Friday 11 January 2013

ဝမ်းနည်းဂုဏ်ယူမိပါသည်။




ဂုဏ်ယူသည်က ခြောက်ဘာသာဂုဏ်ထူးနှင့်

အခြေခံပညာအထက်တန်းစာမေးပွဲကို

ထူးချွန်စွာအောင်မြင်၏။

ဝမ်းနည်းသည်က ဆေးတက္ကသိုလ် တက်ခွင့်

မရ၍ပါ။

အံ့သြ စရာ မြန်မာ့ ပညာရေးအခင်းအကျင်း

ပါပေ။ ဘာသာစုံဂုဏ်ထူးထက်သာလွန်သော

အောင်မြင်မှု မရှိပါပဲနှင့် ကာယကံရှင် တက်

ရောက်လိုသော တက္ကသိုလ်တက်ခွင့်မရသည်

မှာရင်နာစရာပေ။ အမှတ်နည်းများအလိုက်

ခွဲတမ်းနှင့်သာ တက်ရောက်စေသည်ဆိုပါက

ဂုဏ်ထူး ရမှတ်ကိုပြင်ဆင်စေချင်ပါသည်

ဥပမာ သိပ္ပံ အတွဲများကို ရမှတ်၉၀နှင့် ကျန်

ဘာသာများကို ရမှတ်၈၅ မှတ်သတ်မှတ်လျှင်

ဘာသာစုံ ဂုဏ်ထူး ရသူသည် အနည်းဆုံး

ရမှတ် ၅၃၀ မှတ်ရပေမည်။သို့ဆိုလျှင် သူတို့

သတ်မှတ် သည့်စံအရ ဆေးလိုင်းကို ကပြီး

ဝင်ပေမည်။ ခုတော့ အရေအတွက်ဂုဏ်ထူး

ဖြစ်နေပေပြီ။ ဘာသာစုံဂုဏ်ထူးသည် အရည်

အချင်းမပြည့်သလော စဉ်းစားစရာပါပေ။

ပူးတွဲပုံပါကလေးသည် လှေလှော်ရင်းတက်

ကျိုးရပေပြီ။ ရမှတ်နှင့်လိုင်းခွဲလျှင် ဂုဏ်ထူး

ပေးမှတ်ကိုလည်းမြင့် ရပေတော့မည်။
 

  • Moe Thu ဟူးးးးးးးးးးးး ညန်မာနိုင်ဂံ ပြင်ညာရေး က ဘာကြီးမှန်းလဲမတိပါပူး

    ပညာရပ်ဆိုတာ စိတ်ပါဝင်စားပြီးအရည်အချင်းရှိသူ သင်ယူပါမှ

    အဲဒီအတတ်ပညာကို တဖက်ကမ်းခပ်တတ်မြောက်ပေတော့မပေါ့

    အခုဟာက ဘာယီးမှန်းလဲမသိဘူး
  • November Snow အဲဒီလိုသာဆို စာတော်ပြီး အရည်အချင်းရှိတဲ့ ကလေးတွေကဘယ်ကြိုးစားချင်ကြတော့မလဲနော်။အံ့သြပါတယ်နော်။
  • Htet Hay Maan ကိုယ်တိုင်လှော်တက်ကျိုးဖူးသူမို့  ဒီညီမလေးအဖြစ်ကိုတကယ် ကိုယ်ချင်းစာမိပါတယ်။
  • Mar Lar ကိုယ်ဝါသနာပါရာကိုကိုယ်လုပ်မှဘ၀တွေကတိုးတက်မှာပါ...ကလေးတွေသနားပါတယ်....
  • Innwa Gonyi She passes only 10 clases.,She doesn't pass matriculation. One passes matriclation , he can choose
    what he likes, he can do what he wants.
    10 classes=disqualified
    matric = qualified
  • Ashin Ponenya ဂုဏ်ရှိသူအတွက် ဂုဏ်ပြုတာဟာ တကယ် မင်္ဂလာတစ်ပါ
  • ဦး ကာ ကြီး ဆေးတက္ကသိုလ် ဆင်းပြီး ဆရာဝန်မလုပ်ပဲ နေတဲ့သူတွေလဲအများကြီးပဲဗျ။သေချာဆန်းစစ်ကြည့်ဖို့ တကယ် ဆရာဝန်ဖြစ်ချင် မဖြစ်ချင်စီစစ်ကြဖို့ လိုလာပြီ။
  • Lwin Oo စစ်တက္ကသိုလ်ကိုပဲတက္ကသိုလ်လို့ထင်တဲ့လူတွေအုပ်ချူပ်နေသမျှတော့ ဒါမျိုးပြဿနာတွေမြန်မာပြည်မှာဒုနဲ့ဒေး ၊ နောက်မြန်မာပြည်ကဆရာဝန်တစ်ယောက်ရဲ့လစာကိုကြည့်လိုက်အုံး..USD 131.65 / Month ......ကမ္ဘာမှာအနည်းဆုံးထင်တယ်၊
  • ဖိုးပြုံး ချို တကယ်ကို ဝမ်းနည်းစရာပါ ပညာရေးသတ်မှတ်ချက်တွေရယ်
  • Kyawthet Kyawthet ဘာသာစုံဂုဏ်ထူးရတာတောင်ဆေးကျောင်းဝင်ခွင့်မရဘူးဆိုတော့မဟုတ်သေးပါဘူး
  • ယဉ် မင်း တကယ် ဆရာဝန်ဖြစ်ချင်တယ်ဆိုရင် အင်္ဂလန် ဒါမှမဟုတ် ဒီပြင်နိုင်ငံတွေမှာ ထပ်ဝင်ဖြေပါ.. စကောလားတွေလည်း ပေးပါတယ်...ကိုယ့်ကြိုးစားမှုနဲ့ အားစိုက်ထုတ်မှု ပေါင်းစပ်လိုက်ရင် ၀င်ခွင့်ရမှာပါ.. မြန်မာနိုင်ငံပညာရေးကိုတော့ လောလောဆယ် မဝေဖန်ချင်ပါဘူးရှင့်...
  • Sai Yan Naing Oo that's meaned u need to get all highest marks and must be perfect in all subjects not quantity but quality. get higher mark as much as u can, not only for honour!!!
  • Sai Yan Naing Oo must take a lesson for future students!
  • Thet Naingsth အင်္ဂလန်မှာသွားတက်ဖို့ပိုက်ဆံလို
    တယ်ဗျ၊။ခင်ဗျားထောက်ပံ့မှာလား
    မယဉ်မင်း။။။
  • Aungzawlin Aung မြန်မာနိုင်ငံရဲ့ပညာရေးသည် ဆေးလိုင်းမှ လူသားတွေကို အကျိုးပြုမှာလား...... နဲနဲပိန်းနေသလိုဘဲု...အဆင့်မရှိတဲ့ ပညာရေးတွေပါလား....
  • Dr-Khin Maung Htay ၂၀၁၁တွင်ကျွန်တော်.သမီးလည်း5D၄၈၄မှတ်၇ခဲ.ပါသည်။ယခုGTC,CIVILဒုတိယနှစ်ပါ။
  • Nguyen Kyaw ဘာဆိုဘာမှကိုမပြောချင်တော့ပါခင်ဗျာ
  • Mary Noi မြန်မာပြည်ပညာရေးစနစ်ကို ပြောင်းလဲဖို့လိုပါပြီ။ သတ်မှတ်ချက် စည်းကမ်းလေးထားပြီး ကလေးတွေက မိမိဝါသနာပါရာ ပညာရေးကိုေ၇ွးချယ်တက်နိုင်ဖို့ အခွင့်အလမ်း ပေးသင့်ပါပြီ။ ကလေးတွေရဲ့ ရည်မှန်းချက်ရှိတဲ့အတိုင်း မြန်မာပြည် ပညာရေးကလည်း ပံပိုးသင့်ပါပြီ။ အတင်းဇွတ်ကြီး အမှတ်နဲ့ခွဲပြီးသင်ခိုင်းတော့ - တိုင်းပြည်အတွက် လုပ်သားကောင်းတွေ မထွက်တော့ဘူး။ တကယ်ဝါသနာပါပြီး နိုင်ငံကို အကျိုးပြုချင်သူတွေအတွက် အလွန် နစ်နာပါတယ်။
  • L Hkawn Yi အားလုံးရဲ့ စေတနာပါသောဆွေးနွေးထားချက်များကို ထောက်ခံပါသည်...
  • Devi Khin မူအသစ်နဲ့ တွေ့သွားတာ-ကိုယ့်ကံပါဘဲလို့သာဖြေပါတော့။
  • Thet Htoo Zaw အမှတ်ကတော့ လျှောက်တဲ့သူအရေအတွက်ပေါ်မူတည်ပီး ဖြတ်ချရတာဆိုတော့ ပုံသေတွက်လို့တော့ မရဘူးခင်ဗျ အောင်ချက်ပေါ်မှာလဲ မူတည်ပါတယ် အောင်ချက် ကောင်းတဲ့ နှစ်မို့ထင်တယ်
    ဂုဏ်ထူးနည်းပီး ထွက်တဲ့ဘာသာတွေက ၉၉၊၁၀၀ ရရင်တော့ အမှတ်ပိုများမှာပါ.. တက်စရာကတော့ ဆေးမမီရင်လဲ မီတဲ့ ကျောင်းတွေတက်ပေါ့ ကျနော့တုန်းကတော့ ၄ဘာသာပဲထွက်တာ. ရေကြောင်းပဲတက်လိုက်ပါတယ်(အဲဒီနှစ်က ရေကြောင်းက ဆေးထက်မြင့်တယ်) အခုတော့ ဘွဲ့ရပီ
  • Ko Mg Oo တိုင်းပြည်အုပ်ချုပ်နေတဲ့သူတွေရဲ့ပညာအ
    ရည်အချင်းပဲကြည့်ပါ တောင်,မြောက် ကွဲ
    တဲ့သူတွေမဟုတ်ပါ



    (1948) နောက်ပိုင်း မှ ယနေ့ထိတိုင်း
    ပြည်အုပ်ချုပ်ခဲ့တဲ့သူတွေဟာ တိုင်းပြည်အ
    ပေါ်ရည်ရွယ်ချက်ကြီးကြီးနဲ့ထားခဲ့ပါတယ်အဲ
    ဒါကတော့;



    မြန်မာပြည်သူ/သားတွေ စာမတတ်မှ



    မြန်မာပြည်သူ/သားတွေ
    ငတ်မှ ဆိုတဲ့ရည်ရွယ်ချက်ပါ
  • Akk Yangon This is Myanmar
  • Htuu Sann မူအသစ်ပြောင်းသွားတယ်လို့ တွေ့လိုက်မိတယ်ထင်တယ်။ သိပ်နားမလည်လို့ ပါ။သိရင်ပြောပြကြပါဦး။ အရင်တုန်းကလိုပဲ ဆေးကိုလျှောက်တဲ့လူတွေကို အမှတ်ပေါင်းအလိုက်အများကနေ အနည်းကိုစီချပြီး လက်ခံနိုင်တဲ့လူဦးရေနဲ့ဖြတ်တာမျိုးပဲမဟုတ်လားခင်ဗျာ။
  • Dr-Khin Maung Htay ဟုတ်ပါသည်။ကျောင်းအမှတ်ကိုအမျိုးသးများတက်ပိုထားပါသည်။
  • ယဉ် မင်း Thet Naingsth .. ကျွန်မပြောတာ ရှင်းရှင်းလေးပါ.. နိုင်ငံတကာမှာ scholarship တွေ ပေးနေကြပါတယ်.. သူတကယ် ကြိုးစားရင် အားစိုက်ထုတ်မှု ထည့်ရင် ဖြစ်ရမှာပေါ့.. ပိုက်ဆံမရှိလို့ ပညာမတတ်တဲ့လူ ခုခေတ်မှာ တော်တော်ရှားနေပါဘီ.. ကိုယ်က ကြိုးစားမှုသာ ရှိခဲ့ရင် အဆင်ပြေသွားမှာပါ.. ကျွန်မပြောတဲ့ စကားကို လမ်းကြောင်းမလွှဲပါနဲ့ရှင့်.. သူ့ပန်းတိုင်ကို ဘယ်လို သွားရမယ်ဆိုတာ လမ်းညွန်တဲ့သဘောဘဲ ပါတယ်.. ဘာဝေဖန်ချက်မှ မပါဘူး.. အပြုသဘော ဆွေးနွေးပါ..
  • Thet Naingsth မင်းလမ်းညွှန်တာကသိပ်မြင့်လွန်းနေ
    တယ်ကလေးမ။။စကားလုံးအကြီးကြီးသိပ်မပြောပါနဲ့။
    scholarshipတဲ့ဟာဟ
    မြန်မာနိုင်ငံကဘယ်နှစ်ယောက်လောက်
    အင်္ဂလန်ကိုscholarshipနဲ့ဆေးကျောင်း
    သွားတက်ဖူးလဲ??
  • Htuu Sann @Dr-Khin Maung Htay ဟုတ်ပါသည်။ကျောင်းအမှတ်ကိုအမျိုးသးများတက်ပိုထားပါသည်။=====> ကျေးဇူးပါ။ ဒီစံနစ်ကတော့ ကျွန်တော်တို့အရင်ခေတ်ကတည်းကရှိပါတယ်။ RIT ဆိုရင်လည်းအမျိုးသမိးကိုအမှတ်မြှင့်ခေါ်ပါတယ်။ဆေးတက္ကသိုလ်ကိုတော့ အဲဒီခေတ်က ကျား မ ကိုအမှတ်မခွဲဘူးလို့မှတ်မိနေသလိုပါပဲ။စက်မှုရယ် သစ်တောရယ် ဘူမိဗေဒ ရယ်မှာတော့ မ ကိုအမှတ်မြှင့်ထားပါတယ်။ ကျား ကိုပိုလိုချင်လိုပါ။ သူသတ်မှတ်တဲ့မူနဲ့ သွေးရိုးသားရိုးမပါတာဆိုရင်တော့လည်း ဒိကလေးရဲ့ကုသိုလ်ကံပေါ့ခင်ဗျာ။ဒါပေမယ့် လူတစ်ယောက်ရဲ့ အခိုက်အတန့် မအောင်မြင်မှုလေးပါ။နောင် ဆယ်နှစ် အနှစ် ၂၀ မှာ ဒီကလေးလိုလူတော်တစ်ယောက်အတွက် အခုဆေးကိုမ၀င်လိုက်တာကောင်းသွားတယ်လို့ပြောစရာ ဖြစ်နိုင်တဲ့အချေအနေမျိုးလည်းကြုံနိုင်ပါသေးတယ်။ပညာကိုတန်ဖိုးထားပေမယ့် ဒီကလေးကိုအားပေးရမယ်ဆိုရင်တော့ ဆေး ၀င်ခွင့် ဟာ ၀ါသနာအတွက်ဆုံးရှုံးမှုလေးတစ်ခုအနေနဲ့သာဖြစ်ပါတယ်။ ဘ၀အတွက် ဆုံးရှုံးမှု မဟုတ်ပါဘူးဆိုတာပါပဲ။ စိတ်ဓါတ်မကျဖို့ပဲအရေးကြီးပါတယ်။ ဘ၀တစ်သက်တာအတွက်အောင်မြင်တဲ့ လမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်ပေးပါတယ်။ ကျေးဇူးပါခင်ဗျာ။
  • ယဉ် မင်း Thet Naingsth ပြောမိသားဘဲ.. ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တဲ့သူတွေ အတွက် လမ်းရှိတယ်ဆိုတာ ပြောတာဘဲ.. ဒီထက်တော့ ထက်မရှင်းနိုင်ဘူးရှင့်.. ဒီပို့စ်ကို ဒီလိုဝင်ရေးတာဟာ ဘာခံစားချက်မှ မပါဘဲ ကလေးတစ်ယောက်အတွက် မြင်တဲ့အမြင်အရ ၀င်ရေးတာဘဲ.. ပုတ်ခုတ်စော်ကားတဲ့စကား တစ်ခွန်းမှ မပါဘူးရှင့်.. စကားအကြီးကြီးတွေလည်း ပြောဖို့ စိတ်ကူးထဲမရှိဘူး.. အင်္ဂလန်ဆိုတဲ့ နိုင်ငံတစ်ခုတည်းကို ပြောတာမဟုတ်ဘူး.. ကျွန်မ Comment ကိုသေချာ ဖတ်စေချင်တယ်.. scholarship ရပြီး ကျောင်းတက်နေကြတဲ့ ကလေးတွေ အများကြီးပါရှင့်..
  • Spirit Myanmar " အမှတ်နည်းများအလိုက် ခွဲတမ်းနှင့်သာ" WHAT THEY CAHGED? I DONT UNDERSTAND. ANYWAY I WISH SHE WILL GET SUCCESSFUL IN HER LIFE.
  • Htuu Sann @Thet Naingsth အခုဖြစ်ချင်တာမဖြစ်လာခဲ့ဘူးဗျာ။နက်ဖြန်ကိုကြိုမမြင်ရသေးပါဘူးဗျာ။မဖြစ်လာသေးပေမယ့် မဖြစ်ဘူးလို့တော့မပြောနိုင်ပါဘူးထင်တယ်။အားလုံးစေတနာဂရုဏာနဲ့ အားပေးနေကြတာမို့ ယဉ်မင်း ကိုနားလည်ပေးလိုက်ပါလို့ မဆီမဆိုင်ဝင်တောင်းပန်ပါတယ်ဗျာ။-အားလုံးကိုလေးစားပါတယ်ဗျာ။
  • Astro Naut World first advanced education system and world class level of entry to medical school in Myanmar
  • Astro Naut Almost every developed and developing country , there is no more marking system , but only decided on A level , O level and N level whether joining to Institute /College or University ,,,,
  • Moe Htet Myint Success does not depend on wealth and degrees.
  • Thet Naingsth ကျွန်တော်ဘာမှမပြောတော့ဘူး။
    ဒီပို့စ်ကိုအားနာလို့။ကျွန်တော်တို့
    ကသူများပို့စ်ထဲဝင်ပြီးစကားများ
    မီနေပြီ။မင်းကနည်းနည်း စွာသ
    လိုဘဲမယဉ်မင်း။နုတ်ဆက်ခဲ့ပါ
    တယ်မယဉ်မင်း ဘိုင့်ဘိုင်
  • Htuu Sann အားနာစရာမလိုပါဘူး။ ကွန်မင့်ဘောက့်စ်ပေးထားတာဟာ ဒီလိုမျိုးတွေဆွေးနွေးဖို့ အမြင်ဖလှယ်ဖို့ပါ။ဒီလိုမျိုးတွေအမြင်ဖလှယ်မှလည်း အများအတွက်စဉ်းစားဖို့ အခြေခံအချက်အလက်တွေရပါမယ်။ ဒီလိုဆိုရှယ်ဆိုက်ဒ်ရဲ့ရည်၇ွယ်ချက်လည်းပြည့်ပါမယ်။ကျွန်တော်တို့လည်းဒီလိုပဲကိုယ်ဝင်မပြောတတ်တာမျိုးတွေ ကိုယ့်ထက်နားလည်တဲ့လူတွေအပြန်အလှန်ဆွေးနွေးနေတာကိုလိုက်ဖတ်ပြီးဗဟုသုတယူပြီး ဝေဖန်ဆန်းစစ်စဉ်းစားကြရတာပဲ။ကျေးဇူးပါ။
  • Htuu Sann ကျွန်တော်ကတော့ ဘယ်သူ့ပိုစ့်မှာမှအားမနာဘူး။မြင်တာကို အပြုသဘောနဲ့ ၀င်ပြောထောက်ပြ မသိတာမေးပြီးမှတ်သင့်တာမှတ်လိုက်တာပဲ။
  • Win Myat Myat Noe zaw eaint poe atwet sate ma kg par bu ..thamee done ka lel all d thar ya dr say win pa ma lar so p taw taw kyi sate pu kae ya del
  • Htuu Sann all D ရတဲ့သမီးရယ်။ မြန်မာလိုလေးရိုက်တတ်အောင် ကြိုးစားပါလားကွယ်။နည်းနည်းလေးကျင့်လိုက်ရင်ရတာပဲ။သမီးကတော်ပြီးသားပဲဟာ
  • Win Myat Myat Noe yas , but on my pc,there's no myanmar font
  • Htuu Sann Oh really? if so, I must say sorry Thamee
  • Htuu Sann Please try to install it. It'll be Ok then.
  • ယဉ် မင်း Thet Naingsth ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင်ဝင်ဆွေးနွေးခွင့်ရှိပါတယ်.. ဒါကြောင့်လည်း ပို့စ်ပိုင်ရှင်က Public လို့ Share ထားတာပေါ့.. စကားများတယ်ဆိုတာ ရှင့် အမြင်သက်သက်ဘဲလေ.. ကျွန်မကတော့ ကျွန်မမြင်တဲ့လမ်းကြောင်းချပြတာပါ.. ပြီးတော့ ကိုယ်ချပြတဲ့လမ်းကြောင်းကို မမှားကြောင်း ထောက်ပြတာဘဲရှိတယ်.. ကျွန်မကစွာတယ်လို့ ရေးခဲ့တယ်နော်.. အများကြီး မပြောချင်ပါဘူး.. ကိုယ့်စိတ်နဲ့ နှိုင်းရင် ရိုင်းတယ်လို့တော့ မထင်ပါနဲ့... ဒီခေတ်မှာ လူတိုင်း ကိုယ့်သဘောကျ အမြင် ကွဲလွဲခွင့်ရှိတယ်.. လမ်းရိုး လမ်းဟောင်းကြီးထဲမှာ နေတဲ့ ခေတ်က ကုန်သွားပြီရှင့်..
  • အိမ်ကြို အိမ်ကြား ပလပ်ကျွတ် ဖွတ်ကြား တစ်ခု ဝင်ဆွေးနွေးကြည့်ချင်လို့ပါ တက္ကသိုလ်တွေ အမှတ်နဲ့မခွဲ ကြိုက်သလိုလျှောက်ခွင့်ပေးလိုက်ပြီဆိုပါတော့ သေချာတာကတော့ ဘယ်သူကမှ အာမခံချက်မပေးနိုင်တဲ့ တခြားတက္ကသိုလ်တွေအစား ဆေးတို့ ရေကြောင်းတို့မှာစုပြုံတိုးကုန်မှာပဲလေ တစ်နိုင်ငံလုံး ဆရာဝန် သင်္ဘောသား အင်ဂျင်နီယာတွေဖြစ်ကုန်မှာပေါ့ အခုလက်ရှိလူဦးရေနဲ့တောင် ဆေးကျောင်းမှာ ပြည့်ကျပ်နေတာ ဝါသနာ ပါမပါဆိုတာကလဲ လူကြည့်ပြီး ခွဲလို့မှမရတာ ပြီးတော့ အမှတ်မကြည့်ဘဲ ကြိုက်တာရွေးတက်လို့ရတယ်ဆို ဘယ်သူကဆယ်တန်းမှာ စာကြိုးစားတော့မှာလဲ ဂုဏ်ထူးပါပါ မပါပါ ငါတက်ချင်တာ တက်လို့ရမှာပဲဆိုရင် ခက်မကုန်ပေဘူးလား တခြားနိုင်ငံက တက္ကသိုလ်တွေလဲ ကြိုက်တာရွေးလို့ရပေမယ့် သူတို့လိုချင်တဲ့ အရည်အချင်း အမှတ်တွေမရရင်ပေးမတတ်ပါဘူး ဒီမှာအားနည်းချက်က နိုင်ငံခြားတက္ကသိုလ်တွေလို ဝင်ခွင့်စာမေးပွဲကို အကြိမ်ကြိမ် မသေမချင်း ကြိုးစားလို့ရပေမယ့် ဒီမှာက ဆယ်တန်းကိုတစ်ခါပဲဖြေခွင့်ရတာဆိုးတာပါ ပြီးတော့ တခြားသော တက္ကသိုလ်တွေမှာ ဘဝအာမခံချက်မပေးနိုင်သေးသရွေ့ ဘယ်သူ ဘယ်လောက်အဲ့ဒီဘာသာရပ်ကို ဝါသနာပါပါ နောင်ရေးအတွက် စိတ်ချရမယ့်တက္ကသိုလ်ပဲရွေးတက်ကြမှာပါ ဒါတောင်မှ ခုနောက်ပိုင်း ဆေးတို့ အင်ဂျင်နီယာတို့ ဘဝပျက်နေတာ လူအသိ အလုပ်အကိုင် အခွင့်အလမ်းမပေါများနိုင်သေးသရွေ့ ဒီလို အမှတ်နဲ့ပဲခွဲပြီး ခုလိုကိစ္စတွေဖြစ်နေမှာပါပဲ
  • Aye Thein တခုခုတော့ပညာရေးပြောင်းသင့်ပြီထင်ပါတယ်
  • Htuu Sann @ အိမ်ကြို အိမ်ကြား ပလပ်ကျွတ် ဖွတ်ကြား ===> သိပ်မှန်ပါတယ်။အဲဒါကြောင့်လည်း အမှတ်စီ ပြီး လက်ခံနိုင်တဲ့လူဦးရေနဲ့ဖြတ်ချရွေးတဲ့စံနစ်ကို ရုတ်တစ်ရက်ပြင်ဖို့မလွယ်တာပါ။ကျွန်တော်တို့ခေတ်တုန်းကဆို စက်မှုကိုဝါသနာပါတဲ့သူငယ်ချင်းတွေ တချို့ တောင် ဆေးကိုလည်းမီနေတော့ ရေရှည်အတွက် မိဖတွေက မိသားစုကိုပြန်ကြည့်နိုင်ဖို့ ၀င်ငွေရှာဖို့ ပိုသေချာမယ့် ဆူမလွယ်ပေမယ့် နပ်လွယ်မယ့် ဆေးကိုယူခိုင်း လို့ ဆေးကိုပဲတက်လိုက်ကြပါတယ်။လက်တွေ့ဘ၀မှာ မိသားစုအရေးနဲ့ယှဉ်လိုက်ရင် ထမင်းအိုးနဲ့ယှဉ်လိုက်ရင်တော့ ၀ါသနာကိုလုပ်ကြမှာ မဟုတ်ပါဘူး။ ခင်ဗျားပြောသလို ပိုကောင်းမယ်ထင်တာကိုပဲစုပြုံတိုးကြတာများမှာပါ။ ကျေးဇူးပါ။
  • Happyboy Kgkay *ကမောက်ကမပညာရေး..။
  • Hlamoe Hnin ကပ်အောင်သူရဲ့အမှတ်က ကျပေမဲ့လည်းဝါသနာပါရာဘာသာ၌ဂဏ်ထူးထွက်သူရဲ့အမှတ်ထက်နည်းနေတတ်ခြင်း(အမှတ်နဲ့အောင်ပေးမှာလား)
  • Mary Noi ပီပြင်တဲ့စည်းကမ်းသတ်ချက် - သမာဓိရှိတဲ့ စိစစ်ရွေးချယ်သူ - အဆင့်မှီတဲ့ Entrance exam နဲ့ စစ်ချရင် ဆေးတို့. ရေကြောင်းတို့မှာ လူသွားကျပ်စရာ မရှိပါဘူး။ တကယ် တတ်ချင် - တကယ်ဖြစ်ချင်သူတွေကို တကယ်စစ်ထုတ်နိုင်ရင်အခြေခံကောင်းတဲ့ ထူးချွန်သူတွေထွက်မှာပါ။ အဆင့်မီသူကို မီသလို နိုင်ငံတော်က မွေးထုတ်နိုင်ရင် ရှားပါးပညာရှင်တွေ၊ နိုင်ငံခြားသွားတဲ့ ထွက်ကုန် ပညာရှင်တွေ မရှိနိုင်တော့ပါဘူး။ နိုင်ငံခြားကို စာသွားသင်တဲ့ ရေစီးကြောင်းလည်း ပိတ်သွားနိုင်ပါသေးတယ်။ မိဘတွေလည်း ချွေးမပြန်တော့ဘူးပေါ့။ မြန်မာ့သွေး၊ မြန်မာ့ဥာဏ်က ထက်ပါတယ်။ ထက်အောင်၊ မသွေးတတ်လို့ တုံးသလိုဖြစ်သွားတယ်။ အချင်းချင်း အထေ့အငေါ့တွေ နဲ့ စကားလုံးတွေ နဲ့ သူပစ် ကိုယ်ပစ် ပစ်နေမဲ့အစား - ထိရောက်မှုရှိတဲ့ အပြုတရားတစ်ခုကို လုပ်နိုင်ရန် ခေါင်းဆောင်တွေ မရှောင်နိုင်ပါဘူး။ မှန်တဲ့ နေရာကို ထိအောင် ပစ်ကြပါကွယ်။
  • Zaw Eaint Eaint Poe အားလုံးကိုကျေးဇူးတင်ပါတယ် သမီးလည်း ကျရာနေရာကနေအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ် ဒီ post မှာမြင်လိုက်၇လို့တော်တော်လည်းအံ့သြမိပါတယ်
  • Zaw Eaint Eaint Poe ပုံပိုင်ရှင်အနေနဲ့ comment အားလုံးကိုကျေးဇူးတင်ပါတယ်
  • အိမ်ကြို အိမ်ကြား ပလပ်ကျွတ် ဖွတ်ကြား ဆရာဝန်မဖြစ်လဲ ညီမရဲ့ကြိုးစားချင်စိတ်ကြောင့် ဘဝမှာအောင်မြင်မှာပါ ဇွဲမလျှော့တဲ့စိတ်ဓာတ်အတွက် လေးစားဂုဏ်ယူမိပါတယ်
  • Htuu Sann ၀ါသနာအတွက် စိတ်တိုင်းကျမဖြစ်လိုက်တာလေး တစ်ခုလို့သာမှတ် လိုက်ပါ သမီး ။ဒါဟာဘ၀အတွက် ဆုံးရှုံးမှုမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ မိမိရွေးချယ်လိုက်မိတဲ့ အရာတစ်ခုဟာမှန်ခဲ့တယ် မှားသွားတယ်ဆိုတာကို ဘ၀နေ၀င်ချိန် လောက်မှ သိနိုင်တာပါ။ အဲသည်အချိန်လောက်မှ အမှန်အတိုင်းကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။ အဲသည်အချိန်မတိုင်ခင်မှာ မှန်သလို တလှည့် မှားသလိုတစ်လှည့်နဲ့ပဲသွားနေကြရမှာပါ။ ဘ၀အတွက်အောင်မြင်ပါစေ။ဘ၀လမ်းခရီးအောင်မြင်ပါစေသမီး
  • Mary Noi သမီးလေး .. Zaw Eaint Poe..... ၀ါသနာပါတာကို သေချာစဉ်းစားပြီး အကောင်းဆုံးဖြစ်အာင် ကြိုးစားမဲ့ သမီးရဲ့စိတ်ကို အားပေးတယ်။
  • ယဉ် မင်း ဟုတ်တယ် ညီမလေး.. ညီမလေးအဓိက စဉ်းစားရမှာက တကယ့် ကိုယ့်ဝါသနာက ဘာလဲဆိုတာဘဲ .. အဲဒါအဓိကဘဲ.. သေသေချာချာ စဉ်းစားစေချင်တယ်.. အဲဒီနောက်မှာမှ ကိုယ်ဘာဆက်လုပ်ရမလဲ ဆိုတာ ဆက်လုပ်ပေါ့.. ကြိုးစားမှုတော့ မပြတ်စေနဲ့ကွယ်..
  • Zaw Eaint Eaint Poe ပာုတ်ကဲ့ပါ သမီးစဉ်းစားထားတာက ဆရာဝန်တွေမလုပ်နိုင်တဲ့ သုတေသန တစ်ခုနဲ့ နိုင်ငံကိုအကျိုးပြုချင်ပါတယ် အခု ရှေ့လျောက်ပိုကြိုးစားသွားမှာပိါ
  • ယဉ် မင်း ကောင်းပါတယ် ညီမလေး.. ကြိုးစားပါ.. အမြဲအားပေးနေပါ့မယ်...
  • Myanmar Peacer ကာယကံရှင်သမီးအတွက်စိတ်မကောင်းပေမဲ့-FBပေါ်မှpostတွေထဲမှာဒီလိုအကျိုးပြုcommentတွေဖတ်ရတာ စိတ်ကြည်နူးမိပါတယ်၊အားလုံးကိုကျေးဇူးပါ။
  • Tin Maung ယခုကျွန်တော်တင်တဲ့POST ရဲ့ ကာယကံရှင်ပါ

    Zaw Eaint Eaint Poe
  • L Hkawn Yi သမီးလေးအတွက်အားပေးစကားပြောချင်တာကတော့ ဆရာဝန် လိုင်းရမှ ဖြစ်မယ်ဆိုတဲ့စိတ်မျိုးမထားပါနဲ့..ကိုယ်ဝါ သနာ အပါဆုံး စိတ်အ၀င်စားဆုံးက ဘာလဲဆိုတာ သေချာ ဆန်းစစ်ပါ..ပြီးမှ အောင်မြင်အောင်လုပ်ပါ...ကြီးကြီး ပြောပြမယ့် ကိုယ်တွေ့လေးက ငယ်ငယ်ကဆို သင်္ချာမပိုင်လို့မိဘတွေက သိပံတွဲယူခိုင်းတော့ စိတ်မ၀င်စားပဲ ၉တန်းကို တစ်နှစ် တက်ခဲ့ တယ်..ဒါပေမယ့်ကိုယ်စိတ်မ၀င်စားတဲ့ရူပနဲ့သင်္ချာကြောင့် ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့တစ်နှစ်အနာခံပြီးဝိဇာ လိုင်းပြောင်း ယူခဲ့တယ်..၀ိဇာလိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ပညာရေး တကသိုလ် ကို တစ်ခါတည်းနဲ့တန်းရောက်တာကိုကြည့်ရင် ကိုယ့်ဆုံးဖြတ် ချက် မှန်ကြောင်း.သိသာပါတယ်..အားမလျှော့ပါနဲ့ကိုယ်ရောက်တဲ့နေရာမှာအတော်ဆုံးဖြစ်အောင်လုပ်ပါ...
  • Saw Kay Thi Naing သမီးရောက်တဲ့နေရာမှာထွန်းတောက်တဲ. ကြယ်တစ်ပွင့်ဖြစ်ပါစေ။
  • Tin Maung သမီးရေ အားပေးမှုတွေကနွေးထွေးမှု အပြည့်တွေနဲ့

    ပါ။ ဒါကြောင့် ကြိုးစားမှုရှိပြီးသား သမီးလေး ပို၍ပို၍
    ကြိုးစားပါ Zaw Eaint Eaint Poe
  • Zaw Eaint Eaint Poe အားလုံးကိုကျေးဇူးတင်ပါတယ် သမီးဖြစ်မြောက်ထွန်းပေါက်အောင်လုပ်မှာပါ
  • Win Myat Myat Noe fighting fri,this not the end of yr life..i know u can do it,right? u'll be one of specials in futures..just forget it...past is past..it's important to try yr best in present & futrure..i know u will coz u r my fri ,zippy..
  • Zaw Eaint Eaint Poe Thanx, win myat noe.
  • Win Myat Myat Noe welcome...fri?r u in Mdl ,right?
  • Win Myat Myat Noe aww..nice dr pop...hehe...
 
 

No comments: