Tuesday 11 December 2012

အားလုံးကို ကျေးဇူးတင် တယ်...



"အလုပ်အကြွေးတွေ ပြန်လည်ပေးဆပ်ပါတော့မည်။ အကျဉ်းစခန်းမှလည်း အလုပ်များစွာပါလာခဲ့ပါသည်။"
ကျွန်တော်ဒီနေ့အာမခံနဲ့ပြန်လွတ်
လာပါပြီ။အန်တီနော်အုန်းလှ၊ဒေါ်ရှမ်းမ၊ဦးမျိုးချစ်၊ကိုရဲလင်း ၊ကိုညီညီ၊ကိုအောင်စိုး၊ကိုမိုးသွေးတို့လဲ အာမခံတွေနဲ့ပြန်လွတ်လာကြပါပြီ။ွတ်မြောက်ဖို့ ကြိုးစားပေးခဲ့သူတွကိုရောလွတ်မြောက်လာတာကြိုဆိုသူတွေကိုရော၊လွတ်မြောက်လာဖို့ဆုတောင်းပေးသူတွေကိုရော၊မီဒီယာအသီးသီးနဲ့တစ်ကွ၊ရဟန်း ရှင်လူကျောင်းသားပြည်သူတစ်ရပ်လုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ မိသားစုအသီးသီးအားလည်း နားလည် တန်ဖိုးထားမှုတွေနဲ့ မိမိတို့ အသီးသီးအား မျှဝေခံစား ရပ်တည်ပေးခဲ့မှုများအား အလေးထားအသိအမှတ်ပြုလျှက် ပြန်လည်ရောက်ရှိလာပြီမို့ အလုပ်သမားအရေး၊လယ်သမားအရေးနဲ့၊နိင်ငံသားအရေးများကို ပြန်လည် ဦးစိုက် လုပ်ကိုင်ပါတော့မည်ဖြစ်ကြောင်း လေးစားစွာ သိစေအပ်ပါသည်။

ကိုဝေဠု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရ
က်

No comments: