွက် ဂိတ်မှာ

 ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက တားမြစ်ကာ
 ယာယီထိမ်းသိမ်းတာ ခံလိုက်တယ်လို့ မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက
 ဧရာဝတီကို ပြောပါတယ်။

ကျနော်တို့ တိုင်းပြည်ဘဏ္ဍာကို ခိုးယူထားသူတွေ မဟုတ်ဘူး

အခု ဖျော်ဖြေရေးယာဉ်ကြီး အပါအ၀င် တလျောက်လုံး လူမှု ကယ်ဆယ်ရေး လှုပ်ရှားမှုတွေမှာ ရိုးသားစွာ အားတက်သရော ကူညီပေးခဲ့တဲ့ မိတ်ဆွေ ၊ ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းက ကိုအေးကျော်ရဲ့ ကား၊ ရန်ကုန် မြို့ မှာ ဒီကားဖြတ်သွားချိန် လူတိုင်းနီးနီး က အားပေးတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ မနေ့ည က သူလည်းပဲ ဖမ်းမယ်ဆီးမယ် သတင်းကြားတော့ ရှောင်နေရင် ကောင်းမလား ကိုနေမျိုး ရေ လို့ ဖုန်းလာပါတယ်။ ကျနော်တို့ တိုင်းပြည်ဘဏ္ဍာကို ခိုးယူထားသူတွေ မဟုတ်ဘူး။ ငါးလောင်းပြိုင် လူသတ်မှုကြီးလို လူသား မဆန်တဲ့ ဖြစ်စဉ်ကြီးဖြစ်တဲ့ စိမ်းလဲ့ကန်သာ လူသတ်မှု ပါဝင်ပတ်သက်သူတွေကိုတောင် ဖေါ်ထုတ် အရေးမယူသေးတာ။

သမ္မတဦးသိန်းစိန် ကို တရုတ်နိုင်ငံ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေး

သမ္မတဦးသိန်းစိန် ကို တရုတ်နိုင်ငံ အနောက်မြောက် စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ တက္ကသိုလ်(North West Agriculture & Forestry University) က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကို စက်တင်ဘာလ ၁၉ ရက်နေ့က ချီးမြှင့်ခြင်းကို လက်ခံရယူခဲ့အပြီးတွေ့ရစဉ်

(Photo-Popular Myanmar News Journal)
— with Ko Soe Kyi and 48 others.
Like · · · 2 hours ago ·

လစ်ဗျားနိုင်ငံရဲ့ ဒီသတင်းက စိတ်ဝင်စားစရာ

လစ်ဗျားနိုင်ငံရဲ့ ဒီသတင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အမေရိကန် သံအမတ်နဲ့ သံရုံးဝန်ထမ်း ၃ ဦး အသတ်ခံရတာဟာ အစွန်းရောက် မူဆလင် စစ်သွေးကြွတွေရဲ့ “ရှာရီယာ ထောက်ခံသူများ” (Ansar Al-Shariah) အမည်ခံ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ (Militia) ကြောင့် ဖြစ်ရတာကို လစ်ဗျား ပြည်သူတွေက သိရှိကြပါတယ်။

မနေ့ကတော့ ဘင်ဂါဇီမြို့က အရေအတွက် သုံးသောင်းလောက်ရှိတဲ့ လက်နက်မဲ့ ပြည်သူတွေဟာ “ရှာရီယာ ထောက်ခံသူများ” ရဲ့ စခန်းတွင်းကို ဝင်စီးကြပါတယ်။ အစပိုင်းမှာတော့ Militia တွေက မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့် လူစုခွဲဖို့ ကြိုးစားကြည့်ပေမယ့် ဒေါသထွက်နေတဲ့ ပြည်သူတွေက မကြောက်မရွံ့ဘဲ လှိုင်းလုံးတွေလို အတင်းတိုးဝင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ Militia တွေဟာ သူတို့ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြရပါတယ်။ သေဆုံး-ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ဘုန်းကြီး ခေါင်းခေါက်ပြီးမှ Peace လုပ်လို့ ရသလား???



  • စစ်တပ်က စစ်သားတွေ အတုံးအရုံးကျခဲ့တဲ့ အချိန် တုန်းက KIA ကို အခု စစ်ပွဲ ရပ်ပါဆိုပြီး အော်နေကြတဲ့ သူတွေက အပြစ်မတင်ခဲ့သလို အပြစ်မတင်ရဲ ကြသလို စစ်ပွဲတွေ ရပ်ဖို့လဲ မအော်ခဲ့ကြပါဘူး... အခုစစ်တပ်က KIA ကို ထိုးစစ်တွေ ဖိထိုးမယ် ဆိုတဲ့ အချိန်ကြမှ ဘာလို့ စစ်ပွဲ တွေ ရပ်ဖို့ အသံတွေက ထွက်လာရတာလဲ?? ဘုန်းကြီး ခေါင်းခေါက်ပြီးမှ Peace လုပ်လို့ ရသလား???

    ပြီးတော့ စစ်ပွဲ ရပ်တာနဲ့ KIA နဲ့ က ငြိမ်းချမ်းရေး ရပြီလို့ ဘယ်ကောင်တွေ အာမခံနိုင်လဲ?? စစ်တပ်ကပဲ စစ်တိုက်ချင်နေလို့ တိုက်နေတာ မဟုတ်ဘူး... စစ်သားတွေ အတုံးအရုံး အသတ်ခံလိုက် ရ စစ်တပ်က ပြန်တိုက်မယ် လုပ်တော့ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့ KIA နဲ့ ငြိမ်းချမ်းရေး ယူဖို့ စစ်ရှောင်လိုက်ရ... ပြီးတော့လဲ KIA ကငြိမ်းချမ်းရေး မယူတော့ လည်း ငြိမ်းချမ်းရေး ယူနိုးယူနိုးနဲ့ စောင့်ပြီး KIA က ချောင်းပစ် မိုင်းဆွဲတာတွေ ခံလိုက်ရ... စစ်သားတွေ သေလိုက်ရနဲ့... စစ်သားတွေလဲ အသက်နဲ့ လူလုပ်တာကွ... အသက် အပိုပါလို့ စစ်သားလုပ်နေကြတာ မဟုတ်ဘူး... စစ်သားတွေ လေး ဆယ် ကျော် ငါးဆယ်နီးပါး တစ်ပြိုင်တည်း အစုလိုက် အပြုံလိုက် သေတုန်းက ဘယ်သူဒေါင်းဇားတွေ စောက်ပ
ါးစပ်နဲ့ ဘယ်မီဒီယာတွေ စောက်ပေါက်က စစ်ပွဲ ရပ်ဖို့ အသံတွေ ထွက်ခဲ့လဲ?? စစ်တပ်က ဘယ်နှစ်ယောက် ကျလို့ ဘယ်လောက် သေကုန်ပြီ ဆိုပြီး ပျော်ပျော်ကြီး ရေးနေကြ ပြောနေကြပြီးတော့ အခုမှ ဘာတဲ့ စစ်ပွဲ ရပ်ဖို့တဲ့ ဟုတ်လား??

ကျပ်သန်းထောင်ချီ ကြေးနီ အလွဲသုံးစားမှု စတင်အရေးယူ -

Infinity Power
စနေနေ့ ၊ စက်တင်ဘာလ ၁၅ရက် ၂၀၁၂ ခုနှစ် သတင်း - The Voice Weekly

ဝန်ထမ်း ၄၆ ဦးက အသိပေး ဖော်ထုတ်ခဲ့သည့် ကျပ်သန်းပေါင်း ၂၇၀၀ကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ကျော် အလွဲ သုံးစားမှုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားပြီး တရားစွဲဆိုနိုင်ရန် အမှုတည်ဆောက်နြေေ
ကာင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးလှငွေက အတည်ပြု ပြောကြားသည်။

Friday 21 September 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေ့တွင် ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့သဖြင့် ဦးဆောင်သူများကို ဥပဒေအရ အရေးယူသွားမည်ဟုဆို

၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅နာရီတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သောသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက "ဒီနေ့ဖြစ် သွားခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်မှာ ကျွန်တော်တို့က စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်းလည်း ရှည်တယ် လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေ ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ငြင်းပယ်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းစွာ လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက တားဆီးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူတို့က လူစုမခွဲပဲ ဆက်ပြီးတော့ လျှောက်တယ်။ အဲဒီလို လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို ဥပဒေနှင့် အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့ အပေါ်မှာ ဘာမှမရှိတဲ့နိုင်ဘူး" ဟု ပြောကြားခဲ့ပါသည်။

" ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းစွာရှိနေဖို့ အတွက် ဥပဒေဘောင်ထဲကနေ စောင့်ရှောက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ ငြင်းပယ်တာကို အယူခံဝင်လို့ ရပါတယ်။ ဒါပေမယ့် သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျှောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့ အညီမဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအ ရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာမ ဟုတ်ပါဘူး။ သူတို့အနေနဲ့ ပြဌာန်းထားတဲ့ ဥပေဒတွေကို ဖောက်ဖျက်တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်မှူးတွေက စီတန်းလှည်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈အရ အရေး ယူဖို့ ဆောင်ရွက်သွားမှာပါ" ဟု ရဲမှူး မြင့်ထွေးက ဆက်လက် ပြောကြားခဲ့ပါသည်။

ထိုသို့ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည့် အကြောင်းအရာနှင့် ပတ်သက်၍ အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်နော်လှလှစိုးက "ကျွန်မတို့ လုပ်ဆောင်တာ အားလုံးက တရားဥပဒေဘောင် အတွင်းက လုပ်ဆောင်ခဲ့တာပါ။ ဆန္ဒ ဖော်ထုတ်ခွင့် လျှောက်ထားတဲ့ အခါမှာ သက်ဆိုင်ရာက လိုအပ်မှုရှိတယ် ခွင့်မပြုနိုင်ဘူးဆိုပြီး အကြောင်းကြားစာ ရရှိခဲ့ပြီး စဉ်ဆက်မပြတ် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေနဲ့ ညှိနှိုင်း မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မ တို့ ပြုလုပ်ဖို့ တင်ပြထားတဲ့ အချိန်ကို ခွင့်ပြုချက်မရရှိလို့ အခုလိုမျိုးဖြစ်ရတာပါ။ ငြိမ်းချမ်းရေးရရှိ ဖို့လုပ်ဆောင်မှုတွေ ဒီခေတ်ဒီအခါမှာ အမှန်တကယ် လိုအပ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိ ဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့ ပေါ်လစီကို ကျွန်မတို့ နိုင်ငံသားတွေအနေနဲ့ တက်နိုင်တဲ့ဖက်က ပူးပေါင်းလုပ်ဆောင်တာပါ။ ဒီလိုမျိုးလုပ်ဆောင်လို့ ဥပဒေနဲ့ အရေး ယူမှုတွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် မှေးမှိန်သွားမှာကိုတော့ စိုးရိမ်မိပါတယ်"ဟု ပြောပြခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်တွင် ယနေ့ ပြုလုပ်ခဲ့သော စီတန်းလှည့်လည်မှုများ ပြီးဆုံးချိန်တွင် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့ရာ



The Voice Weekly
၁။တစ်နိုင်ငံလုံးရှိ စစ်ပွဲများချွင်းချက်မရှိ ရပ်တန့်ရန်။

၂၊စစ်ပွဲများရပ်တန့်ရေးအတွက် နိုင်ငံတော်သမ္မတက လက်တွေ့တာဝန်ခံဆောင်ရွက်ရန်။

၃။စစ်ပွဲများရပ်တန့်ရန် လွတ်တော်အရပ်ရပ် မှ သဘောထားကြေငြာချက်ထုတ်ပြန်ပေးရန်။
၎။ကာကွယ်ရေးဦးစီးချုပ်မှ စတင်ပြီးစစ်ပွဲများရပ်တန့်စေရေး
အမိန့်ထုတ်ပြန်ရန်နှင့် သက်ဆိုင်ရာလူမျိုးစု
လက်နက်ကိုင် ခေါင်းဆောင် များမှလည်း စစ်ပွဲရပ် အမိန့်ထုတ်ပြန်ပေးရန်။
၅။တရားရေးနယ်ပယ်မှ စစ်ပွဲဒေသများတွင် တရားဥပဒေစိုးမိုးရေးတွင်
ပါဝင်ဆောင်ရွက်ရန်တို့ဖြစ်သည်။

Thursday 20 September 2012

ဂျပန်၌ ဒုတိယမြောက် ဒုံးပျံကာကွယ်ရေး ရေဒါထားရှိရန် အမေရိကန်နှင့် ဂျပန် သဘောတူညီ



  • အရှေ့အာရှ၏ ဒုတိယမြောက် အိတ်ဇ်-ဘန်း ဒုံးပျံကာကွယ်ရေး ရေဒါကို ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ချထားခြင်းဖြင့် အမေရိကန်နှင့် ဂျပန်တို့ ဒုံးပျံကာကွယ်ရေးစနစ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီလိုက်ကြောင်း စက်တင်ဘာလ ၁၇ ရက်က အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပါနက်တာက တိုကျိုမြို့၌ ဂျပန်ကာကွယ်ရေးဝန်ကြီး ဆာတိုရှိမိုရီမိုတို့နှင့် တွေ့ဆုံဆွေးနွေးအပြီး စက်တင်ဘာ ၁၇ ရက်က ယင်းအစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။ ယင်းဒုံးပျံကာကွယ်ရေး ရေဒါ တပ်ဆင်မည့်နေရာကို အတည်မပြုရသေးကြောင်း၊ သို့သော်လည်း နိုင်ငံတောင်ပိုင်း၌ ဖြစ်နိုင်ခြေများကြောင်း လီယွန်ပါနက်တာက ထပ်လောင်းပြောကြားသည်။ ဤသို့ ဆောင်ရွက်ခြင်းမှာ ဂျပန်နိုင်ငံကို ပိုမိုကာကွယ်ပေးရန် ဖြစ်ကြောင်း၊ ၄င်းသည် ဂျပန်နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ကာကွယ်ရာလည်း ရောက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါနက်တာက ဆိုသည်။ ၄င်းရေဒါစနစ်သည် မြောက်ကိုရီးယား၏ ဘလက်စတစ်ဒုံးပျံရန်မှ အမေရိကန်ကို ကာကွယ်ပေးရာလည်း ရောက်သည် ဟု ဆိုသည်။ အမေရိကန် အိတ်ဇ်-ဘန်း ရေဒါတစ်ခုကို ဂျပန်နိုင်ငံ တီဆူဂါရုမြို့ ရှာရီကီစစ်အခြေစိုက်စခန်း ရေပိုင်နက်၌ ထားရှိပြီးဖြစ်သည်။ အဆိုပါ ဒုတိယမြောက် ဒုံးပျံကာကွယ်ရေး ရေဒါ ထားရှိပြီးပါက ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တောင်ပိုင်း၌ အမေရိကန်တပ်ဖွဲ့ဝင် ၄၇၀၀၀ တပ်စွဲထားမှုကိုလည်း ကာကွယ်ပေးလိမ့်မည်ဟု ဆိုသည်။ (ပရက်စ်တီဗွီ)

၂၁ ရာစု၏ carcinogen (ကင်ဆာဖြစ်စေသော (ဓာတ်ပစ္စည်း) များ........



ယနေ့ခေတ်တွင် ဆန်းကြယ်လှပ ဒီဇိုင်းဆန်းသစ်သော ခေတ်မှီ အသုံးအဆောင်များ၊ ထူးခြားသော အရသာများဖြင့် ပြည့်စုံသော အစားအစာများ နှင့် အရာမျိုးစုံတို့သည် ထွက်ပေါ်လျက်ရှိသည်။ ထိုအရာများနှင့်အတူ ထူးခြားဆန်ကြယ်စွာ ဖြစ်ပေါ်လာသောအရာများမှာ ရောဂါများပင်ဖြစ်သည်။ ရောဂါများ အနက်မှ အများနှင့်မတူ တစ်မူထူးခြားစွာ ဖြစ်ပေါ်လာသည်မှာ ကင်ဆာရောဂါများ ပင်ဖြစ်သည်။

မိုဟာမက်ကို လှောင်ထားတဲ့ ကာတွန်း တင်ပြမယ်လို့ ကြေညာလိုက်


မွတ်ဆလင်တွေ အစွန်းရောက်တာ ဆတ်ဆတ်ထိမခံအဖြစ်သည်းလွန်းတာကို ပြင်သစ်က အမြင်ကတ်လာတယ်နဲ့တူတယ်။ပြင်သစ်နိုင်ငံက (Charlie Hebdo) ဂျာနယ်က ယနေ့(19/9/2012)မှာ မိုဟာမက်ကို လှောင်ထားတဲ့ ကာတွန်း တင်ပြမယ်လို့ ကြေညာလိုက်ပါတယ်။

Wednesday 19 September 2012

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


Eleven Media Group
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ၀ါရှင်တန်ရှိ U.S. Institute of Peace တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီးနော

က် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု Chicago Tribune သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

Tuesday 18 September 2012

သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမူ ပပျောက်ရေးအတွက်

သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမူ ပပျောက်ရေးအတွက် အောက်ခြေက ၀န်ထမ်းတွေ အားတက်သရော
ပပျောက်အောင် ဆောင်ရွက်နေမူပါ..... ဆင်းရဲသားလူတန်းစားကို ချောင်ပိတ်ရင်... နိုင်ငံမှာ ရာဇ၀တ်မူတွေ တိုးလို့... မိအေး ၂ ခါနာ ဖြစ်မှာပါ.... နိုင်ငံဧရိယာနဲ့ လူဦးရေ အချိုးချကြည့်ရင်
မြန်မာနိုင်ငံဟာ တော်တော်လေးကို ကျယ်ကျယ်လွှင့်လွှင့် ရှိတဲ့နိုင်ငံပါ.. ဒီလို နိုင်ငံမျိုးမှာ ကျောတခင်းစာ မြေနေရာ မရှိရှာတာ... တော်တော်လေး ရင်နာဖို့ကောင်းပါတယ်...

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်


Monday, 17 September 2012

လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှုခံစားခြင်းသည် အမျိုးသားများအတွက်ကျန်းမာရေးကောင်းမွန်
စေကြောင်း သိရှိရသည်။ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်
မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း