Wednesday 10 October 2012

၂၇နှစ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသော ဆွီဒင်ဝါရင့်သတင်းထောက် ဘာတေးလ်လစ်တနာ သည် ပြည်ဝင် ခွင့်ဗီဇာရရှိသွားပြီး လာမည့်တနလာင်္နေ့(အောက်တိုဘာ၁၅) ရက် တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း

၂၇နှစ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသော ဆွီဒင်ဝါရင့်သတင်းထောက် ဘာတေးလ်လစ်တနာ သည် ပြည်ဝင် ခွင့်ဗီဇာရရှိသွားပြီး လာမည့်တနလာင်္နေ့(အောက်တိုဘာ၁၅) ရက် တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဘာတေးလစ်တနာ က အွန်လိုင်းမှတစ်ဆင့် ဖြေကြားသည်။
ဘာတေးလ်လစ်တနာသည်မြန်မာနိုင်ငံအရေးကို အစဉ်တစ်စိုက်ရေး သားလာခဲ့ပြီး စစ်အစိုးရ၏ အမည်မည်းစာရင်းတွင်ထည့်သွင်းခံရပြီး ၁၉၈၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံ
သို့ လာရောက်ခွင့်ပိတ်ခံရသည့် ၀ါရင့်သတင်းထောက်တစ်ဦးဖြစ်သည်။
သို့သော် ဦးသိန်းစိန်အစိုးရက အမည်ပျက်စာရင်းဝ င်နိုင်ငံခြားသား ၁၀၀၀ကျော်ကို အမည်မည်းစာရင်းမှပယ်ဖျက်ပေးခဲ့ရာ ဘာတေးလစ်တနာလည်း ပါဝင်ခဲ့သည်။
သူ၏ခရီးစဉ်အတွင်း ရန်ကုန်မြို့သို့လည်ပတ် ပြီး နေပြည်တော် သို့ ပြန်ကြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တာဝန်ရှိသူ များနှင့်သွားရောက်တွေ့ဆုံမည်ဟု ဧရာဝတီသတင်းဌာနသို့ ဘာတေးလ်ကပြောကြားထားသည်။
ဓာတ်ပုံတွင် ၁၉၈၆ခုနှစ်က ကချင်ပြည်နယ်သို့ သတင်းယူစဉ်က ရိုက်ကူးထားသော ဘာတေးလစ်တနာကို တွေ့ရစဉ်။
ဓာတ်ပုံ - Bertil Lintner FB

No comments: