Wednesday 25 July 2012

တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင်တွေ သိပ်ကြောက်နေ


နိုင်လိုမင်းထက်နဲ့ မတရားမှု ပြုကျင့်တဲ့နေရာမှာ အင်မတန် နာမည်ကြီး လှတဲ့ သျှမ်းပြည်နယ်၊ တောင်ကြီးခရိုင်ရဲတပ်မှူး (ခရိုင် ရဲမင်းကြီး) တစ်ယောက် နေပြည်တော်ကို အစည်းအဝေးတက်ဖို့ သွားတော့မယ် ဆိုရင် ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ရဲမြို့နယ်မှူးတွေ၊ စခန်းမှူးတွေ၊ ရဲကင်းမှူးတွေနဲ့ နယ်ထိန်းအဖွဲ့တွေ ဖိဆီးနှိပ်စက် ခံကြရပါတယ်။
ခရိုင်ရဲမှူးကိုယ်တိုင် ဖုန်းဆက်ပြီး - Blue Label အရက် ပုလင်းပါတဲ့ လက်ဆောင်ပန်းခြင်းတွေနဲ့ စခန်းတစ်ခုကို ငွေဘယ် နှစ် သိန်းလာပို့စမ်း - ဆိုပြီး အဓမ္မ ခေါ်တောင်း လေ့ရှိပါတယ်၊ မပေးရင် ရန်ငြိုးဖွဲ့ပြီး ပြဿနာ ရှာတတ်တာမို့ သူ့ကို ကြောက်ပြီး မဖြစ်ဖြစ်အောင် လုပ်ပေး ဖန်တီးပေးနေရတယ်၊ သူ့ကားအတွက်ကိုလည်း ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်ဆို ပုံးလိုက်ပေးနေကြရတယ်၊ ဒါ့အပြင် လမ်းမှာစားသောက်ဖို့ စရိတ်တွေ အစားအစာတွေကိုလည်း လိုလေသေးမရှိ ဆောင်ရွက်ပေးကြရပေမဲ့ လက်အောက် တပ်ဖွဲ့ဝင် တွေအပေါ် ဘယ်တော့မှ အကောင်းမမြင် တတ်တဲ့အပြင် သူအလိုမကျရင် အငြိုးအတေးနဲ့ လုပ်ပိုင်ခွင့် အာဏာကို အလွှဲသုံးစားပြီး နေပြည်တော်အစည်းအဝေးတက်ဖို့ အကြောင်းပြုပြီး အထက်လူကြီးများကို ကန်တော့ဖို့ဆိုပြီး တပ်ဖွဲ့ဝင် အချင်းချင်းအပေါ် နိုင်လိုမင်းထက်ပြုတတ်တဲ့ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင် တွေမှာ သိပ်ကြောက်နေရကြောင်း ...... အမြင်မတော် အကြားမတော်လို့ အများသူငှာသိစေချင်လို့ သျှမ်းသံတော်ဆင့် ကတစ်ဆင့် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရခြင်းဖြစ်ပါတယ်....

Tai Inspector

http://www.burmese.panglong.org/component/content/article/3361-2012-07-24-09-49-40.html

No comments: