Sunday 30 December 2012

အချိန်က ဆုံးဖြတ်ပါလိမ့်မယ်. . .

စန္ဒဂုတ် စစ်တိုက်သလို ရန်သူ ကို ရင်ဆိုင်နေရတာလား၊
ရန်သူက ကိုယ့်အိမ်ဝင်းထဲဝင် ကိုယ့်မိသားစုဝင်တွေကို ဆွဲလားရမ်းလား၊
ရိုက်လားနှက်လား လုပ်နေတာလား ဆိုတာ သေချာ သုံးသပ်ပါ။

ခု နေ့စဉ် ကိုယ့်တိုင်းသူပြည်သားတွေ၊ နှစ်ဘက် လူငယ်လေးတွေ
သေနေတာကို မြင်ရဲ့၊ ကြားရဲ့ နဲ့ စန္ဒဂုတ်စစ်တိုက်သလို သိမ်းရမတဲ့လား၊
ဒီ့အတွက်
ဒေါ်စုနဲ့ ၈၈ ခေါင်းဆောင်တွေကို စစ်မြေပြင်သွားခိုင်းတာလဲ မဟုတ်
လမ်းပေါ်ထွက်ခိုင်းတာလဲ မဟုတ်
ဒီစစ်ပွဲတွေနဲ့ ပါတ်သက်ပြီး သူတို့ရဲ့ အသံကို ကမ္ဘာက ကြားအောင် ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်းတွေပြော၊
လူသိန်းချီလာတဲ့ ပွဲတွေကနေပြော၊
သံခင်း တမန်ခင်းနဲ့ စစ်ပွဲတွေရပ်ဖို့ မေတ္တာရပ်ခံ စသဖြင့် လုပ်သင့်လုပ်ထိုက်တာ တခုမှ မလုပ်လို့ ထောက်ပြဝေဖန်နေတာပါလေ။

သူတို့မှာ တစုံတခု အစီအစဉ် ရှိမယ်၊
လုပ်လာလိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။
လုပ်ဖြစ်အောင် တွန်းပေးရင်း
ခင်ဗျားတို့ မယ်ဘော်တွေ ၀င် ၀င် ရှင်းတာ လွဲ လွဲ လွန်းလို့၊
ပြန် ပြန် ချေပြီး တည့်နေတာပါ။

ချိုတူးဇော်
Like · · 8 hours ago ·

  • 35 people like this.
  • Kozin Luthar ရှယ်သွားပါတယ်။
  • Kyawthu Soe နှစ်ဖက်ဗိုလ်ချုပ်တွေ “ကိုယ်ကျိုး စီးပွားလုကြတဲ့ စစ်”လို့ လည်း
    ထင်မိပါသလားကိုချိုတူးဇော်--။
  • Cho Tu Zal ဟုတ်နေရင်လည်း ဒီစစ်တပ်သာ အဓိက တရားခံလို့မြင်ပါတယ်။ ၆၂ က စခဲ့တဲ့ သမိုင်း က အလကား မှ မဟုတ်တာ။
  • May Thingyan Hein ရှယ်တယ် အကိုရေ၊ ပွဲလမ်းသဘင် သံတွေ ကြားရတိုင်း တိုက်ပွဲတွေကြားက ငိုနေတဲ့ ကလေးတွေနဲ့ ပြေးနေရတဲ့ ပြည်သူတွေကိုပဲ သွားသတိရမိတယ်။ မေ့ထားပြီး မပျော်နိုင်ဘူး ရှင်။
  • Kyawthu Soe ၆၂ကို ခဏလေးထားပြီး လောလောဆယ်အခြေအနေတွေကိုပဲ အခြေခံပြီး
    စဉ်းစားကြတာအကောင်းဆုံးရလဒ်ဖြစ်နိုင်ပါတယ်။
  • Htay Tint မပြောချင်လည်း ပြောပြရမယ် ။ သဒ္ဒါလွန် ကျွန်ဖြစ်တယ်တဲ့ ။ နယ်မြေခံ ကချင်လူမျိုးတွေ ဦးဆောင်ပြီး တင်ပြမှ ဘေးတီးလို့ ရမှာ ။ နိုင်ငံခြားကို လူတယောက် ဒေါ်လာ ၂ သောင်းပေးပြီး အချို့ ကချင်နယ်မြေက လူတွေ ဒေါ်လာ သိန်းနဲ့ အကုန်ခံပြီး အမေရိက နဲ့  ဥရောပကို သွားနေကြတယ် ။
  • Cho Tu Zal ဘာကိစ္စ ထားရမှာလဲဗျ။ အဲဒီ စစ်တပ် က အဲဒီကတည်းက မတရားတာတွေ လုပ်ခဲ့လို့ ဒီလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်လာရတယ်။ ခုချိန်ထိ နယ်စပ်တလျှောက်မှာ မုဒိန်းမှု၊ လုယက်မှု၊ လူသတ်မှုတွေ ကျူးလွန်နေတယ်။ တိုင်းရင်းသားတွေဘက်က ဘာကြောင့်လက်နက်ကိုင်ရတယ် ဆိုတာ အကြောင်းအရင်း ခိုင်ခိုင်လုံလုံ ရှိတယ်။
  • Cho Tu Zal အဲဒီလိုပိုက်ဆံတွေ သုံးနေတာနဲ့ပဲ ဒီလို စစ်ပွဲတွေ ဖြစ်၊ အရပ်သားတွေ၊ နှစ်ဘက် လူငယ်တွေ သေကြေနေရတဲ့ စစ်ပွဲတွေ ဖြစ်နေတာကို ဘာမှ ၀င်မပြောဘဲ လက်ရှောင်နေရမှာတဲ့လား။ ခင်ဗျားတို့ ဘယ်လိုနိုင်ငံရေးသမားတွေ လဲ ကိုဌေးတင့်ရေ.။
  • Cho Tu Zal ကေအိုင်အေ သစ်ခုတ်ခုတ်၊ ကျောက်စိမ်းထုတ်ထုတ် ဘာပဲ လုပ်လုပ်၊ ဒီစစ်ပွဲ တွေကို ရပ်ဖို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောနေတယ်။ ကေအိုင်အေ က ကျောက်စိမ်းထုတ်တယ်၊ သစ်ခုတ်တယ် ဆိုတော့ ခင်ဗျား စစ်အုပ်စု က ခင်ဗျားပြောသလို ၆၂ က ကိစ္စ တွေ အသာထား၊ ခု နှစ် ၂၀ ထဲမှာ တိုင်းပြည်ကို ဘာလုပ်လို့ ဘာဖြစ်ခဲ့တယ် ဆိုတာ ပြန်ရှင်းပြရဦးမလား။

    ကေအိုင်အေ ဘက်က ကချင်ဘက် က အမြင်ကိုလည်း ပြန်ကြည့်ဦး။
    အင်္ဂလိပ်က တော်လှန်ရေးသမားတွေကို သူပုန်တွေ၊ ဓါးပြတွေ၊ တရားမ၀င် သစ်ခိုးထုတ်တဲ့ သူတွေလို့ စွပ်စွဲတာထက်တောင် ဆိုးနေမှာပေါ့။
  • Zay Wynn Thein အစ်ကို အဲ့ဒါစစ်ခေါင်းဆောင်တွေနဲ့ အချို့သော စစ်တပ်အရာရှိတွေဘဲ စားကြရတာပါ စစ်သားအတော်များများက ငတ်မသေရုံတမယ်ပါဘဲ ၊တရားခံ အစစ်ကစစ်ခေါင်းဆောင်များပါ။
  • Htay Tint ဆရာချိုရေ ။ ၁၉၉၂ ကချင်တွေ လက်နက်နဲ့ ငြိအ်းချမ်းရေး လဲမယ်ဆိုတည်းက စဉ်းစားကြပါလို့ ပြောခဲ့တယ် ။ ကချင်ထဲက လူကြီး တချို့ က တရုပ်နဲ့ အဆင်ပြေရင် ရပ်တည်ရေး မူချခဲ့တယ် ။ကချင်လူငယ်တွေက နအဖ နယ်ခြားတပ်ကို ငွေပေးလို့ ရတာနဲ့ နိုင်ပြီဆို ပျော်နေခဲ့ဖူးတယ် ။ ပြည်ပ က ကချင်လူငယ်တွေကို ပြောခဲ့ဖူးတယ် ။ စစ်ဖြစ်တာ မကောင်းဖူးလို့  ။ လူထု နစ်နာတယ် ။ လက်နက်သမားတွေ ချမ်းသာကြတယ်လို့  ။ ဘယ်သူမှ နားမထောင်ကြဖူးလေ ။ အခု တကယ်ဖြစ်လာပြီ ။ ဘာလုပ်ကြမှာလဲ ။ ပြည်ပရောက် လူထုခေါင်းဆောင် နိုင်ငံရေး ခေါင်းဆောင် ကချင်တွေက ဦးဆောင်ရမှာ ။ သူတို့ က လူတကာကို လက်ညှိုးထိုးပြီး အပြစ်တင်တာကတော့ လူတိုင်းတတ်တယ် ။
  • Cho Tu Zal သိတာပေါ့။ ဒါကြောင့် စစ်သားတွေ သေနေရတဲ့ စစ်ပွဲတွေကို ရပ်ဖို့ပြောနေတာပေါ့ .။ တိုင်းပြည်အတွက် တိုင်းတပါးက ကျူးကျော်လို့ အသေခံတိုက်နေရတာ မဟုတ်ဘူးကွ၊ ကိုယ့်ပြည်ထောင်သားအချင်းချင်း အဲဒီ စစ်အုပ်စု က မျက်နှာအိုးမည်းသုတ်အတိုက်ခိုင်းနေတာ။
    အဲဒီ ရှေ့တန်းစစ်မြေပြင်မှာ ဘယ်ဗိုလ်ချုပ်ရဲ့သားသမီး ပါသလဲ။ သေချာ သုံးသပ်ကြည့်စမ်းပါ။ နှစ်ဘက်နာ နာရလွန်းလို့ ဒီစစ်ကိုကန့်ကွက်နေတာပေါ့။
  • Cho Tu Zal ဒါနဲ့ပဲ ဒီစစ်ကို တိုက်သင့်သလား ကိုဌေးတင့်ရေ။ ခင်ဗျားနိုင်ငံရေးသမား၊ တော်လှန်ရေးသမားတယောက် အနေနဲ့ ကျနော်မေးမယ်။
    ခင်ဗျားပြောသလို ကချင်ခေါင်းဆောင်ပိုင်းမှာ ချွတ်ယွင်းရှိတယ်။ ဟုတ်ပါပြီ။ ထားပါတော့၊

    ဒါကြောင့် အစိုးရစစ်တပ်က ကေအိုင်အေ ကို အမြစ်ဖြုတ်သင့်တယ် ခင်ဗျား ထင်သလား၊
    ဖြစ်လာတဲ့ စစ်ပွဲမှာ တဘက်ဘက်က ရပ်ရတော့မယ် ဆို ခင်ဗျား အစိုးရတပ်ဘက်က ထောက်ခံ ရပ်ပေးဖို့များ စိတ်ကူးနေသလား။

    ကဲ ဖြေကြည့်ပါဦး။
  • Htay Tint ခံစားတတ်သူတွေ သူတပါး ခံစားတာကို နားလည်သူတွေ လူထုဖက်က ခံစားရတယ် ။ ရှင်းရှင်းလဲပြောမယ်ဗျာ ။ ဒီပွဲက မဖြစ်သင့်တဲ့ စစ်ပွဲ ။ အခုဖြစ်နေတယ် ။ ကျုပ်တို့ ဘယ်လို ကူညီ ကြမှာလဲ ။ KIA က တောင်းဆိုမှုတွေနဲ့ အဆင်ပြေခဲ့ရင်ကော ကချင်လူထုကရော လက်ခံပြီလား ။
  • Cho Tu Zal ဒီစစ်ပွဲတွေ ဘယ်လို ဖြစ်လာရတယ် ဆိုတာ ပြောကြမယ် ဆို သမိုင်းအထောက်အထားပေါင်းများစွာ နဲ့ ကို ပြောစရာတွေ ရှိပါတယ်။

    လိုတိုရှင်းပြောရရင် မြန်မာပြည်မှာ မတရားအုပ်ချုပ်နေတဲ့ စစ်အုပ်စု က မသိနားမလည်တဲ့ တပ်မတော်သား လူငယ်လေးတွေ ကို အသုံးချပြီး တိုင်းရင်းသားတွေကို စစ်ပြုနေတယ်။

    ဒါပဲ။ ခင်ဗျားတို့ ဒီစစ်ပွဲတွေကို မသိချင်ယောင်ဆောင်နေသင့်သလား၊ တားဖို့ မလိုဘူးလား . .
  • Cho Tu Zal ကချင်လူထု က လက်ခံမယ် လက်မခံဘူးဆိုတာ ညာလို့ ရတာမှမဟုတ်တာ။ ကချင်လူထု က လက်မခံဘူး လို့ ကော ခင်ဗျား က ဘာအထောက်အထား နဲ့ ပြောနေတာလဲ။
  • Htay Tint အဲဒါဆိုရင် ၇န်ကုန်မှာ ရှိနေတဲ့ ကချင်ဘုရားကျောင်းတွေကို ဆက်သွယ်ဖို့ လိုလာပြီ ။
  • Htay Tint ဒါမှ မဟုတ် နိုင်ငံတကာမှာ ရှိနေတဲ့ ကချင်ဘုရားကျောင်းတွေနဲ့  ဆက်သွယ်ဖို့ လိုလာပြီ ။
  • Cho Tu Zal အမေရိကန်မှာတွေ့သမျှ ကချင်အဖွဲ့အစည်းတိုင်းက လက်နက်ကိုင် စစ်ပွဲတွေကို မလိုချင်ပေမယ့် ကေအိုင်အေ ကို ထောက်ခံကြောင်း ကျနော် သိခဲ့ရတယ်။ ကျနော်ကိုယ်တိုင် ကချင်အဖွဲ့အစည်းပေါင်းများစွာနဲ့ ဆက်သွယ် အလုပ်လုပ်ဖူးပါတယ် ကိုဌေးတင့်ရေ။ ခင်ဗျားပြောတာ စစ်အုပ်စု ရဲ့ ၀ါဒ ဖြန့်တဲ့စကားလုံးတွေ နဲ့ အရမ်းကို တူလာပြီ။
  • Htay Tint ကျွန်တော်ရေးနေတာက ပြည်ပရောက် ကချင် မျိုးချစ်တွေ ဦးဆောင်ပါလို့ ရေးနေတာ ။
  • Htay Tint ကချင်နယ်မြေက စစ်ပွဲတွေကို ကချင်တွေက လူသိရှင်ကြား ဦးဆောင်သင့်တယ် ။
  • Cho Tu Zal သူတို့ ဦးမဆောင် ရင်လည်း ကိုယ်က ဘာမှ မလုပ်တော့ဘူးလား။ ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားလား။ ကျနော် ပို့စ်တခုထဲမှာ ရေးထားတယ်။ ကချင်ပြည်နယ်ဟာ မြန်မာပြည်ထဲမှာ ပါတယ် လို့ ယူဆရင် ဒါနိုင်ငံရေးသမားတိုင်း လုပ်ရမယ့် အရေးပါ။ ဒါမှ မဟုတ်ရင်တော့ ကချင်ပြည်ဟာ ကချင်တိုင်းရင်းသားတွေ ပြောသလို ကျူးကျော် စစ်ဖြစ်နေပြီ လို့ပဲ ပြောချင်တယ်။ ဒါကိုလည်း ကန့်ကွက်ရမှာပဲ။
  • Cho Tu Zal ကျနော် လူပီသတဲ့ လူသားချင်းစာနာစိတ်ရှိတဲ့ အထူးသဖြင့် ကျနော့်တို့ တိုင်းပြည်က တိုင်းရင်းသားတို့ ကို တန်းတူညီမျှ ချစ်တဲ့ စိတ်နှလုံးနဲ့ ကန့်ကွက်ပါတယ်.။
  • Htay Tint ကျွန်တော် ကချင်ပြည်နယ်က ဖြစ်နေတဲ့  စစ်ပွဲမှာ လူ့ အခွင့်အရေး ချိုးခေါက်မှု ဖြစ်နေပါတယ်လို့  တရားရုံးမှာ တိုင်ချက်ဖွင့်ဖို့ ကြိုးစားခဲ့ဖူးတယ် ။ ကြိုးစားနေဆဲပါ ။ ဘယ်သူမှ မကူညီကြတော့ပါဖူး ။
  • Cho Tu Zal ဘယ်သူမှ မကူညီလည်းကိုယ့်ဟာကိုယ် လုပ်နိုင်သလောက်တော့ ဆက်လုပ်ရမှာပါပဲ ကိုဌေးတင့်ရေ။ ကျနော်ဖြင့် ဒီဖေ့စ်ဘွတ်ခ် မှာ စာရေးတာပဲ တတ်နိုင်ပါတယ်။ အဆဲခံရတာလည်း ဘယ်လောက်တောင် တင်းကြမ်းဆိုတာ ခင်ဗျားမြင်မိမှာပါပဲ။ ဒါပေမယ့် ဒီလို ရေးတဲ့သူ ရှိဖို့လိုတယ်ဆိုတဲ့ စိတ်နဲ့ ရေးနေတာပါ။ ဒီကချင်မြေက စစ်ပွဲတွေ အရေးမှာ မြန်မာပြည်က နိုင်ငံရေးသမားတွေ တာဝန်မကျေဘူးလို့သာ ခံစားနေရပါတယ်။
  • Htay Tint ကိုချို ခံစားပြီး နားလည်သလို ကျွန်တော်လည်း တတ်နိုင်တာလေးတွေ လုပ်နေဆဲပါ ။ ဆက်လုပ်အုံးမှာပါ . တော်ပြီဗျာ စကင်စက်က ပျက်နေတာ ။အခုမှ ပြင်လို့ ပြီးသွားတယ် ။
  • Minn Khant Kyaw ညီလာခံကအမေထွက်တော့  ဒီကောင်တွေပဲညီလာခံတက်ကျန်ခဲ့ တာမဟုတ်လာ့း့ချင်၊ရခိုင်၊ရှမ်း အမေနဲ့ တသားတည့်း့ကြွေလည်းအတူဆင်နွဲခဲ့ တယ့့်အဲဒီအချိန်တုန်းက့စစ်တပ်နဲ့ KIA ကနိုင်ငံ့အရင်းအမြစ်တွေကို ချွေလည်းအတူလုပ်ခဲ့ ကြတာလေ့အဝေမတဲ့ တော့ မှ့အမေရှင်ပါဆိုတော့အမေကဘယ်လိုရှင်းရမလည့်း့အမေကငြိမ်းချမ်းရေးအတွက်တာဝန်ပေးရင့့်လုပ်ပေးပါရစေလို့ အကြိမ်ကြိမ်ကမ်းလှမ်းပါတယ့့်ဘယ်သူလက်ကမ်းခေါ်သလဲ့သေခါနီးလူအတွက်ဆေးမရှိပါဘူ့း့ကြိုတင်ကာကွယ်ရပါတယ့့်ခင်ဗျားတို့ မှာလည်း ဒို့ အရေးအော်ခွင့် ရှိပါတယ့့်ပုဆိုခြုံထဲကလက်သီးတွေ့တော်ပါတော့ကျုပ်တို့ ကတော့ဘီလူးဘီလူခြင်း စီးခြင်းထိုးပွဲလို့ ပဲမြင်ပါတယ့့်
  • Htay Tint https://www.facebook.com/photo.php?fbid=4130693229792&set=a.1531540252592.2071549.1357340814&type=1&theater
    Photo
    အချို့ က အသက်ပေးပြီး ချစ်တတ်သည် ။
    အချို့ က မလိုတမျိုး လိုတမျိုး မုန်းတတ်ကြသည် ။
  • Cho Tu Zal ကေအိုင်အေ က ဒေါ်စု ကို ညီလာခံမှာတုန်းက မထောက်ခံခဲ့လို့ ခုချိန်မှာ ဒေါ်စု က ကချင်ငြိမ်းချမ်းရေး ကို လျစ်လျူရှုထားတဲ့ ပုံ ဖြစ်နေပြီ။ ခင်ဗျားရေး တဲ့စာက။ ဒါဟာ ခေါင်းဆောင် တယောက် ရပ်တည်ရမယ့် သဘောထား လို့ မမြင်ပါဘူး။ ဒါကြောင့်လည်း မယ်ဘော်တွေ ၀င် ၀င် ရှင်းတာ လွဲ လွဲ လွန်းလို့ လို့ ရေးခဲ့တာပဲ။
  • Mungnawk Hkawng Shayi KIAဆိုတာကချင်လူမျိုးကိုကိုယ်စားပြုတဲ့မျိုးချစ်
    တပ်မတော်ပါ
    ဘုရားကျောင်းတွေကလည်းဆုတောင်းခြင်း
    အလှူငွေထည့်ဝင်ခြင်းဖြင့်စစ်ပြေးဒုက္ခသည်များ
    အတွက်ပြုလုပ်ပေးနေပါတယ်
    ခုဖြစ်ပျက်နေတဲ့စစ်ပွဲမှာဗမာတိုင်းရင်းသားအများစုက
    လက်ခုပ်တီးပျော်နေကြတယ်လေ
    ဒီစစ်ပွဲမဖြစ်အောင်အားလုံးမတားသင့်ဘူးလား
    ဒီတိုင်းကြည့်နေကြမှာလား
    ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နဲ့စစ်အစိုးရကိုဆန့်ကျင်ခဲ့တဲ့
    လူတွေထောင်ထဲဝင်လိုက်ထွက်လိုက်ဖြစ်ခဲ့တဲ့လူတစ်
    စုတွေတောင်ဘာမှမပြောမဟကြတော့အံ့သြမိပြန်
    တယ်
    တကယ်ပဲကချင်လူမျိုးပျောက်ပျက်သွားအောင်လုပ်
    ဆောင်နေကြတာလားသိချင်နေမိတယ်လေ
  • Tu Lum Um အနစ်(၆၀)ကျော် ဘာတခုမှ ကောင်းတာ မလုပ်ခဲ့တဲ့(ပညာေ၇း၊ ကျမ္မာေ၇း၊ စီးပွါးေ၇း … ) ဗမာ့သတ်မတော် ကိုကချင်တွေ လုံးဝ မထောက်ခံဖူးဆိုတာတော့ အသေအချာ ပါဘဲ .. သံဃာတော် တွေကိုတောင်မှ ချမ်းသာမပေး ရူးမိုက်တဲ့ ဗမာ့တပ်မတော်ကို ရွံကြောက်စိတ် မရှိတဲ့ ဘယ်ပြည်သူ တွေရှိမှာလဲ .. ကျေးလက်မှာ ကချင်တယောက် အသတ်ခံ၇၇င် မြို့ ပေါ်က ကချင်လူထု လမ်းပေါ် ထွက်ပြီးငိုပြမှဘဲ ဗမာပြည်သူတွေ သိကြတော့မှာလား .. လွပ်လပ်ေ၇းကျေညာ ခဲ့တာဖြင့် အနစ်(၆၀) ကျော်နေပြီ..ကချင်နာမည် ဘ၇န်ရှောင် ဆိုလိုက်တာနဲ့  မြစ်ကြီးနားမြို့ ပေါ်က ၃၀၀ လောက်ရှိတဲ့ ဘ၇န်ရှောင် နာမည်နဲ့  လူတွေအားလုံး လန့် နေ၇တဲ့ ဘ၀၊ မ၇န် ဘ၇န်ရှောင်၊ မ၇စ် ဘ၇န်ရှောင်၊ လထော် ဘ၇န်ရှောင် .. ဘာတခု မှလည်းမသိတဲ့ ဗမာ majority နဲ့  ပြည်ထောင်စုစု နေ၇တာ ကလည်း အခုမှ မဟုတ်တော့ ပါဘူး၊ ဟူး .. ခက်တယ် .. သက်လယ် .. ဆိုတာမျိုး ဘဲထင်ပါ့..
  • Minn Khant Kyaw စိတ်ဓါတ်တသားတည်း မရှိခဲ့ ဘူးလို့ ဆိုလိုတာပါ့
  • Cho Tu Zal ဘာဖြစ်ဖြစ် ခေါင်းဆောင် က ခေါင်းဆောင် လို နှလုံးသားနဲ့ နေရမှာပေါ့။ ခင်ဗျားတို့ ဒီလို ၀င်ဝင်ရေး ပိုဆိုးကုန်မယ်။
  • Minn Khant Kyaw စစ်တပ်ကိုမထောက်ခံသလို့KIA ကိုလည်းမထောက်ခံပါဘူ့း့လက်နှက်ကိုင်အနိုင်ကျင့် မှုမျာ့း့ကျဆုံးပါစေ့
  • Ko Nay ကိုချိုရေးတာကိုသဘောပေါက်ပါတယ်၊ဒါပေမယ့်လေသံကအောကိစီဂျင်တွေဖြစ်တဲ့မိုးသီးတို့လွဏ်းဆွေတို့ဇာနည်တို့လေသံနဲ့တူလာလို့စိက်မကောင်းလို့ပါ
  • Khon Ja ကချင်လူထုက KIA ကို မထောက်ခံရင် ၂၀၀၉ တုန်းက လက်တဆုပ်စာသော KIA ဟာ အခုအချိန်မှာ ပျောက်ဆုံးတာ ကြာလှပေါ့။ သိန်းစိန် သမ္မတလည်း ဒီစကားကို ၂၀၁၁ သြဂုတ်လမှာ ပြောခဲ့သေးတယ်။ ... အဟက်ဟက်...
  • Khon Ja အခုအချိန်အထိ ဒေါ်စု အပြင်ထွက်လာလို့ ကချင်ပြည်နယ်မှာ အကျိုးရှိသွားသူ ဆိုလို့ ကချင်လုံချည်ရောင်းတဲ့ ဆိုင်တွေဘဲ ရှိမယ်။
  • Quo Sai အခုအချိန်အထိ ဒေါ်စု အပြင်ထွက်လာလို့ ကချင်ပြည်နယ်မှာ အကျိုးရှိသွားသူ ဆိုလို့ ကချင်လုံချည်ရောင်းတဲ့ ဆိုင်တွေဘဲ ရှိမယ်။ that true....since b4 all ethnics have no chance for over60 years.........
  • Cho Tu Zal Ko Nay မယ်ဘော်တွေကို ပြန်လှန်ရေးရင်း ဒီလိုလေဖြစ်သွားရသလားပဲ။ ခုချိန်မှာတော့ ဒေါ်စု ကို ၀န်းရံကြ၊ ၈၈ တွေကို ၀န်းရံကြလို့ ကျနော်တစက်ကလေး မှ အော်ချင်စိတ်မရှိတော့တာ အမှန်ပဲ။
  • Aung Moe Win ကျနော့မြို့မှာတော့ အနှစ် (၂၀) လုံးလုံးချိတ်ဆွဲထားခဲ့တဲ့ ပုံတွေကို ဆုတ်ဖြဲပြီး အမှိုက်ပုံထဲ ထည့်လိုက်ကြသတဲ့
  • Kyaw Han အာဏာရဲ့အရသာကိုသိနေတဲ့နှစ်ဖက်စစ်ခေါင်းဆောင်တွေရှိနေသမျှဘယ်တော့မှငြိမ်းချမ်းရေးဆိုတာရလာမှာမဟုတ်ဘူး။

No comments: