Saturday 4 August 2012

မြန်မာ့ဥယျာဉ် အကြမ်းဖက်သမားတွေ ၀င်ရောက် တိုက်ခိုက် ဖျက်ဆီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့လယ်က ရခိုင်တိုင်းရင်းသား ဦးစောအောင် ပိုင်ဆိုင်တဲ့ မြန်မာ့ဥယျာဉ် အမည်ရှိ အရောင်းဆိုင်ကို
သောကြာနေ့ညနေ (၅) နာရီလောက်က အကြမ်းဖက်သမားတွေ ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သူ ( ၅၀) နီးပါးဟာ မြန်မာဥယျာဉ် ဆိုင်ရဲ့ အောက်ထပ်မှာရှိတဲ့ စားသောက်ကုန် အရောင်းဆိုင်မှန် ကို ရိုက်ခွဲဝင်ရောက်လာကြတာဖြစ်ပြီး၊ ဆိုင်အတွင်းရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားကြတယ်လို့
မြန်မာဥယျာဉ်ဆိုင်ရဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ဒေါ်ခင်ခင်စန်းအေးက RFA ကို ပြောပါတယ်။

ဆိုင်တွင်းက ကွန်ပြူတာတွေနဲ့ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးလိုက်ကြောင်း၊ ၀န်ထမ်းတွေ ကြောက်ရွံ့ပြီး တခြားနေရာတွေမှာ ပုန်းအောင်း
နေကြရကြောင်း သူက ပြောပါတယ်။

အကြမ်းဖက် ဖျက်ဆီးသူတွေဟာ ရိုဟင်ဂျာ ဆိုတဲ့ စာတန်းတံဆိပ်ပါ တီရှပ်တွေကို ၀တ်ထားတယ် လို့ ဆိုပါတယ်။

သူတို့ဟာ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပြီးအပြန်မှာ အဲဒီဆိုင်ကိုဝင် ရောက်ဖျက်ဆီးခဲ့တာဖြစ် မယ်လို့ ယူဆကြပါတယ်။

အကြမ်းဖက်သူတွေထဲက (၈) ဦးကို မလေးရှား ရဲ က ဖမ်းဆီးမိထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

No comments: