Wednesday 25 July 2012

ဖေ့စ်ဘွတ်ပေါ်မှ မှတ်သားဖွယ် ကောမ်မန့် တချို့

  • Tu Aung
    မင်းပြောဒါနည်းလမ်းကျတယ်။မင်းလိုဆွေးနွေးဒါသိပ်ကောင်းတယ်။ ဒါပေမယ် မင်းမသိသေးဒါတွေနည်းနည်းပြော ပြချင်တယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့အစိုးရဟာ အရေးကြီးဆုံး ပဲ။ မင်းပြောတယ်ကိုယ့်ဟာကိုယ့်စီးပွားရေးမကောင်းဒါကို နိုင်ငံကိုပုန်ချ ပြီး ပြည်တွင်းကပညာတတ်တွေနိုင်ငံခြားသွားကြတယ်ဆိုဒါ။ ဟုတ်ပြီအဲဒါဆို ကျွှန်တော်ပြောပြမယ် နိုင်ငံတော်အဆိုးရရဲ့ကျောင်း ပညာဘွဲ့တွေရထားပြီး အလုပ်အကိုင်မရဒါ၊ ရရင်လည်းရသင့်တဲ့လစာမရဒါဘာကြောင့်လဲ။ နောက်တစ်ခု တိုးတက်တဲ့နိုင်ငံသားတွေဟာ ကျွှန်တော်တို့ နိုင်ငံသားတွေထက်ပိုပြီးစည်းကမ်းရှိဒါ ပါကြောင့်လဲ၊ ဒီနှစ်ခုကိုပဲပြောဦးမယ်။ ကျွှန်တော်ပြောပြမယ်၊ တိုးတက်တဲ့နိုင်ငံ ဘယ်နိုင်ငံမဆို သူ့နိုင်ငံရဲ့ဘွဲ့ရထားပြီဆိုရင် အနည်းဆုံးလစာဘယ်လောက်ဆိုဒါ ထိုက်ထိုက်တန်တန်ရတယ်။ နောက်ပြီးတော့ အလုပ်လည်း အဆင်သင့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပညာရေးကအဆင့်ရှိတယ်လေ တကဲ့ကိုအရည်ကချင်းကိုစစ်ထားဒါလေ။ မြန်မာပြည်အဆိုးရပညာရေးစနစ်လို ဘယ်နိုင်ငံမှာမှ မအောင် မနေရစနစ်ဆိုဒါမရှိဘူး။ နောက်ပြီး အဲဒီလိုအရည်အချင်းရှိတဲ့ပညာတတ်တွေကို အလုပ်တွေဖန်တီးပေးနိုင်လို့ ပြည်တွင်းပြည်ပက အရင်းနှီးရှင်တွေကိုဖိတ်ခေါ်ပြီး လုပ်ငန်းတွေလုပ်ခွင့် ပေးတယ်လေ။ အဲဒီလိုလုပ်ငန်း ပေါတဲ့နိုင်ငံကို နိုင်ငံခြားသားတွေအ၀င်အထွက်များတော့ နိုင်ငံကပိုပိုပြီးတိုးတက်ဒါပေါ့။ ဒါပေမယ်အဲဒီလိုအရင်နှီးရှင်တွေလာနိုင်ဖို့က အစိုးရရဲ့မူ ဥပဒေ ကောင်းမှဖြစ်မှာ။ အဲဒီတော့ ဒီကိစ္စလည်းအစိုးရလက်ထဲမှာပဲမဟုတ်လား။ အခုဒို့နိုင်ငံက အစိုးရမူမကောင်းလို့ နိုင်ငံတကာက စီးပွားရေးပိတ်ပင်ဒါခံနေရတယ် အဲဒါနိုင်ငံသားတွေ စားဝတ်နေရေးမပြေလည်တဲ့အဓိကအချက်ပဲ။ စီးပွားရေးပိတ်ပင်တော့ပါဖြစ်လဲ ကိုယ့်နိုင်ငံကိုထုတ်ကုန်တွေကို နိုင်ငံခြားက လက်မခံဘူး၊ နိုင်ငံခြားကထုတ်ကုန်တွေလည်း ပြည်တွင်းကိုမတင်ပို့ဘူး၊ အဲဒီတော့တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဘယ်လောက်ပဲရှိရှိ သူခိုးဈေးနဲ့ပဲရောင်းရတယ်လေ။ ပြောချင်ဒါက ထိုက်ထိုက်တန်တန်ဈေးရမယ့်နိုင်ငံတွေက မ၀ယ်တော့ အနီးချင်းနိုင်ငံတွေက ဈေးနှိမ်ပြီးဝယ်တယ်၊ ပြီးတော့ သူတို့က သူတို့နိုင်ငံပြည်တွင်းဖြစ်ဆိုပြီး ဈေးကောင်းကောင်းနဲ့ နိုင်ငံကြီးတွေကိုပြန်ရောင်းစားတယ်။ အဲဒီတော့ တကယ်တန်းပင်ပန်းခံထားတဲ့ ကျွှန်တော်တို့နိုင်ငံသားတွေက လုပ်အားခထိုက်ထိုက်တန်တန်မရတော့ပဲ သူများတွေပဲအမြတ်ရသွားဒါပေါ့။ စဉ်းစားကြည့်ပါ ကိုယ်ပိုင်ပစ္စည်းကို သူခိုးဈေးနဲ့ရောင်းရတယ်ဆိုဒါ ဘယ်လောက်ခံပြင်းဖို့ကောင်းတလဲ။ အဲဒါကြောင့် အိမ်နှီးချင်းနိုင်ငံတွေက မြန်မာပြည်ပြောင်းလဲမှာ ကိုသိပ်မလိုလားကြဒါပေါ့ အထူးသဖြင့် တရုတ်နိုင်ငံလိုပေါ့။ နောက်တစ်ခုက တိုးတက်တဲ့နိုင်ငံသားတွေဟာ ဒို့နိုင်ငံသားတွေထက်ပိုပြီးစည်းကမ်းရှိဒါကလည်းအစိုးရကြောင့်ပဲ။

  • Tu Aung
    သူတို့လည်း ကျွှန်တော်တို့လိုလူပါပဲ ဒါပေမယ် သူတို့အစိုးရက ငယ်ငယ်လေးကစပြီးကျောင်းမှာ သေချာအရည်အချင်းရှိအောင်စည်းကမ်းရှိအောင်သွန်သင်ပေးတယ်။ ဒါတင်မကသေးဘူး သူတို့နိုင်ရဲ့ နိုင်ငံသားကဒ်ပြားဟာ ဒို့နိုင်ငံကလို စာရွတ်ဘဲမဟုတ်ဘူး memory chip ပြားလေးထဲ့ထားတယ်။ အဲဒီမှာ လူတစ်ဦးတိုင်းရဲ့ အဆိုးအကောင်းအကုန်လုံးထဲထားတယ်လေ။ ပြောချင်ဒါက ဥပမာ- နိုင်ငံသားတစ်ရောက်ဟာ ယာဉ်စည်းကမ်းဖောက်ဖျက်ဒါပဲဖြစ်ဖြစ် ရာဇ၀တ်မှုကျူးလွန်ဒါပဲဖြစ်ဖြစ် သက်ဆိုင်ရာက ချက်ချင်းအဲဒီလူရဲ့ နိုင်ငံသားကဒ်ပြားမှာ နေ့ရက်အသိအကျနဲ့ကို ရိုက်ထဲ့ထားလိုက်ဒါ အဲဒါကိုအစိုးရအဖွဲ့အစည်းကလွဲလို့ဘယ်သူမှ ပြင်လို့မရဘူးလေ။ အဲဒီတော့ အဲဒီလိုမျိုး ကိုယ့်ရဲ့နိုင်ငံသားကဒ် နံပတ်မှာ မကောင်းတဲ့အချက်အလက်တွေရှိနေရင် အလုပ်အကိုင် လျှောက်တဲ့အခါမှာပဲဖြစ်ဖြစ် အိမ်တို့ကားတို့ဝယ်မဲ့ချိန်မှာ ဘဏ်ကငွေချီးဒါပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းကုပ္မဏီလိုင်စင်လျှောက်တဲ့အခါမှာပဲစြဖ်ဖြစ် အခက်ခဲတွေ့တော့ဒါပေါ့။ အဲဒီလိုအခက်ခဲတွေကြုံတော့ ကိုယ့်ဘ၀တက်လမ်းနှောက်နှေးတယ်။ စားဝတ်နေရေးခက်ခဲလာမယ်၊ အစိုးရကလမ်းဖွင့်ထား ပေမယ် ကိုယ့်ရဲ့စည်းကမ်းမလိုက်နာမှုကြောင့် အခုလိုအခက်ခဲတွေနဲ့ကြုံရဒါလေး။ အဲဒါကြောင့် တိုးတက်တဲ့နိုင်ငသားတွေက အဲဒီလိုမဖြစ်အောင်လို့ ဘယ်သူမှပြောစရာမလိုပဲ စည်းကမ်းရှိသွားဒါပေါ့။ ဒါလည်း အစိုးရမူပဲမဟုတ်လား။ တိုးတက်တဲ့နိုင်ငံမှာ ၀င်ငွေလစာပေါ်မူတည်ပြီး ထိုက်သင့်တဲ့ကားဝယ်စီးလို့ရတယ်။ ကိုယ်ကနည်းနည်းပဲအရင်ပေးရဒါ ကျန်ဒါဘဏ်ကထုတ်ချီးပေးတယ်လေ။ အဲဒါကို ကိုယ်က တစ်လနည်းနည်းဆပ်သွားရုန်ပဲ။ နောက်ပြီး ကုန်ပိုင်လုပ်ငန်းလုပ်ချင်ရင်လည်း ကုပ္မဏီလိုင်စင်က ဒို့နိုင်ငံလိုဈေးမကြီးဘူး မြန်မာငွေနဲ့ဆို သောင်းဂဏန်း လောက်ပဲကုန်ဒါလေ။ အဲဒီတော့လူတိုင်းက ကိုယ်နိုင်သလောက်နဲ့လုပ်ငန်းကိုစလို့ရတော့ပေါ့။ အဲဒီလိုနည်းနည်းလေးနဲ့စလိုက်ဒါ နောက်ဆုံးတော့ လုပ်ငန်းကြီးတွေဖြစ်လာပြီး လူတွေအများကြီးကိုလည်း အလုပ်တွေပြန်ပေးနိုင်လာဒါပေါ့။ အဲဒီလိုအစိုးရကဖွင့် ပေးထားတဲ့လမ်းတွေကို မဆုံးရှုံးချင်တော့ လူတွေက စည်းကမ်းလိုက်နှာကြတော့ဒါပေါ့။ အဲဒီလောက်ဆိုနှားလည်းလောက်ပြီးလို့ထင်တယ်။ ဆက်ပြောမယ်ဆိုရင်အများကြီးပဲ။ Yin Min ရယ် ဘယ်သူကမှ ကိုယ်နိုင်ငံမှာ ကိုယ့်ဆွေမျိုးအတိုင်းဝိုင်းနဲ့ ကိုယ်တတ်တဲ့ပညာနဲ့လုပ်စားပြီး အေးအေးဆေးဆေး ရင်ကော့ပြီးမနေချင်တဲ့သူ ဘယ်သူရှိမှာလဲ မဟုတ်လား။ အခုနိုင်ငံခြားမှာရောက်နေတဲ့ မြန်မာပြည်သားတွေက သန်းနဲ့ချီရှိဒါ။ တကယ်လို့ အဲဒီလူတွေအကုန်လုံးအခုချိန် မြန်မာပြည်ပြန်လာရင် ဘာလုပ်ကြမလဲ အစိုးရကထိုက်သင့်တဲ့လစာရတဲ့လုပ်ငန်းပေးနိုင်မှာလား။ နောက်ပြီးတချို့ဆို ဘာမှမတတ်ကြဘူး ဒါပေမယ် နိုင်ငံခြားက အနိမ့်ဆုံးလာစာနဲ့ မြန်မာပြည်မှာ ကျန်နေတဲ့မိသားစုကိုပြန်ကျွေးနိုင်တယ်လေ။ တကယ်လို့အားလုံးမြန်မာပြည်ပြန်လိုက်ရင် ဒီလောက်များတဲ့လူတွေ အလုပ်မရတဲ့အပြင် နဂိုကအဲဒီလူတွေကိုမှီခိုပြီးနေတဲ့ မိသားစုတွေပါ ဒုက္ခရောက်ကုန်ကြမှာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ်လေ ဆွေးနွေးဒါတော့ကောင်းပါတယ်။ ကိုယ့်နိုင်ငံကိုအကောင်းမြင်ဒါလည်းကောင်းပါတယ်။ ဒါပေမယ်အမှန်ကိုတော့ သိအောင်ကြိုးစားပေါ့။ အခုဖြစ်နေဒါက နိုင်ငံမကောင်းလို့မဟုတ်ဘူး အုပ်ချုပ်တဲ့သူတွေမကောင်းလို့ပါ။ Yin Min နဲ့အဓိကဆွေးနွေးဒါနော။
     

No comments: