Sunday, 20 January 2013

“စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။

Liked · January ·

 
သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေ တပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါ
ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့ရွာအထွက်နားလေးမှာ ကင်းပတ်ပတ်လည်ချပြီးတော့ နားကြတာ။ ခဏနေတော့ လူလေးယောက်လမ်းလျောက်လာနေတာ ကင်းသားတစ်ယောက်က ဘယ်သူလဲရပ် လို့ အော်လိုက်တာ တစ်ဖွဲ့လုံး သေနတ်နဲ့ ချိန်ပြီးသွားပြီ အဲဒီက အန်တီတစ်ယောက်က သူ့မျက်နှာကို ဓါတ်မီးနဲ့ထိုးပြပြီးတော့ ကျွန်မတို့ပါ ရေလာပို့တာပါ ဒါနဲ့ ဗိုလ်ကြီးတစ်ယောက်က လာလာ အန်တီတို့ လာခဲ့ပါ လို့ လှမ်းခေါ်လိုက်တယ် ရောက်လာတော့ ရေပုံးနှစ်ပုံး အဖွားကတစ်ပုံး အန်တီကတစ်ပုံး ကလေးနှစ်ယောက်ပါလာတယ် ၁၂နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက် ကျွန်မတို့က သည်ရွာကပါ.. ရေဆာလောက်မယ်ထင်လို့ ယူလာတာပါ။ ဒီလိုအချိန်မျိုးမှာ ပင်းပန်းတာနဲ့ တွင်းရေအေးအေးလေး သောက်လိုက်ရရင် ဆိုပြီး အာသီသ ရှိနေကြတာပါ။ ရေလည်းတွေ့ရော သောက်ရတာ အရသာ ရှိလိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သောက်လဲသောက်ပြီးရော အဖွားက မေးတယ် တူလေး ထမင်းစားပြီးပြီလားတဲ့ ကျွန်တော်ကခေါင်းခါလိုက်တယ် ဒါနဲ့ သူ့မြေလေးကို ကချင်စကား တစ်ခွန်းပြောလိုက်တယ် သားလေးက ချက်ခြင်း အိမ်ပြန်သွားရော ဒါနဲ့ ကျွန်တော်က အဖွားကို မေးလိုက်တယ် ဘာဖြစ်လို့လဲ အဖွား အိမ်မှာ ကျန်တဲ့ ထမင်းတွေ ဟင်းတွေယူခိုင်းလိုက်တာ။ ကျွန်တော့်မှာလေ ရင်ထဲမှာ ဆို့နင့်နေအောင် ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ ထိုင်ရှိခိုးလိုက်တယ် ပင်ပန်းပြီးတော့ ရေလဲဆာ ဗိုက်လဲဆာ နေတဲ့အချိန်မှာ တအားခံစားရတယ် ကျွန်တော့်မှာ ပြန်ပြီး ဂါရဝပြုစရာ ဘာမှမပါဘူး ဒီအတိုင်းထိုင်ရှိခိုးလိုက်တာ လေးစားလွန်းလို့။ ခဏနေတော့ ရွာဘက်ကနေ သားလေးအပြင် ၁၁ ယောက်လောက် ပါလာတယ် ထမင်းအိုးတွေ ဟင်းခွက်တွေရော ရေပုံးတွေရော ထပ်ရောက် လာတယ် ဒီမှာတင်ပဲ ထိုင်စားလိုက်တာ အားရလိုက်တာ။ ရဲဘော်တွေလဲ ပြုံးစိစိနဲ့ အချင်းချင်းကြည့်နေကြတာ ခဏက ချီတက်ခဲ့ရလို့ မောတာတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ သိကြတဲ့အတိုင်း အိမ်ထမင်းအိမ်ဟင်း မစားရတာကြာပြီလေ။ ဟန်းကောထဲကထမင်းလဲ ချွေးတရွဲရွဲနဲ့ သိုးနေလောက်ရောပေါ့။ ခရီးဆက်ထွက်မယ်ဆိုတော့ ရဲဘော်တွေက မိသားစုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောလို့ကို မဝဘူး။ ကျွန်တော်ကလဲ အဖွားကိုကျေးဇူးတင်တဲ့ အကြောင်း ပြောတာပေါ့ အဖွားကလည်း ဘေးကင်းပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ကြီးပွားပါစေ လို့ဆုတွေပေးလို့။ ဒီနေရာမှာ အဖွားလည်း မျက်ရည်ဝဲတယ် ကျွန်တော်လဲ မျက်ရည်ဝဲတယ်ဗျ။ ဒီကြားထဲမှာ အဖွားမေးခဲ့တဲ့ စကားတခွန်းကို အခုထက်ထိမေ့မရဘူး။ “စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။

ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တာပါ
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။

လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
Photo taken by my friends
Written by Myanmar Flashs

အေးချမ်းမွန်မှ Myanmar Flashs တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Like · · Share

  • Ko Nay, Swanye Zaw and 28 others like this.
  • Akari Phyu ဒီစာကိုဖတ်ပြီး တကယ်မျက်ရည်ကျမိပါတယ်...
  • Minn Naing ဒီအတိုင်းပဲဖြစ်သင့်ပါတယ် ကျနော်တို့ တိုက်နေတာ ကချင်ကိုလဲမဟုတ်ဖူး ဗမာကိုလဲမဟုတ်ဖူး ပြည်သူကိုအန္တရယ်ပြုနေသူတွေကိုပါ
  • Htin Kyaw တိုင်းပြည်နဲ့ပြည်သူတွေအတွက်
    အနှောက်အယှက် တွေမှန်သမျှ
    တာဝန်အရဆန့်ကျင်ကြ။
  • War War Aung တဦးအပေါ်တဦးမစ်တာ ပေးဝေနိုင်တာ ပီတိ ဖြစ်စရာပါ...
  • Sai WoonHein Zoombu ကချင်၊ဗမာ၊ရှမ်း၊ကရင်၊မွန် နောက်ဆုံးတရုတ်၊ ကုလားပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံရဲ့ထမင်းစားပြီးကြီးလာရင် ဒီနိုင်ငံကို အေးချမ်းဖို့၊ တိုးတက်ဖို့ လုပ်သင့်ပါတယ်
  • Ko Thar Gyi အားလုံးက တိုင်းရင်းသားတွေပါ
  • တင့် တင့် ဒီ စာ ဖတ် ပြီး မျက် ရည် တောင် လည် မိ တယ် ဘယ် သူ စစ် တိုက် ချင် မလဲ
  • Nainghtoo Myint စစ်ဆိုတာကို ကြုံဘူး မှ သိ့မှာ ပါ လူဆိုတာလဲ ပေါင်းကြည့်မှ သိ့မှာ အုပ်ချုပ် တာလဲ လုပ်ဘူးမှ သိ့မှာ စစ်သားဆိုတာလဲ စစ်ထဲဝင် ဘူးမှ သူတို့ ဘဝကို စာနာတက်မှာပါ။ဘယ်သူ ကအမုန်းဆို တာကိုနှစ်သက်လို့လဲ?

No comments: