Sunday 30 December 2012

ကေအိုင်အေ ပြည်သူ့စစ် တစ်ယောက်ရဲ့ ရင်ဖွင့်သံ....

12 hours ago


အပစ်ရပ်ထားတဲ့ အချိန်တွေမှာ ဗမာ စစ်သားတွေ ရွာထဲ ကြိုက်သလို သောင်းကျန်းနေတာ ကြည့်ပြီး လက်ကို ယားနေတာပဲ...

ငါတို့ကသာ အပစ်ရပ်ထားတယ် ဆိုပြီး ဘာမှ လုပ်လို့မရ ဖြစ်နေတာ.. သူတို့ အကျင့်တွေက ပိုတောင် ဆိုးလာတယ်.. အပစ်ရပ်ထားလဲ မထူးဘူး.. ငါတို့ ကချင်တွေကို ဆဲလား... ကျိန်းလား လုပ်နေတာ.. မိန်ကလေးတွေကိုလဲ ဆွဲလား ရမ်းလား လုပ်နေတာ.... ခဏဏ စိတ်မထိန်းနိုင်လို့ ပြဿနာ တက်ဖို့ နည်းနည်းပဲ လိုတယ်... မနဲ သီးခံ ခဲ့ရတယ်....

အခုလို တိုက်ပွဲဖြစ်လာတော့ စိတ်ရှိ လက်ရှိ ပစ်သတ်လို့ ရပြီ..

ကောင်းတယ်... တက်လာပါစေ...

ဆိုပဲ။
— with Khin Mgoo.

  • ချစ်စရာ နမ့်ဆန် တအာင်း မှန်အောင်ပစ်နောက်မဆုတ်နဲ့
  • Nay Min ချသာချ ဒီကောင်တွေကို အဲ့ဒီခွေးစစ်တပ်မရှိမှ ငါတို့နိုင်ငံ ဒီမိုကရေစီရမှာ
  • Khin Mgoo God bless you all.
  • Munglai Hkyet Teng ai Kraw kata na gasi ni re nga ai,,
  • Myanmar Tharkaung စစ်သွေး မကြွစမ်းပါနဲ့ဗျာ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ အောင်မြင်အောင် လုပ်ကြပါဗျာ။ အပြစ်မဲ့ ကချင် လူငယ် ကလေးတွေ မထိခိုက်ပါစေနဲ့၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းနေချိန်မှာ ကချင်ပြည်နယ်ပဲ ကွက်ပြီး တိုက်ပွဲဖြစ်နေတာ၊ ကေအိုင်အေ ခေါင်းဆောင်တွေ ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ အောင်မြင်အောင် လုပ်စေချင်တယ်၊ KIA ခေါင်းဆောင်များ အမြင်မှန်ရပါစေဗျာ။
  • Shan Lay အေပါကွားးးးအဒီကးးးအေချမ်းမူပဲးးး
  • Poe Mu Mo Hom စစ်တပ်မရှိတဲ့တိုင်းပြည်ဆို အကွက်မရှိတဲ့တောင်းလိုအချိန်မရွေးဆုတ်ပြတ်သွားမှာပေါ့ မျက်စိရှေ့မှာအမြင်မတော်တာလုပ်တဲ့သူတွေ့ရင်ဆော်သာဆော် ခြေမမကောင်းခြေမ လက်မမကောင်းလက်မပေါ့ ဝါးလုံးသိမ်းတော့မရမ်းလိုက်ပါနဲ့ နွားကွဲလို့ကျားဆွဲခံရမယ့်အဖြစ်တော့မရောက်ပါရစေနဲ့
  • Aung Hkam Dashi Aww ur army destroy myanmar last 50 years ago now lower grade than Lao ? How last 50 years myanmar under who?
  • Sai Naung စစ်တပ်ဟာ တိုင်းပြည်ရဲ့အင်အားတစ်ခုပဲ.. စစ်တပ်ကောင်းမှ တိုင်းပြည်အင်အားကောင်းတာ...၊ ဒါပေမယ့်ဗျာ ကျုပ်တို့ တိုင်းပြည်မှာ ရှိနေတဲ့လက်ရှိစစ်တပ် ကို ဦးဆောင်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကော စစ်ဗိုလ်ချုပ်အသစ်တွေကော မရှိရင်ကောင်းမယ်ဗျာ... အဲဒီစစ်တပ်ကြောင့်မို့ ပဲ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတိုင်းရင်းသားတွေ နှစ်ပေါင်း ၆၀ နီးပါး ဆင်းရဲခဲ့ရတာ...KIA ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးပွဲဆွေနွေး ဖြစ်မြောက်အောင် လုပ်စေချင်သလို . အစိုးရ ခေါင်းဆောင်တွေလဲ စစ်အင်အားတိုးခြိမ်းခြောက်ပြီး အပေါ်စီးကနေ ငြိမ်းချမ်းရေး မဆွေးနွေးကြပါနဲ့ ဗျာ။။။ ဒါဆိုမြန်မာနိုင်ငံသား တိုင်းရင်းသားများအားလုံးပျော်ပျော်ရွှင်ရွှင်နေနိုင်ကြမှာပါ...
  • Evolution Park ဟိုအပေါ်ထက်က မြန်မာ့သားကောင်ဆိုတဲ့သဘောနည်းပဲ ကေအိုင်အေလည်း ဒေါသတွေနည်းနည်းလျော့ရင်ကောင်းမယ်လေ အာဏာရှင်စနစ် ဖိနှိပ်အုပ်ချုပ်တာ ကေအိုင်အေနယ်မြေတစ်ခုတည်းသာမက တတိုင်းပြည်လုံးပဲ ဝေဒနာတွေခံစားနေရတယ်။
  • Kochit Oo အေဒီ သေနက်နဲမြန်မာပြည်ကထိတ်ပြောင်နဖူကိုပစ်ပေးပါ သင့်အားကျေးဇူးဆပ်ပါ့မယ်
  • Kyaw Naing Htunုkia တိုင်းရင်းသား အချင်းချင်းမဲ ပြီးတိုက်မနေနဲ့ ရခိုင်မှာရှိတဲ့ပြည်ပ ကျူးကျော်စော်ကားသူ ဘင်္ဂလီမူဆလင်ကုလားများကိုလာတိုက်ပါ။ူ
  • Ashin Jusa Na နွားကွဲရင်ကျားဆွဲတတ်တယ်ဆိုတာမမေ့ပါနဲ့ တိုင်းရင်းသားညီကိုအချင်းတွေပဲ ညှိတတ်ရင်နားလည်မှာပါ အကြားထဲကပြည်သူတွေပဲဒုက္ခရောက်ရပါတယ် ဘာလို့အဲလောက်ထိစစ်တိုက်ချင်နေရတာလဲ
  • Shingran Brang အပစ်ရပ်စဲ ခဲ့သည့်တိုင်. . .

    ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ပြည်ထောင်စု တည်တံ့ရေးအတွက် တိုက်ပွဲဝင်နေတယ် လို့ တပြားမှ မလျှော့တဲ့ လေ နဲ့ ပြောနေမှာပဲ၊

    တကယ်တမ်း တိုင်းရင်းသားတွေဘက်က

    ခင်ဗျားတို့ကိုဖက်ဆစ်ဂျပန်တွေ
    မြန်မာပြည်သူတရပ်လုံးကို စော်ကားအုပ်ချုပ်နေသလိုပဲ
    မြင်တယ်။
    ဒီအမြင်မှန်သလား၊ မမှန်ဘူးလား ဆိုတာ
    ၆၂ ကစ၊ ပိုသေချာတဲ့ ၈၈ က စ၊ ရွှေဝါရောင် ခေတ်အဆက်ဆက် ကို ဖြတ်သန်း
    ခဲ့တဲ့ ပြည်သူတွေ အကုန် သိတယ်။

    ဘယ် ဖက်ဆစ်မှ ညှိနှိုင်းလို့ မရဘူး။
    ဘယ် ဖက်ဆစ်မဆို ရရာ တုတ်၊ ဓါးလက်နက် ကိုင်ဆွဲပြီး တော်လှန်မှ

    ဖက်ဆစ် ဆိုတာ လူစိတ်ပျောက်နေတဲ့
    တိရစ္ဆာန်စိတ်ဝင်နေတဲ့ စိတ်ပဲ။
    တိရစ္ဆာန်ဆိုတာ သင်လို့ မရဘူး။
    လေ့ကျင့်ပေး၊ နာအောင် ကျောင်းပေးမှ မှတ်တယ်။

    မြန်မာပြည်မှာ ဖက်ဆစ်တွေဟာ နောင်နှစ်ပေါင်းများစွာမှာ ပြန်ကြွလာမယ့်
    ဖက်ဆစ်သန္ဓေ ကို ဒီစစ်တပ်ထဲ မျိုးစေ့ချခဲ့တယ်။
    အဲဒီ မျိုးစေ့ကနေ သန္ဓေသားအောင်ပြီး အကောင်ကြီးထွားလာအောင်
    ဦးနေ၀င်း၊ ဦးသန်းရွှေ တို့ ပျိုးထောင်ခဲ့ကြပေါ့။

