Sunday, 6 January 2013

တကယ်လို့ ကချင်အများစုက ခွဲထွက်ချင်တယ်ဆိုရင်တောင်သူတို့တရားပါတယ် ..


တကယ်လို့ ကချင်အများစုက ခွဲထွက်ချင်တယ်ဆိုရင်တောင်သူတို့တရားပါတယ် .. ကျနော်တို့ကသာ တအူတုံဆင်းညီကိုမောင်နှမရင်းတွေလို့ ပြောပီးဆွဲစိနေရတာ တကယ်တော့ ဆိုင်တယ်လို့ပြောလို့ရသလို ဘာမှမဆိုင်ဘူးလို့လဲပြောလို့ရပါတယ် (အဲလိုပြောရတဲ့အတွက်ဝမ်းနဲပါတယ်)အဲလိုညီကိုမောင်နှမပြောကြေးဆို ထိုင်းတွေ ကမ္ဘောဒီယားတွေ လာအိုတွေလဲ ကျနော်တို့ညီကိုမောင်နှမတွေပေါ့ ကဲဒါဆိုဟုတ်ပီ ထိုင်းနိုင်ငံကြီးခွဲထွက်နေတာမလိုချင်ဘူး သိမ်းကွာ ကမ္ဘောဒီးယားမလိုချင်ဘူး တက်သိမ်း အဲလိုတွေ လုပ်လို့ရတဲ့ပုံစံဖြစ်ကုန်မှာပေါ့ ကျနော်တို့ဟာပင်လုံစာချုပ်အရ အတူတကွလွပ်လပ်ရေးယူခဲ့သူတွေဖြစ်တဲ့အတွက် တနိုင်ငံထဲ ခုလိုလာဆုံကုန်တာပါ..
ကချင်တွေပဲဖြစ်ဖြစ်ကရင်တွေရှမ်းတွေပဲဖြစ်ဖြစ် လွပ်လပ်ရေးကို အင်္ဂလိပ်ဆီကသီးသန့်ယူခွင့်ရှိခဲ့ပါတယ်..ကယားဆိုအစထဲက သီးသန့်ထားတဲ့နယ်မြေပါ မြန်မာဘုရင့်အစိုးရနဲ့ အင်္ဂလိပ် အစိုးရ ဘယ်သူမှကယားကိုမကျူးကျော်ရဆိုတဲ့ စာချုပ်ရှိပီးသားပါ နောက်ခံသမိုင်းကြောင်းရှိပါတယ် အဲဒါကြောင့်ပြည်ထောင်စုတည်မြဲဖို့ဆိုရင်ဗိုလ်ချုပ်နဲ့ တိုင်း၇င်းသားခေါင်းဆောင်တွေထားခဲ့တဲ့ပင်လုံကတိကဝတ်တွေကို ပစ်ပယ်လို့မရပါဘူး ပင်လုံကိုပယ်တာနဲ့ အကုန်ပြိုကွဲကုန်မှာပါပဲ တိုင်းရင်းသာစည်းလုံးညီညွှတ်ရေးဗိုလ်ချုပ်အောင်ဆန်းခေတ်က ဂျပန်ကိုတော်လှန်စဉ် နှစ်အနည်းငယ်လောက်ပဲ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးရှိခဲ့ပါတယ် လွပ်လပ်ရေးရပီးသိပ်မကြာခင်မှာပဲပြိုကွဲသွားပါတယ် (ဘာကြောင့်လဲဆိုတာ လေ့လာကြည့်ပါ) အရင်ခေတ်က တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ရှိခဲ့တယ်ဆိုတာ ကျန်စစ်သားမင်းလက်ထက်လို့ ပြောတာကြားဖူးပါတယ် အထောက်အထားမရှိပါဘူး ကျန်တဲ့အချိန်တွေကတော့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲတဲ့အခါကြဲ သမီးပေးသမက်ယူ တည့်တဲ့အခါတည့် အဲလို အုပ်ချုပ်သူလူတန်းစား လောက်ပဲအပေးအယူလုပ်ခဲ့တာပါ အဲဒါကြောင့်တိုင်းရင်းသားစည်းလုံးရေးကို အင်္ဂလိပ်က ဖြိုခွဲခဲ့တာ လုံးဝမဟုတ်ပါဘူး အစထဲကစည်းလုံးမှုမရှိတဲ့ဟာကိုမှ စည်းလုံးသွားမှာစိုးလို့ သပ်လျှိုလိုက်တာပါလို့ တိုင်းရင်းသားအရေးကျွမ်းကျင်သူ များကဆိုပါတယ် ဘာကြောင့်သပ်လျှိုရလဲ ရှင်းပါတယ် ညီညွှတ်သွားရင် ကိုလိုနီစနစ် ပြိုကွဲသွားမှာကြောက်လို့ပါပဲ ဒီလိုပဲ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အာဏာရူးတွေကလဲ အဲဒီ ကျင့်စဉ်ကိုပဲတခါထပ်ကျင့်သုံးပါတယ် ဘာကြောင့်ကျင့်သုံးရလဲဆိုတော့ အကုန်ညီညွှတ်နေရင် စစ်အာဏာရှင်စနစ်ပြိုကွဲမှာကြောက်လို့ပါပဲ အင်္ဂလိပ်လက်ထပ်ကစခဲ့တဲ့ လူများစုမြန်မာနဲ့ တိုင်းရင်းသာမျိုးနွယ်စုတွေကြား သပ်လျှိုမှုဟာ ဘယ်လောက်အထိကြီးမားလာလဲဆို အခုအခါမှာတိုင်း၇င်းသားတွေက( မြန်မာ အခေါ်ဗမာဆိုရင်သိသိမသိသိ ခါးခါးသီးသီးမုန်းတီလာတဲ့အထိပါပဲ) ခုခေတ်လူငယ်တချို့ကတော့ ဒါတွေ မသိပါဘူး ဘာကြောင့်မုန်းနေရလဲ ဘလိုင်းကြီးမုန်းရကောင်းလားဆိုပီးအပြစ်တင်ချင်ကြပါတယ် အဖြေကို ဖြေရှင်းဖို့ မကြိုးစားပဲ မုန်းရကောင်းလားဆိုပီး တဖန်ပြန်မုန်းတီးမှုတွေဟာ ဖြစ်လာပါတယ် ..ဒါဟာ အာဏာရှင်သက်စိုးရှည်ဖို့ မရည်ရွယ်ပဲ အထောက်အကူပြုနေမိတာပါပဲ ကျနော်တို့ဟာ တကယ်ပြည်ထောင်စုကိုတည်ထောင်ချင်တယ်ဆိုရင် လုပ်ကြံဝါဒဖြန့်မှုတွေကိုရပ်တန်းကရပ်ရမယ် ရိုးသားမှု ရှိရမယ် သတင်းတွေကို မလိုအပ်ပဲ ထိန်ချန်မထားသင့်ဘူး ဒါတွေဟာ တစ်ဖက်နဲ့ သံသယတွေကိုအကြီးအကျယ်ပွားစေတဲ့ကိစ္စတွေပါ တိုင်းရင်းသားတွေနဲ့စစ်ပွဲတွေဘာကြောင့်ရှည်ကြာလာရလဲဆိုတာ အဲဒီအချက်တွေ အများကြီးပါပါတယ် အစိုးရအဆက်ဆက်ဟာ မရိုးသားခဲ့ဘူး လိုတမျိုးမလိုတမျိုး အကြီးအကျယ်ဝါဒတွေဖြန့်ခဲ့တယ် ရုပ်ရှင်တွေ တွေမှာကအစ အမျိုးမျိုးလိမ်ခဲ့တယ် .အခုတော့ဘာဖြစ်လာလဲဆိုတော့ ကြာတော့ တိုင်းရင်းသားတွေကမယုံတော့ဘူး လိမ်ဦးမှာပဲလို့ထင်နေတယ် ဦးအောင်မင်းက ဘယ်လိုလေပြေလေးနဲ့ပြောပြော နောက်က သေနတ်ကိုမြင်မြင်နေတယ် အဲဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်တွေဟာ အင်မတန်ကိုနှေးကွေးနေတယ် ..ဒါဟာ ဘယ်သူမပြုမိမိမှုပဲ အခုလက်ရှိ တကယ်အမှန်အကန် စေတနာမေတ္တာ ဘယ်လိုပဲထားသည် ဆိုစေဦင်္းတော့ တိုင်းရင်းသားအဖွဲ့စည်းများဟာ အကြိမ်ကြိမ်အလီလီ တမျိုးပီးတမျိုး လုပ်ကြံအပြောခံထားရတဲ့အတွက် ယုံကြည်ဖို့ခက်ခဲနေတယ်ဆိုတာကို အစိုးရအဖွဲ့နဲ့ တကွ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်တိုင်းရင်းသားအဖွဲ့တွေကိုအပြစ်ဖို့နေသူတွေနားလည်လက်ခံသဘောတူထားဖို့လိုပါတယ် .. ယုံကြည်မှုပျက်ပြားနေပီဖြစ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်ရပါဦးမယ် ယုံကြည်မှုတည်ဆောက်ဖို့ဆိုရင် မယုံကြည်နိုင်လောက်တဲ့အပြုအမူတွေကိုရှောင်ရှားရပါမယ် လိုတမျိုးမလိုတမျိုးအပြောတွေကိုရပ်ရပါမယ် ( ကျနော် အကျယ် ရေးသားထားတာရှိပါတယ် မအားလို့မတင်ဖြစ်တာပါ အခုရေးလိုက်တာကတော့ မြင်တွေ့နေရတဲ့ အရေးအသားတွေကို ဘယ်လိုမှ သီးခံကြည့်မနေနိုင်တော့လို့ ဝင်ပြောမိတာပါ မကြာခင်မှာ အကျယ်ရေးထားတဲ့ ပိုစ့်တစ်ခုတင်ပါမယ် အခုနဲနဲပြောလိုက်ရလို့နေသာထိုင်သာတော့ရှိသွားပီ)

  • Sgunmai Slamai and 35 others like this.
  • Aung Si Thu post ထဲက အတိုင်း .. တိုင်းရင်းသားတွေ အကုန်ခွဲထွက်ကုန်ရင် ဗမာအတွက် ဘယ်ပြည်နယ် ကျန်မလဲဟင် ?? စိတ်ဝင်စားလို့ပါ .။ ဖောက်တာ မဟုတ်ပါ ..
  • သံလွင် ရရစ် ခွဲထွက်ဖို့အားပေးတာတော့မဟုတ်ဘူးဗျ သူတို့မှာမွေးရာပါအခွင့်အရေးရှိတယ်ဆိုတာကိုပြောပြချင်တာပါ ပြည်နယ်ဘယ်နှစ်ခုကျန်မယ်မကျန်ဘူးက သွေးစည်းညီညွှတ်မှုအပေါ်မူတည်ပါတယ် အဲလိုလုပ်မယ်ဆိုရင် သေနတ်နဲ့ချိန်ပီးလုပ်လို့မရပါဘူး အဲလိုအတင်းအကြပ်မျိုးလုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အရသူ့ပြည်နယ်သူထူထောင်ဖို့ပဲလုပ်မှာပါ ဗမာပြည်မှာ ပြည်နယ်ဘယ်နှစ်ခု ကျန်တယ်မကျန်ဘူးဟာ သူတို့နဲ့မဆိုင်တဲ့ကိစ္စဖြစ်သွားပါလိမ့်မယ်
  • Nyi Tu ဒီလိုအချိန်မှာ အလိုအပ်ဆုံး တင်ပြမှုပါဘဲ ...
    အဲလို ဝန်ခံဖို့ကိုတောင် ငါတို့ ဗမာတွေ ကြောက်နေကြရင် ဘယ်တိုင်းရင်းသားက ငါတို့ကို ယုံတော့မလဲ ...
  • Moe Z Nay ကျနော့်မှာ ရှိနေတဲ့ တိုင်းရင်း သား သူငယ်ချင်း ၅ ယောက်လောက်နဲ့ အပြုသဘောဆောင်ခဲ့တဲ့ (အပျော်သဘောဆွေးနွေးပွဲ) ခွဲထွက်ရေး မခွဲထွက်ရေး မူသဘောတွေကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က သူငယ်ချင်းတွေ လက်ဖက်ရည်ဝိုင်း ဆွေးနွေးပွဲ အနေနဲ့ ဆွေးနွေးကြည့်ဖူးပါတယ် ကိုယ့်ဘက်ကို ရပ်ပီးတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြည့်ကြတာပေါ့ ကျနော်ကတော့ ဗမာဘက်ကပေါ့ နောက်ဆုံးအနှစ်ချုပ်မှာ တိုင်းရင်းသာတွေ ဖက်က ထွက်လာတဲ့ အဖြေကတော့ ခွဲထွက်ပီး သီးသန့် ရပ်တည်လို့ မရနိုင်ခြင်း ဆိုတာကို သူတို့ သဘောပေါက်သွားတယ်..ပင်စည် မရှင်သန်နိုင်ရင် အကိုင်း အခက်ဆိုတာ အချိန်တန်ရင် ကျိုးကျေ သွားနိုင်တာ သဘာဝလို့ အားလုံး သဘောပေါက်လိုက်ကြတယ်..ကျနော်ပြောချင်တာက ကျနော်တို့ ဆရာကြီးလုပ်ပီ ဒီလိုတွေ ဆွေးနွေးကြည့်တာ မဟုတ်ပါဘူး ..သူ့အခွင့် အရေး ကိုယ့် အခွင့် အရေးဆိုတာကို လွတ်လပ်စွာ သဘောပေါက်သွားရင် အကောင်းဆုံး ကိုရွေးတက်လာကြတာပါပဲ..ခုခေတ် အမေရိကားမှာ လက်နက်ကိုင်သူပုန်ဆိုတာ ဘာကြောင့် မရှိတော့တာလဲ ဆို တစ်ချက်တည်းပါပဲ လက်နက်ကိုင် တော်လှန်နေစရာ မလိုအောင် ညှိနိုင်း တောင်းဆို နိုင်တဲ့ အခွင့်အရေး တန်းတူရှိနေကြလို့ ဘယ်သူမှ အားယားပီး လက်နက်ကိုင် သူပုန် လုပ်မနေကြတော့တာပါ။
  • Aung Si Thu နောက်ဆုံးအနှစ်ချုပ်မှာ တိုင်းရင်းသာတွေ ဖက်က ထွက်လာတဲ့ အဖြေကတော့ ခွဲထွက်ပီး သီးသန့် ရပ်တည်လို့ မရနိုင်ခြင်း ဆိုတာကို သူတို့ သဘောပေါက်သွားတယ်.. Like
  • အဘိ ရာဇာ ခွဲထွက်ခြင်း နဲ့ ခွဲ မထွက် ခြင်း က အကျိုးအမြတ်တူညီနေရင် ဘယ်သူမှ ခွဲမထွက်ဘူး

No comments: