Saturday 6 October 2012

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဦးဆောင်ခဲ့သူများအား လှိုင်တရားရုံးက စစ်ဆေးမှုစတင်


ရန်ကုန်မြို့တွင်း ကမ္ဘာငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူများအား လှိုင်မြို့နယ် တရားရုံးက အောက်တိုဘာလ (၅) ရက်နေ့က စတင်ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။

...ဦးဆောင်သူများဖြစ်သည့် ကိုမိုဃ်းသွေး၊ ကိုကျော်ကျော်ဘို၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန် တို့အား ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်။

Thursday 4 October 2012

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်


နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်

နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ်
ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား
ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ
နေပြည်တော်ရဲဆီမှာ အကူအညီ
တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲက
ရပ်တည်တယ်လို့  ပြောပါတယ်။

Wednesday 3 October 2012

ထူးဆန်းထွေလာပြည်မြန်မာ -အပိုင်း ( ၁ )


Monday

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

Tuesday 2 October 2012

ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြေ



တနင်္လာနေ့၊ အောက်တိုဘာလ 01 ရက် 2012 ခုနှစ်

တရုတ်နိုင်ငံ ၌ ရုံးတင်စစ်ဆေးခံရပြီးနောက် အမှုစီရင်ချက်မချရသေးသော ရွှေတြိဂံမူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းမှာ ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟုပြောကြောင်း မိသားစုဝင်များက ပြောကြားလိုက်ပါသည်။

Monday 1 October 2012

ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး၊ ပြည်သူကိုသာ တဲ့တဲ့ ပစ်သတ်နေသော ကျုံပျော်မြို့ က ပြည်သူ့ရဲများအကြောင်း အများပြည်သူ သိရှိဖို့  ဖေါ်ပြလိုက်ရပါတယ်

၁၉၈၈ ခုနှစ်တုန်းက အာဏာရှင်နေ၀င်းရဲ့  “မိုးပေါ်ထောင် မပစ်ဖူး” ဆိုတဲ့ စကားကို ယနေ့  လက်ရှိ ရဲတွေ ဆက်ကျင့်သုံးနေသလား။

“ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး၊ ပြည်သူကိုသာ တဲ့တဲ့ ပစ်သတ်နေသော ကျုံပျော်မြို့ က ပြည်သူ့ရဲများအကြောင်း အများပြည်သူ သိရှိဖို့  ဖေါ်ပြလိုက်ရပါတယ်

Sunday 30 September 2012

ဦးဖိုးကျား၏ ကိုယ်တွေ့ ၀တ္ထုတို

Thu Ri Ya
မယ်မြ (ဦးဖိုးကျား- ၁၉၃၅ ခုနှစ် ၀တ္ထုတို)
Written by ဦးဖိုးကျား

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသား ကျောင်း တစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။


ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။

သားရွှေအိုးထမ်းလာသကဲ့သို့


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီအရွေ့ကို အဓိက ဦးဆောင်ခဲ့သူနှစ်ဦးဖြစ်သည့် နိုင်ငံတော်သမ္မတကြီးနှင့် ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လေဘာတီခရီးစဉ်အတွင်း တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမအကျိုးစီးပွားအတွက် စိတ်ကောင်းစေတနာကြီးစွာ၊ ရိုးသားဖြူစင်ပွင့်လင်းမှုတို့ဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့မှုကြောင့် အိုဘားမားအစိုးရအနေဖြင့် မြန်မာ့သွင်းကုန်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးမှုကို ကြားသိရခြင်းမှာလည်း သားရွှေအိုးထမ်းလာသကဲ့သို့ပင်ဖြစ်ခဲ့ရပါသည်။

ဘင်ဂါလီ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်မည်. နည်းပညာ မြန်မာနှင့် အမေရိကန် ပညာရှင်များ တီထွင်

by Phoe Ag Lay on Monday, September 24, 2012 at 12:25pm ·

ကာကွယ်ရေးဝန်ကြီး ဋ္ဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသန တပ်ဖွဲ. နှင့် အမေရိကန် NASA မှ ပညာ ရှင်များပူးပေါင်း ပြီး လူမျိုးခြား ဘင်ဂါလီများ ဟုတ်မဟုတ် အောင်မြင်စွာ ဖော်ထုတ် နိုင် သည်.နည်းပညာ ကို ရှာဖွေ တွေ.ရှိခဲ့ ပြီ ဖြစ်သည်။

တပ်မတော်သား သူငယ်ချင်းတွေနဲ့ စကားလက်ဆုံ

သူတို့သာလျှင် တိုင်းပြည်မှာ အတော်ဆုံး ၊ မျိုးချစ်စိတ် အရှိဆုံး လို့ ကြွေးကြော်ထားတဲ့ တပ်မတော်သား
သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကြတော့ သူတို့ တကယ်တော်မတော် စမ်းကြည့်ဖို့ သတ္တိရှိလားလို့
မေးကြည့်တယ် ။

သူတို့က ဘယ်လို စမ်းကြည့်ရမလည်းလို့ မေးတယ်ဗျာ ။
လွယ်ပါတယ်ကွာ .. စစ်တပ်ကထွက်ပြီး အပြင်မှာ ထွက်အလုပ်လုပ်ကြည့်ပါလို့ ပြောလိုက်တယ် ။
လူတော်သာမှန်ရင် ဘယ်နေရာမဆို အလုပ်မရှားတဲ့ အပြင် မင်းတို့ လက်ရှိရတဲ့ လစာထက်တော့
အများကြီးသာပါတယ်လို့ ပြောတော့ အဲဒီကောင်တွေ အကုန် ပါးစပ်ပိတ်ကုန်တယ် ။

တိုင်းပြည်ဘဏ္ဍာကို အလကား ထိုင်စားပြီး ပြည်သူလူထုကို လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျ
အခွင့်ထူးမှန်သမျှ အကုန်ခံစားရတာကို သူတို့ကိုယ် သူတို့ သိပ်တော်တယ်လို့ အခုချိန်ထိ
ထင်ထားတုန်းဘဲဗျာ...by..Burma Thwe's