    ချိုတူးဇော်
  • Yung Chai ကချင်တွေရဲ့မြေကို ဝင်လာသူမှန်သမျှ ကချင်မျိုးနွယ်စုနဲ့ ညီကိုများကို စောက်ကားလာရင် သီးမခံတတ်တဲ့အကြောင်း သေနတ်ကိုင်နိုင်တဲ့ ကချင်ပြည်တွင်းနေလူမျိုးတိုင်းစစ်မှုထမ်းကြဆိုတဲ့ ဒို့ မြေ ဒို့ ကာကွယ် စနစ်ကို စတင်လိုက်တော့။ ပထမဆုံး federal democratic စနစ်ကို ကျင့်သုံးတဲ့ ကချင်ပြည် ဖြစ်ပါစေ။
  • Kyaw Tun စိတ်ကလေးနဲနဲရှော့ပြီး လိုတာတောင်း ပိုတာရောပြီး အေးအေးချမ်းချမ်းနဲ့ မကောင်းတဲ့ အကျင့်စရိုက်ရှိသူတွေကို လက်တွဲ ဖြိုခွဲကြရ ရင်မကောင်းဘူးလား ငါတို့ဗမာတွေလဲဒီ လိုပါဘဲကွာ အရာရာပိုတယ်လိုမထင်ပါနဲ့ အေးချမ်းတဲ့နေရာက အေးချမ်းတဲ့ အကျိုးလေးတော့ခံ စားရပါတယ် မအေးချမ်းတဲ့နေရာအတွက် တကယ်စိတ်မကောင်းဘူး
  • Duwa Kachin လက်နက်မကိုင်ပဲနေရင် အေးအေးဆေးဆေး နေရတယ် ဆိုရင်တော့ ဘယ်ကိုင်တော့မလဲ.. အဲလိုကို မနေရလို့ လက်နက်ကိုင်လာတာပဲ...
  • Aungseng Du Nding ပင်လုံစာချုပ်အရ ကချင်ပြည်နယ် ရသင့်ရထိုက်သည့် နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြုပါက စစ်အစိုးရ၏ တပ်များ ကချင်ပြည်နယ်မှ ထွက်ခွာသွားရုံသာ ရှိသည်။ အပစ်ရပ်သွားပါမည်။ ကေအိုင်အိုအနေဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန်ပင် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ကေအိုင်အိုသည် မြေပြန့်ဒေသကို ဆင်းလာပြီး ထိုးစစ်ဆင်မည်မဟုတ်၊ နေပြည်တော်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်မည် မဟုတ်သောကြောင့် ဖြစ်သည်။

    ကေအိုင်အိုသည် ကချင်လူထုကို ဖိနှိပ်ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်လျှင် စစ်ပြေးဒုက္ခသည် ငါးသောင်းကျော်သည် အဘယ်ကြောင့် ကေအိုင်အို ထိန်းချုပ်ထားရာ နယ်မြေမှာ သွားရောက် ခိုလှုံနေကြသနည်း။ အပစ်အခတ်ရပ်စဲရေး ပျက်ပြီး ကေအိုင်အိုက စစ်အစိုးရအား ပြန်လည်တိုက်ပွဲဆင်ခဲ့သည့် လွန်ခဲ့သော တနှစ်ခွဲကစပြီး ကေအိုင်အိုအပေါ် ကချင်လူထု ၉၀% ကျော်က ထောက်ခံလျက်ရှိနေကြောင်း လေ့လာရသည်။

    နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်ပါ။ စစ်အစိုးရအဆက်ဆက်သာ ပြောင်းသွားသည်။ မိုးဦးကျတွင် ပေါက်သည့် မှိုများကဲ့သို့ ဗိုလ်ချုပ်ဦးရေ အရေအတွက် အမြောက်အမြား ပေါ်လာသည်။ မည်သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီး တခုတလေကိုမျှ စစ်ရေးနည်းလမ်းသက်သက်အရ အမြစ်ပြုတ်တိုက်နိုင်ခဲ့သည် မရှိပါ။ ယခုလည်း ငွေကြေးမြောက်မြားစွာ၊ လူအင်အားမြောက်မြားစွာ သုံးနိုင်လျှင် ကေအိုင်အိုဌာနချုပ် လိုင်ဇာကို သိမ်း၍ ရချင်ရမည်။ သည်မှာ သိမ်းလျှင် ဟိုမှာ နောက်တခု ပေါ်လာပါဦးမည်။ စစ်ရေးသက်သက်တခုတည်းနှင့် မည်သည့်အခါတွင်မျှ ကေအိုင်အိုကို အမြစ်ပြတ် ချေမှုန်းနိုင်မည် မဟုတ်ကြောင်း စာရေးသူ ရာနှုန်းပြည့် အာမခံပြောနိုင်သည်။

No comments: