Saturday, 8 December 2012

ဟင်္သာ သန်း၆၀

26 minutes ago


ခင်ဗျားဟာစစ်သားပဲဖြစ်ဖြစ်၊ ပြည်သူ့ရဲပဲဖြစ်ဖြစ်၊ ကြိုက်တဲ့ပြည်သူ့ဝန်ထမ်းဖြစ်ပါစေ၊
ကျွန်တော်တို့ဟာ တစ်နိုင်ငံထဲကဆိုးအတူကောင်းဖက်ညီကိုများဖြစ်ကြပါတယ်။
ဒါဖြင့်ဘာကြောင့်တစ်ဖွဲ့နဲ့တစ်ဖွဲ့သွေးကွဲ၊ အကောင်းမမြင်၊ ပျက်စီးစေချင်ရတာလဲ
ဆိုတဲ့မေးခွန်းကိုမေးမိတယ်။ အမှန်တော့ကျွန်တော်တို့ဟာ ကွဲချင်လို့မဟုတ် ခွဲခံရတာပဲပေါ့။
ကျွန်တော်တို့ရဲ့အဖြစ်က ဟင်္သာ ကိုးသောင်းပုံပြင်နဲ့သွားဆင်တူနေတယ်လို့လဲခံစားရတယ်ဗျ။
ရှေ့ကပိတ်ဆို့ထားတဲ့ပင့်ကူက တစ်ကောင်ထဲမဟုတ်ပဲ.. အဖွဲ့ငယ်တစ်ဖွဲ့စာလောက်....
လို့လဲမြင်မိပါတယ်။
ကျွန်တော်တို့တွေက ပင့်ကူရန်ကိုမရှင်းချင်ပဲအချင်းချင်းဖျက်စီးနေကြမယ်ဆိုရင်တော့
အဖြစ်က ပုံပြင်လိုပဲ ပျက်စီးမယ့်အရေးဆိုရင်မှန်မယ်ထင်ပါတယ်။
ကျွန်တော်တို့နိုင်ငံက ပြည်သူနဲ့ တပ်မတော် ဘာကြောင့်များသွေးကွဲနေပါသလဲ။
တပ်မတော်သားအားလုံကများ သိပ်ချမ်းသာနေလို့လား? တပ်မတော်က ရဲဘော်များကသာသိပ်အနစ်နာခံပြီး
ပြည်သူကချည်း ကောင်းစားနေလို့လား? ဒီအခြေနေက တစ်ခုမှမဟုတ်တာတော့ ကျွန်တော်တို့
တတွေအားလုံးအသိပါ။ ဒါဖြင့် ဘာကြော့များ အနှိမ်ခံရသူအချင်းချင်း တိုက်ခိုက်နေကြပါလိမ့်။
တိုင်းပြည်ရဲ့သယံဇာတတွေကိုထုပ်ယူနေတဲ့အချိန်ကိုတွက်ကြည့်ရင် ကျွန်တော်တို့
နိုင်ငံဟာ ဒေသတွင်းမှာ အချမ်းသာဆုံးအနေနဲ့ရပ်တည်နေနိုင်လောက်ပြီပေါ့။
အခုတော့ ပြည်သူတွေဆင်းရဲမှူကဖေါ်မပြနိုင်လောက်ကို နိမ့်ကျနေ...
တပ်မတော်သားတွေမှာလဲ ပြည်တွင်းမငြိမ်သက်မှူဒဏ်ကို ခါးစည်းခံ.....
အိမ်ကမိသားစုများကလည်း ငါးပိဖုတ်နဲ့ နှစ်ပါးသွားနေရတဲ့အခြေနေက
သိပ်ကို စိတ်မချမ်းသာစရာပေါ့။
ဒါဖြင့် တိုင်းပြည်ကိုချိုးဖြတ်ရောင်းချတဲ့သူများကိုကြည့်ပြန်တော့..
ပိုင်ဆိုင်မှူတွေက ကြောက်ခမန်းလိလိ... ကိုယ့်နိုင်ငံတွင်မှာတင်လက်ညှိုးထိုးမလွဲ
တဲ့အပြင်... တိုင်းတပါးမှာဝယ်ယူထားတဲ့ပိုင်ဆိုင်မှူတွေက ဘယ်လောက်များတောင်
ရှိနေမလဲ... ကိုယ့်နိုင်ငံကပြည်သူတွေ အောက်ခြေကရဲဘော်တွေကို လူလို့များတောင်
တွေးမိပါလေစ ။
သူတို့ပိုင်ဆိုင်မှူကိုတွက်ကြည်ပြီး သူတို့ကိုခုတုံးလုပ် တိုင်းပြည်သွေးကွဲ
မှူကိုအခွင့်ကောင်းယူနေကြတဲ့နိုင်ငံခြားသားတွေ ရဲ့အမြတ်ငွေကို
တွက်ကြည့်လို့ရပါတယ်......သိပ်နှမြောစရာကောင်းတဲ့..
ပြန်မရနိုင်တော့တယ့် ဆုံးရှုံးမှူတွေ.......
ပုံထဲမှာမြင်တွေ့ရတာကိုပဲကြည့်ပါ ။ ဒါလက်တွေ့ပဲ...
ပိုင်ဆိုင်မှူအားလုံးကိုအပြင်ဆွဲထုတ်ခံလိုက်ရတဲ့မိသားစု တစ်စုရဲ့ပစ္စည်း
ဘယ်လောက်များသနားဖို့ကောင်းသလဲ.. သူတို့မှာ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်တိုက်
ဆိုတာမျိုးကိုဝေးစွ.....
နောက်ဆုံးကိုယ်ပိုင် တဲစုတ်လေးတစ်လုံးတောင် မရှိရှာဘူး... ဒါမျိုးတွေ တစ်နိုင်ငံ
လုံးမှာ ဘယ်လောက်တောင်ရှိနေပြီလဲ....နိုင်ငံတော်သီချင်းဆိုရင်တောင်
ဒါဒို့ပြည်... ဒါဒို့မြေလို့များကြွေးကျော်နိုင်ပါအုံးမလား....
ပြည်သူကို အသက်နဲ့ရင်းပြီးကာကွယ်တဲ့
ရဲဘော်ကိုလဲကြည့်ပါ... ကိုယ့်ခန္တာက အစိတ်အပိုင်းများကိုတောင်စတေးခဲ့ပြီ..
ဘယ်မှာလဲသူ့ရဲ့ပိုင်ဆိုင်မှူ .... ရဲဘော်တွေနဲ့သူ့ရဲ့မိသားစုတွေကိုထောက်ပံ့ဖို့ပါ
ဆိုတဲ့ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ ကဘယ်မှာလဲ...ကိုယ်ကျိုးသာကြည့်ပြီး ရဲဘော်ရဲဘက် စိတ်ဆိုတာမျိုးကို လှေင်နေသလိုလို..... ခံစရာရှိတော့်မင်းတို့ခံ.. စံစရာကျတော့ လက်မနှေး......................... ရှေ့တန်းဆိုတာအိမ်မက်မှာတောင်
ကောင်းကောင်းမမက်ဝံ့တဲ့သူတွေရဲ့ပိုင်ဆိုင်မှူတွေကိုကြည့်ပါ....
ဒါဖြင့် ကျွန်တော်တို့ဟာ အချင်းချင်းဝါးမျိုနေကြတဲ့
ဟင်္သာများလား.... ဒါဆို ကျွန်တော်တို့ဟာ ဇာတ်တူသားစားနေတဲ့အခြေနေကနေ
ရုံးထွက်ဖို့လိုနေပြီပေါ့...
ကြိုက်သလိုစနစ်များပြောင်းနေပါစေ....
သေချာပါတယ်.. ကျွန်တော်တို့လွတ်မြောက်ချင်ရင်
တစ်နည်းထဲသောနည်းလမ်းဟာ ဇာတ်ချင်းတူတဲ့ ရဲဘော်များနဲ့ ပြည်သူများ
ပေါင်းစည်းခြင်းသာဖြစ်လိမ့်မယ်လို့ယုံကြည်ကြောင်း..............................
-----------------------------
..............သခင်ရာဇ........

No comments: