Thursday 16 August 2012

မြန်မာနိုင်ငံက ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံ တင်မည်



ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလမ်ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလမ်ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က “မြန်မာအာဏာပိုင်ေ
တွအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေတာတွေကို ရှုံ့ချကြောင်း” ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

No comments: