Saturday 11 August 2012

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ...

(တဖွဲ့ လုံးမြန်မြန်ပြောင်းရင် ပိုကောင်း၏)
 
တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်းအလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။

စစ်တပ်မရှိရင် ဘာဖြစ်သွားမလဲ



အမျိုးသားရေးပြဿနာကတပြည်လုံးမှာ

စစ်ဗိုလ်တွေကပြောလေ့ရှိတယ်။စစ်တ
ပ်မရှိရင်မင်းတို့ဘာဖြစ်သွားမယ်
၊ညာဖြစ်သွားမယ်ဆိုပြီး။
ဟုတ်ပြီစစ်တပ်ရှိတော့ဘာဖြစ်သလြဲ
ကည့်ရအောင်

...
ခင်ဗျားတို့ရပ်ကွက်ထဲမှာ၊လမ်းထဲ
မှာအကောင်းဆုံး၊အချမ်းသာဆုံးနန်
းတော်ကြီးတွေလိုဆောက်
ထားတဲ့အိမ်ကိုကြည့်လိုက်ပါ။

Friday 10 August 2012

မတရား ၁၇/၁ ဥပဒေ ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော် ဒေါ်ဒွဲဘူတင်ပြမည်

Jade Land

မတရား ၁၇/၁ ဥပဒေ ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော် ဒေါ်ဒွဲဘူတင်ပြမည်

Post 09 August 2012 Kachin News Group

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ တိုက်ပွဲဖြစ်ပွားနေစဉ် မတရားအသင်းနှင့် ဆက်သွယ်နေသည့်အမှု ပုဒ်မ ၁၇/၁ နှင့် အရေးယူခြင်းအား ပယ်ချရန် လွှတ်တော်သို့ ဆွေးနွေးတင်ပြမည်ဟု အင်ဂျန်းယန် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ရှေ့နေဒေါ်ဒွဲဘူ (Tara Kasa Daw Doi Bu) ပြောသည်။

ထိုးစစ်အရှိန်မြှင့်ရန် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ညွှန်ကြား


ထိုးစစ်အရှိန်မြှင့်ရန် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ညွှန်ကြား

by myitkyina.blog.com on August 10, 2012

မြန်မာအစိုးရစစ်တပ်သည် KIA တပ်စခန်းရှိရာသို့ တပ်အင်အားအလုံးအရင်းပို့ဆောင်လျက်ရှိသည်။ တပ်လှုပ်ရှားမှုကို ညအချိန်တွင်သာ အဓိကလှုပ်ရှားရန်နှင့် မလွှဲမရှောင်သာ၍ နေ့အချိန်တွင် လှုပ်ရှားပါက အရပ်ဝတ်ဖြင့် လှုပ်ရှားရန် စစ်ဆင်ရေးမှူး မှ ညွှန်ကြားထားကြောင်း တပ်ပြေးများမှတဆင့် ကြားသိရသည်။

ရခိုင်ဒေသ တည်ငြိမ်ရေး ဦးသိန်းစိန်နှင့် ရခိုင်ပါတီများ ဆွေးနွေး



ရခိုင်ဒေသ တည်ငြိမ်ရေး ဦးသိန်းစိန်နှင့် ရခိုင်ပါတီများ ဆွေးနွေး

8Print This Post

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ သြဂုတ်လ ၄ ရက်က တွေ့ဆုံရာတွင် ဦးအေးသာအောင်လည်း ပါဝင်တွေ့ဆုံခဲ့သည် (ဓာတ်ပုံ – နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်မှ)
သမ္မတ ဦးသိန်းစိန်နှင့် ရခိုင်နိုင်ငံရေးပါတီ နှစ်ခုမှ ခေါင်းဆောင်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေး နှင့် ပတ်သက်ပြီး ယနေ့ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

Thursday 9 August 2012

လူငယ် ၂ ယောက်နဲ့ စစ်သား ၂ ယောက်ပါ


ဒီနေ့  ( 8,8,2012 ) မှာ ကျွန်တော်မြို့ ထဲသွားပါတယ် ။ နေ့ လည် ၁ နာရီလောက်မှာ မဟာဗန္စုလလမ်းနဲ့  ဗိုလ်အောင်ကျော်လမ်းမီးပွုင့်တစ်နေရာ( BAK ကုန်တိုက်ရှေ့ )မှာတွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုပါ ။ လူငယ် ၂ ယောက်နဲ့ စစ်သား ၂ ယောက်ပါ ။ ဘာပြသနာဖြစ်လို့ လဲမသိဘူး အသက် ၂၀ ၀န်းကျင်ခန့်ရှိတဲ့လူငယ်နှစ်ဦးကို လက်ထိပ်ခတ်ပြီး စစ်သားတစ်ယောက်က ကြိုးနဲ့ ဆွဲခေါ်လာတာကိုတွေ့ ရပါတယ် ။ လူငယ်နှစ်ယောက်ရဲ့ ဆံပင်ကိုလဲပုံစံသွင်းထားပါတယ် ။ အဲ့ဒီလူငယ် ၂ ယောက်ကို ဗိုလ်အောင်ကျော် ( အထက်)လမ်းအတိုင်းခေါ်ဆောင်သွားတာကိုမြင်လိုက်ရပါတယ် ။ ရန်ကုန်မြို့ လယ်ပေါ်မှာဒီလိုမြင်ကွင်းမျိုး ဒါကျွန်တော် ပထမဆုံးမြင်ဖူးတာပါ ။ အဲ့လိုလုပ်သွားတာ ကျွန်တော်နားမလည်ပါဘူး ။

"ထိုင်း Vita စက်ရုံမှ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဖြေရှင်းတော့မည်"


ထိုင်းနိုင်ငံ ပြည်သူ့ဝန်ထမ်း ဆက်ဆံရေးအဖွဲ့ (SERC) နှင့် ထိုင်းအလုပ်သမား ကြံ့ခိုင်ရေးကော်မတီ (TLSC) တို့ ပူးပေါင်း Vita အစားအသောက်ထုတ် စက်ရုံမှ ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများအား ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် သမကခရိုင်ရှိ Vita အစားအသောက်လုပ်ငန်း စက်ရုံသုံ
းရုံတွင် မြန်မာရွှေ့ပြောင်းလုပ်သား(၇၀၀၀) ခန့် လုပ်ကိုင်နေကြပြီးလွန်ခဲ့သည့် လေးလခန့်မှစကာ တရားဥပဒေနှင့်အညီ ထိုင်းလုပ်သားများနှင့် တပြေးညီ လုပ်ခလစာရရှိရန်အတွက် ဆန္ဒပြ တောင်းဆုခြဲ့သော်လည်း ယခုအချိန်အထိ ပြေလည်တိုးတက်မှု မရှိသေးဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်။

X2o သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရခြင်းကြောင့် သေဆုံး၊ ထိခိုက် ဒါဏ်ရာရခဲ့သော အပြစ်မဲ့ ပြည်သူတို့ကို အသိပေးတောင်းပန် စကား


ဦးဆုံး X2o သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရခြင်းကြောင့် သေဆုံး၊ ထိခိုက် ဒါဏ်ရာရခဲ့သော အပြစ်မဲ့ ပြည်သူတို့ကို အသိပေးတောင်းပန် စကားဆိုလိုသည်။ မိမိတို့ ဖြတ်သန်းခဲ့ရသော ပြီးခဲ့သည့် အုပ်ချုပ်ရေး စနစ်တွင် စကားနှင့် အလုပ် တည်သော အုပ်ချုပ်သူတို့ နည်းပါးခဲ့သည်။ ဥပဒေကို အသက်တမျှ ကာကွယ် လိုက်နာစောင့်ရှောက်ခြင်း နည်းပါးခဲ့သည်ကို မမေ့ဖို့နှင့် စွပ်စွဲအပြစ်တင်မှု တခုခုဖြင့် အရေးယူ အပြစ်ပေးခံရသူတိုင်းသည် ထို ပြစ်မှုကို ကျူး
လွန်ခဲ့သူ ဖြစ်သည်မှာ မသေချာ ဆိုသည့် တရားစီရင်မှု ယိုယွင်းသော ပြသနာကြီးကို သတိပြုမိဖို့ လိုပါသည်။
ဗုံးခွဲမှုဖြင့် ဖမ်းဆီးစွပ်စွဲကာ ဘယ်လိုမှ ခိုင်မာခြင်းမရှိသော အတင်း စွပ်စွဲချက်များဖြင့် အတင်း သေဒါဏ်ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင် ကို ထောင်တွင်းမှာ အတူရင်းနှီးစွာတွေ့ဆုံခဲ့ဖူ
းပါတယ်။ အခု သူ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ေ
တာ့ လွတ်ပါတယ်။ ဆေးရုံပေါ်မှာပါပဲ။ ကိုယ်အောက်ပိုင်းက လုံးဝ အသုံးပြုလို့ မရတော့ပါဘူး။ ဆေးကုသခွင့် မပေးတဲ့ ယုတ်မာသော အကျဉ်းဦးစီးဌာန ရဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုဒါဏ်ကို ကျနော့်နည်းတူ ခံစားခဲ့ရတဲ့ ကိုဖြိုးဝေအောင်ကို ဒီကနေ့ သွားရောက် အားပေး စကားပြောကြားခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံအခြေစိုက် တာလီဘန် ခြိမ်းခြောက်မှု မြန်မာ မွတ်စလင်များ လက်မခံ

မြန်မာနိုင်ငံကို ပါကစ္စတန် နိုင်ငံအခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ Tehreek-e – Taliban (TTP) က ခြိမ်းခြောက်မှု အပေါ် နိုင်ငံအတွင်း နေထိုင်သူ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆန့်ကျင်ကြောင်း ပြောဆိုသည်။

TTP အဖွဲ့က ပါကစ္စတန်နိုင်ငံ အနေဖြင့် အစ္စလမ်မာဘတ် မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍လည်း “သွေးနှင့် လက်စားချေမည်” ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းကို မြန်မာ ပြည်တွင်းနေ အစ္စလမ် ဘာသာဝင်များက တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Wednesday 8 August 2012

အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုစာရင်းများကို ထုတ်ဖော်ကြေညာရေးအဆိုရှုံးနိ မ့်။

မနက်ပိုင်းက ပထမဆုံးစကြားရတဲ့သတင်းက အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုစာရင်းများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်း တင်ထားရှိရေးအဆို ကိုလွှတ်တော်ဥက္ကဌကြီး ရွှေ့ဆိုင်းကြောင်းဖြစ်ပြီး၊ နာရီပိုင်းအတွင်းမှာဘဲ ဒီအဆိုကိုဆွေးနွေးနေကြပြီလို့ သတင်းဖတ်ရပြန်တယ်။ အစိုးရအဖွဲ့တွေအိပ်မပျော်ဖြ
စ်နေရတဲ့ " အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုစာရင်းများကို ထုတ်
ဖော်ကြေညာပြီး မှတ်တမ်း တင်ထားရှိရေးအဆို " ဟာရှုံးနိမ့်သွားဆိုတော့ ဒီည မိသားစုထမင်းဝိုင်းမှာ ရှန်ပိန်ဖောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ကြပါပြီ။

အတိုက်အခံ


အတိုက်အခံလုပ်တဲ့နေရာမှာ ကောင်းတဲ့လုပ်ရပ်ဆိုရင် ကောင်းတယ်လို့ပြောနိုင်ရတယ်။ မကောင်းဘူးဆိုရင် မကောင်းဘူးလို့ပြောရဲရတယ်။ ဒါမှ ပြည်သူ့အတွက် လုပ်သော အတိုက်အခံ ဖြစ်မယ်။

ငါနာမည်ကြီးဖို့ဆိုပြိး အတိုက်အခံလုပ်ခြင်း၊ အကျိုးရလာဒ်တစ်ခုအတွက် အတိုက်အခံလုပ်ခြင်းက အတိုက်အခံနိုင်ငံရေးသမားမဟုတ်ဘဲ
ကန္တကောစ နိုင်ငံရေးသမားဖြစ်သွားတတ်တယ်။
ဟိုဖက်လည်း သုံးမရ၊ ဒီဖက်လည်း အသုံးမဝင်ပေါ့။

ပူတာအိုတဝိုက် ဆန်ပြတ်လပ်


နန်းဆိုင်နွမ်| August 7, 2012

ကချင်စစ်ပြေးဒုက္ခသည်စခန်းတခုအတွင်းကလးငယ်တဦးထမင်းစားနေသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ – Reuters)
ဧရာဝတီ

ကချင်ပြည်နယ် မြောက်ပိုင်း ဒေသ ပူတာအိုမြို့နယ်အနီးတဝိုက်ရှိ ကျေးရွာများတွင် စစ်ပွဲကြောင့် စပါး မစိုက်ပျိုး နိုင်သဖြင့် ဆန်ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။

Tuesday 7 August 2012

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူမည့် တရားဥပဒေ စိုးမိုးရေ ကော်မတီ ဖွဲ့စည်း

နေပြည်တော်၊ သြဂုတ် ၇

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ကြပ်မတ် ထိန်းကျောင်း ရမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့သည်။

လယ်သမားအရေး ဆောင်ရွက်သူများအား အုပ်ချုပ်ရေးအာဏာပိုင် ဖိအားပေး


မိုးမခ အထောက်တော်၊ ရန်ကုန်။ သြဂုတ် ၅၊ ၂၀၁၂၊ MoeMaKa Burmese News & Media

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှ ကပစ (၈) မှသိမ်းယူထားသည့် လယ်မြေဧက သောင်းကျော် ပြန်လည်ရရှိရေး သမ္မတထံ စာတင်ရန်ကူညီသူများအား နယ်မြေခံ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးမှူးများက လာရောက်မေးမြန်းခြင်းဖြင့် ဖိအားပေးနေကြောင်း ကူညီသူတဦးဖြစ်သည့် မသန္တာကပြောသည်။

၁၉၉၆၊ ၉၇ ခုနှစ်ဝန်းကျင်ကတည်းက ကပစ(၈) က သိမ်းယူထားသည့် လယ်မြေဧက ၁၂၀၀၀ ကျော်အနက် လစ်လပ်လယ်မြေများကို သီးစားခပေးကာ လုပ်ကိုင်နေရာမှ ယခုနှစ်တွင် လုပ်ခွင့်မပေးတော့သဖြင့် လယ်သမားများက ယင်း လယ်မြေများ ပြန်လည်ရရှိစေရန် ရန်ကုန်မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း အချို့က ကူညီရန် သွားရောက်ခဲ့ကြသည်။

ကိုမင်းကိုနိုင်အတွက်အမှတ်တရ


  • အကိုမင်းကိုနိုင်ကို သူ့မွေးနေ့မှာ ထောင်ထဲကဆွဲထုတ်ပေးလို့ မရပေမယ့်လည်း တခုခုတော့ လုပ်ပေးချင်တယ်။ အကယ်၍များ သူလွတ်လာရင် သူ့အတွက်အမှတ်တရ တခုခု လုပ်ပေးနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ပဲ အင်တာနက်ခေတ်ကြီးထဲမှာ သူ့အတွက်နေရာလေး တခုကို ဖန်တီးပေးဖို့ စိတ်ကူးရလိုက်မိတယ်။ on line ရဲ့ တခြားဘယ်နေရာမှာမှ ရှာမတွေ့သေးတဲ့ သူ့အကြောင်းချည်းသက်သက်
    စုစည်းထားတဲ့ ဘလော့ဒ်တခုကို ဖန်
    တီးပြီး သူ့ကို လက်ဆောင်ပေးဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သုံးလို့လည်းမကုန်တဲ့၊ ဘယ်တော့မှလည်း ပုပ်သိုးမသွားတဲ့၊ စာပေနိုင်ငံရေးသမား ကိုမင်းကိုနိုင်အတွက်လည်း အလွန်အသုံးဝင်မယ်လို့ ယူဆရတဲ့ (http://www.minkonaing88.com/) လို့ အမည်ပေးထားတဲ့ ဘလော့ဒ်တခုကို သူ့ရဲ့၄၉နှစ်မြောက် မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်သာ တကယ်ပဲ ၂၀၁၁ခု၊အောက်တိုဘာလ၊၂၉ရက်နေ့မှာလွတ်လာခဲ့ရင်.......................
    .........သူ့အတ္ထုပ္ပတ္တိလို့တော့ ပြောလို့မရသေးပေမယ့် အချိန်တိုလေးအတွင်းမှာ ကျွန်ုပ်တို့ လက်လှမ်းမီသလောက် စုစည်းတင်ပြထားပါတယ်။လိုအပ်ချက်တွေ လွဲနေတာတွေလည်း ရှိနိုင်ပါတယ်။ အပြုသဘောဝေဖန်မှုတွေကို ကြိုဆိုပါတယ်။

    ကိုမင်းကိုနိုင်နှင့်ပတ်သက်သော ထူးခြားဓာတ်ပုံများ၊ သတင်းများ၊ စာမူများ၊ အကြံပြုစာများပေးပို့လိုပါက nandar@lanpyakye.com သို့ပေးပို့နိုင်ပါသည်။ကျေးဇူးအထူးတင်ပါသည်။

ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၂ ဦး မလေးရှားတွင် ဖမ်းဆီးခံရ


တရားမ၀င် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၂ဦးကို မလေးရှားနိုင်ငံ ရှူပိန်းမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု မလေးရှားရဲက ပြောသည်ဟု Bernama သတင်းတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူများ အထဲတွင် အမျိုးသား ၂၈ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြပြီး ထိုအထဲတွင် အသက် ၄နှစ် အရွယ် ကလေး သုံးဦး ပါဝင်သည်ဟု ဆိုသည်။

Monday 6 August 2012

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ KNU နဲ့ အကြို ဆွေးနွေး...


ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲဟာ မကြာခင်လုပ်မယ့် အစည်းအဝေး အတွင်း နှစ်ဘက် တပ်မတော် က လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက် လို့ ဆွေးနွေးကြဖို့ အတွက် မြ၀တီမြို့ မှာ ဒီကနေ့ အကြို ညှိနှိုင်းခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း....


6.8.2012

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန် နက်နဲ သိမ်မွေ့တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသားတွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ အဂတိ လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်နေစဉ်။

၁၉၉၆ ပြည်လမ်း ကျောင်းသားပေါ်ရှိကျောင်းသား အရေးအခင်းမှာပါဝင်ခဲ့ကြတဲ့အကိုတွေပါ။



မျိုးဆက်တဆက်ပျောက်နေလို့။ ၈၈၈၈ ပြီးရင်၂၀၀၇ ရွှေဝါရောင်ကိုပဲတန်းမြင်နေကြလို့။ ဒီပုံလေးကတော့ ၁၉၉၆ ပြည်လမ်း ကျောင်းသားပေါ်ရှိကျောင်းသား အရေးအခင်းမှာပါဝင်ခဲ့ကြတဲ့အကိုတွေပါ။ ၁၉၉၆ နောက်ပိုင်း ရန်ကုန်တက္ကသိုလ် ကြီးပိတ်ပြီးနောက် ကျောင်းသားတွေလဲ ရန်ကုန်မြို့ထဲနဲ့ အတော်ဝေးကွာတဲ့နေရာတွေမှာပဲ

Sunday 5 August 2012

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြား



ကမ္ဘာမှာ မူစလင်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။

အနောက်ဂျားဗား ရှိသူ့ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနို က သူ့ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေ ကို တတ်နိုင်သမျှ မှန်
မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေတာဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်၊

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”




မောင်ကျောင်းသား 31,july,2012

(၁)
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၄ နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြု အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာ မျိုးတွေ ရှိနေတဲ့အတွက် ဒီ၂၄ နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက် မှာပဲ ရှိဦးမဲ့လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ် မှန်တွေကို မသိကြရပါဘူး ။

နိုင်ငံသား ဥပဒေ ပြန်လည်ပြင်ဆင်ရန် လိုအပ်ဟု ကင်တားနား ပြောကြား


ရန်ကုန်၊ သြဂုတ် ၅

ရိုဟင်ဂျာ အမည်ခံများ အရေးဖြေရှင်းရန် မြန်မာနိုင်ငံတွင် နိုင်ငံသား ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြန် မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက မင်္ဂလာဒုံလေဆိပ်၌ သြဂုတ်လ ၄ရက်နေ့ က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
"ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံသား မဟုတ်ဘူးလို့ ငြင်းဆိုခံရမှုတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ၊ လွတ်လပ်စွာ လှုပ်ရှားခွင့် မရမှုတွေ အတွက် ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်သင့်တယ်။ သူတို့တွေကို နိုင်ငံတကာ လူ့အခွင့်အရေး အဆင့်နဲ့ တပြေးညီ ဖြစ်အောင် လုပ်ပေးရမယ်" ဟု ၄င်းက ဆိုသည်။

ရုရှားမှ စစ်သမီးများနဲ့ မြန်မာ စစ်ဗိုလ်ပေါက်စများ


မြန်မာနိုင်ငံ တပ်ရင်း (သို့မဟုတ်) စစ်တက္ကသိုလ်တခုခုရှိ ရုရှားမှ စစ်သမီးများနဲ့ မြန်မာ စစ်ဗိုလ်ပေါက်စများအား တွေ့ရပုံ၊ ကျွန်တော့်အထင် အရှေ့က ရပ်နေတဲ့ ရုရှား စစ်သမီးတွေကဘဲ ပိုပြီး Body ကောင်းနေသလား၊ အနောက်က စစ်ဗိုလ်ပေါက်စလေးတွေဘဲ ဓာတ်ပုံမရိုက်ခင် ထမင်းဝအောင် မစားရသေးတာလား ဆိုတာကတော့ မပြောတတ်တော့ပါဘူး။ :D

ဒီဓာတ်ပုံကို www.photayokeking.org မှတဆင့် ကူးယူ တင်ပေးလိုက်ပါတယ်။

ထပ်မံဖြည့်စွက်ချက်၊ ၊ အောက်ပါ ကွန်မက်ပေးသူများထဲမှ Heinkokoaung Ko ရယ်၊ Richard Norman Ackles ရယ်၊ Zayyar Zayarlin တို့ ပြောကြားချက် မှန်ကန်ကြောင်း အတည်ပြုပါတယ်။ Photoshop လုံးဝ မဟုတ်ပါ။ အဲဒီ ရုရှား အမျိုးသမီးနဲ့ စစ်ဗိုလ်ပေါက်စတို့ နောက်ထပ် တွဲရိုက်ထားတဲ့ ပုံများ ရှိပါသေးတယ်။ အချိန်ရပါက ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ကြောင်းပါ။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ သမီးတော်များ


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ သမီးတော်များ... သူ့ရဲ့ အဖေ နံမည် "ရွှေ" ဆိုတာလေးကို နံမည်နောက်ဆုံးတွေမှာ ထည့်ထားကြတယ်။


  • Oo Yaung and 61 others like this.
  • 260 shares
  • 56 of 138

    • Ko Pauk ရူပါတွေက (ဂျပလွတ်) အလန်းတွေပါလားးးးး အဟိ..ေိေိ... :P

    • Kyaw Thiha Maung ရွှေမျိုး ရွှေနွယ်တွေ ပေါ့  ...ဟားဟ ..လုပ်ကြပေါ့  မင်းတို့ ခေတ်နဲ့  မင်းတို့  အခါ ....

ရိုဟင်ဂျာကိစ္စကို မဟာဗျူဟာမြောက်တုန့်ပြန်ရန်လိုအပ်ခြင်း


by Myo Set

1982 နိုင်ငံသားဖြစ်မှု ဥပဒေကို ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကန်တားနားက ပြန်လည်သုံးသပ်ဖို့ ယနေ့ ၄၊ ၈လ၊ ၂ဝ၁၂ ခုနှစ် မြန်မာစံတော်ချိန် ခြောက်နာရီခန့်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတယ်။ အဲ့ဒီသတင်းကို ဖေ့စ်ဘုတ်မီဒီယာလောကမှာ တက်တက်လာချင်း မျိုးချစ်တွေက အဆဲအဆိုတွေနဲ့တုန့်ပြန်ကြတာကိုတွေ့ရပါတယ်။ ရိုဟင်ဂျာတွေရဲ့ စံနစ်
တကျ ကျူးကျော်မှုတွေ၊ မွတ်စလင်နိုင်ငံတွေရဲ့ အမျုးမျိုးဝါဒဖြန့်မှုတွေကို မတုန့််ပြန်ဘဲနေနေတဲ့ အစိုးရအဖွဲ့ကို အားရခြင်းမရှိတဲ့ မိမိအနေနဲ့ ကိုယ့်လူတွေကို အနည်းငယ်မချင့်မရဲဖြစ်ရတယ်။

State Sovereignty Vs UN intervention

နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာ တိကျပြတ်သားတဲ့မူဝါဒရှိပြီးသားဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ မူရှိပြီးဖြစ်တယ်။ ဝင်ရောက်စွက်ဖက်ရတဲ့ အခြေအနေတွေဟာ ဘော့စ်နီးယားလိုအနေအထား၊ လစ်ဗျားလို ကိုယ့်လူကိုယ် လေယာဉ်ပျံနဲ့ ဗုံးကြဲတဲ့အနေအထားလိုနေရာမျိုးတွေကျမှပဲ စွက်ဖက်ခွင့်ရှိတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ဗီတိုကိုင်ထားတဲ့နိုင်ငံတွေထဲမှာ ဗီတိုပါဝါကို သုံးလိုက်ရင် ကျန်နိုင်ငံတွေက ဘယ်လောက်ပဲဆန္ဒရှိသည်ဖြစ်စေ ဗီတိုပါဝါကိုလေးစားသော အားဖြင့် လက်လျှော့ပေးရမြဲဖြစ်တယ်။ အဲ့ဒီနိုင်ငံတွေထဲက ဗီတိုပါဝါကိုင်ထားတဲ့ နှစ်နိုင်ငံဖြစ်သော တ၇ုတ်နဲ့ ရုရှားတို့ဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်နေကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်များနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ တစ်ခုတည်းသော လမ်းကြောင်းက သံတမန်ဆက်ဆံရေးနဲ့ နိုင်ငံရေးဖိအားသာလျှင် ဖြစ်ပါတယ်။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု လုပ်ရန် ဖြစ်လည်းမဖြစ်နိုင်သလို အကြောင်းလဲမရှိပါ။